MRTV-4 ရဲ့ … ၇ နှစ်မြှောက် နှစ်ပတ်လည်အခမ်းနားကို ခဲရာခဲဆစ် တိုးဝင်ပြီး … ချွေးတဒီးဒီးဖြင့် … လေ့လာမိသောအခါ … Talk Show အစီစဉ် ကျင်းပရာ အနီးသို့ ရောက်လာပါတော့တယ် … ။ ကျွန်မရောက်သွားချိန်မှာတော့ …မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် … တွေ့ဆုံ မေးမြန်းခန်း ပြုလုပ်နေပါတယ် .. ။ မီးဘေး ၊ သဘာဝ အန္တရာယ်အကြောင်း၊ ကယ်ဆယ်ရေး လုပ်ငန်းများ အကြောင်းကို … MRTV-4မှ တာဝန်ရှိသူတစ်ယောက်နှင့် … မီးသတ်ဦးစီးဌာနချုပ်မှ ညွှန်ကြားရေးမှူး ဦးကျော်သူရနှင့် … အောက်မြန်မာပြည် မီးသတ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသင်းဌေးရွှေတို့က အပြန်အလှန်မေးခွန်း ဆွေးနွေးရှင်းပြသည်များကိုလည်း … လေ့လာနားထောင်မိခဲ့ရပါတယ် … ။

ဆွေးနွေးခန်းက အတော့်ကို စိတ်ဝင်စားစရာကောင်းလှပါတယ် … မီးသတ်ဌာနရဲ့ အလုပ်လုပ်ပုံတွေ အကြောင်းကို အသေးစိတ်ပြောပြပါတယ် … ။ မီးလောင်နေတဲ့ နေရာအနားကို ချည်းကပ်ပုံ ၊ လူကယ်ထုတ်ပုံ … အဆင့်ဆင့်ကိုလည်း ပြောပြပါတယ် … ။

 

လူအများသိချင်နေကြတဲ့ … မီးသတ်ကားတွေ လာပြီး ခဏလေးနဲ့ ပြန်သွားတာတို့ … ရေပက်ပဲ ပြန်သွားတာတို့ … ရေပါမလာပဲ လာတာတို့ဆိုတာတွေကိုလည်း … အသေးစိတ်ရှင်းပြပေးသွားပါတယ် … ။ စိတ်ဝင်စားစရာကောင်းပြီး ဗဟုသုတလည်း ရပါတယ် … ။  မီးသတ်ကား တစီးမှာ ရေဂါလံ ၈၀၀ ကနေ ၁၀၀၀ အထိပဲ တင်ဆောင်နိုင်တာမို့လို့ … ရေပက်အားကောင်းကောင်းနဲ့ ပတ်မယ်ဆိုလျှင် … အဲ့ဒီမီးသတ်ကားတစီးက အလွန်ဆုံး သုံးမိနစ်ကနေ ၊ ငါးမိနစ်ထိပဲ ရေပက်လို့ရပါတယ် … ထို့နောက် ရေ ကုန်ပြီမို့ … သွားပြန်ထည့်ရပါတယ် … ။ ခဏလေးလာပြီး ပြန်လှည့်သွားတယ်လို့ … လူတွေမြင်တာ အဲ့ဒါကြောင့်ပါတဲ့လေ … ။ သာမန်ပြည်သူတွေထဲက တစ်ယောက်ဖြစ်တဲ့ ကျွန်မလည်း … မီးသတ်ကားတစီးက မီး မငြိမ်းမချင်း အနည်းဆုံးဆယ့်ငါးမိနစ်လောက် ရေပက်နိုင်မယ်လို့ … ထင်ခဲ့ဖူးပါတယ် … ။ သုံးမိနစ်ကနေ ငါးမိနစ်ပဲ ရေပက်ခံနိုင်တယ်ဆိုတဲ့ အချိန်က ခဏလေးပဲမို့ … မီးသတ်ကားတွေ လှည့်ပြီး ပြန်သွားရတာ အခုမှပဲ သိတော့တယ် … ။

 

တစ်ခါတစ်လေ မီးသတ်ကားတွေ လာပြီး ရေမပက်ဘူးဆိုတာကိုလည်း ရှင်းပြလို့ သိခွင့်ရခဲ့ပါတယ် … ။ မီးသတ်ကားတွေ လာပြီးရေမပက်တာ မဟုတ်ပါဘူး … ရေပက်မှန်းမသိအောင် ရေပက်ငြိမ်းသတ်တာပါ … ။ အချို့သော လမ်းတွေကကျဉ်းလို့ …မီးသတ်ကား တစီးဝင်လိုက် … ရေကုန်လိုက် ပြန်ထွက်လိုက်လုပ်ဖို့ … ကားရွှေ့ရ အဆင်မပြေတဲ့ အခါမျိုးမှာ … ကားတွေ တစီးနဲ့တစီး ပိုက်သွယ်တန်း ပက်ရတဲ့ အခြေနေမျိုးဖြစ်နိုင်ပါတယ် … ထိုအခါ ဘေးလူတစ်ယောက်အနေနဲ့ … ပထမဆုံးကားကပဲ ရေထွက်တာမြင်ရပြီး နောက်ကားတွေ ရေမပက်ပဲ ရပ်ထားတယ်လို့ … မြင်နိုင်ဖွယ်ရာဖြစ်နိုင်ပါတယ်ဆိုတဲ့ အခြေနေကို ရှင်းပြပါတယ် … ။ အဲ့ဒီအချိန်မှာ ရေမပါပဲ လာလို့ … မပတ်တာလို့ မြင်ကောင်းမြင်သွားနိုင်ပါတယ် … တကယ်တမ်း ကားတွေ အဆင့်ဆင့် လက်ဆင့်ကား ရေသွယ်ပြီး ပက်နေကြမှန်း … သာမန်လူတွေ ဗျာများနေတဲ့အချိန်  မမြင်နိုင်တာမျိုး ဖြစ်တတ်ပါတယ်တဲ့ … ။ အဲ့ဒီတော့မှ …ကျွန်မလည်း နားလည်ပြီး … အသင့်ပါလာတဲ့ စာရွက်လေးမှာ …. ဟိုခြစ်ဒီခြစ်ကောက်မှတ်လိုက်ပါတယ် … ။

 

မီးသတ်ကား တစီးကို ငွေဘယ်လောက်ပေးလိုက်ရတယ်ဆိုတဲ့ သတင်းတွေကလည်း ကောလဟာလတွေပါတဲ့ …. စကားဆိုတဲ့အတိုင်း …ချဲ့ကားပြောဆိုခြင်းတွေ ပါလာတာမျိုးပါပဲ ။ လူတွေ မီးဘေးကြား ဗျာများနေတဲ့အချိန် မီးငြိမ်းသတ်သူများကို ငွေပေးဖို့ မပြောနဲ့ … ရေတိုက်ဖို့တောင် မစဉ်းစားမိပါဘူးတဲ့ …. ။ ဌာနကလည်း ပိုက်ဆံပေးလို့ … မီးငြိမ်းသတ်တာမျိုး မဟုတ်ပဲ … တာဝန်အတိုင်း လုပ်ဆောင်သင့်တာတွေ လုပ်ဆောင်တာမျိုးဖြစ်ပါတယ်တဲ့ … ။ အသက်ရင်းပြီး လူကယ်ပုံအကြောင်းတွေကိုလည်း သိခွင့်ရခဲ့ပါသေးတယ် … ။ မီးလောင်ပြင်မှာ လူရှိနေလျှင် အဓိက ကယ်ထုတ်ရမှာပါ … အရမ်း အန္တရာယ်များတဲ့ အလုပ်မို့လို့ … မီးသတ်ဝန်ထမ်းများကို သေချာစစ်ဆေး သင်တန်းပေးထားကြောင်းလည်း သိခွင့်ရခဲ့ပါတယ်… ။ မီးလောင်ပြင်သို့ ၀င်ရောက်ပုံ …အန္တရာယ်ကင်းစွာ ကယ်ထုတ်လာနိုင်ရန် ကြိုးပမ်းပုံများကိုလည်း ရှင်းပြခဲ့ပါတယ် … ။ မီးခိုးလုံးထဲ ဘယ်လိုဝင်ရောက်ပုံ ၊ ဘယ်လိုနေရာတွေမှာ အသက်ခိုးရှူလို့ရသလဲ … ဘယ်နေရာတွေက ကျိုးကျထိခိုက်နိုင်သလဲ ဆိုတာမျိုးတွေ … ဗဟုသုတအနေနဲ့  မှတ်သားရပါတယ် … ။ ၀င်ပေါက်ကို ကျွန်မ တိုးကြိတ်ဝင်ခဲ့ရတာနဲ့ပဲ အဖိုးတန်တဲ့ knowledge တွေ ရခဲ့ပါတယ် ။

 

မီးသတ်ဌာနကလုပ်တဲ့ သင်တန်းတွေကိုလည်း … သာမန်ပြည်သူတွေပါ ဗဟုသုတအနေဖြင့် သင်ယူလေ့လာခွင့်ရအောင် ရပ်ကွက် ၊ကျေးရွာ ၊ မြို့နယ်များက တဆင့် ကျယ်ကျယ်ပြန့်ပြန့် ပို့ချပေးနိုင်ရန် လုပ်ဆောင်နေပါတယ် … ။ ဟောပြောပွဲ ၊ ပညာပေး အစီစဉ်တွေ လုပ်ပြီးလည်း ဗဟုသုတပေးနေပါတယ် … ။ အခြေခံမီးသတ်ပညာကို လေ့လာခွင့်ရစေရန်လည်း … အဆင့်ဆင့် လုပ်ဆောင်နေပါတယ် … ။

ထို့နောက် ဆွေးနွေးပွဲ နားထောင်နေသူများမှ မေးခွန်းများရှိလျှင် စာဖြင့်လည်းကောင်း ကိုယ်တိုင်ကိုယ်ကျသော်လည်းကောင်း မေးနိုင်ကြောင်း ကြေညာသဖြင့် စပ်စပ်စုစု ကျွန်မလည်း …. မေးခွန်းတချို့ မေးဖြစ်ခဲ့ပါတယ် ။ ကျွန်မမေးလိုက်တဲ့ အကြောင်းရာကတော့ … မီးပေါ့ဆမှူအကြောင်းပါ … ။ မီးလောင်လျှင် တာဝန်ရှိတဲ့လူကို အရေးယူတာတွေ ကြားဖူးနေပါတယ် … သေချာတော့မသိတာမို့ … ။ ပေါ့ဆမီးကြောင့် အရေးယူတာလို့ပဲ ယခင်က နားလည်ထားပါတယ် … ။ လူတွေပေါ့ဆလို့ အရေးယူတာတော့ ဟုတ်ပါပြီ … လူမနေတဲ့ အိမ်မှာ ၀ါယာရှော့ ဖြစ်ပြီး မီးလောင်မှူ ဖြစ်ပွားလျှင်ရော အရေးယူမှူတွေ ရှိလား ၊ ဘာလို့ လူမရှိချိန်ဖြစ်ပွားသော်လည်း  အရေးယူရတာပါလဲ ၊  ဘယ်လို အရေးယူမှူတွေ လုပ်ပါသလဲ သိပါရစေလို့ တိုက်ရိုက် မေးခဲ့ပါတယ် ။

 

ကျွန်မရဲ့ မေးခွန်းကို ညွှန်ကြားရေးမှူး ဦးကျော်သူရက ဖြေကြားခဲ့ပါတယ် … ။ ဖြေကြားချက်များကို လက်ရေးတိုနဲ့ ရေးမှတ်ထားတာမို့ … ကျွန်မနားလည်အောင်ရေးမှတ်ထားတဲ့ အဓိပ္ပါယ်နဲ့ပဲ ပြန်ရေးပြလိုက်ပါတယ် ။

ဝါယာရှော့ဖြစ်လို့ မီးလောင် ကျွမ်းမှူဖြစ်ရတဲ့ အချက်က ခြောက်ချက်ရှိပါတယ် …

(၁) ကတော့ … ဆားကစ်ပြားတွေကနေ ရှော့ဖြစ်တာမျိုးပါ ။

(၂) ကတော့ … အိုဗာလုပ်ပေါ့လေ မနိုင်ဝန်ထမ်းရတဲ့အတွက် ကြိုးတွေပူပြီး ရှော့ဖြစ်တာမျိုးပေါ့ …။

(၃) ကတော့ သွယ်တမ်းထားတဲ့ ကြိုးတွေ ပလပ်တွေကနေ မထိတထိဖြစ်ပြီး … မီးကူး ၊ မီးလောင်တာမျိုးပါ ။

(၄) ကတော့ … မီးအားတွေ တက်လိုက်မြင့်လိုက်ဖြစ်တဲ့ အချိန် ကိုယ်က မီးအားမြင့်စက်တွေ သုံးထားမယ် .. ပြန်ချဖို့ မေ့နေမယ် .. ဒါမျိုးတွေကနေ ဖြစ်တတ်တဲ့ ရှော့ဖြစ်မှူပါ ။

(၅) ကတော့ …သွယ်တန်းထားတဲ့ လျှပ်စစ်မီးကြိုးတွေ ၊ ဟောင်းနွမ်းဆွေးမြေ့နေမယ် … ၊မိုးကြိုး စီးဝင်လွယ်မယ် … ၊ ပေါက်ပြဲနေမယ် …အဲ့ဒီအခါမျိုးမှာလည်း …. ရှော့ဖြစ်တတ်ပါတယ်။

(၆) ကျွန်မတို့ ယခုသုံးစွဲနေတဲ့ ၀ါယာကြိုးတွေမှာ ကြေးနီနန်းကြိုးတွေပါဝင်ဖွဲ့ စည်းနေပါတယ် … ဒါကြောင့် ကြေးနီရဲ့ သဘော သဘာဝအရ …လျှပ်စစ်ဓါတ်ကူးနိုင်တယ် … ၊အပူလွန်ကဲ သိုလှောင် ချိန်မြင့်မှားလာလျှင် ရှော့ ဖြစ် လောင်ကျွမ်းနိုင်တယ် ။ အဲ့ဒီကနေဖြစ်တဲ့ လောင်ကျွမ်းမှူပါ … ။

လူမရှိတဲ့ အိမ် ၀ါယာရှော့ဖြစ်တာက …အိမ်သုံး လျှပ်စစ်ပစ္စည်းတွေ … မပိတ်မိတာမျိုးဖြစ်နိုင်ပါတယ် … တစ်ခါတစ်လေ …ရေခဲသေတ္တာနဲ့ အခြား အိမ်သုံး ဆော့ဗ်ဂတ်တွေ ၊ တွေးမြေ့နေတဲ့ … မီးကြိုးတွေကနေ … အပူလွန်ကဲပြီး လောင်ကျွမ်းမှူမျိုးတွေ ရှိတတ်တာမို့ … အိမ်မှာ လူမရှိပေမဲ့ ပေါ့ဆမှူလို့ ယူဆပြီး အရေးယူတာပါ … ။ အကောင်းဆုံးကတော့ အိမ်မှာ လူမရှိလျှင် မိန်းပိတ်ထားတာမျိုး လုပ်သင့်တယ်လို့ ကျွန်မထင်မိပါတယ် ။

သိချင်စိတ်နဲ့ … ” ဒါဆိုလျှင် အိမ်မှာလူမရှိချိန် ၀ါယာရှော့လောင်ကျွမ်းမှူဖြစ်လည်း အရေးယူခံရမှာဆိုတော့ ထောင်ဒဏ်လား ၊ ငွေဒဏ်လား ဘယ်လို သတ်မှတ်သလဲသိပါရစေလို့ ” မေးမိပြန်ပါတယ် ။ ဟုတ်ပါတယ်တဲ့ … ပေါ့ဆမီးလို့ သတ်မှတ်ပြီး အရေးယူမှူတွေ ပြုလုပ်မှာပါတဲ့ … ထောင်ဒဏ်ချမှတ်တာမျိုးရှိသလို ၊ ငွေဒဏ်ချမှတ်တာလည်း ရှိပါတယ် … ထို့အတူ ထောင်ဒဏ်ရော ၊ ငွေဒဏ်ပါ နှစ်ရပ်စလုံးကျခံတာလည်း ရှိပါတယ် … ဆုံးရှုံးမှူ ၊ တန်ဖိုးပေါ် မူတည်ပြီး သတ်မှတ်တာဖြစ်လို့ … ထောင်ဘယ်နှနှစ် ၊ ငွေပမာဏဘက်လောက်လဲဆိုတာကတော့ … မီးသင့်လောင်ကျွမ်းမှူ ပေါ် မူတည်ပါတယ်လို့ ဖြေကြား သွားခဲပါတယ် … ။ ဒါနဲ့ပဲ … သိချင်တာ သိရပြီမို့ … တခြား မေးခွန်း မေးချင်သူများကို အလှည့်ပေးလိုက်ပါတော့တယ် … ။

လူခိုးလျှင် မကုန် ၊ မီးခိုးလျှင် ကုန်ဆိုသလိုပါပဲ … ကြောက်စရာကောင်းတဲ့ မီးဘေး ဖြစ်ပွားလာတဲ့အခါ လူတွေ သွေးရူးသွေးတန်းနဲ့ လုပ်မိလုပ်ရာ လုပ်တတ်ကြပါတယ် … တချို့ဆို ၊ ပိတ်မိနေမယ် … ကြောင်နေမယ် … အဲ့ဒီအချိန်မိမိကိုယ်ရော ၊ တပါးလူကိုပါ မှန်ကန်တဲ့ ကယ်ဆယ်နည်း … မီးသင့်ရန် ကာကွယ်နည်းများကို သိထားလျှင်ဖြင့် … တော်တော် ကောင်းပါလိမ့်မယ် … ။ မီးသတ်မလာခင်စပ်ကြား … လက်လှမ်းမီသလောက် လုပ်သင့်တာလေးတွေ ပြောပြလို့ အလွန်ဗဟုသုတရတဲ့ အစီစဉ်လေးဖြစ်ခဲ့ပါတယ် … ။ အကောင်းဆုံးကတော့ မီးမလောင်အောင် ကြိုတင်သတိထားသင့်ပါတယ် … ကာကွယ်ခြင်းက အရေးကြီးဆုံးမို့ … အခြေခံဗဟုသုတလေးတွေ လက်လှမ်းမှီသလောက် ဖြန့် ကြပါစို့နော် ။ ။

About etone

etone has written 851 post in this Website..

Goooooooooooooooooood 4 nothing lady !!!