8လပိုင်းရဲ့ပထမရက် မိုးလင်းစနံနက်
လမ်းလျှောက်အထွက်

နေကတော့မထွက်သေးဘူး ဒါပေမယ့် အလင်းစက်တွေကတော့ မြေကမ္ဘာပေါ်စတင်လို့ရောက်လာပါပြီ။
ခါတိုင်းမှတော့ ဒီအချိန်ဆိုမူံမဲမဲ။
ဒီနေ့တော့ အလင်းသိပ်မရောက်သေးပေမယ့် အပြာထဲမှာ ပန်းနုစွက်လှပတဲ့စုတ်ချက်ကိုတွေ့လိုက်ရတော့။

အနောက်ဘက်ခြမ်းကို အရင်မြင်လို့မှတ်တမ်းတင်အပြီး အရှေ့ဘက်ကောင်းကင်ကိုကြည့်လိုက်တဲ့အခါ
မူန်ရီမိုင်းနေတဲ့ကောင်းကင်ထဲမှာ ပုဇွန်ဆီသွေးထနေတဲ့ ဆေးအခြယ်ခံထားရတဲ့ ကောင်းကင်ကို မြင်လိုက်ရပါတယ်။
ခဲရောင်ကောင်းကင်ကြားမှာအပြာနု
သူ့အောက်မှာ အမည်ပေးဘို့ခက်တဲ့အရောင်စုံပက်ကြဲ
အောက်ဖက်က အလင်းမရတဲ့သစ်ပင်ကတော့မှောင်မဲမဲ။
ဒါနဲ့ဘဲရှေ့ဆက်လျှောက်လိုက်တော့…………..
ရေပြင်ကျယ်ရင်ခွင်ထဲကို အရောင်စုံနေတဲ့ ကောင်းကင်ကြီးက တိုးဝင်နေပုံက အံ့သြစရာကောင်းလောက်အောင်လှပ…………..
အဝေးကိုလှမ်းကြည့်တော့ ထန်းပင် ရေပြင် ရောင်စုံကောင်းကင် မြင်ရခဲ့တဲ့မြင်ကွင်းမို့ မှင်သက်မိလို့ငေးမော………….
ထန်းပင်တွေဖက်ကို ဆက်လျှောက်ရင်း တောင်ဘက် လမ်းမပေါ်အရောက် ရေပြင်ကိုငုံ့အကြည့် မြင်လိုက်လို့အပေါ်ပြန်အမော့
တော်တော်နဲ့ကို အကြည့်ကိုလက်စမသပ်နိုင်အောင်ငေးမောမိနေပါတယ်။
ဒီရူ့ခင်းလေးကို မြင်မိတော့
အင်မတန်မှကို ပြီးပြည့်စုံတဲ့အလှတရား မွေးဖွားလာတယ်လို့ ထင်မိပါတယ်။

လှပတဲ့အလင်းစက်တွေက ခဏလေးအတွင်းမှာပျောက်မလိုဖြစ်နေတုန်းပန်းပင်လေးကြားကနေ ရိုက်ထားတဲ့ပုံလေးပါ။
အရောင်မစုံပေမယ့်လဲ လှပတဲ့မြင်ကွင်းလေးပေါ့နော်။
ဟိုတစ်နေ့က လှတာကို မလှတာနဲ့ တွဲတင်မိတာကို အလျှော်ပေးတဲ့အနေနဲ့
အလန်းလေးတွေဘဲ ရွေးချယ်လို့ တင်ပေးလိုက်ပါတယ်။

About ကိုပေါက်(မန္တလေး)

ko pauk mandalay has written 1612 post in this Website..

အတွေးပါးပါးလေးကနေ ထူသွားပြီထင်တော့ အရင်လောက်တော့ စာမရေးဖြစ်တော့ဘူး။