မမြင့် နိုင်တဲ့ရန်ကုန်။။
မိုးမရွာလည်း ရန်ကုန်မြစ်ရေတက်တာနဲ့ ရေတွေပြည့်လာတဲ့ ကမ်းနားလမ်း
မြောင်းဖုံးမရှိတဲ့ လမ်းအပေါက်တွေက လူနဲ့ကားများအတွက်အန္တရာယ်ပါပဲ
ရေတွေကိုရှောင်ရင်းကားလမ်းတွေလည်းကျပ်ပြီး ကားတွေလဲဖြည်းဖြည်းပဲသွားတော့ပေါ့
လမ်းသွယ်တွေထဲရောရေတွေဝင်
ဒီလိုသာရေတက်နေချိန်မိုးများရွာလိုက်လို့ကတော့ လူကြီးမင်းတွေလည်းခါတောင်းသာကျိုက်ကြပေတော့
ရန်ကုန်ရွာထဲ ကရေကြီးရင် ဒီလိုပဲရေတွေတက်နေတော့မှာလား
အဆင့် မြှင့် သလောက် မမြင့်နိုင်တဲ့ရန်ကုန်ပါပဲ။။
ရေဆိုးထုတ်စနစ် လိုတယ်လို့ထင်တယ်။နိုင်ငံခြားဇတ်လမ်းတွေထဲမှာ အဆောက်အဦးအောက်မှာ ရေနှုတ်မြောင်း အကြီးကြီးတွေ တွေ့ရတယ်။
Was this answer helpful?
LikeDislikeအဖုံးမရှိတဲ့ ရေမြောင်း..တွေရှိရင် မလွယ်ဘူး..
အန္တရယ်များတယ်…လူကြီးက ပြဿနာမရှိပေမဲ့ ခလေးတွေအတွက် မကောင်းဘူး
Was this answer helpful?
LikeDislikeဒါတောင် အင်္ဂလိပ်တွေ လုပ်ခဲ့တာတွေ ကျန်နေလို့ ။ မဟုတ်ရင် အကုန်မြုတ်ပဲ။
Was this answer helpful?
LikeDislike(ဒါတောင် အင်္ဂလိပ်တွေ လုပ်ခဲ့တာတွေ ကျန်နေလို )
အမှန်တကယ်ဖြစ်တာကတော့ စတင်ဖောက်စဉ်တုံးက ရေနားဘို့အတွက်တည်ထားခဲ့တဲ့
အိုင်တွေချောင်းလက်တက်တွေကို ပိတ်ပြီး အိမ်တွေဆောက်ခဲ့ကြလို့ပါဘဲ။
မန်းလေးမှာလဲဒီအတိုင်းပါဘဲ။
လျှံလာတဲ့ရေတွေကို ခဏထိန်းပေးမယ့်နေရာမရှိ ရေသွားစရာနေရာမရှိတော့
အားလုံးက လမ်းပေါ်မှာရေတွေပေါ့။
တကယ်တမ်းပြောရ ရင် ဒီလိုဖြစ်တာ မန်းလေးက သီချင်းဆိုတဲ့ ဂျေမောင်မောင်ကြောင့်ဘဲ။
သူ့သိချင်းတပုဒ်ထဲမှာ တပုဒ်လုံးလောက်ကို
လမ်းပေါ်မှာ လမ်းပေါ်မှာ လို့ အော်ဆိုခဲ့တာလေ
အဲတော့ နိမိတ်ဖတ်သလိုဖြစ်သွားတော့ လမ်းပေါ်မှာချည်းဖြစ်ကုန်တာပေါ့။
Was this answer helpful?
LikeDislikeစည်ပင်တွေကတော့ တူရိုက်သံ၊ ထုနှက်သံတွေကလွဲပီး ဘာမှစိတ်ဝင်စားပုံမရတာဆိုးတယ်
Was this answer helpful?
LikeDislikeရေလျှံတာက ရေမြောင်းမကောင်းတာအဓိကပဲလို့ထင်တယ်
ရှိတဲ့ရေမြောင်းထဲမှာလည်း အမှိုက်တွေပွလို့
စည်းကမ်းမှမရှိတာကိုး
မိုးရွာလို့ လမ်းပေါ်ကရေတွေ မြောင်းထဲကိုစီး၊ မြောင်းကအမှိုက်တွေနဲ့ပိတ်နေတော့ အဲဒီရေတွေ လမ်းပေါ်ပြန်ရောက်၊ အဲဒီအခါ ရေတင်မကဘဲ အမှိုက်တွေပါပါလာရော
မိုးတိတ်ပြီးလို့ ရေများပြန်ကျသွားရင် လမ်းပေါ်မှာ အမှိုက်တွေဖွေးလို့
တို့များရပ်ကွက်ထဲ ပြောပါတယ်
Was this answer helpful?
LikeDislikeရန်ကုန်မှာ ရေလျှံတယ်ဆိုတာ အတိတ်နမိတ်ကောင်းလေ..
ရေလျှံတယ်ဆိုတာ ပိုက်ဆံပေါတာကို ပြောတာလေ… နမိတ်ကောင်းတယ် လျှံပလေ့စေ ဟေဟေဟေ…
မြို.တော် စည်ပင်က အတိတ်နမိတ်ကောင်းလေးမို.လို. .. ဘာမှမလုပ်တာနေမှာပါဗျာ.. အကောင်းမြင်ကြစမ်းပါ…
Was this answer helpful?
LikeDislikeရန်ရှည်တာလို့ ယူရင်ကောဗျာ…
Was this answer helpful?
LikeDislikeဒီတော့လည်း ချစ်စကိုရှည်စေ
မုန်းစကို တိုစေပေါ့ဗျာ…
Was this answer helpful?
LikeDislikeမနှစ်တုန်းကတော့ တဘောင်တစ်ခုထွက်သေးတယ်လေ

“ရန်ကုန်ရေမြုပ် သန်းရွှေပြုတ်” ဆိုပဲ …
ဆြာလူးရေ…….. တစ်ခါက 11 မှာလားမသိဘူး အဲ့လိုရေနစ်နေတဲ့ပုံလေးတွေ တင်ထားတော့ Comment ပေးတဲ့ လူတစ်ယောက်က “အဲ့ဒါသတင်းမဟုတ်ဘူးလေဗျာ…” တဲ့………
Was this answer helpful?
LikeDislikeရေဆိုးမြောင်းတွေအကုန်ရှိပြီးသားပါ ရန်ကုန်မှာ။သူများတွေကနယ်သာချဲ့တာ အရည်အသွေးတော့ထိန်းပါတယ်။ဒို့ရွှေမြန်မာတွေ လက်ထက်မှ ဘာမှမသိတဲ့သူတွေ လူကြီးတက်လုပ်။ ရေဆိုးမြောင်းတွေ ပိတ်ပြီး အဆောက်အဦးဆောက်။သိလဲမသိချင်ယောင်ဆောင်။အကုန်ပိတ်ကုန်တာပါပဲ။
Was this answer helpful?
LikeDislikeရှိပြီးသား ရေဆိုးမြောင်းတွေက တိုးချဲ့တဲ့ လမ်းတွေ အောက်ကို ရောက်ပြီးတော့ ပြန်လည် ပြင်ဆင်ဖို့ ခက်
ရန်ကုန်မြစ်ကြမ်းပြင်မှာ အနည်ကျနေတဲ့ နုန်းတွေကိုလဲ ပုံမှန် ဆယ်တာ မလုပ်
အ၀ီစိတွင်းတွေ တူးရတာ များလို့ မြေအောက် ရေ နည်းသွားပြီး (???? မြေ အမြင့်တောင် နိမ့်ကျ သွားနိုင်တယ်) မကြာခင် အားလုံး မြေမြိုသွားရင်တော့
Was this answer helpful?
LikeDislikeDear Villagers,
(1) ရေလျှံတာက ရေမြောင်းမကောင်းတာအဓိကပဲလို့ထင်တယ်
(2) ရေနားဘို့အတွက်တည်ထားခဲ့တဲ့ အိုင်တွေချောင်းလက်တက်တွေ
ကို ပိတ်ပြီး အိမ်တွေဆောက်ခဲ့ကြလို့ပါဘဲ။
Above facts are partially responsible for Yangon flooding.
But, another distinguished cause of Yangon flooding is
” Some areas of Yangon are lower than Highest tide level ”
Because of the gravitation of moon, there are 2 High waters & 2 low waters, everyday.
Those gravitation forces are strongest around 3 days after full moon or new moon days.
On those strongest tide days, at high water time,
the water levels of Yangon River, Pegu River & Nga Moe Yeik Creek are
higher than Yangon ground level.
Therefore, water from the river even flow back to Yangon CBD area.
If there was a heavy rain at that time,
then great flooding occurred in Yangon.
To protect this situation, Yangon must have/construct tidewater gates/doors.
( same like Rotterdam (Holland), Sea level is higher than city of Rotterdam )
Was this answer helpful?
LikeDislikeSorry,
Because of the gravitation of Moon & Sun
Was this answer helpful?
LikeDislike“Yangon must have/construct tidewater gates/doors.”
I think so.
The government is making many bridges. Construct the new city (Nay Pyi Taw), big Ye` Ywar electric power project.
I don’t know that why they don’t make tidewater gates/doors for the area, is lower than water level.
Was this answer helpful?
LikeDislikeထင်တာကတော့.. ရန်ကုန်က..အထွေထွေပျက်စီးယိုယွင်းမှုဖြစ်နေတယ်လို့ထင်တယ်..။
မြို့ တည်တော့..လူအခုဦးရေ..သန်းဂဏန်းလောက်အတွက် ဘယ်လိုမှရည်မှန်းမထားခဲ့တာကလည်း တခုပေါ့…။
မြေအောက်မိလ္လာနဲ့..ရေချို..ရေဆိုးစံနစ်တွေကအစ.. လမ်းမီး..လျှပ်စစ်မီး..ဖုံးလိုင်းတွေအဆုံး.. အင်ဖရာစရပ်ချာတွေအကုန် ဘာလုပ်ရမှန်း.. ဘယ်လိုပြင်ရမှန်းမသိလောက်အောင် ဖြစ်နေတယ်လို့ထင်တယ်.။ ဘီလီယန်ပေါင်းများစွာကုန်မဲ့ အပြင်.. လူတွေဘယ်လိုထိန်းကြောင်းနှင်ထုတ် ပြန်နေရာချရမှန်း.. ဘယ်သူမှမသိနိုင်ဘူး..။
အမှတ်မမှားရင်.. ရန်ကုန်ဟာ..တောင်ဖက်ကို.. တအိအိနဲ့..ပြိုဆင်းနေသေးတယ်တဲ့..။
ကဲ..
Was this answer helpful?
LikeDislikeရေကြီးတာတော့မပြောနဲ့၊ ကားလမ်းကြောတွေပါပိတ်လို့… အိမ်ကို အတော်မိုးချုပ်မှပြန်ရောက်တယ်။
Was this answer helpful?
LikeDislikeဗျို့ ဘီလူးကြီး … ဘယ်နေရာမှာလဲ အဲ့ဒါက … ။


ပြီးခဲ့တဲ့ နှစ်ပတ်ကျော်က ရုံး အပြန်ရေကြီးနေတာတောင် ရိုက်ထားလိုက်သေးတယ် … မတင်ဖြစ်သေးတာ ဘီလူးကြီး လက်ဦးသွားပြီး ခွီး ဟီးဟီး
ကားမ၀ယ်ထားနဲ့ … လှေဝယ်ထားမှ နောင်ရေး စိတ်အေးရမယ် .. ဟဲဟဲ
Was this answer helpful?
LikeDislikeကုန်သွယ်ရေးရုံး
အနီးနားမှာပါ..ခင်ဗျာ
ရုံးကိစ္စသွားရင်း..ဘောင်ဘီလိပ်တင်ပြီး
ရေကူးခဲ့ရလို့….ရိုက်ခဲ့တာပါ။။။
Was this answer helpful?
LikeDislikeရန်ကုန်မိုးရာသီကို ရောက်မှာ တကယ်စိတ်ညစ်ပါတယ်။ အိမ်နားမှာလည်း ရေလျှံလို့ ရန်ကုန်ရောက်မှ ရေကူးနေရတယ်။
Was this answer helpful?
LikeDislikeကိုပေါက်ကအတိတ်တွေနိမိတ်တွေယုံပြီပေါ့
မန်းလေးရန်ကုန်မိုးရွာလို့ရေကြီးအဆန်းမဟုတ်
မိုးရွာလို့ရေမကြီးဒါမှအဆန်း
ရေကြီးလို့ပြုတ်ရမယ်ဆို
ဘယ်ရေကြီးခံပါ့မလဲနော့
Was this answer helpful?
LikeDislike