အမြီးကျက် အမြီးစား ၊ခေါင်းကျက်ခေါင်းစား ... (ငါးတော့မဟုတ်ဘူး ပြောင်းဖူးဖြစ်နေတယ် ဟဲဟဲ )

ဒီရက်ပိုင်းအတွင်း စိတ်နည်းနည်းလေနေလို့ … စာတွေမရေးဖြစ်ဘူး … … ။ စာတွေရေးလျှင် စိတ်ထဲနှစ် ၊ ရင်နဲ့ ခံစားပြီးမှ ရေးတာမို့ … စိတ်လေနေတဲ့အ ချိန် အာရုံတွေ ပြန့်လွင့်နေတာ … ဝေလေလေစိတ်ကလွဲလို့ ဘာစိတ်ခံစားချက်မှ ရင်ထဲရောက်မလာခဲ့ဘူး ။ ဒါပေမဲ့ ခေါင်းထဲပေါ်လာတဲ့ အကြောင်းရာလေးတစ်ခုနဲ့ … မြင်နေတွေ့နေရတဲ့ အကြောင်းရာလေးတွေ ဆက်စပ်ပြီး … ပြောပြချင်စိတ်ပြင်းပျလာတာကြောင့် … ဒီစာလေးကို ကောက်ခါ ငင်ကာ ရေးဖြစ်ခဲ့ပါတယ် … ။

%%%%%%%%%%%%%%%

ယနေ့ မျက်မှောက်ခေတ်မှာ ပြည်ပ ခေတ်ရေစီးကြောင်းတွေ အားကောင်းလာတာနဲ့ အမျှ ဆယ်ကျော်သက် အရွယ် အပါဝင် လူလတ်ပိုင်း အရွယ်ထိ ခေတ်ရေစီးကြောင်းထဲ အစစ အရာရာ ပျော်ဝင်စီးမျောခဲ့ကြတယ် … ။ ပြည်တွင်းပြည်ပ မီဒီယာတွေ ၊ ရုပ်သံလိုင်းတွေကနေ မျောလွင့်လာတဲ့… ပြည်ပ နိုင်ငံတွေ အတိုင်း အ၀တ်အစား ၊ ဆံပင်ပုံစံ … ၊ အပြောအဆို ၊ အမူအယာမှ စလို့ .. အစားသောက်ထိအောင်ပဲ အားကျ ကျင့်သုံးကြပြန်တယ် …။ တကယ်တမ်း သင်ယူသင့်တဲ့ ကောင်းကွက်တွေကို အမှုမဲ့ အမှတ်မဲ့ ရှောင်ကွင်းသွားကြတယ် … ။ ဇာတ်လမ်းသဘောအရလည်း … မပီမပြင် ၀ါးတားတားကို … ။ ဒါဟာ မီဒီယာတွေကနေ ချပြတဲ့ ဇာတ်လမ်း ဇာတ်ကွက်တွေရဲ့ အသားပေးရိုက်ချက်တွေကြောင့်လို့ပဲ ထင်ပါတယ် … ။

ယခုပြည်တွင်း အခြေစိုက် ရုပ်သံလိုင်း တစ်ခုကနေလာနေတဲ့ …. ကိုရီးယားဇာတ်လမ်းတွဲ အစီစဉ်တွေထဲမှာ … အိမ်ထောင်ရေး ဖောက်ပြန်မှူကိုပဲ အသားပေး ဖော်ပြထားတဲ့ ဇာတ်လမ်းတွဲတွေကို တွင်တွင်ကျယ်ကျယ်ကြီး ထုတ်လွှင့်နေတာတွေ့ရပါတယ် .. ဒရမ်မာ ဇာတ်ကားမို့ လူကြိုက်များပေမဲ့ … ဒီလိုရုပ်ရှင်တွေ မပေါ်ခင်ကတည်းက တစတစ စိတ်ဓါတ်ပျက်ပြားလာတဲ့ ယောကျာ်းတွေ ဒုနဲ့ဒေး ရှိခဲ့ပါတယ် … အခုဒီလို ရုပ်ရှင်တွေ ၊ ဇာတ်လမ်းတွေကလည်း မီးမောင်းထိုးပြလိုက်ရော … ယခင်ကထက်ပိုပြီး ကြောင်တောင်နှိုက်တဲ့ ယောကျာ်းတွေ များလာတော့တာပါပဲ … ။

စိတ်ဓါတ်ဆိုတာ မွေးရာပါ ဖြစ်တည်လာတာမျိုးပါ … မိဘ ၊ ဆွေမျိုးသားချင်းတွေဆီကနေ မျိုးရိုးလိုက်တာမျိုးမဟုတ်ပါဘူး … ဒီလိုပါပဲ … နေရတဲ့ ပတ်ဝန်းကျင် ၊ လူမှူ အဆင့်တန်း အနိမ့်အမြင့်နဲ့လည်း မဆိုင်ပါပဲ .. စိတ်ဓါတ်နိမ့်ကျခြင်း ၊ ယုတ်ညံ့ခြင်းမျိုးဟာ အထက်တန်းလွှာ၊ အောက်တန်းလွှာ ၊ ပညာတတ် ၊ ပညာမဲ့ …လူတန်းစား မခွဲခြားပဲ ဖြစ်တည်နေမှူမျိုးပါ … လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ရဲ့ မွေးရာပါ စိတ်ဝိဥာဏ် … အကျင့် စရိုက် လို့ ခေါ်ရမလားပဲ .. ။ လောကမှာ လူအမျိုးမျိုး စိတ်အထွေထွေပါပဲ … လူတိုင်း ကိုယ့်ယုံကြည်ချက် ၊ ထင်မြင်ချက်တွေနဲ့ အားသန်ရာလမ်းကြောင်းအတိုင်း မျောလွင့်နေကြတာပါ … ဒါပေမဲ့လည်း … ကိုယ်ကြိုက်တာကိုယ်လုပ် သူများကို ဒုက္ခမပေးတဲ့ ဖြစ်အင်ဆိုလျှင်တော့ …အသက်ရှင် ရပ်တည်တဲ့ ရည်ရွယ်ချက်ချင်း ငြိမ်းချမ်းစွာ ကွဲလွဲနိုင်တာပေါ့ … ။

တစ်ချို့လူတွေကျတော့လည်း ….၀ါသနာကိုက တဏှာကြီးလွန်းလှတယ် … တစ်ခါတစ်လေ မှန်းဆလို့ မရအောင်ပဲ စိတ်ထဲ ရောက်ယှက်ခတ်နေလောက်အောင် …. ၀ါသနာကြီးတယ် … ။မိမိကိုယ်တိုင်ရဲ့ လက်ရှိဘ၀ကိုတောင် မေ့သွားလောက်တဲ့ အခြေနေမျိုးလေ … ကိုယ်က အိမ်ထောင်သည်လား ။ ကလေး အဖေလား ၊ တခုလပ်လား ၊ လူပျိုလား တောင် မမှတ်မိတော့တဲ့ အဖြစ် ။ အဆိုးဆုံး တွေကတော့ … ရည်စားတွေ မှိုလိုပေါက်အောင် ထားတတ်တဲ့ လူမျိုးနဲ့ … သူများရည်းစား ကြောင်တောင် နှိုက်ချင်တာမျိုးပါပဲ … ။ နှစ်မျိုးစလုံးက ယောကျာ်းကောင်းတွေ လုပ်လေ့လုပ်ထရှိတဲ့ အချက်ထဲ မပါပါဘူး … ။ မှိုလိုပေါက်အောင် မိန်းမရှုပ် ချင်တဲ့ လူကတော့ …ရုပ်ရှင်တွေ ထဲကလို …. ဟိုတယောက်ဘက် ပြေးကြောင်လိုက် .. ဒီတယောက်ဘက်ပြေးကြောင်လိုက်နဲ့ … ဘ၀ရပ်တည်မှူအတွက် ဘာမှ အာမခံချက် မရှိတဲ့ လူမျိုးပါပဲ..။ သူတို့မှာ သေချာတဲ့ အနာဂတ်လည်း မရှိသလို ရေရာတဲ့ ဆုံးဖြတ်ချက်လည်း မရှိလို့ .. ပေါ့ပေါ့နေပေါ့ပေါ့စား လူမျိုး ဖြစ်ကြရတာပါပဲ … ။ တဖက်က ကောင်မလေးတွေလည်း အရူးလုပ်ခံရတာတောင် မယားငယ်အဖြစ်ခံပါမယ်ဆိုတာမျိုးနဲ့ တွေ့လျှင်တော့ … ကိုယ်တော်ချောတို့က အကြိုက်ပေါ့ .. ။ တကယ် အကျင့်မကောင်း စိတ်ဓါတ်မမှန်ပဲ နိမ့်ကျတဲ့ အတွေးတွေနဲ့ ရှင်သန်နေတဲ့ ယောကျာ်းတွေလို့ … ဘာလို့များ မတွေးမိကြတာလဲ …။ ချစ်တုန်းတော့ မွှန်နေလို့ မသိပေမဲ့ … ဘေးလူနေရာက ကြည့်ရသူတွေကတော့ .. သူတို့လေးတွေ အစားရင်မောလွန်းလို့ .. သက်ပြင်းချယုံကလွဲပြီး ဘာများပြောနိုင်ဦးမှာလည်း … ။ မနေနိုင်လို့ ကြားဝင်ဖြောင်းဖျဦး … ဒီမိန်းမ သူများကောင်းစားတာ မနာလိုလို့ ဆိုတာမျိုးပြောခံရပြီး … စေတနာက ဝေဒနာဖြစ်နိုင်သေးတယ် .. ။ မိန်းကလေးငယ်တွေ … ဒီလိုမျိုး လေးလေးနက်နက် မတွေးပဲ မိုက်တွင်းနက်တာ …ရုပ်ရှင်တွေကြည့်ပြီး .. ရူးတာမဟုတ်ဘူးလို့ … ဘယ်သူ အတပ်ပြောနိုင်ပါ့မလဲ … ။မီဒီယာရုပ်သံလိုင်းတွေရဲ့ လှုံ့ဆော်မှူက … ရာနှုန်းပြည့်မဟုတ်လျှင်တောင် ရာခိုင်နှုန်းတော်တော်များများကပဲ ဒီလို စိတ်တွေ ဖြစ်လာစေပါတယ် … ။ ပယောဂမကင်းဘူးပဲ ..။ ယောကျာ်းတွေကလည်း …ကိုယ်တိုင်က ပျိုပျို ၊အိုအို … ဘာမိသားစု တာဝန်မှ စိတ်ထဲ ထည့်မထား …မိဘ ၊ မျိုးရိုး ၊ ပတ်ဝန်းကျင် ဂုဏ်သိက္ခာလည်း ထည့်မတွက်ကြသလို တဖက်က မိန်းကလေးများရဲ့ ပတ်ဝန်းကျင်အနေထား ၊ ဂုဏ်သိက္ခာ စတာတွေ မစဉ်းစားပေးတတ်ကြဘူး .. ။ ဒီတော့ .. မိန်းမတွေ ကိုမေးချင်စမ်းပါတယ် … မျှော်လင့်ချက်ကြီးထားပြီး … မျက်နှာများတဲ့လူကို ပိုင်ဆိုင်ဖို့ … မိမိကိုယ်ကို ယုံကြည်ရဲ့ လား … ပတ်ဝန်းကျင်ကို ထုတ်ပြရဲ့လား ဆိုတာပါပဲ … ။ စိတ်ကူးယဉ် ဆန်ဆန် ဇာတ်လမ်းတွေကလို လစ်ဗင်း တူဂဲသား အခန်းငှားနေမယ် … သူလည်း သူကြိုက်တာသူလုပ် ကိုယ်လည်း ကိုယ်ကြိုက်တာကိုယ်လုပ် ဆိုမျိုးက တခြားနိုင်ငံတွေမှာ အဆင်ပြေပေမဲ့ … ကျွန်မတို့ နိုင်ငံလို ပစိပစပ်များ.. မစားရ အညှော်ခံ ၊ အရည်မရ အဖတ်မရ … ကြမ်းပိုးကို လိပ်ဖြစ်အောင် ..အတင်းဖျင်းပြောတာ ၀ါသနာထုံလွန်းတဲ့ လူအများစုနေတဲ့ နေရာမျိုးမှာတော့…. ဘယ်လောက် မျက်နှာပြောင်တဲ့ မိန်းမဖြစ်ဖြစ် ….ကြာကြာမနေနိုင်ပါဘူး .. ။ ဆုတ်လည်း စူး ၊ စားလည်း ရူးတဲ့ အခြေနေမျိုးမို့ … မိသားစုဘ၀ အာမခံချက် ဘာမှ မပေးနိုင်တဲ့၊ ကိုယ့်ကို အတည်တကျ လက်တွဲနိုင်မဲ့ ယောကျာ်းမျိုးမဟုတ်တဲ့ အတွက် … စောစော စီးစီးကပဲ လမ်းခွဲလိုက်ဖို့ပဲ တိုက်တွန်းချင်ပါတယ် … ။

အထက်မှာရေးပြခဲ့တဲ့ အတိုင်းပဲ ယောကျာ်းတွေထဲမှာမှ စည်းမစောင့်တဲ့ လူတွေ ရှိပါသေးတယ်… ဒါကြောင့်လည်း ကျွန်မက ကြောင်တောင်နှိုက်တဲ့လူလို့ .. ရေးခဲ့တာပေါ့ …ဘယ်လိုကြောင်တောင်နှိုက်ပါသလျှင်ဆိုလျှင် ….. ထိုလိုလူမျိုးကတော့ .. စည်းစောင့်တာတွေ ၊ မလုပ်သင့် မလုပ်အပ်တာတွေ နားလည်စွမ်း နည်းပါးတယ်…. ။ တကယ့်ကို စိတ်ဓါတ်က အနိမ့်ဆုံးမှာပါ … ။ သူများ မိန်းမ ကြာခိုတာမျိုး … ၊ သူငယ်ချင်းရည်းစား ဖြတ်ခုတ်တာမျိုးကို ဆိုလိုတာပါ … ။ ဘယ့်နှယ့် လွတ်လွတ်လပ်လပ်တွေရှိပါလျှက် သူများ မိန်းမ ကြာခိုရသလဲ … သူငယ်ချင်း၊ ညီအစ်ကိုရည်းစား ဖြတ်ခုတ်ရသလဲ မတွေးတတ်တော့ပါဘူး … ကြည့်ဖူးနေတဲ့ ကိုရီးယားကားထဲကလို အိမ်ထောင်ရေး ဖောက်ပြန်တာ ထမင်းစား ရေသောက် ဖြစ်နေကြပြီ ထင်ပါရဲ့  …. ။ ကိုယ်ကိုယ်တိုင် ယောကျာ်း အရင့်မာကြီး ကဗီလိန်ဖြစ်သွားတာ ရှက်ရကောင်းမှန်း မသိတဲ့ အဖြစ်တွေ များသထက်များလာပါတယ်… ။ ရှက်တတ်လျှင် လဲသေဖို့ကောင်းတဲ့ ယောကျာ်းတွေ အတော်များနေကြပါပြီ … မိမိတို့ရဲ့ စိတ်ဓါတ်လေးတွေ ပြင်ကြဖို့ပဲ တိုက်တွန်းပါတယ် …. ။

လှေခါးသုံးထစ်ဆင်းလျှင် ဘာဖြစ်တယ် ညာဖြစ်တယ် ရေးထားတဲ့… တဖက်စောင်းနင်း စကားပုံတွေကို အဟုတ်မှတ်ပြီး မျောလွင့်နေမဲ့အစား …… မိမိကြောင့် ထိခိုက်နစ်နာရမယ်ဆိုလျှင် … ကိုယ်ချင်းစာတတ်ဖို့လည်း နှိုးဆော်လိုက်ချင်ပါတယ် … ဒီလောက် HIV, AIDS ရောဂါတွေ ကူးစက်နှုန်းမြင့်မားနေချိန်မှာ … ယောကျာ်းကောင်း မောင်းမတစ်ထောင်လို့ ရူးကြောင် မူးကြောင် … ဟစ်ကြွေးမြည်တမ်းနေရမဲ့ အချိန်ခါလည်း မဟုတ်တော့ပါဘူး … အသံသာ ကျယ်ချင်ကျယ်လို့ရမယ် …. ရောဂါကတော့ မနေပါဘူး ဆိုတာ သတိနဲ့ယှဉ် ဆင်ခြင်ကြပါလို့ပဲ တိုက်တွန်းလိုက်ပါတယ် ။

နွေးထွေးတဲ့ မိသားစု ဘ၀ကို မြတ်နိုးတဲ့စိတ်နဲ့… ဒီပို့စ်ကို ရေးတာပါ … မိသားစုကို တန်ဖိုးထားတဲ့ မိန်းမတိုင်းနဲ့ စိတ်ကူးခြင်း ထပ်တူကျမယ်လို့ ထင်ပါရဲ့နော် .. ။

About etone

etone has written 851 post in this Website..

Goooooooooooooooooood 4 nothing lady !!!