၂၀၁၁ ခုနှစ် ၊ဩဂုတ်လ (၁၆) ရက်နေ့တွင် ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်ရှိ ရပ်ကွက်အချို့၌ နေ့လည်ခင်းအချိန်မှစ၍ လျှပ်စစ်မီး ပျက်တောက်လျှက်ရှိပြီး ည (၇)နာရီခွဲခန့်အချိန်တွင် မီးပြန်လာခဲ့ရာ … အဝင်ဗို့အား ၃၀ဝကျော် ထိ နာဝက်ကျော်ကြာချိန်တိုင်အောင် မြင့်တက်ခဲ့ကြောင်း သိရသည် …. ။ အဆိုပါ ဗို့အားမြင့်တက်မှူကြောင့် လူနေအိမ်နှင့် ဆိုင်ခန်းအချို့တွင် မီးချောင်းများပျက်ဆီးခြင်း ၊ မီးကြိုးနဲ့ မီးပလပ်ပေါက်များ ဝါယာရှော့ဖြစ်ခြင်း နှင့် .. အချို့သော လျှပ်စစ်အသုံးဆောင်ပစ္စည်းများ ပျက်ဆီးခြင်းတို့ ဖြစ်ပေါ်ခဲ့သည် … ။တချိန်တည်းမီးလာသော အချို့ ရပ်ကွက်များတွင်တော့ မီးအားအလွန်ကျဆင်းလျှက်ရှိပြီး  100ဗို့ထက်ပင် လျှော့နည်းခဲ့ကြောင်း သိရသည် … ။

 

%%%%%%%%

 

အဲ့ဒီအချိန်က ကျွန်မလည်း မီးအားမြင့်တဲ့ ရပ်ကွက်ထဲရောက်နေခဲ့တာပါ … ။ မီးပြန်လာတာနဲ့ .. ဘောင်းခနဲ ပေါက်ကွဲသံနှင့်အတူ ….. ကျွန်မရောက်နေတဲ့ အဆောက်အုံက မီးချောင်း ငါးချောင်းစလုံး ဖျက်ခနဲ လင်းပြီး မှိန်ကျသွားပါတယ် .. … ။ ဝါယာကြိုးတွေက ညှော်နံ့ထွက်လာတာမို့.. အမြန်မိန်းချပြီး ပိတ်လိုက်ရပါတယ် … ။ ဆယ့်ငါးမိနစ်လောက် ညှော်နံ့ ကုန်သွားမှ ပြန်ဖွင့်ကြည့်တော့ … နောက်တခါ ဖောက်ခနဲ ရှော့ဖြစ်သံကြားရပြန်တယ် … ။ ဒါနဲ့ ဆက်မဖွင့်ရဲတော့ပဲ မီးဆင်တဲ့လူကို ခေါ်ရပါတော့တယ် ….။

 

မီးဆင်တဲ့လူက လူငှားများနေတာမို့… မနက်ဖြန်မှ လာနိုင်မယ့်အကြောင်းပြောတော့ ….. ဖယောင်းတိုင်လေး ကိုယ်စီ ကိုင်ပြီး အလုပ်လုပ်ရပြန်တာပေါ့ … ။ ကြိုးတွေ ကောင်းမကောင်း မစစ်ရသေးတာမို့ … ဘယ်သူမှ မီးလင်းဖို့ကိစ္စ ထမကိုင်ရဲကြပါဘူး …။ ဒါနဲ့ပဲ ..ကျမတို့နှစ်ယောက်သား အလုပ်ပိတ်ပြီး …အိမ်ပြန်လစ်လာကြတယ် … ။ နောက်နေ့ရောက်တော့ … မီးသမားက အတော်နဲ့မလာပါဘူး … မှောင်မှလာပြီး စစ်တော့ … မီးချောင်း ချုပ်ကြွသွားပါတယ်တဲ့… ဒီတော့ …ဝယ်ထည့်ရတော့တာပဲ …… အလကားနေရင်း ကိုယ့်ပယောဂမပါဘူး … ဗို့အားမြင့်လျှပ်စစ်မီးကြောင့် ပိုက်ဆံကုန်ရတာ စိတ်တိုဖို့ကောင်းပါတယ် … ။ တချို့ အိမ်တွေဆို တီဗွီတွေ ကြွသွားတယ်တဲ့… ဒီဗွီဒီစက်တွေလည်း ကြွတယ်… ကြားရတာတော့… အစုံပါပဲ … ။

 

တခြားနိုင်ငံတွေမှာတော့ ဓါတ်အားပေးတဲ့ ကိစ္စ ဘယ်သူတွေကတာဝန်ယူပြီး ဘယ်လိုလုပ်ကိုင်လည်း မသိပေမဲ့ … ဒီမှာတော့ … မီးလာချင်လာမယ်… မလာချင်မလာဘူး … အားနည်းချင်နည်းမယ် .. .များချင်များမယ် .. အပျက်ဆီးရှိလည်း .. ကိုယ့်ဟာကိုယ်ပြင် ဒါမျိုးဖြစ်နေတာ စိတ်ညစ်ရတာတော့အမှန်ပါပဲ … ။ မီတာသုံးစွဲ ဆောင်နေတဲ့ လူတွေကို respect လေးတော့ ပေးပြီး responsible တော့ဖြစ်သင့်တာပေါ့ … ။ တခြားနိုင်ငံတွေမှာတော့ ပုဂ္ဂလိက ပေးတယ် ထင်ပါတယ် … ပြီးတော့… မီးပျက်တဲ့အပေါ် အလျှော်စားလည်း ရှိမယ် ထင်ပါတယ် …. သိတဲ့လူများ ဝင်ဆွေးနွေးပါဦးနော် … ။

About etone

etone has written 851 post in this Website..

Goooooooooooooooooood 4 nothing lady !!!