ဆာ​မိ​တို့​က​န​င်းပြားတွေပါ ။ဘုရားထူးရတဲ့လူတန်းစားပေါ့၊ ဒါကြောင့်ဘယ်သူဘုရင်လုပ်လုပ်ဆာမိတို့အတွက်တော့မထူးပါဘူး။အဲ –ထူးတာကတော(့ဘယ်သူဘုရင်ဖြစ်ရမယ်ဆိုတာထက် ၊ ဘုရင်ဖြစ် ရင်ဘာလုပ်ရမယ် ၊ဘယ်လိုကျင့်ကြံ့နေ ထိုင်သွားမလဲ) ဆိုတာအရေးကြီး တာပါ။ မြန်မာပြည်မှာနန်းလုပွဲတွေကျင်းပခဲ့တာအခုမှမဟုတ်ပါဘူး _ ဟိုး – အရင်တကောင်းခေတ်ကတည်းကပါ ၊ခေတ်အဆက်ဆက် ညီ အစ်ကိုချင်း ၊သားအဖချင်း ၊ဆွေမျိုးချင်းတွေသတ်ဖြတ်ပြီးနန်းလုခဲ့ကြတာ — – ဒါတောင်အဲဒီခေတ် တုန်းက အခုလောက်လဘ်လာဘ မရှိ ခဲ့ပါဘူး ။မြို့  တစ်မြို့ စာလောက်ကို နိုင်ငံလို့သတ်မှတ်ပြီးဘုရင်လုပ်ပြီးအုပ်ချုပ်ချင်ကြတာ- –ဒီတော့ မြန်မာနိုင်ငံကြီးကိုလုချင်ကြတာမဆန်းပါဘူး။ ဒါတောင်သမိုင်းထဲမှာအဆိုးဆုံးဖြစ်ရပ်တွေမပါသေးဘူးထင်တာပဲ ။သမိုင်းကိုမှတ်တမ်း တင်ရတာကလဲဘုရင်မျက်နှာကြည့်ပြီးလုပ်ရတာလေ — ဘုရင်ခွင့်ပြုသလောက်ပဲ မှတ်တန်းတင်ရတော့ နန်းလုပွဲတွေမ ပြည့်စုံခဲ့ဘူးပေါ့ ။အခုပဲကြည့်လေ ၈၈ ရဲ့ ဖြစ်ရပ်တွေဟာနောင်နှစ် ၁၀၀ မှာခိုင်ခန့် တဲ့ သမိုင်းဖြစ်သွားရမှာ ၊ ဘယ်သူများ အမှန်အတိုင်း မှတ်တမ်းပြုခွင့်ရှိခဲ့ လို့ လဲ —-ဆာမိတို့က မှီလိုက်လို့အနည်းငယ်သိခဲ့ရပေမဲ့ ဒီခေတ်လူငယ်လေးများဘယ်သိနိုင်ပါ့မလဲ –ဘယ်သူကသူရဲကောင်းဖြစ်ပြီးဘယ်သူကသရဲတောင်း ဖြစ်မလဲဆိုတာကိုယ်တိုင်ကြုံတဲ့သူပဲ သိပါလိမ့်မယ် –တီဗီ မှာပြသခဲ့တဲ့ (သမိုင်းရေစီး လှိုင်းကြီးလေထန် ဖြစ်ရပ်မှန် )ဆိုတာကလဲတဖက်သတ်ရိုက်ကူး ချက်ပါ ကျည်ဆံတွေလေမှာဝဲခဲ့တာကိုတော့ ချန်ထားခဲ့တယ်နော် –ဒါကြောင့် ၈၈ တော်လှန်ရေး ဟာ နောင်ဖြစ်လာမဲ့ဒီမိုကရေစီ နိုင်ငံတော်ကြီးရဲ့ သမိုင်း စာမျက် နှာတခုပဲမဟုတ်လား—- ကပြား ဒီမိုကရေစီ ကိုတော့ ဒီ ထက် မဆီုးအောင်ဝိုင်း ထိန်း ကြတာပေါ့ –ဆာမိကတော့ ဘယ်သူဘုရင် လုပ်လုပ် ဘုရား ထူးရ မှာပါ ဒီလို ပြောခွင့်လေးပေးတဲ့ မန်းဂေဇက်ကို ကျေးဇူးပဲ –အရင်ကတော့ (ရ) သုံး လုံးကိုဆောင်ထားရတာ ။ရှိသလောက်စား၊ ရလောက်ယူ ၊ရန်မလုပ်နဲ့ တဲ့ ။ — ဘာပဲဖြစ်ဖြစ်လေ —ဘယ်သူဘုရင်လုပ်ရမယ် ဆိုတာထက် ဘုရင် ဖြစ်ရင်ဘာလုပ်ရမယ်ဆိုတာကပိုအရေးကြီးပါတယ် ။။။။။။

About မောင်ရိုး

surmi has written 111 post in this Website..