Sound Patterns And Grammar In Bumese (4)

TTNUAugust 25, 20111min801

Sound Patterns And Grammar In Burmese (4)

 

ဆက်ရှင်း(ရှုပ်) ပြပါဦးမယ်။ ဗမာစကားရဲ ့ အသံစနစ် က အဓိပ္ပါယ် ကိုသာမက သဒ္ဒါကို လဲ ဆက်နွယ် ပတ်သက်နေပြန်ပါတယ်။ နာမ်တစ်ခုကို အသံထွက်တာနဲ့  ကြိယာတစ်ခုကို အသံထွက်တာ မတူပါဘူး။

 

ကြိယာ                                         နာမ

 

ဥပမာ။ (၁)  ထမင်းချက်တယ်                                      ထမင်းချက် (ထမင်းဂျက်)

(၂) မြင်းထိန်းတယ်                                            မြင်းထိန်း   (မြင်းဒိန်း)

(၃) စာရင်းချုပ်တယ်                                          စာရင်းချုပ် (စာရင်းဂျုပ်)

 

Sound Patterns and Grammar တို့ ဆက်စပ်ပုံ တစ်စိတ် တစ်ဒေသ ဖေါ်ပြခြင်းပါ။

သဒ္ဒါ နယ်ပယ်တစ်ခုလုံးကိုတော့ ဗမာစကားကိုယ်တိုင်ကိုက Monosyllabic Language ဖြစ်နေတာ ကြောင့်  ထဲထဲဝင်ဝင်ကြီးတော့  Influence ဖြစ်မနေခဲ့ပါဘူး။ သူ့အသံယူနစ်တိုင်းမှာ သူ့ အဓိပ္ပါယ်နဲ့သူ ရှိနေတဲ့ ဗမာစကားပါ။

အင်္ဂလိပ်စကားမှာ Stress, Rhythm, and Intonation ဆိုပြီး အရေးကြီးတဲ့ လက္ခဏာကြီး(၃) ရပ်ရှိကြောင်း ဖေါ်ပြလေ့ရှိကြတယ်။

ဥပမာ။ Education ဆိုတဲ့ စကားလုံးမှာ (ခေး) ဆိုတဲ့ တတိယ အသံယူနစ်ပေါ်မှာ ဖိအား (stress) ရှိတယ်။

ဗမာစကားမှာ ပညာရေး ဆိုတာကို အသံထွက်ရင် ဖိအားမပါဘူး။ (ပျင်း ညာရေး) လို့လဲ မရွတ်ဆိုပါဘူး။

အင်္ဂလိပ်စကားကို Musical Language လို့ ဆိုကြတယ်။ Rhythm, Beat စသဖြင့်တွေပါလာတာကိုး။ အရေးကြီးတဲ့ စကားလုံးတွေ  စည်းချက်မှန်မှန် နဲ့ ပြောတတ်ကြတယ်။ ဗြိတိသျှလူမျိုးတွေ ပို အပြောများကြပါတယ်။

You’re not interested in this topic, are you?  ဒီဝါကျ လေးကို စည်းချက်(၄)ချက် မိအောင်  ပြောကြည့်ပါလား မိတ်ဆွေ။

မင်းဒီ ခေါင်း စဉ် ကြီး စိတ်မဝင်စားပါဘူး ကွာ၊ ဟုတ်တယ်မဟုတ်လား။” ဒီဝါကျလေးကို

ကော စည်းချက်ထည့် ပြောကြပါ့မလား။

 

အင်္ဂလိပ်စကားမှာ  Intonation သိပ်ထည့်ပြောကြတယ်။  အကြမ်းအားဖြင့် Wh questions  တွေ ကို Rising Intonation နဲ့ ပြောကြပြီး၊ Yes/No questions တွေ ကို Falling Intonation နဲ့ ပြောကြတယ်။  Tag questions တွေ ကို အဖြေသိ်ချင်ရင် Rising  Intonation, agreement ယူချင်တာဆိုရင် Falling Intonation.

ဗမာစကားမှာ ဒါလေးနည်းနည်းလေးတူတယ်။

ဥပမာ (ဟုတ်တယ် ဟုတ်?)  Rising Intonation.

(မစားချင်ပါဘူးကွာ)  Falling Intonation.

(သမီးရေ)         Rising Intonation.

( ရှင်.. အမေ)    Rising Intonation.

 

Sound Patterns တွေထဲမှာ Sentence Stress ဆိုတာလေး ကတော့ ဗမာစကား ၊ အသံတုန်း တို့ နဲ့ သဒ္ဒါ ဆက်စပ်မှုလေးပြနိုင်ပါတယ်။

I like fish.

I  ကို ဖိပြောရင်  (ငါးကြိုက်တာ ငါနော်၊ တခြားသူမဟုတ်ဘူး)

like  ကို ဖိပြောရင်  ( ကြိုက်ချက်က ကမ်းကုန်ရော)

fish  ကို ဖိပြောရင် ( ကိုယ်ကြိုက်တာ ငါးနော်၊ ဝက်တွေ ကြက်တွေ မစားချင်ဘူး)

 

စိတ်ညစ်နေပြီလား မိတ်ဆွေ။

အိမ်စာလေး ယူသွားပါလား။

( ရတနာပုံဂေဇက် သတင်းစာ မှာ   ဘလော့ ရေးကို     ရေး ချင်တာ။ )

အထက်ပါ ဝါကျထဲက လိုင်းတားထားသော စကားစုတစ်ခုစီ၏ အသံယူနစ်များကို တစ်ကြိမ်လျှင် တစ်ခု ဖိပြောကြည့်ပါ။ 

သတင်းစာ မှာ

ဘလော့ ရေးကို

ရေး ချင်တာ

 ဘယ်လိုအဓိပ္ပါယ်တွေ ကွဲပြားသွားမယ် ဆိုတာကို မိတ်ဆွေ တို့ရဲ ့  Comments မှာပြန်ဖြေပြပေါ့ ။ Good  ဆိုပြီး ဆုချမှာနော်။

One comment

  • pooch

    August 25, 2011 at 1:37 pm

    သတင်းစာ မှာ က နည်းနည်း ဖိဆိုရသလိုပဲ
    ဘလော့ ရေးကို က နည်းနည်း ဆွဲရသလိုပဲ
    ရေး ချင်တာ က လည်း နည်းနည်း ဆွဲရသလိုပဲ
    တီချယ် အနော်က နည်းနည်း ညံ့တယ် သီးခံပါနော်

Leave a Reply