စိတ်ပျက်မိသည့်အရက်ကြော်ငြာ

နည်ရဲဇော်September 11, 20111min44356

ကျွန်တော်ကပဲကြော်ငြာတွေကို အမြင်ကတ်နေသလား၊ ကြော်ငြာတွေကပဲ လွန်နေသလားတော့မသိပါဘူး။ မနေ့က အသိတစ်ယောက်ယူလာပြတဲ့ အရက်ကြော်ငြာတစ်ခုအကြောင်းမနေနိုင်မထိုင်နိုင်ရေးမိလိုက်ပါတယ်။ ကုန်ပစ္စည်း အသစ်ကြော်ညာဆိုတော့ ဈေးကွက်အတွင်း လူသိအောင်၊ ကိုယ့်အမှတ်တံဆိပ်ကို ထင်ရှားအောင်ထိုးဖောက်ရမှာပေါ့။ ဒီလိုထိုးဖောက်တဲ့အခါမှာ အောက်က အရက်ကြော်ငြာကတော့ ထင်းယုံမက ပြူးတောင်ပြူးနေပါပေ့ါလား။

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

အရက်ကြော်ငြာအများစုဟာ ဒီလိုမျိုးပြူးတူးပြဲတဲပုံတွေ၊ ကော့ကော်ကံကား ပုံတွေနဲ့ပဲကြော်ငြာနေကြတာဘာကြောင့်မှန်းမသိပါဘူး။ သူတို့စိတ်ထဲ အရက်သောက်သုံးသူဖောက်သည်တွေကို အကုန်လုံးတဏှာရူးတွေ ဟုယူဆထားပုံရပါတယ်။ ဒီလိုလူမျိုးက ဒီလိုစရိုက်ရှိတယ်ဟုတွေးတတ်သည့် stereotype အမြင်မျိုးဖြစ်နေပါတယ်။ တကယ်တော့ အရက်သောက်သုံးသူတစ်ယောက်စိတ်ဝင်စားတာက နံရံပေါ်က မပေါ့်တပေါ် ပိုစတာမဟုတ်ပါ။ ပုလင်းထဲကအရက်သာဖြစ်ပါတယ်။အရက်ကိုနှစ်ချိုက်စွာသောက်သုံးသူတွေကို စော်ကားခြင်း တစ်မျိုးဟုသာခံစားရပါတယ်။ ကြော်ငြာတာဝန်ခံတွေ အနေနှင့်အရက်နှင့်မြည်းဖို့ နံရံပေါ်ကပိုစတာကို မကြာခဏငေးတတ်သည့်လူဦးရေ ဘီယာဆိုင်၊ အရက်ဆိုင်တွေမှာ ဘယ်လောက်ရှိသလဲဆိုတာကို မသိမသာ အရင်စစ်တမ်းကောက်ထားကြည့်ကြပါလား။

ဒီလိုဆိုတော့ဒီလိုပုံတွေမကြိုက်ကြဘူးလားဟုမေးလာလျှင်တော့ သိပ်ကြိုက်တာပေါ့ဟုဝန်ခံလိုက်ပါမည်။ ဒီလိုပုံမကြိုက်သည့်ပုရိသယောက်ျားဒီကမ္ဘာပေါ်မှာ အင်မတန်ရှားပေလိမ့်မည်။ ဒီလိုပုံကြည့်ချင်ရင် အကုန်လုံးမြင်ရသည့် စာအုပ်တွေ၊ ဗွီဒီယိုတွေ၊ အင်တာနက်စာမျက်နှာတွေ ပေါလွန်းလှသည်ပဲ။ ဒါပေမယ့်ဒီလိုကြော်ငြာပုံမျိုးတော့ လုံးဝမကြိုက်ပါ။ ကိုယ့် အမေ၊ နှမ၊ သမီးနှင့် သွားရင်းလာရင်းမတော်တဆ တွေ့လို့မှမသင့်တော်သည့်ပုံတွေပါပဲ ။မြန်မာပြည်ကလုပ်ငန်းရှင်တွေ ကြော်ညာကိုအဆင့်အတန်းရှိရှိကြော်ငြာလျင်ဖြင့်သိပ်ကောင်းမှာပါပဲ။ နိုင်ငံခြားမှာကော အရက်ကြော်ငြာတွကို ဒီလိုပဲ ပေါ်ပေါ်တင်တင်ကြော်ငြာကြသလားမသိ။ ဒီပုံတွေကတော့ ပုံနှိပ်စက်ဖြင့် တရားဝင်ပုံစံမျိုးထုတ်ထားတာကတော့သေချာသည်။ စာနယ်ဇင်းဆရာတွေပြောပြောနေသည့် စာပေစိစစ်ရေးဆိုတဲ့အဆင့်ကို ဘယ်လိုဖြတ်ကျော်ခဲ့လဲစဉ်းစားစရာပင်။

56 comments

  • ကြောင်ကြီး

    September 11, 2011 at 10:45 am

    ကြည့်ရင်းနဲ့ အာခေါင်ခြောက်လာပြီဗျ။ ဂလု.. သူလေးနဲ့သာဆို…. ရမ်အရက်ကိုပြောပါတယ် 😳

  • nature

    September 11, 2011 at 10:52 am

    ကြော်ငြာဆရာက ပညာပါတယ်။ တချက်ခုတ် ၂ချက်ပြတ်။ တခါတည်းပစ္စည်း၂မျိုးကြော်ငြာတာပဲ။

  • ပေါက်ဖော်

    September 11, 2011 at 11:00 am

    အရက်သာ ကြော်ငြာတာ..
    အဘတော့..အရက်ကို အရင်မြင်ရတာမဟုတ်ဘူး..
    အသက်ကြီးလို ့..မျက်လုံးတွေမကောင်းတော့တာပဲ ဖြစ်မှာပါလေ.. 😀

  • koyinmaung

    September 11, 2011 at 11:54 am

    အရက်တင်ဘယ်ကမလဲ
    ကားကြောငြာ ကားအရောင်းပြခန်းတွေလဲ
    ကြည့်ပါအုံ ဒါမျိုးတွေပါဘဲလေ….

    • မီးမီး သော်

      September 11, 2011 at 12:10 pm

      ကိုရင်မောင် ပြောတာ ဟုတ်ပါတယ်။ပြီးခဲ့တဲ့အပတ်က တပ်မတော်ပြခန်းက ကားပြပွဲမှာ ဆိုလဲဒီလိုပါဘဲ။စိတ်ညစ်ဖို ့ကောင်းလိုက်တာ။ဒါဟာ မြန်မာပြည်ပါ။ကျွန်မတို ့နိုင်ငံနဲ ့ဆီလျော်တဲ့အဝတ်အစားတွေနဲ ့ကြော်ညာရင်လဲ ပစ္စည်းကရောင်းရပါတယ်။ခုကတော်တော် သရုပ်ပျက်ပါတယ်။

  • KP

    September 11, 2011 at 12:05 pm

    ဒီလောက်ချစ်ဘို့ကောင်းတာ…..စိတ်မပျက်ပါနဲ့ကွယ်…..:P

  • captainamerica

    September 11, 2011 at 12:06 pm

    ွွှွှွှွှှအဲလောက်ကြီးကတော့နည်းနည်းလွန်တာပေါ့……….ကိုနည်ရဲဇော်ပြောသလိုအရက်သောက်
    တက်တဲ့သူတွေကိုအကုန်တဏှာရူးတွေများထင်နေလားမသိဝူး
    အရက်သမားသိက္ခာကျတယ်ဗျာ………..

  • TTNU

    September 11, 2011 at 3:02 pm

    ဟုတ်တယ် ၊ အရက်သောက်ခြင်းကိစ္စ ကို အပြစ်တင်တတ်ကြပေမဲ့ ဒီလိုမျိုး အမြင် ( အရမ်းကြီး) မတော်တဲ့
    ကိစ္စ ကို မဆိုင်သလိုနေတတ်ကြတယ်။ ကိုယ်ကတော့ ဒီ ကောင်မလေး မိဘတွေ ဘယ်သွားကြပါလိမ့် လို့တွေးတော နေမိတယ်။

    • MaMa

      September 11, 2011 at 3:22 pm

      ကျွန်တော်လည်း ထို့နည်းလည်းကောင်းလို့ ပြောရမယ်။ အဲဒီအတွေး အမှန်ဆုံးပဲ။ သူ့ရဲ့မိဘ ညီအကို မောင်နှမတွေ ဘယ်တွေရောက်နေပြီး ဘာလုပ်နေကြလို့လဲ မသိဘူး။

  • R Ga

    September 11, 2011 at 3:20 pm

    ဟုတ်တယ်ဗျ..ဒီအရက်တို့ ဘီယာတို့ ကြော်ငြာသမျှ ဒီအတိုင်းများပါတယ်။ ဒါတွေကျတော့ဘာလို့ မသိချင် ယောင်ဆောင်ပြီး ဒီလိုရိုက်ခွင့်ထုတ်ခွင့် လွတ်လွတ်လပ်လပ်ပေးနေရသလဲဆိုတာမေးခွန်းထုတ်စရာတော့ရှိ တယ်။ ဥပမာဗျာ..H.I.V လူငယ်စခန်းကယ်ဆယ်ရေး ရန်ပုံငွေ ပြက္ခဒိန်၊ ကို အန်တီစုပုံဖြစ်ဖြစ်၊ ဆရာမ သန်းမြင့်အောင်ပုံဖြစ်ဖြစ်၊မဖြူဖြူသင်းပုံဖြစ်ဖြစ် လုပ်ပြီးရောင်းရင် လုပ်ရောင်းတဲ့လူက အဖမ်းခံရမယ်။ နောက် အစစ်ဆေး အမေးမြန်းခံရမယ်လေ။ ဒီလိုကောင်းဖို့လုပ်တဲ့ ဟာမျိုးဆိုရင် သူတို့ခွင့်မပြုချင်ကျဘူးလေ။ အခုလို အရက်ဘီယာကြော်ငြာတွေကျတော့ ဘာလို့ခွင့်ပြုသလဲဆိုရင်
    အခု တင်ထားတဲ့ပုံထဲက ရမ်က ဒဂုံဘီယာက ထုတ်တဲ့ ရမ်ပါ။ ပြောချင်တာက ဒဂုံဘီယာဆိုတာ စစ်တပ်က ထုတ်တာပါ။ နောက် မြန်မာဘီယာဆိုရင်စစ်တပ်ပိုင် စီးပွားရေး ဦးပိုင် ကထုတ်တာလေ ဒီတော့ သူတို့ဟာဆို ရင်ဘယ်သူမှမပြောရဲကျဘူး။အပြောလည်းမခံဘူးလေ။ ဒီတော့ တိုင်းပြည်ကလူငယ်တွေကတော့ အရက်သမားတွေပဲဖြစ်ကုန်ကျတာပါပဲဗျာ။

    • Foreign Resident

      September 20, 2011 at 8:46 am

      ” အခု တင်ထားတဲ့ပုံထဲက ရမ်က ဒဂုံဘီယာက ထုတ်တဲ့ ရမ်ပါ။ ပြောချင်တာက ဒဂုံဘီယာဆိုတာ စစ်တပ်က ထုတ်တာပါ ”
      Yes, Dagon Beer was produced by MEC ( Myanma Economic Corporation )

      ” နောက် မြန်မာဘီယာဆိုရင်စစ်တပ်ပိုင် စီးပွားရေး ဦးပိုင် ကထုတ်တာလေ ”
      Yes, Myanmar Beer was produced by UMEHL ( Union of Myanma Economic Holding Ltd )

      UMEHL was established by share/money of individual soldier, retired soldier & regiment fund.
      MEC was established by share/money from regiment fund alone ( not inclusive of personal money of soldiers ).

      Regiment Fund = Tat Yin Yan Pone Ngwe

      ” အခုလို အရက်ဘီယာကြော်ငြာတွေကျတော့ ဘာလို့ခွင့်ပြုသလဲဆိုရင်
      သူတို့ဟာဆို ရင်ဘယ်သူမှမပြောရဲကျဘူး။အပြောလည်းမခံဘူးလေ “

  • Mr. MarGa

    September 11, 2011 at 3:40 pm

    UMFCCI ကမျက်စိမကောင်းဘူးထင်တယ်။
    ဒါတွေကိုမျက်စိမှိတ်နေတယ်။
    အဲဒီမိန်းကလေးတွေကြာ်ငြာခဘယ်လောက်ရလဲတော.မသိဘူး
    ကျွန်တော်တော့သူတို.ကိုမြန်မာလူမျိုးပါလို.ပြောရမှာတောင်ရှက်တယ်။
    မြန်မာ.ယဉ်ကျေးမှုဆိုတာသူတို.ခေါင်းထဲမှာတောင်ရှိရဲ.လားမသိဘူး

  • alinsett

    September 11, 2011 at 5:10 pm

    ဟုတ်ပါ့ဗျာ..။ကိုယ် လည်း ဒီလို ပုံမျိုးနြ ့ကြော်ငြာထားတာကို လုံးဝ သဘောမကျပါဘူး။ ဒီလို ကြော်ငြာတွေ အကြောင်း ရေးဖို ့တောင် ပြင်ထားပြီးပြီ။ ပုံတွေ မတင်တတ်သေးလို ့။ ဒီထက်ဆိုတာတွေတောင်ရှိသေးပါရဲ့။
    ယောကျာ်းတွေကို ဆွဲဆောင်တယ် ဆိုလည်း အဲဒါက သိပ်ကို အောက်တန်ူကျတဲ ့ဆွဲဆောင်မှုပဲ။
    တကယ်ဆိုရင်….အရက်ကို ယောကျာ်းသရုပ်ဆောင်နဲ ့သာ ပို ကြော်ငြာသင့်တာေ လ
    အခုလို စာတွေ တင်ပြိး သတ်ိပေးလိုက်လို့ နည်ရဲဇော်ကို ကျေးဇူးတင်ပါတယ် ။

  • alinsett

    September 11, 2011 at 5:11 pm

    ဟုတ်ပါ့ဗျာ..။ကိုယ် လည်း ဒီလို ပုံမျိုးနြ ့ကြော်ငြာထားတာကို လုံးဝ သဘောမကျပါဘူး။ ဒီလို ကြော်ငြာတွေ အကြောင်း ရေးဖို ့တောင် ပြင်ထားပြီးပြီ။ ပုံတွေ မတင်တတ်သေးလို ့။ ဒီထက်ဆိုတာတွေတောင်ရှိသေးပါရဲ့။
    ယောကျာ်းတွေကို ဆွဲဆောင်တယ် ဆိုလည်း အဲဒါက သိပ်ကို အောက်တန်ူး ကျတဲ ့ဆွဲဆောင်မှုပဲ။
    တကယ်ဆိုရင်….အရက်ကို ယောကျာ်းသရုပ်ဆောင်နဲ ့သာ ပို ကြော်ငြာသင့်တာေ လ
    အခုလို စာတွေ တင်ပြိး သတ်ိပေးလိုက်လို့ နည်ရဲဇော်ကို ကျေးဇူးတင်ပါတယ် ။

  • naywoonni

    September 11, 2011 at 5:14 pm

    အဘတို့ အရက်သောက်တုန်းကတော့ ဒီလိုကြော်ညာတွေ ရှိဝူးကွဲ့…။ ဒါပေမဲ့ အရက်သမားတော်တော်များများက အရည်သောက်ရင် အဖတ်စားရမှ အာသာပြေတာ…။ ဆိုတော့ကာ…….. ဒီလိုပုံမျိုးနဲ့သာအဲဒိတုန်းက ကြော်ငြာရင်………….ဟင်းဟင်းးးးးးး ပြောလိုက်ချင်ဘူး
    တစ်ကယ်ပြောတာ 😛 😛

  • windtalker

    September 11, 2011 at 5:48 pm

    အားပါးပါး
    ရှလွတ် ရှလွတ် ( သွားရည်ယိုသံ )
    ကိုနီရဲဇော် ပို ့စ် ကို ဖတ်မလို ့ဖွင့်ကြည့်တာ
    စာသား ကို မနည်းဖတ်ရတယ် ဗျို ့
    မျက်စေ့ က ဟိုဘဲ ရောက်နေတယ်
    အင်း…
    “ မန်းမြို ့တော် ပေါက်စီ ” သွားစားဦးမှပါပဲ
    ဂလု ဂလု…

  • king

    September 11, 2011 at 5:53 pm

    ပထမဆုံးကို ဝေဖန်ရင်း လေကန်လိုက်မယ် … 🙂
    သူလေးက ဘာမှ သိရှာမယ် ထင်ဝူး .. 😛
    ဓါတ်ပုံအရိုက်ခံပြီး အောင်မြင်လာမယ်ထင်လို့ လာရိုက်တာ .. 🙂
    အဲဒီမှာ စတွေ့တာပဲ ဟိုက ဝတ်ခိုင်းတဲ့ အဝတ်ကို ဝတ်ပြီး ရိုက်ခံရတော့ မြန်မာအမျိုးသမီးပီပီ ရှက်မိတာပေါ့ .. ရှက်ဆို ဝတ်ရတဲ့ အဝတ်က တိုတိုလေးကိုး … ဒါနဲ့ပဲ သူ့ခင်ဗျာ အရှက်လုံအောင် လက်ကလေးနဲ့ မသိမသာလေးဖိပေါ့ …(မသိမသာ ဖိဆိုတာက သိသိသာသာဖုံးဖိလိုက်ရင် သူ့ကိုမသုံးတော့မှာဆိုးလို့) ပြီးတော့ အိုက်တင်လေးပေးနေတာပေါ့ … အဲ အဲဒီအချိန်မှာ ရိုက်ခါနီး ဘယ်သူက ကောင်မလေး အကျင်္ ီကို လက်သရမ်းပြီး ဆွဲချလိုက်လည်း မသိဘူး ကောင်မလေးမှာ ဒီလိုပုံလေး ထွက်လာပါလေရော … 😀 😛
    မှတ်ချက်။ သူကြီးပြောသလို တစ်ခြားအမြင်နဲ့ ကြည့်ပေးလိုက်သည် … 😀

  • ဆူး

    September 11, 2011 at 7:49 pm

    ဆွဲအားကောင်းတော့ များများကြည့်မယ်.. ကြည့်ရင်းနဲ့ မြင်မယ်.. (ကြော်ညာ)

  • zawmaung

    September 11, 2011 at 8:57 pm

    They did their job very well regardless of we all love or don’t. Now we all talk about and remember the brand.
    For the girl, I’m sure she never think the way we think and all she want is famous plus more job offer.

  • ဗမာပြည်သား

    September 11, 2011 at 9:29 pm

    ကောင်းပါတယ်
    အမြင်ကတ်စရာဘာမှမရှိပါဘူးဒီလောက်နဲ့ရိုင်းတယ်ပြောလို့ဘယ်ရမလဲ
    ဒီကနေ့ခေတ်ရဲ့ဝတ်စားဆင်ယင်မူ့နဲ့ကြည့်ရင်အများကြီးယဉ်နေပါသေးတယ်။

  • captainamerica

    September 11, 2011 at 9:53 pm

    ဟိုဟာကြီးနှစ်လုံးပေါ်နေတာယဉ်သေးတယ်တဲ့လား။
    အပြင်မှာအဲဒီလိုပုံစံမျိုးနဲ.လျှောက်တဲ.မိန်းကလေးတွေ.
    ဖူးတယ်နဲ.တူတယ်။ခင်ဗျားအမေရိကန်ကလား။
    ဗမာပြည်မှာတော့မတွေ.မိဝူး

    • Foreign Resident

      September 20, 2011 at 8:49 am

      Dear Captain America,

      I like your comment,
      It said “short to the point” 😛

      “ဟိုဟာကြီးနှစ်လုံးပေါ်နေတာယဉ်သေးတယ်တဲ့လား” 😛

  • inz@ghi

    September 12, 2011 at 8:51 am

    marketing strategy အရပြောရရင်တော့ sex-sells ဆိုတဲ့ imageryပေါ့ဗျာ …
    စက်စီ ဖြစ်ရင်ရောင်းရမယ်ပေါ့ ….
    (သူငယ်ချင်း ဓါတ်ပုံဆြာ တယောက်စကားငှားပြောရင် အဲ့လောက် စက်စီကျနေလည်း ..အင်ဂျင်သာ ကိုင်လိုက်ပါတော့ သမီးရယ် …)လို့ ..
    ယမကာဆိုတော့လည်း ပြောရခက်သားလားဗျ
    target market က အရွယ်ရောက် အမျိုးသားထု ဆိုတော့ မေးရိုး ကြမ်းပြင် ရိုက်သွားနိုင်တဲ့
    အမျိုးသမီးလေးတွေ အဖော်အချွတ်လေးတွေနဲ့ ဆွဲဆောင်တာပေါ့..
    ဆြာ နီရဲဇော် ပြောသလို ကြော်ငြာ တွေက ” အရက်သောက်သုံးသူဖောက်သည်တွေကို အကုန်လုံးတဏှာရူးတွေ” လို့ စော်ကားသလိုဖြစ်တာလဲအမှန်ပဲဗျာ..
    “အမေ၊ နှမ၊ သမီးနှင့် သွားရင်းလာရင်းမတော်တဆ တွေ့လို့မှမသင့်တော်သည့်ပုံတွေ” ဆိုတာကိုလည်း ထောက်ခံပါသည်ခင်ဗျား ..
    ဆြာ ကိုရင်မောင်နဲ့ မမီးမီးသော် ပြောသလို ကားပြပွဲကြော်ငြာတွေမှာလည်း မကြာခန တွေ့ဖူးကြောင်းပါ…
    လုံးဝလည်း မနှစ်မြို့ကြောင်းပါ … (အချို့သော အိုင်တီ ရှိုးများတွင်လည်း မကြာခနတွေ့ရကြောင်းပါ ..)
    ဘယ့်နှယ့် လေးထောင့်ပုံး PCထဲက motherboard ပြားချပ်ချပ် ကို ဂစ်တာရှိပ်တွေနဲ့ ကြော်ငြာရတယ်လို့ ….
    ဝါသနာပါရင် အဲ့ရာတွေပဲ လျောက်ကြည့်နေမှာပေါ့ဗျာ … အဲ့ရာကြီးနဲ့ ညှော်တိုက်ပြီး ရောင်းချင်တဲ့ပစ္စည်း အစွံထုတ်တာတော့ အော်ဂလီဆန်ပါတယ်ဗျာ..

    အတိုအပြတ်ဝတ်တာ(ဝတ်ပီးကြော်ငြာတာ)ကို မကန့်ကွက်လိုပါ …
    သို့သော် အတိုအပြတ်ဝတ်ထားပြီး ပြုမူသော ကိုယ်အမူအယာ(post)နှင့်
    မျက်နှာအနေအထားမျက်လုံးအကြည့် စတဲ့ ပုံစံတွေကိုတော့ (လုံးဝ) ရှုံ့ချပါသည် ခင်ဗျား…
    (ကြုံကြိုက်တဲ့အခါ photography point of viewကနေ ဆွေးနွေးချင်ပါသေးသည်)

    ရွာသားသစ်ပါ …အမှားအယွင်းပါရင် ခွင့်လွတ်ပါခင်ည

  • pan pan

    September 12, 2011 at 10:18 am

    အရက်ကြော်ငြာနဲ့ ကာကြော်ငြာတင်ပဲလားဆိုတော့
    ထီကြော်ငြာတွေမှာလည်း အဲလိုတွေပါပဲလို့
    လူတိုင်း တွေ့ဖူးကြမှပါ
    ထီကြော်ငြာတွေမှာလည်း မင်းသမီး၊ မော်ဒယ်တွေ ရင်လျားထက်တော့ မနိမ့်ကြပါဘူး

  • မိုက်ကယ်ဂျော်နီအောင်ပု

    September 12, 2011 at 10:26 am

    အော်……………အပုတ်ကောင်အပုတ်ကောင်
    ကိုင်ကြည့်ခြင်လိုက်တာ

  • nayminn

    September 12, 2011 at 11:02 am

    လျှံထွက်နေတာပဲ….ခြံခတ်ပြီး သံဗရပ်ရှ် နဲ့တိုက်လိုက်ရင်တော့…ဟင်းဟင်း။

    • inz@ghi

      September 12, 2011 at 2:32 pm

      သံဗရပ်ရှ်နဲ့တိုက်လို့ကတော့ အံဖတ်ပါ ပျံတက် လာဦးမယ် ….. ခစ်ခစ် …. 😛

  • aungnng87

    September 12, 2011 at 12:47 pm

    dagon rum က သောက်တောင်မသောက်ရသေးဘူး။ ကြည့်ရုံနဲ့တင်ဒီလောက်စွဲမက်ဖို့ကောင်းတယ်လို့ပြော
    ချင်တာလားမသိဘူး။

  • etone

    September 12, 2011 at 2:01 pm

    တနှစ်ထက်တနှစ် မရိုးနိုင်အောင် ရိုက်ထားတဲ့ အရက် ၊ဘီယာ ကြောငြာတွေက တဖြည်းဖြည်း လွန်လွန်းလာတယ်နော် …. ။ ယခင်နှစ်တွေတုန်းက ဆိုးသာဆိုးတာ ဒီလောက်မဆိုးဘူး … ။ သတိ္တရှိလည်း ဘစ်ကနီနဲ့ ရိုက်ခံလေ …. ။ ဒီထက်ပို ပေါ်ပြူလာဖြစ်ချင်လျှင် ဘာမှ မဝတ်ပဲ အရိုက်ခံပါလို့ …. ။
    ဘာမှ အထူးဆန်းအပိုပါတာလည်း မဟုတ်ပဲ …. ဖော်ရှိုးလာလုပ်နေတယ် .. .တကယ့်ကို ဓါတ်ပေါက်တယ် 🙄

    • pan pan

      September 12, 2011 at 2:31 pm

      မetoneရယ်
      ဘာမှအပိုမပါဘဲ သူတိုု့ဖော်ရှိုးလုပ်တာက မိန်းကလေးချင်းမှမဟုတ်တာ
      ကျားတွေကိုလေ
      မတူတာစိတ်ဝင်စားကြတယ်တဲ့
      ကိုယ့်မှာမရှိရင် လိုချင်တာ သဘာဝပဲဆိုတော့
      မတူသူများကို ဆွဲဆောင်ချင်တာ ထင်ပါရဲ့ :mrgreen:
      (အကုန်ဗြောင်ချွတ်တာထက် မထိတထိလေးက ပိုစိတ်ဝင်စားစရာကောင်းနေလားမှမသိ 🙄 )

    • Foreign Resident

      September 20, 2011 at 8:57 am

      Dear E Tone,
      If the Censor is approved,
      there are multi-thousand beautiful girls of Myanmar
      want to take photo “ဘာမှ မဝတ်ပဲ အရိုက်ခံ”
      These girls hate censor for not allowing them.
      Trust me, I heard it by my own ear.

      • etone

        September 20, 2011 at 9:05 am

        Wahhhhhhhh ! I heard it by my own ear ဆိုပါလား ကိုနိုင်ငံခြားသားကြီးက … အတွေ့ကြုံလေး နည်းနည်း ရှဲပါဦး ဟီးဟီး 😛

  • moethidasoe

    September 12, 2011 at 2:01 pm

    အဲသလို မြင်ပြီး စိတ်ဝင်စားသွားတာကိုက ကြော်ငြာရဲ့ အောင်မြင်မှု
    များများသောက်တော့ များများ ပေါက်တယ် ဆိုတာက (ဆီး) (ကံစမ်းမဲ မဟုတ်)
    နောက်ထပ် ပေါက်တာက ရောဂါမဲ

    ဆရာဝန်တွေကတော့ ပညာတွေ ပေးပါရဲ့ .. မလိုက်နာတဲ့လူတွေအတွက်တော့
    ဒန်ဒန့်ဒန် ပေါ့ ..

  • May

    September 12, 2011 at 3:21 pm

    မြင်တာနဲ့တောင်အံခြင်တယ်….
    ဘုရားဆူး မြန်မာမိန်းခလေးတွေ…

  • kai

    September 12, 2011 at 3:21 pm

    အရက်နဲ့.. မိန်းမ..အဲ..လိင်ကိစ္စကို.. တတွဲတွဲတွဲတဲ့.. တာတေတို့တတွေလို ဖြစ်အောင်… ဖန်တီးလုပ်ကြံနေတာတွေကို.. သိပ်ခံစားလို့မရဘူး….။

    စိတ်ညစ်ရင်အရက်သောက်တာရယ်…။
    အရမ်းအမူးလွန်ရင်… လိင်ကိစ္စမှားယွင်းလုပ်ကြတာရယ်… ကို.. မြန်မာပြည်ရဲ့.. စာပေ..ရုပ်ရှင်..ဂီတတွေမှာထည့်ကြတာ… သတိထားမိတယ်..။
    အဲဒီအကျိုးဆက်က.. အခုလို.. ရမ်(အရက်ပြင်း)ကြော်ငြာမှာ.. မိန်းကလေးက.. ကြာခေါ်ခေါ်နေတဲ့… ကြော်ငြာပုံတွေလုပ်ရတော့တာပဲ..။

    အံ့ဖွယ်သုတ….။

  • အမှတ်(၂)ရပ်ကွက်သား(ခ)လူမုန်း စစ်မုန်း

    September 12, 2011 at 5:01 pm

    အရက်သမားသိက္ခာကျတယ်ကွာ။မဆိုးဘူး နှိုက်ကြည့်ချင်လိုက်တာ။

  • teacher

    September 12, 2011 at 6:13 pm

    သူငါးပါးသီလယူရင် သူရာမေရိယ ကံယူတတ်သေးတယ်ဆိုရင်ကို မဆိုးသေးဘူးပြောရမလားပဲနော်….။

  • ရွှေညာသား

    September 14, 2011 at 10:35 pm

    ဟုတ်ပဗျာ။ ဒါမျိုးတွေကတော့မဖြစ်သင့်ပါဘူး။ကြည့်ရတာ ဘယ်လိုမှ မအပ်စပ်တော့ဘူး။
    အရက်ကြာ်ငြာလား။ လူကြော်ငြာလား ကိုမသိတော့ဘူးနော်။

  • unclegyi1974

    September 14, 2011 at 10:57 pm

    ရိုက်ချင်တဲ့ကြော်ငြာရိုက်နိုင်တာဘယ်သူလို့ထင်သလဲ
    ဟင်းဟင်းဟင်း ငါကွ

  • photwenty

    September 15, 2011 at 11:54 am

    နို. နေပါအုံး ကိုနည်ရဲဇော်ရဲ. ခင်ဗျားကောမကြိုက်ဆိုတော.ကာ မကြည်.ပဲနေနိုင်လို.လား
    ကြည.်တာကတစ်ပိုင်းသောက်တာကတစ်ပိုင်းလေဗျာ ကြောငြာတဲ.သူကလဲ ကြောငြာမှာပဲ သူ.စီးပွားကိုး
    အဲ. အရိုက်ခံတဲ.သူကလဲ အရိုက်ခံမှာပဲ ဒါလဲသူ.စီးပွားကိုးဗျ ခင်ဗျားမကြိုက်မကြည်.နဲ.လေ ကိုယ်.ဖာသာသောက်စရာရှိတာသောက်ပြီးပြန်ပေါ..( လေးလေးပေါက် ပြောဟန်)

  • တယ်လီဖုန်း

    September 16, 2011 at 10:28 am

    မိုက်တယ်ဗျို ့။ နောက်ပုံတွေရှိရင် တင်ပေးပါဦး။ 😛

    (ခုလို share တာ ကျေးဇူးတင်ပါတယ်။)

  • minmahar

    September 22, 2011 at 12:07 am

    ဒါကို ပေါက်အောင် ကြော်ငြာတတ်တယ်လို့ ခေါ်တယ် ..
    ခွင့်ပြုတဲ့ သူတွေ အပေါ်ဘဲ မူတည်တာပါ ။
    ဒီပြင်နေရာတွေမှာတောင် ဆင်ဆာလုပ်နေကြတာပဲလေ ..
    ဆင်ဆာ အဖွဲ့က ခွင့်ပြုလို့နေမှာပေါ့..
    ပြောချင်ရင် သူတို့ကို အဓိကထား ပြောကြရမှာပါ …..

  • NK

    November 14, 2011 at 3:25 pm

    အရက်နဲ့မိန်းမဆိုတဲ့စကား လက်မခံဘူး………အရက်အမူးလွှန်ရင် လိင် ကိတ်စကိုပိုပီးတောင်အားနည်းစေ
    တယ်…မူးပီး အနိူင်ကျင့်မူဖြစ်တ.်ဆိုတဲ့ကောင် တွေ သောက်ရှူးတွေ။ လူတွေက အရက်ကို ခုတုံးလုပ်ပြီး
    မိန်းမရှူပ်နေကြတာ..အရက်က သူကသူ သောက်ရင်မူးမယ်..မသောက်ရင်မမူးဘူး… ရှင်း၂ လေးပဲ
    မိမိစိတ်သည်သာအဓိကကျတယ်… မိမိကိုယ်ကို နိူင်ရင် ပက်၂စက်၂သောက် မတရားသောက် မူးပီးအိပ်
    ပျော်သွားတဲ့ရှိမယ်….အရက်နဲ့မိန်းမဒွန့်တွဲနေတယ် ဆိုတဲ့ စကား.လုံးဝ (လုံးဝ) လက်မနိူင်ဘူး…..မူးတယ်
    ဆိုတဲ့ကောင် ချီးကျွေးကြည့် စားမလားလို့…….

    • etone

      November 14, 2011 at 4:54 pm

      အဲ့ဒီမမူး တမူးတွေက ပိုဆိုးသဗျို့ … ။
      အရက်နည်းနည်းဝင်လျှင် ဖွန်ကြောင်ပြီး ပန်းကုံးတက်စွပ်တဲ့လူတွေကို တွေ့ဖူးလို့ပါ … ပြီးလျှင်ပိုက်ဆံမပေးပဲ ပြန်ပြေးကြသေးတယ် 😛

    • TTCG

      November 14, 2011 at 5:45 pm

      Yeah… I agree with u, NK. When I was very very drunk, I can’t even wear my pant back. My friends helped me to zip it back. 😀 At that time, I couldn’t even walk on my own and have no interest in girls at all.

      But one of my friends told me that it depends on the individual behaviours. Some become aggressive when they are drunk. Some become talkative. Some become quiet and sleepy. Some want to have sex. Some cry (especially gals).

  • Shanma TUmdy

    November 14, 2011 at 9:38 pm

    မော်ဒယ်တွေအနေနဲ့လည်း .. ပိုက်ဆံရတိုင်းအဲလို မလုပ်သင့်ပါဘူး..
    အဲပုံကိုကိုယ့်မိဘကလည်းတွေ့မှာပဲ .. အဲကျရင်ကော. မရှက်ဘူလား .. မိဘတွေအနေနဲ့ .. ဘယ်လောက်ရှက်မလဲဆိုတာကို .. မခံစားမိဘူးလားမသိ..

    • Foreign Resident

      November 15, 2011 at 3:28 am

      Shanma TUmdy ရေ

      For Your Information ပါ
      တချို့မိဘတွေက မရှက်တဲ့အပြင်
      ဂုဏ်တောင် ယူနေတာကွဲ့ ။
      ယဉ်ကျေးမှုတွေက ကွဲပြားပါတယ်ကွယ် ။

  • ရွှေအိမ်စည်

    November 15, 2011 at 6:18 am

    ****စာနယ်ဇင်းဆရာတွေပြောပြောနေသည့် စာပေစိစစ်ရေးဆိုတဲ့အဆင့်ကို ဘယ်လိုဖြတ်ကျော်ခဲ့လဲစဉ်းစားစရာပင်။

    စာပေစီစစ်ရေးဟာလည်း……..ဂေဇတ်ပိုစ် ့ယူပြောရင်….ဘာသားနဲ ့ ထုထားတာမို ့လဲ
    – windtalker ….ပေါ့

    ***မော်ဒယ်ကလည်း…အောင်မြင်ဖို ့…လူသိဖို ့ဒီလိုလိုင်းသုံးနေတာ….မြန်မာပြည်မှာတော့သိပ်မဆန်းသလိုပါဘဲ…။နို ့မို ့ဆို..သူမ ကိုဘယ်သူမှ ရုပ် မသုံးတော့သလောက်ပါဘဲ…….

    အရက်ကြော်ငြာမလို ့……..ဘာဘဲပြောပြော……
    လက်ကမ်းစာဆောင်တွေ မှာတောင်…တချို ့ပုံ တွေ က ဆိုးပါတယ်…

    လီမွန်တီးကြော်ငြာလေးကော…..
    ၂၀၀၉ ကပုံကောရေကူးကန်ဘေးမှာ….ရေကူးဝတ်စုံတော့မဟုတ်ဘူး…
    ရေစိုပြီး…အဖြူရောင်အောက်ကအကုန်မြင်ရတာလေးတော့..
    .ကောက်မက်မှာကျနော်..ပြချင်လိုက်ပါဘိ…သို ့သော်….

    ***
    မိဘတွေ လား………မကပါဘူး…၂ ဝမ်းကွဲ…တွေ တောင်..ကြံဖန်ကြွားကြတယ်..

    ***
    UMFCCIက..အစည်းဝေးကိုဒီပုံလေးတွေ လက်ဆင့်ကမ်းရင်…???

    ————
    တကယ်ဆို….ကိုယ့်စီးပွားသူ ့စီးပွားတွေးနေရင်????

    စစ်အာဏရှင်ဟာ…..သူ တို ့ဘက်မြှားဦးမလှည့်အောင်…တိုင်းပြည်ကိုမှားယွင်းမှုတွေ ပျက်ဆီးမှုတွေ ပေးခဲ ့တာ…။
    လမ်းပြမှုတွေ ပေးခဲ ့တာ…..

    အော်..အာခေါင်ခြောက်ပ့…ဂလု….

  • aye.kk

    November 15, 2011 at 7:05 am

    အရက်သမားဆိုတာ နှာသမားမဟုတ်ပါ..
    ကြော်ငှာကြည့်ရတာနဲ ့အရက်ပါဖြတ်ချင်စရာကောင်းလိုက်တာလို့ ပြောလိုက်ချင်မိတယ်..။

  • kyeemite

    November 15, 2011 at 2:31 pm

    အရက်ကိုတော့မကောင်းမပြောကြပါနဲ့…သောက်တဲ့လူအပေါ်မူတည်တာပါ..
    ကန်မဂလေးလဲလှတာဘဲ..ဂေ့..အေ့..အေ့…ဂလု… ဂလု

    • ပေါက်ဖော်

      November 15, 2011 at 2:56 pm

      တွဲနေတာပဲနော်…..(နှပ်ချေး)
      ဂလု..ဂလု..

Leave a Reply