တစ်ရက် မဒမ်ပေါက်ကို ရွှေကျီးမြင်ဘုရားကို လိုက်ပို့တုံ့း ကြောင်လေးတစ်ကောင်ထွက်လာတာကိုတွေ့ရပါတယ်။
ကြောင်လေးက အမြီးငုတ်တိုလေးနဲ့။
ခွေးထဲမှာ ဒိုဗာမင်ဆိုတဲ့နိုင်ငံခြားခွေးက အမြီးမပါဘူး။
အရမ်းဈေးကြီးတယ်ဆိုဘဲ။
လောကမှာ အင်္ဂါမစုံတာတွေက တစ်ခါတစ်လေ အထူးအဆန်းဖြစ်ပြီးကြေးကောင်းတတ်ပါတယ်။
ကဲ အမြီးမပါတဲ့ကြောင်ဒိုဗာမင်လေးကို အားပေးလိုက်ကြရအောင်။

အစကတော့ကြောင်လေးက အဝေးမှာထိုင်နေတာလေ

နောက်တော့ခုံအောက်ရောက်သွားရော

ကြောင်လေးက အထဲကို ၀င်ဘို့စိတ်ကူးနေတာလေ

သူက အထဲကိုပိုတိုးတိုးပြီး ၀င်နေတော့ ရိုက်ရခက်နေရော။

အထဲရောက်သွားတော့ သိပ်မမြင်ရတော့ဘူး

အထဲရောက်လေ မှောင်လေ မမြင်ရလေဖြစ်ရော.

အရမ်းကိုမှောင်တော့ အဝေးကမမြင်ရတော့ဘူး

အဲတော့ သူ့နဲ့နီးအောင်ထပြီးသွားတော့ ဖင်ပေးထားတယ်လေ။

မမြင်တော့ ဖင်ပေးထားတယ်လေ

သူ့အနားကပ်သွားတော့ လှည့်ကြည့်တယ်လေ။

ခပ်တည်တည်နဲ့လှည့်ကြည့်

ပြီးတော့ မော့ကြည့်ရော

မော့ကြည့်နေတာက မခန့်ပေါက်နဲ့

မော့ကြည့်ပြီးပြေးဘို့ကြံစည်နေတာလေ

ဒီကောင်က အပြင်ကို ထွက်ပြေးသွားရော

ဒီကောင်ပြေးပြီ

စပြေးပြီ

အပြင်ရောက်ခါနီးပေါ့ ခပ်တည်တည့်နဲ့မော့ကြည့်

ပြေးခါနီး မာန်ပါပါနဲ့မော့ကြည့်နေသေးတယ်

ဒီဘက်ကနေပါတ်ပြေးတော့တာပေါ့

နောက်လှည့်ပြီးထွက်ပြေးတာလေ

ဒီကနေအပြင်လုံးဝရောက်သွားရော

အပြီးထွက်ပြေးရော

ဒီပုံလေးကတော့ ကြောင်နောက်လိုက်ရင်း တွေ့တာလေ။
ခလေးကို ကလေးက ပြန်ထိန်းနေတဲ့ပုံလေးပေါ့။

သူတို့မသိအောင်ရိုက်ထားတာပါ။

ပုံလေးတွေက မလှပေမယ့်အမှတ်တရ လက်ဆော့ထားမိပါတယ်.
အကိုက ညီလေးကို ချီထားရင်း နံရံက ပန်းချီတွေကို စိတ်ဝင်တစားမော့ကြည့်နေတာ။
ကလေးလေးက ငိုက်လို့။
သူတို့မသိအောင်ရိုက်ထားတာပါ။
သိရင်မလှတော့ဘူး။
ကျနော်ငယ်ငယ်ကလဲ ဒီလိုညီလေးတွေကိုထိန်းခဲ့ရတော့ ငယ်ဘ၀လေးကို သတိရသွားမိပါတယ်။

About ကိုပေါက်(မန္တလေး)

ko pauk mandalay has written 1612 post in this Website..

အတွေးပါးပါးလေးကနေ ထူသွားပြီထင်တော့ အရင်လောက်တော့ စာမရေးဖြစ်တော့ဘူး။