Window စနစ်၏မူလအခြေအနေသို့ပြန်တင်ခြင်း
window XP ststem Restore လုပ်ဆောင်ချက်သည် သင့် computer တွင် software များပြသနာတစ်ခုခုဖြစ်ပေါ်ပါက အလွန်အသုံးဝင်ပါသည်။ computer ဖျက်ဆီးပျက်ဖို့ ……ဟီး….ဟုတ်ဘူးနော်……… တစ်နည်းအားဖြင့် အဆိုပါပြသနာမျိုး မပေါ်မီ တစ်ရက်အလိုခန့်က အနေအထားမျိုးသို့ file များပြန်ရွှေပေးခြင်းဖြစ်သည်။ ၄င်းသည် စနစ် file များကိုသာ ပြန်တင်
ပေးခြင်းဖြစ်ပြီး လက်ရှိအလုပ်လုပ်နေသော file များကို မဖယ်ထုတ်ပေးပါ။ မည်သို့ပင်ဖြစ်စေ သင့် computer အား အမှားမ ပေါ်ခင်က အနေအထားအတိုင်း ပုံမှန် အလုပ်လုပ်စေသည်။ ၄င်းအတွက် start–>All Programs–>Accessaries>System Tools –>System Restore ကိုဖွင့်ပါ။ System Restore box ပွင့်လာပါလိမ့်မည် ။ ၄င်းတွင် ” Restore my computer to an earlier time” ကို နှိပ်ပါ ။ Next ကို နိုပ်ပါ ။ calender တစ်ခုပေါ်လာပါမည်။၎င်းတွင် သင်၏ computer ကောင်းမွန်စွာ အလုပ်လုပ်ခဲ့သော မကြာသေးသည့်နေ့ကို ရွေးချယ်လိုက်ပါ။ Next ကို ဆက်နိုပ်သွားပါ။ system restore လုပ်ငန်းစဉ် စတင် ပါမည်။ computer restart ပြန်ဖြစ်သွားပါမည် ။ computer ပြန်ပွင့်စဉ် screen ပေါ်မှ ညွန်းကြားချက်များအတိုင်း ဆက်လက် ဆောင်ရွက်သွားပါ ။ computer ပြန်လည်ကောင်းမွန်သွားပါမည်။ window စနစ်ကို ဖွင့်မရသောအခှါSystem Restore ကိုအသုံးပြုခြင်း computer သည် window စနစ်ကိုပင် မဖွင့်နိုင်လောက်အောင် ဆိုးဆိုးဝါးဝါး ဖြစ်နေလျှင် System Restore ကိုအသုံးပြုကယ်တင်နိုင်ပါသည်။ ၄င်းအတွက် Safe Mode သို့ဦးစွာဝင်ရောက်ပါ ။ ဦးရာလူကိုဦးစားပေးပါတယ် အရင်သွား လို့ပြောတာ. safe mode ကိုရွေးပြီး enter နိုပ်လိုက်ပါ ။ ” please system to start ” ဟု message ပေါ်လာပါမည် ။ window xp ကို သာတင်မည်ဖြစ် Enter key နိုပ်လိုက်ပါ။ ဆက်လက်ပြီး မြင်ကွင်းများပြောင်းနေပြီးနောက် computer ပါပျောက်သွားပါမည်. ဟီး……. command prompt တစ်ခုပေါ်လာပါမည် ။ ၄င်းကွက်လပ်တွင် %systemroot%\ system32\restore\rstrui.exe ဟုရိုက်ထည့်ပါ။ enter နိုပ်ပါ ။ ခဏကြာရင် “System Restore ” မြင်ကွင်းပေါ်လာပါမည် ။ ၄င်းတွင် ‘ Restore My computer to an earlier time’ ကိုနိုပ်လိုက်ပါ။ အပေါ်ကအတိုင်းဆက်လက်လုပ်ဆောင်သွားပါ ။အ ဆင်ပြေသွားမှာပါ။ Window Messenger ကိုဖြုတ်ထားမယ်။ Window xp servic pack 2 မှာပါတဲ့ instant messaging (IM) သို့ windows Messager ကို internet သုံးနေသူတွေအတွက်တော့ အသုံးဝင်မှာပါ။ internet မသုံးတဲ့ computer များ အတွက် မလိုအပ်ပါဘူး ဒါကြောင့် ဒီကောင်ကို ပိတ်ထားကြမယ်ဗျာ…. task bar က window messenger icon ကို double click နိုပ်ပါ ။ Tools —>pop-up menu မှ Options ကိုရွေးပါ .. Options box ပွင့်လာရင် .. preferences ကိုပြောင်းလိုက်ပါ .. General အောက်က Run Window Messenger when Windows starts စာကြောင်းကအမှတ်ကို ဖြုတ်လိုက်ပါ..ok click ပေးလိုက်ပါ။ မပြီးသေးဘူးနော် .. Window Messenger ကိုပိတ်ပြီး …..Outlook Express ကို ဖွင့်မယ်ဗျာ. Tools —> Option ကိုဖွင့်မယ် မပွင့်ရင်ရိုက်ဖွင့်လိုက်နော် . General (tab) အောက်က Automatically Log On to Window
Messenger box စာသားကို အမှတ်ချက်လေးဖြုတ်လိုက်ပါ.. apply–>Ok နော်.. Outlook Express တွင် versin မတူပါက General (tab) မပါဘူးပြောတယ်ဂျ .

About ဝေးလွင့်တိမ်

has written 33 post in this Website..