တကယ်ဆို ဈေးကြီးတဲ့ macro lens ကျနော့်မှာ မရှိဘူးဗျ

ဒင်္ဂါးဝိုင်းလောက် ရှိတဲ့ subjectလေးတခုကို frame အပြည့်ဆွဲချင်ရင်..(ချဲ့ရိုက်ပြီးမှ cropလုပ်ပစ်တာ ကိုမဆိုလိုပါ..

မူလအရွယ်အစားကို ဘောင်အပြည့် ခတ်ချင်ရင် …)

insect တွေနဲ့ တခြား အရာဝတ္ထု သေးသေးလေးတွေရဲ့ အသေးစိတ် အနုစိတ်လေးတွေကို ပြချင်ရင် macro feature လိုပါတယ်ဗျ…

အိမ်သုံး camera တွေမှာလည်း macro features ပါဝင်ပါတယ် …ဒါပေမယ့် true-macroတော့မဟုတ်ဘူးဗျ..

အပျော်တမ်းတော့ အတိုင်းအတာတခုထိ သုံးလို့ရပါတယ်ဗျ

 

 

သည်လိုနဲ့ တနေ့က …kit lens reverse ring ၀ယ်ဖြစ်သွားလို့ပါ reverse ring ဆိုတာ က ကျနော့်  SLR bodyမှာ lens ကို

ဇောက်ထိုးပြန်တပ်တာကို ဆိုလိုတာပါခင်ဗျား ….reverse rings တွေအကြောင်း ရှာဖတ်ကြည့်ရင်းနဲ့ သင့်တော်တာတခုကို တွေ့မိလို့

ဝယ်စမ်းသုံးကြည့်ဖြစ်ပါတယ်..

 

ကျနော် စမ်းကြည့်တာ ကျနော့် normal zoom lens 18-55mm နဲ့ပါ … reverse ring ခံပြီး ပြောင်းပြန်တပ်လိုက်တော့ macro lens ဖြစ်သွားတယ်

ခင်ဗျ။  သည်နေရာမှာ sensorက တော့ focus ကိုလုံးဝ မသိတော့ဘဲ 0 ပဲပြနေပါတော့တယ် … ကျနော့် AF lens ကနေ MF(manual focus ) ဖြစ်သွားတယ်ဗျာ။

focal length က ကနော့်အထင် 2mm ကန 8mm လောက်ထိပဲသွားမယ်ထင်တယ်ဗျ… ကပ်ရိုက်ရတာပေါ့ ..

(ဥပမာ ဒင်္ဂါးစေ့ ဆိုပါစို့ …normal အနေနဲ့ 100mmလောက်ထား ပြီးရိုက် ..ပြန် cropလုပ်ယူ .. ခုကတော့ macro အနေနဲ့ 2mm လောက်မှာထား အနီးကပ်

ဘောင်အပြည့် ရိုက်ယူပေါ့..)

မျက်စိနဲ့ လက်ကိုပဲအားကိုးပြီး focus ဖြတ်ထားတာပါ …ခံစားကြည့်ပါဦး…

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

macro အကြောင်း ဆွေးနွေးချင်တဲ့ သူငယ်ချင်းတွေရှိရင် သီးခြား ရေးပါဦးမယ်ဗျ။ ကျနော်လည်း လေ့လာနေဆဲပါ…

micro မဟုတ်ဘဲ macro ပါခင်ဗျ …ပစ္စည်းသေးသေးလေးတွေကို အကြီးချဲ့ရိုက်ခြင်းလို့ လွယ်လွယ်ပဲခေါ်ပါရစေ

macro ရိုက်မယ်ဆို ရိုက်မယ့် subject ဟာ normal eyeနဲ့ မြင်ရတဲ့ size ရှိနေရပါတယ်…

micro ဆိုရင်တော့ lab တွေမှာသုံးတဲ့ microscope တွေအကြောင်း ဆိုလိုတာဖြစ်သွားပါလိမ့်မယ်ခင်ဗျ… သူကတော့ သာမန်မျက်စိနဲ့

မမြင်ရတာတွေကို မြင်ရအောင် ချဲ့ကြည့်ခြင်း သဘောပါဝင်ပါတယ်

 

ကျေးဇူးတင်ပါတယ်ဗျ…

ခင်တဲ့

inz@ghi,

 

About ムラカミ

has written 498 post in this Website..

今でしょ? CJ # 9092011