ကမ္ဘာ့ရွှေဈေးက သည်ရက်ပိုင်းမှာ ဆက်တိုက်တက်နေတာ မေလ ၁၀ရက်နေ့မှာ အနည်းငယ် ပြန်ကျပေမယ့် တက်ရိပ်ရှိနေသေးတဲ့အတွက် မြန်မာ့ရွှေဈေးကလည်း တစ်ကျပ်သားကို ကျပ်(၆၂၀၀၀၀) အောက်တော့ သည်ရက်ပိုင်းမှာ မဆင်းနိုင်သေးဘူးလို့ ရွှေဈေးကွက် ကျွမ်းကျင်သူတစ်ချို့ကသုံးသပ်ကြပါတယ်။ ကမ္ဘာ့ရွှေဈေးက သင်္ကြန်အပြီး ဧပြီလထဲမှာ တစ်အောင်စကို (၁၁၅၅) ဒေါ်လာလောက်ရှိခဲ့ရာကနေ ဆက်တိုက်တက်တာ မေလ ၄ရက်နေ့မှာ တစ်အောင်စကို (၁၁၉၀) ဒေါ်လာအထိ မြင့်တက်လာပါတယ်။ မေလ ၇ရက်လောက်မှာတော့ တစ်အောင်စကို (၁၂၀၈) ဒေါ်လာအထိ အမြင်ဆုံးမြင့်တက်ခဲ့တာ တွေ့ရတယ်။ ကမ္ဘာ့ရွှေဈေး ဆက်တိုက်မြင့်တက်တဲ့အတွက် မြန်မာ့ရွှေဈေးလည်း သည်ရက်ပိုင်းမှာ ဈေးကောင်းလာတာ တွေ့ရတယ်။ သင်္ကြန်အပြီး ဧပြီလ ၂၆ရက်လောက်မှာ တစ်ကျပ်သားကို ကျပ်(၆၀၈၅၀၀)လောက် ရှိခဲ့ပြီး ဧပြီလ ၃၀ရက်မှာတော့ တစ်ကျပ်သားကို ကျပ်(၆၁၁၈၀၀)လောက်အထိဖြစ်လာတယ်။ မေလ၄ရက်မှာ တစ်ကျပ်သားကို ကျပ်(၆၁၃၅၀၀)လောက်အထိ ဖြစ်လာပြီး၊ မေ ၇ရက်နှင့် မေ ၉ရက် နေ့မှာတော့ အမြင့်ဆုံးဖြစ်ခဲ့ပြီး တစ်ကျပ်သားကို ကျပ်(၆၂၇၀၀၀)အထိ ဖြစ်လာခဲ့တယ်။ မေ ၁၀ရက်နေ့ ညနေဘက်မှာတော့ ဂျာမနီက ကျားကန်ပေးမယ်ဆိုတာကြောင့် ကမ္ဘာ့ရွှေဈေးက တစ်အောင်စကို (၁၁၉၀)ဒေါ်လာလောက် အထိ ကျလာတဲ့အတွက် မြန်မာ့ရွှေဈေးကလည်း တစ်ကျပ်သားကို ကျပ်(၆၂၂၀၀၀)လောက် အထိ ပြန်အေးလာပါတယ်။ မေလ ၁၀ရက်နေ့ ညနေပိုင်းရန်ကုန်မှာဖြစ်တဲ့ ရွှေပေါက်ဈေးက တစ်ကျပ်သားကို အကယ်ဒမီအခေါက်က ကျပ်(၆၂၂၀၀၀)ဝန်းကျင်၊ ဘသန်းအခေါက် က ကျပ်(၆၂၁၅၀၀)ဝန်းကျင်၊ အောင်သမာဓိအခေါက်က ကျပ်(၆၂၁၃၀၀၀)ဝန်းကျင်၊ ၁၅ပဲရည်က ကျပ်(၅၈၃၀၀၀)ဝန်းကျင်မှာ ရှိပါတယ်။ လက်ရှိမှာတော့ မြန်မာ့ရွှေဈေးက ကမ္ဘာ့ရွှေဈေးထက် နိမ့်နေတဲ့အတွက် နယ်စပ်ကအဝယ်ရှိပြီး လိုင်းကိုက်နေတယ်လို့ ရွှေဈေးကွက်မှ သိရကြောင်းသိရသည်။

About kln

k ln has written 409 post in this Website..