ရွာထဲမှာ ဂျာနယ်ကျော်..မဂ္ဂဇင်း ကျော်တွေရှိတယ်ဗျ..
ပြီးတော့…မဂ္ဂဇင်းပေါင်းစုံ..ဂျာနယ်ပေါင်းစုံမှာ ကလောင်အမျိုးမျိုးနဲ့ ရေးနေတဲ့လူတွေလဲ တွေ့ မိသဗျ….
ဝါသနာအရ..ရေးနေကြပေမဲ့…ကိုယ်ရေးတဲ့စာမူလေး ပုံနှိပ်ဖော်ပြခံရဖို့ ဆိုတာ တယ်လဲ မလွယ်လှပါဘူးဗျာ
ဒါကြောင့် စာရေးကောင်းတဲ့လူတွေ တွေ့ မိရင် ကျနော်..တော်တ်ာလေး အားကျမိပါတယ်…လေးလဲ လေးစားပါတယ်..
ကိုယ်မှ မစွမ်းတာ..ကိုယ်တိုင်မှ မရေးတတ်တဲ့ဟာကို..သူတို့ ရေးပြ..ချပြနိုင်တော့ ထိုသူတို့ ကို…အားကျမိတာ..
မဆန်းပါဘူး..စာရေဆရာကြီးတွေကို အားကျသည်ဆိုလို့ ..ကျနော့်အား စာဖတ်ဝါသနာ ပါသူဟု မထင်ပါနဲ့ ဦး..
စာအုပ်ဆိုလို့ ..တစ်နှစ်မှ သုံးလေးခါ လောက်သာ ကာတွန်းတစ်အုပ်..နှစ်အုပ်လောက် ဖတ်တဲ့အကျင့်ရှိသူဖြစ်ပါတယ်
ကျနော်ဟာ..စာဖတ်ပျင်းသလို..စာရေးရမှာလဲ အင်မတန်ပျင်း တတ်ပါတယ်….
အဲ..အရေမရ အဖတ်မရ ပေါက်ကရဆိုလျင်တော့..အနည်းငယ်ရေးတတ်ပါတယ်….ဒါကတော့ ကြွားတာပေါ့နော့်..

ကဲ..ကဲ..ကျနော်..အဓိက ပြောချင်တာကတော့….ကျနော်တို့ ..ဖတ်နေတဲ့..ဂျာနယ်..မဂ္ဂဇင်း..တစ်အုပ် ဖြစ်လာပုံ
အဆင့်ဆင့်လေးတွေ သိသလောက်..မှီသလောက် လေး ရှင်းပြချင်တာပါ…ဒီလိုရှင်းပြလိုက်ခြင်းဖြင့်..
စာရေးဆြာကြီးတွေကို အားကျလို့ ….
စာရေးဖို့ ကြိုးစားနေကြတဲ့…စာရေး ၀ါသနာပါသူများအတွက်..ဒီလောကအကြောင်းလေး နဲနဲ တီးမိခေါက်မိဆိုတော
လေ…အနည်းငယ် အထောက်အကူဖြစ်မယ်လို့ တော့ ထင်မိတာဘဲ..ဗျ..

စာအုပ်တစ်အုပ် မဖြစ်လာခင်…
အနယ်နယ် အရပ်ရပ်မှ..စာရေးဆရာ…ကာတွန်းဆရာ..ကဗျာဆရာ..ဘာညာ အကုန်ပေါ့ဗျာ..
သူတို့ တွေဟာ..သူတို့ ကြိုးစားရေးသားထားတဲ့..စာမူကို ဂျာနယ်တိုက်သို့ ..ပို့ ကြပါတယ်..
နယ်စာရေးဆရာ ကတော့ လူကြုံ  ဒါမှမဟုတ်..စာတိုက်က နေ စာမူပို့ ပါတယ်..
ဂျာနယ်တိုက်နဲ့ နီးတဲ့ စာရေးဆရာကြတော့လဲ ကိုယ်တိုင်လာပို့ တာပေါ့.နာမည်ကြီးစာရေးဆရာတစ်ချို့ ကြတော့လဲ..
စာမူလာမပို့ နိုင်ရင် ရုံးက ကြုံတဲ့လူ သွားယူခဲ့ပေါ့ဗျာ…

အဲကရောက်လာတဲ့ စာမူတွေကို..တစ်လအတွက် ဖိုင်တစ်ခုခွဲပြီး စုစည်း သိမ်းထားပါတယ်..
ပြီးမှ..အယ်ဒီတာ.ဒါမှမဟုတ်..တာဝန်ခံ အယ်ဒီတာက တစ်ခုပြီး တစ်ခု စာမူပုံထဲမှ  ထုတ်..ဖတ်ပါတော့တယ်..
ထိုထဲမှ ဘောင်ဝင်တဲ့ စာမူကို ရွေးထား..၊နောက်တစ်ခုဖတ်..၊မကြိုက်ရင်…ပယ်..၊ကြိုက်ရင်..ရွေး ပေါ့ဗျာ..

ရွေး..ပယ်..ဆိုလို့ ..ပြောရဦးမယ်ဗျ
ယခု သတင်းကျွတ်လ ဆိုပါဆို့ ….ဆရာပေါက်စ ဖြစ်ချင်တဲ့ သင်က အိုင်ဒီယာ ရပြီး ကောက်ရေး၊..သွားပို့ ..
သင့်စာမူ ဘယ်လောက်လန်ထွက်နေ ထွက်နေ..ဒီလ သတင်းကျွတ်ထုတ် မဂ္ဂဇင်းမှာ သင့်စာမူ မပါဘူးဆိုတာ
သေချာတယ်ဗျ…ဘာကြောင်လဲဆိုတော့..လစဉ်ထုတ်..အပတ်စဉ်ထုတ် စာအုပ်စာစောင် တွေဟာ ကျနော်တို့ ..
ခုသုံးနေတဲ့ အင်တာနက်ဘလော့ဂ် စာအုပ်လို  မဟုတ်ဘူးလေ
Publish လုပ်လိုက်တာနဲ့ ..ဒိန်းခနဲ့ ..တန်းဖတ်လို့ မရလို့ ပါ.ဒါကြောင့်..
ရာသီစာလေးရေးဖို့  စိတ်ကူးရှိလျင် အာရုံကို ရှေ့ သို့ ..၁ လ ကျော်..၂ လ လောက် ကြိုပို့ ထားရတယ်..ဗျ..

ကဲ..
အယ်ဒီတာက ကြိုက်တဲ့စာမူတွေရွေးပြီးပြီ..ဆိုတာနဲ့ ..မူရင်းစာမူတွေကို ကွန်ပျူတာ စာစီဖို့ ..စာစီစာရိုက်သမားကို
ပို့ ပါတယ်..စာရိုက်သူကလဲ..ပဲပင်ပေါက်ဓာတ်လိုက်တဲ့ လက်ရေးတွေ..ဟိုခြစ်ဒီခြစ်..ဟိုဖျက်ဒီဖျက်လုပ်ထားတဲ့
စာရွက်ကြီးကြည့်ပြီး တဂျောက်ဂျောက်နဲ့ ..ရိုက်ကြပါတယ်..

စာစီစာရိုက်ပြီးပါက သတ်ပုံစစ်ဖို့ လာပြန်ကော..
စာရိုက်သူ မျက်စိလျှမ်းတာတို့ …ပိုရိုက်မိတာတို့ ..လိုရိုက်မိတာတို့ ကို စာရွက်ပရင့်ထုတ်ပြီး စစ်ကြပါတယ်.
မသင်္ကာတဲ့ သတ်ပုံတွေ..ဘာတွေရှိက တိုက်စစ်ဖို့ တွက် သတ်ပုံကြမ်း စာအုပ်နဲ့  စစ်.။
ပြီးပါက.ပြန်ပြင်ခိုင်း..ပေါ့..ဗျာ..
(တစ်ချို့ စာအုပ်တွေ.သတ်ပုံမှားနေတာ တွေ့ မိလိမ့်မယ်..အဲတာ သတ်ပုံစစ်သူကြောင့်ဟုမှတ်ပါ)

ပြီးတော့..ရွေးထားတဲ့..စာမူ..၀တ္ထုအတွက် သရုပ်ဖော် ပန်းချီတို့ ..ကာတွန်းတို့ ..ဆွဲဖို့ အတွက်..ပန်းချီဆရာသွားအပ်
ကြသေးပေါ့….မဂ္ဂဇင်း ဒီဇိုင်နာကလဲ..သူ့ ကဏ္ဍအလိုက်..စာတွေ..ပုံတွေ.ဖြတ်ညှပ်ပြီး…ဒီဇိုင်းဆင်နေတာပေါ့..
ဒါကတော့ ရုံးထဲမှာ..မဂ္ဂဇင်းအတွက်..နေ့ စဉ် လည်ပတ်နေတဲ့အလုပ်တွေ

တစ်ခါ..ဒီဇိုင်းလုပ်ပြီးပြီဆို..ပုံနှိပ်စက် ပို့ ဖို့ ဖလင် ဖောက်
ပလိပ်ပြားဆွဲ….ပြီး တစ်ဂျုံးဂျုံးနှင့်..ပုံနှိပ်ကြလေရော….
မဂ္ဂဇင်းဆိုလျင် ၈ မျက်နှာပြည့်မှ တစ်ဖောင်ဟု ခေါ်ပြီး ..ဂျာနယ်ဆို..၄ မျက်နှာ တစ်ဖောင်ဟု ခေါ်တယ်ဗျ..
အဲလိုဖောင်ပြည့်မှလဲ ပုံနှိပ်စက်ပို့ တာပေါ့…ပုံနှိပ်စက် ဆရာကလဲ ဆေး ကာလာတွေဘာတွေ စပ်..၊
စက်အခြအနေကြည့်ပြီး တစ်ဂျုံးဂျုံး..ရိုက်ထုတ်….
စက်ထဲက ထွက်လာတဲ့စာရွက်တွေကို..မျက်ခြေ မပျက်ကြည့်ခိုင်းထားပေါ့..
အဲသလို..မစစ်ရင်..စက်ကြားထဲ စာရွက်ညပ်တာတို့ ..ပုံနှိပ်လိုက်တာ မင်ကုန်လို့ .စာမပါလာတော့တာတို့ ..
၂ရွက်ထပ်ပြီး ပါလာတာတို့ ..တွေရှိတယ်..ဗျ

နောက်တော့…
ဘိုင်းနင်း ဟုခေါ်သည်လားမသိ..
အဲဒီ..စာအုပ်ချုပ်အဖွဲ့ က..ပုံနှိပ်ပြီးသားစာရွက်တွေ…ဖောင်ပေါ့ဗျာ….
အဲဒီဖောင်တွေကို..ခေါက်(စာမျက်နှာ အစဉ်တိုင်းဖြစ်အောင် စာရွက်ကြီးကို..မဂ္ဂဇင်းဆိုဒ်ဖြစ်အောင်ခေါက်တာ).
တစ်ခါတလေ စာအုပ်ကြားထဲမှာ ဘာစာမှမပါဘဲ ပြောင်ကြီး ဖြစ်နေတဲ့ စာမျက်နှာတွေမြင်ဖူးကြသလားမသိ..
အဲတာက….ပုံနှိပ်စက် နောက်ကြည့်နဲ့  ဖောင်ခေါက်တဲ့လူ အသုံးမကျလို့ ..ဖြစ်တာ

ဖောင်ဆွဲ..(လက်ဆင့်ကမ်းပြီး..ဖောင်တွေကို စာမျက်နှာစဉ်လိုက် ထပ်ကြတာ)
တစ်ခါတလေ..စာမျက်နှာတွေ ထပ်နေတဲ့စာအုပ်..ဖတ်ဖူးကြသလား မသိ
အဲတာ..ဖောင်ဆွဲတဲ့လူ သဘောကောင်းလို့ ..၂ ရွက်ပိုထည့်မိလိုက်တာ..ဖြစ်တယ်..
စသဖြင့်..ဘိုင်းနင်း အပိုင်းပေါ့..

နောက်..
အယ်ဒီတာက မလွန်ဘူးထင်လို့ ..ဖော်ပြလိုက်တဲ့….စာတို့ ..ပုံတို့ ..ရှိပေမင့်…
စာပေစိစစ်က လက်မခံလို့ ..ပယ်ချလိုက်တာတွေလဲ ရှိသဗျ….
ဥပမာ..ဘိုးတော်ကြောင်က သူ့ ကိုသူ တပ်ချုပ်ကြောင်ကြီးဆိုပြီး လုပ်ရေးတယ်….အယ်ဒီတာက ခိုက်တယ်..
ဒါပေမဲ့ စာပေစိစစ်က တစ်ချုပ်ပဲ ရှိတယ်..၂ချုပ်ရှိလို့ မရဘူး…ဆိုပြီး သတိပေး.ပယ်ခိုင်းမယ်..အဲလိုပေါ့..
ဒါကြောင့် ..နောက်လအတွက်…အမှန်အကန် ပုံနှိပ် မထုတ်ဝေမီ..ယခုလ လောက်ကတည်းက စာအုပ်နမူနာလေး
ချုပ်ပြီး စာပေစိစစ် ကိုသွားတင်ထားရတာရှိတယ်..

စာပေစိစစ်ရုံးက ဟိုဟာပြင်..ဒီဟာဖျက်..ပြီးရင်ထုတ်လို့ ရပြီ ဆိုတော့မှ..
ကမန်းကတန်း ပြန်ပြင်..ပြန်ရိုက်..ပုံနှိပ်. စာအုပ်.ချုပ်ပြီး..သကာလ အများတန်းတူ အချိန်မီ ဖြန့် ချီနိုင်အောင်
လုပ်ကြတယ်ပေါ့ဗျာ..

စာရေး..၀ါသနာပါသူတွေအတွက် အကြံပေးချင်တာက…တော့..
ရာသီစာလေးတွေဖြစ်တဲ့….ကဗျာလေးတွေ..ကာတွန်းလေးတွေပေါ့..အကြောင်းအရာလေးတွေဦးစားပေးရေးရင်
ပုံနှိပ်ဖော်ပြခံရဖို့ ပိုနီးစပ်မယ်ဗျ…ဒါပေမဲ့.သူများထက်တော့ ၁ လကျော် ၂လလောက် ကြိုတွေးတတ်ရမှာပေါ့လေ
မဂ္ဂဇင်း တစ်အုပ်ဖြစ်လာဖို့ ..အနဲဆုံး ၁လကျော်လောက် အချိန်ယူရတယ်..ဂျာနယ်တစ်စောင်ထွက်ဖို့ ..အနဲဆုံး…
၁ပတ်ကျော် အချိန်ပေးရတယ်ဗျ…နောက်ကျမှသွားပို့ ရင် ..မပါနိုင်တော့ဘူးလေ..
ပြီးတော့..အယ်ဒီတာတွေအကြောင်း..ပင်တိုင်စာရေးဆရာတွေအကြောင်း..လေ့လာပြီး စာမူထဲ ညှပ်ညှပ်ထည့်ပြီး
ရေးလျင်လဲ နီးစပ်မယ်ဗျ….ပြီးတော့..ကိုစာမူပို့ မဲ့ ဂျာနယ်..မဂ္ဂဇင်း တစ်ခုရဲ့ ကဏ္ဍလေးတွေလဲ သိထားရမယ်ဗျာ
ဘယ်ကဏ္ဍမှာ ဘယ်နှပုဒ်..၀တ္ထုတိုကဏ္ဍ မှာ ဘယ်နှပုဒ် ဖော်ပြလေ့ရှိတယ်..စသဖြင့်..သိရမယ်ဗျ…
ကိုယ်ပို့ တဲ့ ကဏ္ဍအလိုက်ပဲ စာမူခ ရပါလိမ့်မယ်…….ကျနော်ကတော့ ဘာစာမူမှ..ဘယ်တိုက်မှ မပို့ ဖူးပါဘူး…..
လက်စမ်းပြီးလဲ ရေးမပို့ ဖူးသလို..မည်သည့်စာအုပ်မှလဲ ယခုချိန်ထိ မှတ်မှတ်ရရ ၀ယ်မဖတ်ဖူးသေးပါဘူး………။

အဲတာကို..ကောင်မလေးတစ်ယောက်က လူမှားပြီး မိတ်လာဆက်နေတယ်ဗျာ……
ဖြစ်ပုံက…ရွာက ဒိတ်ဒိတ်ကျဲစာရေးဆရာ..ကိုပေါက်(မန္တလေး) နဲ့ ..မှားသတတ်..
ကျနော်လဲ မနဲရှင်းပြလိုက်ရတယ်..ဗျာ..

ကဲ.ကဲ…
ဂျာနယ်ကျော်ဖို့ ကြိုးစားနေသူတို့ .ခင်ညား..
ဒါလေးအနည်းငယ် သိထားခြင်းဖြင့်..သင်တို့ အတွက်..အထောက်အကူမဖြစ်လျင်တောင် အကျိုးတော့
မယုတ်လောက်ဘူး ထင်ပါတယ်….
ကျနော်လဲ ကိုယ့်စာကိုယ်ပြန်ဖတ်ရင်း ပျင်းလာတာနဲ့  အလျင်အမြန်ပဲ အဆုံးသတ်လိုက်ပါရဲ့..ဗျာ..
ဝါး…

http://t1.gstatic.com/images?q=tbn:ANd9GcQVhE0LtfVUR3kGrADkIh2lmacj4jdZALgK6Ku7uKXo2gdMSmAg7aohi5LA

 

 

ဂျစ်စူ

About ဂျစ်စူ

has written 258 post in this Website..

စိတ်ဆတ်တယ် အကြွေးမဆပ်ဘူး