တခါက ပေါ့ကွယ် …မျက်မမြင် ၅ ယောက်ရှိကြပါသတဲ့ …

သူတို့ဟာ တစ်ဦးနဲ့ တစ်ဦး အကြောင်းအရာ တစ်ခုခုကို နေ့စဉ်
ပြောဆိုဆွေးနွေးငြင်းခုန်ကြပါသတဲ့ …

တစ်နေ့တော့ ..သူတို့ဟာ …အင်တာနက် ဆိုတဲ့ အကြောင်းအရာကစပြီး
ဆွေးနွေးလာလိုက်ကြတာ နောက်ဆုံးတော့ ကွန်ပျူတာ ဆိုတာ ဘယ်လိုဟာလဲ ဆိုတဲ့
မေးခွန်း ကို ရောက်သွားကြပါသတဲ့ …

လေသန်သန်နဲ့ ..အင်တာနက် အကြော…င်းကိုသာ ရွှီးနေကြတာ …ကွန်ပျူတာ ဆိုတာ ဖြူ
သလား မဲသလား ..မသိကြဘူး ကွဲ့ ..အဲလေ ..ဘယ်သိမှာလဲ သူတို့က မျက်မမြင်တွေကိုး
..

တစ်နေ့တော့ ..သူတို့ ၅ ဦး ဆုံပြီး ..ကွန်ပျူတာ ဆိုတာ ဘယ်လို ဟာလဲ သိဘို့
…အတွက် ..ကိုကြီးကျော် ရဲ့ ရုံးခန်းကို ရောက်လာကြပါသတဲ့ …
ရောက်လာတယ်ဆိုရင်ဘဲ ကိုကြီးကျော် ကို အကျိုးအကြောင်း ပြောပြတော့
..ကိုကြီးကျော်လဲ အတော် သဘောတွေ ကျသွားပါသတဲ့ …

” အမယ် တယ်ဟုတ်ပါလား ..ကို့ ညီတို့ ကိုတော့ လေးစာသွား ပဟ …အစ်ကို ကူညီမယ် “

ဆိုပြီး ..သူ့ရဲ့ ဧည့်ခန်းထဲကို ထိုင်ခိုင်း ပါသတဲ့ …

ပြီးတော့ ..သူ့ရုံးခန်းမှာလဲ ဧည့်သည်တွေ မရှိတော့ အိုကေဘဲပေါ့

သူဖတ်ဖူးတဲ့ ဟိုပုံပြင်ထဲက မျက်မမြင်တွေ ဆင်ကြီးကို စမ်းသလိုမျိုး စမ်းပြီး
ကွန်ပျူတာကို ဘယ်လို ဥပမာပေးကြမလဲ ဆိုတာ သိပ်သိချင်နေတာပေါ့

ဒီလိုနဲ့ဘဲ ပထမ ဦးဆုံးတစ်ယောက်ကို ..အခန်းထဲကို ၀င်ခိုင်းပြီး
စမ်းစေပါသတဲ့

ခဏနေတော့ ..သူ ပြန်ထွက်လာပြီး ကိုကြီးကျော်ကို ပြောသတဲ့ ..

” ကိုကြီးရာ ..တကယ်တော့ ကွန်ပျူတာဆိုတာ …အပျိုမလေး ရဲ့ ဗိုက်သား လိုပါဘဲလား
ဗျာ ..မျက်နှာပြင်ကလေးက ချောမွေ့ နေတာကိုး ” တဲ့

ကိုကြီးကျော် သဘောကျ သွားသပေါ့ …

ဥပမာ ကလေးက ကောင်းတော့ သဘောတွေ ကျသပေါ့

” အင်း …ဒီကောင် မော်နီတာ မျက်နှာပြင်ကို စမ်းမိ သွားပြီဘဲ “

နောက်တစ်ယောက် ၀င်သွားပါသတဲ့ …

သူလဲ ..ပြန်ထွက်လာပြီး …

” အော် ကွန်ပျူတာ ဆိုတာ ..အပျိုမ ကလေးရဲ့ ခြေထောက် ကလေးတွေ လိုပါဘဲ ” တဲ့

” အမ် …မင်းက ဘယ်လို စမ်းတာလဲ ” ဆိုတော့

” ကျနော် ထိုင်ပြီး စမ်းတာပါ” …တဲ့ “

” အော်…ဒီကောင် …ကွန်ပျူတာ တင်ထားတဲ့ ..စားပွဲခြေထောက်ကို စမ်းမိတာပါလား
….ဟားဟား …”

နောက်ထပ် တစ်ယောက် ၀င်ပါသတဲ့ကွယ် ..

သူလဲ ပြန်ထွက်လာတော့ ပြုံးစေ့စေ့နဲ့ ..

” ကွန်ပျူတာဆိုတာ ..အပျို မ ကလေးရဲ့ …အသားလိုပါဘဲ ..နှိပ်လိုက်ရင်
ခွက်ဝင်သွားတယ်နော် …” တဲ့

” အော် ဒီကောင် ကီးဘုတ်ကို စမ်းမိတာကိုး “

ကိုကြီးကျော် လန့်တောင်နေပါတယ်တဲ့ ..

ဒီကောင်တွေရဲ့ ဥပမာက အပျို မ ထဲကကို မထွက် လို့ လေ

နောက်တစ်ယောက်လဲ ထွက်လာပြီး ..

” အပျိုမကလေးရဲ့ ကျောပြင် ကလေးလိုပါဘဲ ညီညာပြန့်ပြူး လို့ “

” အော် ဒီကောင်က မာသာဘုတ် ကို စမ်းမိတာကိုး “

နောက်ဆုံးတစ်ယောက် အထဲကို ၀င်သွားတော့ ကိုကြီးကျော် …စိတ်ဝင်တစား
စောင့်နေမိတယ် …

သူတို့ ဥပမာပေးတွေက ကောင်းလွန်းနေတာကိုး ကွယ်

နောက်ဆုံးဝင်သွားတဲ့ တစ်ယောက်ကတော့ ..အတင်း ၀ုန်းဒိုင်း ကျဲပြီး
ပြေးထွက်ရင်း ပြောသတဲ့

” ဟာ ….ကွန်ပျူတာ ဆိုတာ ပါးကို ရိုက်တတ် သဟ ” လို့ ဆိုပြီး ရဲတွတ်နေတဲ့
ပါးကို လက်နဲ့ ပွတ်ရင်း ပြောသတဲ့ ..

ကိုကြီးကျော် ပါးစပ်ဟောင်းသား ဖြစ်နေချိန်မှာဘဲ အခန်းထဲက
…မိန်းကလေးတစ်ဦးထွက်လာပြီး

” ဒီမယ် ကိုကြီးကျော် ..ရှင့် ကုမ္ပဏီမှာ အတွင်းရေးမှူးလုပ်လာတာ ကြာပြီ
..ဒီနေ့ ဘာအချိုး ချိုးတာလဲ ပါးကျိုးသွားချင်လို့လား ..တော်ပြီ ရှင့်
အလုပ်က ထွက်တယ် …” ဆိုပြီး ထွက်သွားပါသတဲ့ ..သည်တော့မှ ကိုကြီးကျော်လဲ..

” ဟိုက် …ငါ့ ..အတွင်းရေးမှူးမ ကို အခန်းထဲက ထွက်ခိုင်းဖို့ မေ့သွားပါလား
…တောက် ..ဟိုကောင်တွေ ဥပမာတွေက ကောင်းလှပါတယ် အောက်မေ့နေတာ …” တဲ့လေ။

:D

ဒါလည်းမြန်မာပာာသကပါပဲ

ရယ်မောခြင်းဖြင့် နွေအပူကို ခေတ္တခဏမေ့လျော့နိုင်ကြပါစေ

About Shwemannmay

Shwe mann may has written 58 post in this Website..

သာမန်သူလိုကိုယ်လို မိန်းမတစ်ယောက်ပါပဲ