ချစ်သူရှိတာမကောင်းပါဘူး။ အဲလိုပြောလို့တော့ ရည်းစားကိစ္စစိတ်နာပြီး ပြောတယ်လို့မထင်စေချင်ပါဘူး။ ကျွန်တော်ပြောချင်တာက မိန်းကလေးအများစုရဲ့စိတ်ထားပါ။ မိန်းကလေးတော်တော်များများဟာ ချစ်မိပြီဆိုရင် သူတို့နဲ့ပူးပူးကပ်ကပ်တတ်နိုင်သလောက်နေစေချင်ပါတယ်။ အဲဒီမှာပြသနာကစတာပါပဲ ဘ၀တက်လမ်းအတွက်ကြိုးစားချင်တဲ့သူတွေအတွက်ကျတော့ ခရီးထွက်မယ် ဟိုသွားမယ်၊ ဒီသွားမယ် အချိန်ပြည့်ဂရုမစိုက်နိုင်ဘူး။ နားလည်ပေးတဲ့သူတော်တော်ရှားတယ်။ နိုင်ငံခြားသွားတာကျတော့ မယ်မင်းကြီးမများက မစိုးရိမ်တော်မူကြဘူးခင်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ သေချာတယ်လေသူက။ ဒီမှာကြိုးစားလုပ်ကိုင်တာကျတော့ မယုံချင်ကြဘူး။ နယ်ခရီးထွက်မယ်ဘာညာဆိုတာနဲ့ တက်ပြီ ပြသနာ။ ရက်ရှည်၊ လရှည်ဆိုလို့ကတော့ ရှင်းပေတော့။ ဘ၀မှာအခွင်အေ၇းဆိုတာ ရခဲတယ် အဲဒီအထဲကမှ သူတို့ညှောင်လို့ အဲလိုအလုပ်တွေမလုပ်ဖြစ်ရင် နောင်မှကိုယ့်ကိုကိုယ်စိတ်နာနေရမယ်။ သေချာတာတစ်ခုကတော့ ကိုယ်သာကြီးပွားတိုးတက်ရေးသက်သက်အတွက် ကြိုးစားမယ်လို့ဆုံးဖြတ်ထားရင် အပြင်းပြေပဲဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် ရည်းစားမထားသင့်ပါဘူး။ နောက်တစ်ခုက မိန်းမများဟာ မလိမ်ရင် စိတ်ဆိုးတတ်ကြပါတယ်။ အမှန်တော့ ဘာပြောပြောကိုမယုံတာပါ။ ကိုယ်ကအမှန်သွားပြောတော့ ပိုဆိုးပြီ။ ကိုယ်ကလည်းအမှန်မို့လို့ စိတ်တို၊ သူကလည်း မယုံနဲ့ တိုးတက်မှုနှေးကွေးသွားနိုင်ပါတယ်။ နောက်အကြောင်းတစ်ခုကတော့ ချစ်သူရှိတဲ့သူဟာ အချိန်ပြည့်နီးပါးမှာ ကိုယ့်စိတ်တစ်ခြမ်းပဲ ကိုယ်ပိုင်တော့ပါတယ်။ ဒါဟာဘယ်သူ့အပြစ်မှမဟုတ်ပါဘူး။ ချစ်သူဖြစ်နေလို့ပါ။ အဲတော့ လွတ်လပ်မှုကို အရမ်းတပ်မက်တဲ့သူတွေ၊ ကြီးပွားရေးကိုအရမ်း လိုက်စားချင်တဲ့သူတွေအတွက်ကတော့ ချစ်သူမထားတာအကောင်းဆုံးလို့ အကြံပေးချင်ပါတယ်။ နို့မို့ဆိုရင် နှစ်ဦးစလုံး အကျို�or]မရှိပါဘူး။ ကျေးဇူးတင်ပါတယ်။
မှတ် ချက် သူငယ် ချင်း တစ် ယောက် ဆီ က

ssoe

အချစ်

About moesatrain

Soe Lwin Htoo has written 48 post in this Website..

အိုင် က GTC တတ် နေ တဲ့ ကျောင်း သား လေး ပေါ့ 