သူတို့တွေ မြန်မာပြည်ကို နှစ်ပေါင်း 22 နှစ်ကျော်ကြာ ကြီးစိုးခဲ့ကြတယ် ၊

သူတို့တွေ ဒီမြန်မာပြည်မြေကြီးရဲ့ အောက်က သဘာဝ ဓာတ်ငွေ့တွေ ၊ ပုလဲ တွေ ၊ ရွှေတွေ ၊ ကျောက်စိမ်း ၊ သယံဇာတတွေကို ဒီ 22 နှစ်အတွင်း ရသမျှ အကုန်ထုတ်ရောင်းခဲ့ကြတယ်။ သူတို့တွေ မြန်မာပြည်ကြီးကို သူတို့စိတ်ကြိုက် ဖန်တီးခဲ့ကြတယ်။

သူတို့တွေ မြန်မာ့သမိုင်းရဲ့ သမိုင်းဝင် ရွှေဝါရောင်တော်လှန်ရေးမှာ ရဟန်းတော်တွေကို လုပ်ချင်တိုင်းလုပ်ခဲ့ကြတယ် ၊

သူတို့သည် သူတို့ နှစ်သက်တဲ့ သူတို့ စိတ်ကြိုက်သူကို တင်မြှောက်ခဲ့ပြီး ၊ ရွေးကောက်ပွဲကို ဂိမ်းကစားသလို ကစားခဲ့ကြတယ်

သူတို့ကို မေ့နေကြပြီလား ??

သူတို့ ဘယ်ရောက်သွားလဲ??

သူတို့ဘယ်မှာလဲ??

သူတို့ ဘယ်သွားနေကြလဲ??

သူတို့ ဘာလုပ်နေကြလဲ??

သူတို့ ဘယ်ကို သွားကြ၇မှာလဲ??

About Burma

သားပု has written 46 post in this Website..