ဒီပုံတွေကို တင်ရကျိုးနပ်သွားပါပြီ သူကြီးရေ။ ကျွန်တော်တို့ အစ်ကိုတွေ အစ်မတွေ တက်နေတုန်းကတည်းက ရင်ခုန်ခဲ့ရတဲ့ ကျောင်းကြီးပါ။ ကျွန်တော်တို့တောင် ကံတော်တော်ကောင်းလို့ မှီလိုက်တဲ့ ကျောင်းကြီး။ အခုခေတ် ကလေးတွေကို တက်စေချင်မိတယ်။ သူတို့လည်း ဒီနေရာလေးမှာ ကျောင်းတက်ချင်ကြမှာပဲလို့ ကျွန်တော်အမြဲတမ်းကိုယ်ချင်းစာမိပါတယ်။ လူတစ်စု အာဏာတည်မြဲရေးအတွက် ကလေးတွေ မြို့ပြင်က သင်းချိုင်းကုန်းတွေနားမှာ ကျောင်းတက်နေရတာ သဘာဝမကျပါဘူး။ ကျွန်တော့် တူမလေးတစ်ယောက်ဆို သန်လျင် က ဂျီတီစီကို မနက်အစောကြီးထပြီး သွားတက်နေရတာ ကြည့်ပြီး စိတ်မကောင်းဖြစ်နေမိတယ်။ စီးပွားရေးရောဘာထူးလဲဗျာ။ ရွာသာကြီး ကြက်မွေးမြူရေးခြံတွေနားကို သွားတက်နေရတယ်။ ဒါတွေကို အဆုံးသတ်သင့်ပါပြီ။ အာရ်စီတူးကို ကျွန်တော်ရောက်တော့ ၀င်ခွင့်မရဘူး။ ကျွန်တော်တို့ ဒေသကောလိပ်ဘ၀တုန်းကတောင် ၀င်လို့ရခဲ့တဲ့ကျောင်းကြီးကို အခုအထက်တန်းကျောင်းက မူလတန်းကလေးတွေတက်တဲ့ ခေတ်ရောက်မှ ၀င်လို့မရခဲ့ဘူး။ အာရ်စီတူးမှာ တီတီစီ ဖွင့်တာ ဘယ်သူ့ စနက်လဲ။ ဒီမိုကရေစီကျကျ တောင်းဆိုချင်တာကတော့ ကျွန်တော်တို့ ကျောင်းကို ကျွန်တော်တို့ ကလေးတွေကို ပြန်ပေးပါလို့။

မနေ့က အလွမ်းမပြေသူများအတွက် ဒီနေ့ ထပ်ကြိုးစားပေးထားပါတယ်။

 

ကိုသစ်မင်း လွမ်းနေတဲ့ ဒဂုံဆောင်။

 

ဆရာဆွေ အလွမ်းပြေဘို့ နှင်းဆီဆောင် အ၀င်ဝ။

 

နှင်းဆီဆောင်ဘေးက အင်ကြင်းဘက်ထွက်တဲ့ လမ်းကြားလေး။

 

တီချယ်ကြီး TTNU နေခဲ့တဲ့ ဂန္ဓမာဆောင်။

 

တီချယ်ကြီး အလွမ်းပြေဘို့ ဂန္ဓမာဆောင် အတွင်းဘက်က ရသလောက်ရိုက်ချက်။

 

ဂန္ဓမာဆောင် ရှေ့က အောင်မြင်ဖြစ်ထွန်းနေသော ကြက်ဆူ စိုက်ခင်း။

 

လွမ်းတတ်ရင် လွမ်းချင်စရာ၊ အာရ်စီတူးထဲက စာသင်ဆောင်တစ်ခု။ အခုတော့................

 

ကျောင်းသူကျောင်းသားတွေနဲ့ တစ်ချိန်တုန်းက ပျော်စရာကောင်းခဲ့ပါတယ်ဆိုတဲ့ အာရ်စီတူး။

 

ကျောင်းဘယ်မှာပဲတက်တက် ဘွဲ့ယူပြီးရင်တော့ ဂျဒ်စင်ရှေ့မှာ ဓါတ်ပုံရိုက်ကြဆဲ။

 

တီချယ်ကြီး လွမ်းတယ်ဆိုတဲ့ လမ်းကလေး၊ manawphyulay တွေ့ချင်ပါတယ်ဆိုတဲ့ ချစ်သူလမ်းကြားလေး။

 

manawphyulay ပြောတဲ့ နာမည်ကြီး RC....

 

တီချယ်ကြီးတို့ ပင်ပေါင်လာရိုက်ခဲ့ဘူးတဲ့ RC ထဲက အားကစားရုံ။

 

ဂျဒ်စင် နောက်ခံနဲ့ ချစ်သူတို့လျှောက်သောလမ်းကလေး။

 

ဆရာကိုသစ်မင်း အတွက် ပဲခူးဆောင် ပုံလေးပါ။

 

သထုံဆောင် ပုံလေး တင်ပေးလိုက်ပါတယ်။ ကိုလင်းဝေကျော်ရေ။

 

တောအထာ၊ တောကဗျာ ထီးကိုးလက်။

 

ဆိုက်ကား တစ်စီးရပ်ထားပါတဲ့ ဂန္ဓမာဆောင်။

 

ရွှေဘိုဆောင် ဘက်နားက ဂျဒ်စင်နဲ့ ပြိုင်ပြီး မိုးထိုးနေတဲ့ သစ်ပင်တစ်ပင်။

 

အားလုံး အလွမ်းပြေ လိမ့်မယ်လို့ မျှော်လင့်ပါတယ်ဗျာ။ ကျေးဇူးပါ။

 

 


 

 

 

 

 

 

 

 

black chaw

About black chaw

black chaw has written 332 post in this Website..