ရခိုင်ကမ်းရိုးတန်းသို့ မုန်တိုင်းငယ် ဖြတ်ကျော်ဝင်ရောက်

ဦးကောက်October 20, 20111min715

AddThis Social Bookmark Button b29_14

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်လျက်ရှိသော မုန်တိုင်းသည် ရခိုင်ပြည်နယ်သို့ ဖြတ်ကျော်ဝင် ရောက်ခဲ့ကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။

အောက်တိုဘာလ ၁၉ ရက်နေ့၊ မြန်မာစံတော်ချိန် ည ၈ နာရီ တိုင်းထွာချက်အရ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းတွင်ဖြစ်ပေါ်နေသည့် မုန်တိုင်းငယ်သည် မောင်တောမြို့နှင့် ဘင်္ဂဒေ့ရှ်နိုင်ငံ တောင်ဘဇားမြို့အ ကြား ဖြတ်ကျော်ဝင်ရောက်ခဲ့ကြောင်း သိရသည်။  မုန်တိုင်းဖြတ်ကျော်ဝင်ရောက်မှုကြောင့် မိုးသက်လေပြင်းကျရောက်ပြီး တစ်နာရီလျှင် မိုင် ၆ဝ မှ ၇ဝ ကြား တိုက်ခတ်ခဲ့ကြောင်း သိရသည်။ ည ၁ဝ နာရီ ၃ဝ တိုင်းထွာချက်အရ  မုန်တိုင်းငယ်မှာ အရှေ့မြောက်ဘက်သို့ ဆက်လက်ရွှေ့လျားကာ အားပျော့သွားကြောင်း၊ လေတိုက်နှုန်း တစ်နာရီ မိုင် ၄ဝ မှ ၅ဝ သို့ လျော့ကျသွားကြောင်း သိရသည်။ မုန်တိုင်းအရှိန်ကြောင့် ရခိုင်၊ ရှမ်းပြည်နယ်များနှင့် စစ်ကိုင်း၊ မန္တလေး၊ မကွေးတိုင်း ဒေသကြီးတို့တွင် မိုးကြီးနိုင်ကြောင်း သိရှိရသည်။

b29_14_1

မုန်တိုင်းအရှိန်ကြောင့် ရခိုင်ပြည်နယ် မောင်တောမြို့နှင့် စစ်တွေမြို့တို့တွင် အောက်တိုဘာလ ၁၈ ရက်မှစ၍ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး အောက်တိုဘာလ ၁၉ ရက် အထိ မိုးသက်လေပြင်းများ ကျရောက်ခဲ့ကြောင်း၊ စစ်တွေမြို့ ကျောင်းတက်လမ်းရပ်ကွက်၊ အိုးတန်းရပ်ကွက်၊ လမ်းမတော်ရပ်ကွက်တို့တွင် လေဆင်နှာမောင်းတိုက်ခတ်ခဲ့၍ အိမ်ခေါင်မိုးများလန်ခြင်း၊ သစ်ပင်များ ကျိုးကျခြင်းများ ဖြစ်ပေါ်ခဲ့သည်။  ”ဒီနေ့ မနက် ၁ဝ နာရီကစပြီး လေကတဝုန်းဝုန်းနဲ့တိုက်ခဲ့တယ်။ ခဏရပ်လိုက်၊ ပြန်တိုက်လိုက်နဲ့ အဆက်မပြတ်ဘဲ။ အိမ်ထဲမှာပဲနေခဲ့ရတယ်။ ဈေးဆိုင်တွေလည်း အကုန် ပိတ်သိမ်းထားခဲ့တယ်။ လေဒဏ်ကတော့ အခု ည ၁၁ နာရီအချိန်အ ထိ တော့ခံနေရတုန်းပဲ”ဟု မောင်တော မြို့ဒေသခံတစ်ဦးက ဆိုသည်။

Eleven Media Group မှ ကူးယူဖော်ပြသည်။

5 comments

  • koyinmaung

    October 20, 2011 at 8:07 am

    စစ်တွေကကိုယ့်ညီကိုတော်တို့သတင်းလေးလဲရေးကြပါအုံး
    အင်တာနက်လိုင်းတွေပြတ်ကုန်ပြီထင်တယ်…

  • etone

    October 20, 2011 at 9:44 am

    တော်သေးတယ် အားပျော့သွားလို့ … နောက်တစ်ခါများ ရန်ကုန်ဝင်လာလို့ကတော့ … သွပ်တွေထပ်မမိုးတော့ဘူး … ပိန်းရွက်ပဲ ဆောင်းပြီးနေတော့မယ် … ။

    နာဂစ်တုန်းက အတော်ဆိုးရွားတယ် … မုန်တိုင်းကဖြတ်လည်းဖြတ်သေးတယ် … တနာရီကို လေးမိုင်နှုန်းဆိုတော့ … လမ်းလျှောက်သွားတာလောက်ပဲ ရှိတယ် … ။
    မုန်တိုင်းဟေ့ဆိုလျှင် ကြားတောင် မကြားချင်တော့ဘူး 🙁

  • Diamond Key

    October 20, 2011 at 1:05 pm

    လေးဝတီက အမျိုးတွေ သဘာဝဘေး ကင်းဝေးကာ အန္တရာယ်တွေ ကင်းနိုင်ပါစေဗျာ။

  • sukoko

    October 20, 2011 at 1:26 pm

    အားလျော့သွားတာတော်သေးတာပေါ့
    နို့မို့ဆိုမလွယ်ဘူးနော်

  • chitlay

    October 20, 2011 at 3:32 pm

    အားလုံး ဘာမှမဖြစ်ကြဘဲ အန ္တရာယ်ကင်း ဘေးရှင်းလို့ တော်သေးတာပေါ့ ..

Leave a Reply