ရွာထဲမှာ ဓါတ်ပုံဆရာတွေလည်း တော်တော်များသားနော်.. ။ အဲလို တော်တဲ့ ဓါတ်ပုံဆြာတွေနဲ တစ်ရွာထဲ မှာ တူတူ တွေ့ရတာ တကယ်ဝမ်းသာပါတယ်.. ။ အခုလည်း ကိုစိန်သော့ ရဲ့  ပြင်ဦးလွင်က ပွဲကောက် ရေတံခွန် နဲ့ ကန်တော်ကြီးဥယျာဉ် အလှ  ပို့စ် ကို အားကျပြီး. ၅ လပိုင်း ပန်းမြို့တော် ကိုရောက်တုန်း က ရိုက်ထားတဲ့ ဓါတ်ပုံ တစ်ချို့ ကို တင်ပြ ပေးလိုက်ပါတယ်။  သည်းခံ ပြီတော့ အားပေးကြပါအုံးလို့နော်…

ဓါတ်တော်ဂျိုင် သွား လမ်းတစ်နေရာ

ဓါတ်တော်ဂျိုင် သွား လမ်းတစ်နေရာမှ

ဓါတ်တော်ဂျိုင် သွား လမ်းတစ်နေရာမှ

ကျွန်မ ၏ လမ်းပြ ကလေး..

ကျွန်မ ၏ လမ်းပြ ကလေး..

ရောက်ပါပြီး.. ဒါက ဓါတ်တော်ဂျိုင် ရေတံခွန်ပါ.. အမြင့်ပေ ၁၅ဝ ဆိုလား ၂၅ဝ ဆိုလား သေချာ မမှတ်မိတော့ပါ..။

ရောက်ပါပြီး.. ဒါက ဓါတ်တော်ဂျိုင် ရေတံခွန်ပါ..

အမြင့်ပေ ၁၅ဝ ဆိုလား ၂၅ဝ ဆိုလား သေချာ မမှတ်မိတော့ပါ..။

ဘေးနာ က ရေတံခွန် သေးသေးလေး..

ဘေးနာ က ရေတံခွန် သေးသေးလေး..

ရေတံခွန် ရဲ့ အောက်ခြေ

ရေတံခွန် ရဲ့ အောက်ခြေ

 

မန္တလေး ဘက်ကို ဆင်းတဲ့ လမ်း အတိုင်း သွားရပါတယ်.. ။  ဓါတ်တော်ဂျိုင့် ရေတံခွန် သို့ ဆို ပြီး ဆိုင်းဘုတ် ၇ှိပါတယ်။
 အဲဒီ ကနေ နည်းနည်း လေး ဝင် ၇င် ရေတံခွန် သို့ ဆင်းတဲ့ ၈ိတ်လေး ၇ှိပါတယ်။ ဆိုင်လေးတွေပေါ့..
ကားတွေ ဆိုင်ကယ်တွေ က တော့ အဲဒီမှာ ထားခဲ့၇တယ်။ အဲဒီနေ၇ာ ကနေ လှမ်းကြည့် ၇င်
ထူးကုမ္ပဏီက ဆောက်ထားတဲ့ ဓါတ်တော်ဂျိုင့် Resort ကို လှမ်းမြင်ရပါတယ်။
ရေတံခွန် ကိုဆင်ပြီးဆိုတာနဲ လမ်းစစ ဆင်းချင်းမှာလမ်းပြ ပုံစံမျိုး မုန့်တို့ အအေးဗူးတွေ ရောင်းတဲ့ ကလေး တွေက
လူအရေအတွက် ၂ ယောက်ကို ကလေး တစ်ယောက်နူန်း လိုက်ပြီးလမ်းပြပေးပါတယ်။
ကျွန်မ တို့ က ၅ယောက်ဆိုတော့ ကလေး က ၃ ယောက်ပါ။ အဲဒီ လမ်းပြ ကလေး တွေက ရေတံခွန် ကိုရောက်တာနဲ
သူတို့ရဲ့ အအေး ၊ မုန့်တွေ ကို ဝယ်ခိုင်းပါတယ်။ ရေတံခွန် နားမှာလည်း အကြော် တို့ အအေးတို့ေ၇ာင်းတဲ့ ဆိုင်၇ှိပါတယ်။
ရေတံခွန် ကိုေ၇ာက်တာနဲ လမ်းတစ်လျှောက်ဆင်းလာ လို့ မောလာတဲ့ အမော တွေ  ပြေသွားပါတယ်.. ။
ေ၇တံခွန် ကနေ လွင့်လာတဲ့ေ၇မှုန် ရေမွှားလေး တွေက အေးစိန့်နေတာပဲ.. မျက်နှာကို လာရိုက်ခတ် တာ တော်တော် မိုက်တယ်။ ပျော်စရာကြီး။
  ရေတံခွန်က လည်းတော်တော် မိုက်တယ်.။ ပေ ၁၅ဝ လား ၂၅ဝ လား မြင့်တယ်တဲ့ သေချာ မမှတ်မိတော့ပါ။
 ရေမကူး၇န် သတိပေး ဆိုင်းဘုတ်လေး တွေလည်း တွေ့၇တယ်။
ဒွေနဲ ကျော်ရဲအောင်တို့ Senoda ကော်ဖီမစ် ကြော်ငြာတဲ့ ကြိုးတံတားလေးလို့ ထင်ရတဲ့ ကြိုးတံတားလေး လည်းအဲဒီမှာ ၇ှိပါတယ်။.
လူသွားလို့တော့မ၇တော့ပါဘူး။ ဆွေးနေလို့ပါ။
ရေတံခွန် အောက် ခြေမှာ တော်တော် ပျော်၇ွင်စ၇ာကောင်းသလောက် ၊ ပြန် အတက်မှာတော့..
ကျွန်မ နဲအတူပါတဲ့ သူငယ်ချင်း ကောင်းလေး ကပြောတယ် သူ့ချစ်သူ ကို
" ချစ်.. မောင့်ကိုချစ်၇င် နောက်တစ်ခါ ဓါတ်တော်ဂျိုင့် ကို လိုက်မပို့ခိုင်းပါနဲ" တဲ့...  :D:D:D
ကျေးဇူးတင်ပါတယ်...
we R one

About we R one

has written 65 post in this Website..

https://5tds.wordpress.com/