၂၁ ရက်ကနေ ၂၃ ရက်နေ့ထိ တပ်မတော်ခန်းမမှာ ပြုလုပ်တဲ့ ကွန်ပျူတာ အရောင်းဈေးပွဲတော်ရဲ့ ပုံရိပ်တွေပဲဖြစ်ပါတယ်။ ၂၃ ရက်နေ့မှ ရောက်သွားတော့ နောက်ဆုံးနေ့ပေမယ့် လူတွေများကြီး တိုးကြိတ်နေကြတာကိုလည်း တွေ့ရတယ်။
PC World ကလည်း ထွက်ပြီးသား စာအုပ်များကို ဝေငှကမ်းလို့ ယူလာခဲ့လိုက်ပါသေးတယ်။

ICT ကွန်ပျူတာအရောင်းပွဲရဲ့ဝင်ပေါက်နေရာပေါ့

ဈေးနှုန်းအနည်းငယ် လျှော့ရောင်းချနေတာ တွေ့ရှိရတယ်

ပရင့်တာကိုလည်း ကုမ္ပဏီအမျိုးမျိုးက အပြိုင်အဆိုင်ရောင်းချနေလေရဲ့

ပြခန်းတွေကတော့ အပြိုင်အဆိုင် ဒီဇိုင်းတွေနဲ့ ၀တ်စုံပြည့်တွေနဲ့ စည်ကားလို့နေတယ်။


မော်ဒန်တွေကလည်း အပြိုင်အဆိုင် ပြနေကြတယ် ဘာတွေပြနေသလဲဆိုတာ ကြည့်တာနဲ့တင်သိလောက်ပါတယ်လေ

တချို့ကုမ္ပဏီတွေကလည်း သူ့ကုမ္ပဏီနာမည်ကို အဲကိုးသံနဲ့ စက္ကန့်မှတ်ပြီး အော်နိုင်တဲ့သူကို ဆုပေးနေတာလေ... ရေသောက်ပြီး လာအော်နေကြတာ အများကြီးပဲ တွေ့ခဲ့ရတယ်။

အဆိုတော်လေးတွေကလည်း တက်သစ်စ အခွေထွက်တယ်ဆိုလာပဲ။ ဒီလိုပုံစံလေးတွေပေါ့။

manawphyulay

About manawphyulay

manawphyu lay has written 937 post in this Website..

I like Design. I am writing blog. http://www.manawphyulay.blogspot.com အကောင်းဆုံးကြည့်မှန်ဆိုတာ မိတ်ဟောင်းဆွေဟောင်းတစ်ယောက်ပါပဲ။