W.A.R.Wood ရေးသားသော ထိုင်းရာဇ၀င်မှာ အနော်ရထာဘုရင်ကြီးနဲ့ ပတ်သတ်တဲ့ အံ့ဖွယ်သူရဲ ထူးထူးကဲကဲ ဖော်ပြထားတာကို ကျွန်တော် တက္ကသိုလ် စိန်တင်ရဲ့ တစ်နေ့ တလံ ပုဂံ ဘယ်ရွေ့မလဲ စာအုပ်မှာ ဖတ်ရင်းနဲ့ တွေ့လို့ ပြန်ဝေငဌပေးလိုက်တာပါ။

အဲဒိ ပုံပြင်ကို ကမ္ဘောဒီးယားမှာ ကလေးတွေကို အိပ်ရာဝင်ပုံပြင်အနေနဲ့ ပြောကြတယ်တဲ့။ အဲဒိလိုမျိုးပဲ ဒန်တာရီ တွေ အဂှေ့တောင်အာဂှ နိုင်ငံတွေမှာဂှိနေခဲ့တယ်။

သူတို့ပြောနေကြတာကတော့ အနော်ရထာမင်းကြီးက ထူးခြားပြောင်မြောက်တဲ့ စစ်ဘုရင်ကြီးပါတဲ့။ သည်ဘုရင်ကြီးက သီဟိုဋ် ၊ ခမာ ၊ထိုင်း ဂျားဗား ၊ မာလာယု ကျွန်းစွယ်ထိ ကို စစ်တပ်ကြီးနဲ့ ခရီးလွှင့်ခဲ့တဲ့ မင်းတစ်ပါးဖြစ်တယ်တဲ့။

သဘောင်္နှစ်စီးနဲ့ ပိဋကတ်တော် နှစ်ဆူကို တစ်စင်းမှာ တစ်ခု ၊ မြဘုရားဆင်းတုနဲ့ ကျန် ပိဋကတ် ကို တင်ဆောင်ပြီး ပြန်လာခဲ့တယ် မြဘုရားပါတဲ့ သဘောင်္က လမ်းလွဲပြီး အမ်ကောထု ကိုရောက်သွားတယ်။ အမ်ကောထုကို ရောက်သွားကြောင်းကို သိသွားတဲ့ အနော်ရထာက နတ်မြင်းပျံကြီးစီးပြီး လိုက်သွားတယ်တဲ့။

အမ်ကောထုမြို့မှာ ဂှိတဲ့ ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ နားလိုက်တယ်။ မြင်းက ကျောက်တုံးပေါ်ကို ကျင်ငယ်စွန့်တာ ကျောက်တုန်းကြီး အစိတ်စိတ်အမွှာမွှာ ကွဲသွားတယ်တဲ့။ အနော်ရထာလွှတ်လိုက်တဲ့ တပ်သားလို့ သူ့ကိုသူ ပြောပြီး မြဘုရားနဲ့ ပိဋကတ်တော်တွေယူဖို့ လာတာလို့ပြောတယ်။ နန်းတော်ထဲဝင်တော့ သူတို့က ငြင်းတယ်။ ခမာမင်းနဲ့ မှူးမတ်တွေကေါ့။ အနော်ရထာဘုရင်က အဲဒိမှာ အစွမ်းကို ပြဖို့ အားထုတ်တယ်။ သစ်သားနဲ့လုပ်ထားတဲ့ ဓားကို ကွမ်းတံတွေးနဲ့ ပတ်တယ်။ ဓားကိုကိုင်ပြီး မြို့ရိုးကို နတ်မြင်းပျံနဲ့ ကောင်းကင်မှာ စီးပြတယ်။ ဘယ်လောက်မြန်လဲ ဆိုတော့ မြင်းတပ်သားတွေ ၀န်းပတ်နေတဲ့ တိုင်း ဆက်နေတယ်တဲ့။

ခဏကြာတော့ သူပြန်ဆင်းလာတယ်။ သူတောင်းတာတွေ မပေးရင် ဘုရင်နဲ့မူးမတ်တွေကို ဖြတ်မယ် ( ခေါင်း )လို့ ကြွေးကြော်တယ်။ ပိဋကတ်တော်ကို ပေးပေမယ် မြဘုရားကို လှူခဲ့ပါလို့ အလှူခံတော့ အနော်ရထာ က ပေးထားခဲ့တယ်။ ထိုင်းနိုင်ငံက မြဘုရားဆင်းတုတော် က အနော်ရထာလက်က ခမာတို့ရထားတဲ့ ဆင်းတုပဲဟု ဆိုထားတယ်။

တစ်ကယ်ဟုတ်လား မဟုတ်လားကိုတော့ ဥာဏ်မမှီလို့ သူငယ်ချင်းတို့ပဲ ခွဲခြားပါကုန်။

About Burma

သားပု has written 46 post in this Website..