Internet ဆိုတဲ့အသုံးနှုန်း ကျွန်မတို့ မြန်မာနိုင်ငံမှာ အရောတဝင်ရှိနေခဲ့တာ ကောင်းတဲ့ တိုးတက်မှုပါပဲ ။ လွန်ခဲ့တဲ့… ခြောက်နှစ်လောက်ကစလို့ …. တရိတ်ရိတ် တိုးတက်လာတဲ့ အင်တာနက်သင်တန်းတွေ ၊ အင်တာနက်ဆိုင်တွေရဲ့ ထောက်ပံ့ပေးမှုနဲ့ … အသုံးပြုသူ ဦးရေ များသည်ထက်များလာခဲ့တယ် … ။ ဘာသင်တန်းမှ မတက်ပဲ အင်တာနက်ကို အလကားရလို့ …လက်ဆော့သုံးရင်း သုံးတတ်သွားတဲ့ ကျွန်မလို လူတွေလည်း ရှိပါတယ် … ။ ဘယ်လိုပဲဖြစ်ဖြစ် … နည်းပညာကို အသုံးပြုသူတွေ များသထက်များလာခဲ့ပါတယ် … ။  ကမာ္ဘအရပ်ရပ်ရဲ့ ဘယ်နေရာမှာမဆို အင်တာနက်ကွန်ရက်ချိတ်ဆက်အသုံပြုနိုင်လျှင် ဝေးဝေး နီးနီးဆုံတွေ့နိုင်တာကလည်း အင်တာနက်ရဲ့ အားသာချက်ပဲပေါ့ … ။ ဒါ့ပြင် ကိုယ်မသိသေးတဲ့ ဟင်းချက်နည်းတွေ ၊ အကျီ င်္ ဒီဇိုင်းတွေ ၊ လက်သည်းခြေသည်း ပုံဖော်နည်းတွေ ၊ အသုံးဆောင် အပြင်ဆင်တွေကစလို့ ….စာအုပ်စာပေ ၊ တက်ကြမ်းတွေကအဆုံး လေ့လာသင်ယူချင်တာမှန်သမျှ လိုသလိုရှာလို့ရနေတဲ့ အင်တာနက်ကြီးကို လှိုက်လှိုက်လဲလဲ ကျေးဇူးတင်မိပါတယ် ….. ။

တခြားနိုင်ငံတွေမှာတော့မသိဘူး … ကျွန်မတို့နိုင်ငံမှာတော့ … အင်တာနက်အသုံးပြုသူတိုင်းနီးပါး ချက်တင်နဲ့တော့ ပတ်သတ်ဆက်နွယ်ဖူးကြလိမ့်မယ် …. ။ ဆန်းသစ်တဲ့ ဖန်တီးမှု ပညာရပ်တစ်ခုကိုအသုံးပြုနေသူအချင်းချင်း … တစ်ဦးနဲ့တစ်ဦး အရုပ်မမြင်ပဲ စာရိုက်ဆက်သွယ်လို့ရတဲ့ ချက်တင်လေးကို စွဲလန်းခဲ့သူများလည်း ရှိခဲ့ဖူးတယ် …… ။ တစ်နေ့တစ်နေ့ ….. နေကောင်းလားမှ အစပြုပြီး … ကိုယ့်ရဲ့ တိုင်ပင်ပေါ် တိုင်ပင်ဖက်အဖြစ်ပါ ချက်တင်ကို ကြားခံ အသုံးပြုခွင့်ရတာကြောင့် အထီးကျန်ချိန်တွေ မရှိသလောက်ပါပဲ …. ။ တစ်စတစ်စ တိုးတက်လာတဲ့ အချိန်မှာ ဗွီဒီယိုချက်တင်ဆိုတာမျိုး ခေတ်စားလာပြန်တယ် … ။ ကော်နက်ရှင်ကောင်းလျှင် ကောင်းသလို ရုပ်ပါကြည့်ပြီး နှစ်ဖက် စာရိုက် ၊ စကားပြောလို့ရတဲ့ …. VZO, Skype တို့လိုမျိုးတွေပေါ့ … ။ တစ်ချိန်လုံး ကိုယ်နဲ့ ချက်တင်ပြောခဲ့တဲ့ လူရဲ့ မူလရုပ်သွင်ကို မြင်ရတဲ့အခါ …. ဆက်ဆံရေးတွေ ပိုတိုးလာသလို ၊ ဆက်ဆံရေးတွေ ပိုဆိုးသွားတာတွေလည်း … ကြားခဲ့ဖူးတယ် … ။ စာရိုက်တာမှာ အရေးသား ဘယ်လောက်ကောင်းကောင်း ၊ စကားပြောတဲ့အခါ အသံဘယ်လောက်ချိုချို … တစ်ခါတစ်လေ မှန်းချက်နဲ့ နှမ်းထွက်မကိုက်တဲ့ အခါ …. ကြာ ကြာခင်မင်မှုမရှိပဲ ရှောင်ပြေးတာက များတယ်လေ …. ။ ချက်တင်ဆိုတာမျိုးကလည်း … သူ့စိတ်ကိုယ်မမြင်နိုင် ကိုယ့်စိတ်သူမမြင်နိုင်တဲ့ ဆက်သွယ်မှု တစ်ခုဖြစ်တာကြောင့် …. လွဲမှားစွာ အသုံးပြု သူတွေကြားမှာ … ရည်းစားရှာသူ ၊ ဖွန်ကြောင်သူတွေလည်း ပါလာခဲ့တာပေါ့ … ။ အင်တာနက်ထဲမှာတွေ့လို့ … အပြင်မှာပါ ချစ်ကြိုက် …လက်ထပ်ယူသွားတဲ့လူရှိသလို … အင်တာနက်ထဲမှာ အယောင်ဆောင်ပြီး အပြင်မှာပါ ကာမရယူဖို့ ကြိုးစားတာတွေလည်းရှိတာမို့ … အရှက်တကွဲဖြစ်ခဲ့တဲ့ သာဓကတွေလည်း ကြားဖူးခဲ့ပါတယ်  …. အပြောကောင်းတဲ့လူတွေကြောင့် အင်တာနက်ထဲကနေ … အပြင်မှာပါ ငြိလာကြတဲ့ အတွဲတွေလည်း ဒုနဲ့ဒေးပါပဲ … ။ ကျွန်မကတော့ ..အင်တာနက်ထဲက ချစ်သူဆိုတာ အယုံအကြည်မရှိပါဘူး … ။

အင်တာနက်ရေစီးကြောင်းမြင့်မားလာမှုနဲ့အတူ ချက်တင်ကိစ္စဟာလည်း ထပ်တူ ထပ်မျှ သုံးစွဲသူများလာခဲ့တယ် … ။ဒါကြောင့်လည်း လူငယ်တွေကြားမှာ အင်တာနက်လို့ ဆိုလိုက်တာနဲ့ … ချက်တင်လုပ်တာပါလားဆိုတဲ့အတွေးမျိုး ဝင်နေခဲ့ကြတာလေ … ။ တခြား ဗဟုသုတရမယ့် ဝက်ဖ်ဆိုက်တွေ ၊ လေ့လာစရာတွေရှိပါလျှက် …. ချက်တင်လောက် ပေါ်ပြူလာ မဖြစ်ခဲ့ဘူး … ။  ရပ်ဝေးက မိတ်ဆွေ ၊သူငယ်ချင်းတွေ ၊ မိသားစုနဲ့ ပြောချင်မှာချင်တာအတွက် သုံးသလို ရုံးလုပ်ငန်းတွေ မြန်ဆန်စောလျှင်စွာပြီးဖို့အတွက်လည်း ချက်တင်က အကူညီပေးပါသေးတယ် …. ။

ဟိုလျှောက်လုပ် ၊ ဒီလျှောက်လုပ်ရင်း … အင်တာနက်ထဲရောက်လာမိတဲ့ ကျွန်မက အန်းတားနှိပ်လိုက်လို့ … တဖက်က စာတက်လာလျှင် ပျော်နေတတ်တဲ့ …. နယူစာ ဘဝတုန်းက … ချက်တင်လုပ်ရတာ အလုပ်ကြီး အကိုင်ကြီးတစ်ခုလိုပဲ သတ်မှတ်ခဲ့ဖူးတယ်လေ …. ။ ဘုဆတ်ဆတ် ကြွတ်ဆတ်ဆတ် စိတ်မရှည်တတ်ပေမယ့် ….. ချက်တင်လုပ်ဖို့ … တက်လိုက် ကျလိုက် ကော်နက်ရှင်ကို စိတ်ရှည် သည်းခံစွာ စောင့်တတ်ခဲ့သေးတယ် ။ အင်တာနက် နယူးယူဆာ ဘဝတုန်းက ပုံမှန် ချက်တင်ပြောခဲ့တဲ့ လူ လေးငါးယောက်ထဲ တစ်ချို့တစ်လေ အနှောင့်သွားမလွတ်တဲ့လူတွေ ပါတတ်ပြန်တယ် …. ။ မိန်းကလေး နာမည်နဲ့အကောင့် …၊ယောကျာ်းလေး နာမည်နဲ့ အကောင့် … စသည်ဖြင့် ကြည့်ပြီး အ ထီးအမခွဲကာ ချက်တင်လုပ်ခဲ့မိပါသေးတယ် …. ။ နားမလည်တာမေးလို့ရသလို ကိုယ်သိထားတာလေး ရှဲလို့ရတဲ့အတွက် သဘောကျခဲ့တယ် … ဒါပေမယ့် အရာရာမှာ သံသယများတတ်တဲ့ ကျွန်မက အမြဲလိုလို စိတ်ဓါတ်အမှန်မှ ဟုတ်ရဲ့လားဆိုတာမျိုးနဲ့ ယုံမှားသံသယတော့ စိတ်ထဲအမြဲရှိခဲ့ဖူးတယ် … ။ မကြူတာကလွဲလို့ …. ချက်တင်ကို ပျော်ပျော်ကြီးသုံးဖူးခဲ့တယ်လေ …. ။ တစ်ချို့သူငယ်ချင်းတွေဆို ယခုအချိန်ထိ ငယ်ပေါင်းတွေလို ပြောမနာဆိုမနာ … အကူညီလိုလျှင် တောင်းတုန်း ၊ အကြံလိုလျှင်ပေးတုန်းပဲလေ … ။

ကံဆိုးစွာနဲ့ စေတနာ မမှန်တဲ့ လူတစ်ယောက်နဲ့ ဆုံဖူးခဲ့တယ် ….. ။ ပေါ်ပြူလာဂျာနယ်ရဲ့ …. chat room ထဲကနေ သိပြီး …. ဂျီမေးလ်ထဲ အက်ခဲ့တဲ့လူပေါ့ … ။ နာမည်ဆန်းဆန်းနဲ့ သူက စကားဆန်းဆန်းတွေပြောတတ်သလို …တစ်ခါတစ်လေ .. ကိုယ်မရောက်ဖူးတယ် …သူ့ရဲ့ ဇာတိနယ်မြို့လေးအကြောင်း ၊ မိဘဆွေမျိုးတွေကြားက ပြသနာလေးတွေကိုပါ … ရင်ဖွင့်တတ်ခဲ့တယ် …. ။ ကျွန်မက အကြံလည်း မပေးတတ် ၊ ဝေဖန်ရလောက်အောင်လည်း မရင့်ကျက် ၊ မနှိုးလည်း မနှိုးဆော်တတ်ပေမယ့် … နားတော့ထောင်တတ်ပြီး … ရေလိုက်ငါးလိုက် ပြန်ပဲ ပြောတတ်တာကြောင့် … သူပြောသမျှ နားထောင်ပေးမယ့်လူ ဖြစ်လာခဲ့တယ် …. ။ လူများကို လွယ်လွယ်နဲ့ အယုံကြည်မရှိတဲ့ စိတ်ဓါတ် ရာခိုင်နှုန်းများများ ကျွန်မစိတ်ထဲ ကြီစိုးနေတာမို့ … ကျွန်မနဲ့ပတ်သတ်တဲ့ ကိစ္စ အနည်းကျဉ်းသာ သူသိခွင့်ရခဲ့တယ်လေ … ။ နယ်ခြား မြေခြားမှာ အလုပ်လုပ်သူဖြစ်တာကြောင့် … အပြင်မှာချိန်းစရာကိစ္စလည်းမရှိ … မတွေ့ချင်လျှင် မပြောချင်လျှင် တစ်ခုတည်းသော ဆက်သွယ်မှုဖြစ်တဲ့ ချက်တင်ကိုပိတ်ထားလိုက်လျှင် အလွယ်ဆုံးဖြစ်တာကြောင့် …. သုံးနှစ်လောက်ကြာကြာထိ … မေးထူးခေါ်ပြော လုပ်ခဲ့ဖူးတယ် … ။

မမျှော်လင့်တဲ့တစ်နေ့ ….. ကျွန်မဆီ ဖုန်းဆက်တော့မှ …. ရန်ကုန်ရောက်နေပြီသိခဲ့ရတယ် …. ။ ရုံးကိစ္စနဲ့ ပြန်လာတာဖြစ်ပြီး … ဘုရားဖူးထွက်ချင်ကြောင်းပြောပြန်တယ် … ။ ဘုရားဖူးတောင် ရန်ကုန်မြို့ထဲက ရွှေတိဂုံတို့ … ဆူးလေတို့ …. ဗိုလ်တထောင်တို့ မဟုတ်ဘူးတဲ့လေ …. အညာဘုရားဖူးကိုပဲ ထွက်ချင်ပါတယ်ပြောရော …. ။ အင်တာနက်ထဲက မိတ်ဆွေ အပြင်ကိုရောက်လာတော့လည်း …. ရောက်တုန်းရောက်ခိုက် အဆင်မပြေတာရှိလျှင် ကူညီပေးဖို့ ဆန္ဒရှိတာကြောင့် … သွားဖို့ လာဖို့ … ခရီးသွား ကုမ္ပဏီတွေနဲ့ package အစီစဉ်တွေ ညှိပေးမယ်ပြောလိုက်မိသေးတယ် … ။ ဒါကို ဘာထင်သွားမှန်းမသိပဲ … ကျွန်မကိုပါ အညာဘုရားဖူးလိုက်ဖို့ခေါ်ရော ….  ။ ကျွန်မသာ သူ့နေရာမှာဆိုလျှင် …. ခေါ်မိမှာ မဟုတ်ဘူး …. ။ တစိမ်းမိန်းမတစ်ယောက်နဲ့ ခရီးအတူသွားမည်ဆိုတဲလူက ……. ဘယ်လို စိတ်ဓါတ်ရှိတဲ့ လူမျိုး ဆိုတာ … ပြေးကြည့်တာထက် တွေးကြည့်ရုံသိနိုင်တယ်လေ … ။ ကျွန်မလည်း … အတော် စိတ်တိုသွားပြီး … တစ်နေရာမှာ ချိန်း … ကောင်းကောင်း ကို ရန်တွေ့ပစ်လိုက်တယ် … ။ နောက်ပိုင်း ကျွန်မ ချက်တင်လစ်ထဲက သူ့အကောင့်ကို အပြီး del လုပ်လိုက်ပါတော့တယ် … ။ အဲ့ဒီအချိန်ကစပြီး … သူဆိုတာလည်း … ပျောက်ကွယ်သွားတော့တယ် … ။

ကိုယ်ကျင့်တရား ၊စိတ်ဓါတ်တွေ ဆုတ်ယုတ်နေတဲ့အချိန် သတိထားပြီး နေပါလျှက်နဲ့ ….  ဒီလို အမေးခံရတဲ့ ကိုယ့်ကိုယ်ကိုယ်လည်း … အနေထိုင်မတတ်ခဲ့ပါလားဆိုပြီး ဒေါသထွက်မိတာ အကြိမ်ကြိမ်ပါပဲ … ဒီထက်ဆိုးတာက … ဒီလောက်စကားပြောနေတာ သုံးနှစ်လောက်ကို သူ့စိတ်က ဘယ်လိုလဲဆိုတာ မရိပ်စားမိတာကြောင့် ဝမ်းနည်းရတာပါပဲ … ။ ကိုယ့်ကိုယ်ကိုယ် အရမ်း စိတ်နာမိတယ်လေ …. သူပြောသမျှ ရေလိုက်ငါးလိုက် … နားထောင် တွေးတောပေးတတ်ခဲ့တဲ့ … အ ချိန်တွေ အလဟာသ ဖြုန်းခဲ့မိပြီး…. နောက်ဆုံးတော့ မကျေနပ်တဲ့ ဒေါသအစိုင်ခဲတွေနဲ့ … ဇာတ်သိမ်းလိုက်ရတာကြောင့်ပါ … ။ ကိုယ့်ကိုယ်ကို ပါးရေ နပ်ရေ ရှိလှပြီ … ကိုယ့်ဘော်ဒါထဲ ဒီလို စိတ်ဓါတ်မမှန်တဲ့လူမပါဘူး ယုံကြည်ခဲ့ရာက .. … စိန်ကဲ ရွှေကဲထက် လူကဲခတ်ရ ခက်တယ်ဆိုတဲ့ စကား မှန်ကန်နေပြီလို့ လက်ခံလိုက်ရပါတော့တယ် …. ။ တစ်ခါသေဖူး … ပျဉ်ဖိုးနားလည်သွားခဲ့တဲ့ ကျွန်မအဖြစ်က တွေ ့ကရာလူတွေနဲ့ အချိန်ကုန်ခံ ချက်တင်လုပ်တဲ့အကျင့်ကို ဖျောက်ပေးခဲ့တယ် ….. ။ သူများအကြောင်း တစိုက်မတ်မတ် နားထောင်ပေးတဲ့ အချိန်ဖြုန်းခြင်းတွေကိုလည်း မလုပ်မိတော့ပါဘူး …. ။ တစ်သက်နဲ့တစ်ကိုယ်တွေ့ခဲ့ဖူးတဲ့ ချက်တင်ထဲက ကောင်းကျိုးခံစားရခြင်း (ရွဲ့ရေးတာ) ပါပဲ … ။

သုံးတတ်လျှင်ဆေး … မသုံးတတ်လျှင် ဘေးဆိုသလိုပါပဲ … ။ အင်တာနက်ထဲကနေ ဆိုရှယ် ဝက်ဖ်ဆိုက်တွေကနေ …သူငယ်ချင်းတွေရလာခဲ့ပြန်တယ် …. ။ ဂျီတော့ခ်ကနေတဆင့် … ချက်တင်လုပ်ရင်း …. ရိုးသားတဲ့စိတ်အရင်းခံတွေ မြင်ရတာကနေ … အရင်အဖြစ်ပျက်ကို မေ့ပြီး ခင်သွားမိတော့တယ် …. ။ပြောဆိုနေရာက…ဝါသနာသိပြီး .. စာရေးတာ ဝါသနာ ပါကြတဲ့ လူအချင်းချင်း စုစည်းမိပြီူး တစ်ခါတစ်ခါ … လျှပ်တပြတ်ဆုံဖြစ်ကြသေးတယ် … ။  စေတနာမမှန်တဲ့ လူမျိုးနဲ့ တွေ့ခဲ့ဖူးပေမယ် ့… အခုကြုံဆုံလာရတဲ့ …ဘော်ဒါတွေကတော့ ..အသက်ရွယ် အတွေးခေါ်ပိုင်းခြားရော စုံကြပေမယ့် ..စာရေးတဲ့ဝါသနာတူတွေ ဖြစ်နေခဲ့တာ ထူးခြားတဲ့ တိုက်ဆိုင်မှုများလားပဲ … ။ ဟန်ဆောင်မှုမပါတဲ့ ဧည့်ဝတ်ကျေပွန်တဲ့ လူတွေကလည်း မုန့် လုပ်ကျွေး တဲ့လူတွေရှိသလို … တကူးတက …. သစ်သီးတွေ စားဖို့ ယူလာပေးတဲ့ လူတွေလည်းရှိခဲ့ဖူးတယ် … ။ ကားကြုံလိုက်ဖို့ခေါ်တဲ့လူနဲ့တွေ့ခဲ့ဖူးသလို …. ထိုင်စရာနေရာမရှိလို့ ထိုင်ခုံတွေ ကူညီသယ်မပေးသူနဲ့လည်း ဆုံခဲ့ဖူးတယ် … ။ အမှတ်တရ ဓါတ်ပုံ ့တွေ ရိုက်တတ်တဲ့ လူနဲ့ ခင်ခဲ့ဖူးသလို …. ကိုယ်ယုံကြည်ရာ ပွင့်ပွင့်လင်းလင်း လုပ်တတ်တဲ့ လူ ၊ ပြောရဲဆိုရဲပြီး အနေအေးတဲ့ လူတွေနဲ့လည်း ဆုံခဲ့ဖူးတယ် …. ။အရောင်သွေးစုံလင်တဲ့ စိတ်ဓါတ်ရှိသူတွေကြားထဲ …. ဝါသနာတူ အုပ်စုလေးစုရှိနေခဲ့တာကို အင်တာနက်ထဲက ရခဲ့တဲ့ လက်ဆောင်လို့ပဲ တင်စား လိုက်ချင်ပါတော့တယ် ….

ဘော်ဒါတို့အားလုံးလည်း …. ဟန်ဆောင်မှုကင်းတဲ့သူငယ်ချင်းတွေ ကံကောင်းစွာ…ပိုင်ဆိုင်နိုင်ပါစေလို့ …. ဆုတောင်းပေးပါတယ်နော် ။ :P

 

အရိုးခံစိတ် ဖြူစင်ကြတဲ့ သူငယ်ချင်းတွေကို ကျေးဇူးတင်ပါတယ် :)

 

About etone

etone has written 851 post in this Website..

Goooooooooooooooooood 4 nothing lady !!!