အလှူမှာ ကထိန်၊ ကျောင်းမှာ သိမ်ရယ်လို့ ကျွန်မတို့ မြန့်မာ့စကားမှာ ရှိခဲ့တယ့်အတိုင်း …. ကထိန်ပွဲကြီး နီးလာတာနှင့်အမျှ ကျွန်မတို့ လူမျိုးတွေ … အမြတ်ဆုံးအလှူပွဲဖြစ်တဲ့ ကထိန်မှာ သဒ္ဓါတတ်အားသရွှေ့  မိမိတို့ ရှာဖွေစုဆောင်းထားတာလေးတွေနဲ့ လှူဖွယ်ပစ္စည်းဝယ်ယူလှူဒါန်းတတ်ကြပါတယ် …. ။
ပစ္စည်းဝယ်တော့မယ်ဆိုလျှင် ဈေးလည်းမှန်ပြီး အရေသွေးစိတ်ချရတဲ့ ဆိုင်မျိုးမှာ ရွေးချယ်ဝယ်ယူသင့်ပါတယ် …. ။ တံဆိပ်တူ ပစ္စည်းတူဆိုလျှင်တောင် တချို့ တဆင့်ရောင်းချသူတွေ ရဲ့ လောဘကြောင့် ပွဲတော်ရက်နီးလေ ဈေးနှုန်းကွာခြားမှု မြင့်မားလေ ဖြစ်တတ်ပါတယ် … ။ စေတနာကို ခုတုံးလုပ်ကာ စီးပွားရှာတဲ့လူတွေ အမြတ်ထုတ်မခံရဖို့အတွက် …. ဈေးမှန်တဲ့ ဆိုင် ၊ ပစ္စည်းစစ်တဲ့ ဆိုင်မှာသာ အားပေးသင့်ပါတယ် …. ။
အလှူတန်း ၀ါသနာထုံတဲ့ ကျွန်မတို့ ရွာသူ ၊ ရွာသားတွေ အတွက် … လှူဖွယ်ပစ္စည်းလေးတွေရဲ့ ဈေးနှုန်းကို အကြမ်းဖျဉ်း ကောက်ပေးထားပါတယ် …. ။ ကိုယ်သဒ္ဓါပေါက်လို့ လှူဒါန်းချင်တဲ့ အခါ ချင့်ချိန် တွက်ဆ ၀ယ်ယူနိုင်စေဖို့ပါပဲ … ။ ကိုယ့်အလှူငွေပမာဏနဲ့ လိုအပ်တဲ့ ပစ္စည်းဝယ်ယူနိုင်အောင် ရည်ရွယ်တင်ပေးခြင်း ဖြစ်ပါတယ် … ။
ရွာသူရွာသား တို့လည်း … မိမိတို့ ပိုက်ဆံနဲ့ တန်တဲ့ အရည်သွေးတူ ပစ္စည်းမျိုး ၀ယ်ယူလှူဒါန်းနိုင်ပြီး ၊ သူတပါး အမြတ်ထုတ်ခြင်းမှ ကင်းဝေးပါစေလို့ …. ဆုတောင်းပေးလိုက်ပါတယ်နော် ။
တရုတ် စီဝိုင်စီ
၈၅၀၀
ကိုရီးယား စီဝိုင်စီ
၁၀၀၀၀
အင်ဒို စီဝိုင်စီ
၁၂၀၀၀
စင်္ကာပူစီဝိုင်စီ
၁၄၀၀၀
ပဒုမ္မာချည်ချော
၁၈၀၀၀
သိုးမွှေးခြုံထည် အပါး
၇၀၀၀
သိုးမွှေးခြုံထည် အထူ
၈၀၀၀
နေကထိုင်ကြီး
၂၀၀၀
ဖဲယပ်
၁၂၀၀
ပန်ထူးသာ ယပ်
၁၀၀၀
ရွှေငွေ ပဌါန်းယပ်
၂၅၀၀
ထန်းယပ်
၁၅၀၀
ရွှေထီး
၆၀၀၀
စီဝိုင်စီ ခါးပန်းကြိုး
၇၀၀
လီနင်ခါးပန်းကြိုး
၁၅၀၀
မြသပိတ်
၃၅၀၀
ဖိုင်ဘာ သပိတ်
၃၅၀၀
ထီး (ဒန်ကိုင်း)
၂၅၀၀
ထီး (စတီးကိုင်း)
၄၀၀၀
ပဒုမ္မာ (ကတ္တီပါ) ဖိနပ်
၂၅၀၀
ပဒုမ္မာ (မန်း) ဖိနပ်
၃၅၀၀
ငွေမောင်းထောင်
၁၀၀၀
စတီးဆွမ်းခွက် ၃ခွက်
၂၀၀၀
ဒန်ဆွမ်းခွက် ၅ခွက်
၁၅၀၀
စတီးထွေးခံ
၂၅၀၀
စီဝိုင်စီ ခါးပန်းကြိုး
၇၀၀
လီနင်ခါးပန်းကြိုး
၁၅၀၀
၅မျိုး ကြိမ်ခြင်း
၁၈၀၀၀
၉မျိုး ကြိမ်ခြင်းကြီး
၂၃၀၀၀
ကော်သပိတ်တွဲ
၃၅၀၀
( နိဗ္ဗာန်ကုန်ပစ္စည်းဈေးနှုန်းများ စာရင်း ပြုစုရာတွင် လှိုက်လှိုက်လှဲလှဲ အကူညီပေးပါသော  ”   ပန်ထူးသာ ”  သင်္ကန်းနှင့် နိဗ္ဗာန်ကုန်ဆိုင်မှ တာဝန်ရှိသူများကို ကျေးဇူး အထူးပင် တင်ရှိပါသည် )
About etone
etone has written 851 post in this Website..
Goooooooooooooooooood 4 nothing lady !!!