ရှမ်းပြည်နယ်( အရှေ့ပိုင်း) တာချီလိတ်မြို့နယ် လူကုန်ကူးမှုကာကွယ်တိုက်ဖျက်ရေးအထူးအဖွဲ့သည် မေ ၁၃ရက် မွန်းလွဲ ၃နာရီခန့်က တာချီလိတ်မြို့ ဟောင်လိတ်လမ်းဆုံးအနီး၌ ကျိုင်းတုံမြို့နေ ဒေါ်အေးရင်( ခ) ပါအိုက်နှင့်ဒေါ်နန်းဆိုင်တို့နှစ်ဦးနှင့် အမျိုးသမီးငယ်သုံးဦးတို့ကို တွေ့ရှိသဖြင့် လူကုန်ကူးမှုကာကွယ်တိုက်ဖျက်ရေး အထူးအဖွဲ့ရုံးသို့ ခေါ်ဆောင်၍ စစ်ဆေးခဲ့ကြောင်း၊ စစ်ဆေးချက်အရ ဒေါ်အေးရင်( ခ) ပါအိုက်က အသက်( ၁၉) နှစ်အရွယ် အမျိုးသမီးငယ်နှစ်ဦးနှင့် အသက်(၂၀) အရွယ်အမျိုးသမီးငယ်တစ်ဦးတို့အား တစ်ဖက်နိုင်ငံတွင် အလုပ်မပင်ပန်းဘဲ ငွေများများရမည်ဟု ပြောဆိုစည်းရုံး၍ ခေါ်ဆောင်လာခြင်းဖြစ်ကြောင်း၊ အမျိုးသမီးငယ်သုံးဦးအားတစ်ဖက်နိုင်ငံရှိအိုက်ကိန်ဆိုသူထံ ပို့ဆောင်ပါက ၎င်းအနေဖြင့် တစ်ဦးလျှင် ထိုင်းဘတ်ငွေ ၅၀၀၀စီရရှိမည်ဖြစ်ကြောင်း၊ ဒေါ်နန်းဆိုင်အား အဖော်အဖြစ်ခေါ်ဆောင်လာခြင်းဖြစ်ကြောင်း သိရသည်။

About kln

k ln has written 409 post in this Website..