http://arunachalnews.com/wp-content/uploads/2009/11/INSAT-Image-of-Mumbai-Gujarat-Cyclone-2009.jpg

ဘင်္ဂလား ပင်လယ်အော်၌ ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း လိုင်လာ၏ အရှိန်ကြောင့် မေ ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် နိုင်ငံတစ်ဝန်း မိုးများ ပျံ့ပျံ့နှံ့နှံ့ ထစ်ချုန်းရွာသွန်းခဲ့ကြောင်း သတင်းများ ထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။ မေ ၁၉ ရက်တွင် အခြားပြည်နယ်နှင့် တိုင်းများနည်းတူ နေပြည်တော်၌လည်း ပျံ့ပျံ့နှံ့နှံ့ မိုးထစ်ချုန်း ရွာသွန်းခဲ့ပြီး မိုးရွာသွန်းမှုအနေဖြင့် နေပြည်တော်တွင် ၁ ဒသမ ၇၁ လက်မ၊ နေပြည်တော် ပျဉ်းမနားတွင် ၂ ဒသမ ၂၄ လက်မ၊ နေပြည်တော် လယ်ဝေးတွင် ၁ ဒသမ၁၆ လက်မ၊ နေပြည်တော် တပ်ကုန်းတွင် ၁ ဒသမ ၄၃ လက်မ ရှိခဲ့ကြောင်း ၂၀၁၀ ခုနှစ် မေလ ၂၁ ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြထားပါသည်။

About lu ta lone

lu ta lone has written 261 post in this Website..