တက္ကသိုလ်စားမေးပွဲဖြေဆိုပြီး

mg wineNovember 3, 20111min591

ဧရာဝတီတိုင်းဒေသကြီးပုသိမ်တက္ကသိုလ်တွင်ယနေ့ညနေ၄နာရီတွင်စာမေးများဖြေဆိုပြီးကြောင်းသတင်းရရှိပါသည်။
ပုသိမ်တက္ကသိုလ်တွင်(၁၄.၁၀.၂၀၁၁)ရက်နေ့တွင်စတင်ဖွင့်လှစ်သောအဝေးသင်တက္ကသိုလ်ပထမအသုတ်
ဒဿနိကဗေဒ၊ပထဝီ၊အင်္ဂလိပ်၊ဥပဒေဘာသာရပ်များကို(၂၇.၁၀.၂၀၁၁)ရက်နေ့တွင်စာမေးပွဲစစ်ေဆေးရာယနေ့
(၃.၁၁.၂၀၁၁)တွင်ဖြေဆိုပြီးခဲ့ပါသည်။
ပုသိမ်တက္ကသိုလ်မေဂျာအလိုက်ဆရာ၊ဆရာမ(နည်းပြ၊ကထိက)များကျူရှင်သင်၍အဆင်ပြေဝင်ငွေကောင်း
နေကြောင်းနှင့်စာမေးပွဲဖြေရာတွင်အခက်အခဲရှိသူများလည်းကန်တော့ကြရန်ပြောဆိုနေကြောင်းကြားသိရပါသည်။
အဝေးသင်ဒုတိယအသုတ်ကို(၇.၁၁.၂၀၁၁)တွင်စတင်ဖွင့်လှစ်မည်ဖြစ်ပြီးမြန်မာစာ၊သမိုင်းEco ကျောင်းသား၊ကျောင်းသူ
များအသင့်ရောက်ရှိနေကြပြီးထမင်းဆိုင်၊လက်ဖက်ရည်ဆိုင်၊ကွယ်းယာဆိုင်နှင့်အခြားဆိုင်များရောင်းအားကောင်းနေကြ
ပါသည်။(၂၀.၁၁.၂၀၁၁)ရက်နေ့တွင်စတင်ဖွင့်မည်ဖြစ်ပြီး(၂၅.၁၁.၂၀၁၁)တွင်ပြီးဆုံးမည်ဖြစ်ကြောင်းသိရှိရပါသည်။
ကန်တော့ရန်ငွေကြေးမှာအနည်းဆုံးတစ်ဘာသာတစ်သောင်းကျပ်ဖြစ်ပါကြောင်းပြောဆိုနေကြသည်ကိုကြားသိရပါသည်။

One comment

  • ဝေးလွင့်တိမ်

    November 3, 2011 at 10:00 pm

    ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော်ကြီးတည်ဆောက်ရန်တဲ့ ဟီ ဟိ … ။

Leave a Reply