တရားရုံးများ၏ရုံးချိန်

mg wineNovember 5, 20111min734

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြိူ့တွင်(၄.၁၁.၂၀၁၁)ရက်နေ့ကမြက်တိုတရားရုံး

တွင်အမူများစွာညနေ၆နာရီထိစစ်ဆေးနေရသည်ဟူသတင်းရရှိပါသည်။

သတင်းရရှိသည်မှာ ပုသိမ်မြို့နယ်တရားရုံးမြက်တိုတွင်ရုံး၁.၂.၃ရှိရာအမူ

ရင်ဆိုင်ရသူများတရားသူကြီးအလာကိုစောင့်ဆိုင်းနေသည်ကိုတွေ့ရှိရပါသည်။

အမှတ်၁တရားရုံးတရားသူကြီးဦးဇော်ညွန့်ဦးသည်ညနေ၃နာရီကျောိမှရောက်ရှိ

လာပြီးအမူများကိုကြားနာစစ်ဆေးရာညနေ၆နာရီကျော်မီးထွန်းချိန်အထိတိုင်

စစ်ဆေးခဲ့ရပါသည်။

အမူသည်များမှာနံနက်၁ဝနာရီကတည်းကစောင့်နေရသည်ဟူသိရပြီး

ရပ်ဝေးမှရောက်လာရသူတစ်ချို့မှာပြန်ရန်အခက်အခံကြုံသည့်အတွက်နီးစပ်

ရာတည်းခိုခန်းတွင်တည်ူခိုခဲ့ရပါသည်။တချို့အမူသည်များနောက်တခါလာလျှင်

ခြင်ဆေးခွေယူလာမည်ဟူညည်းတွားသံကြားမိပါသည်။

ဧရာဝတီတိုင်းဒေသကြီးရှိတရားရုံးအများစူ၏ရုံးတက်ချိန်မှာအလွန်နောက်

ကျကြောင်း၊မွန်းလွဲချိန်များမှသာတရားသူကြီးများရောက်ရှိကြောင်းလေ့လာသိရှိ

ရပါသည်။       ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော်သာအချိန်တိကျမူရှိကြောင်း

သတင်းရရှိပါသည်။

4 comments

  • ပေါက်ဖော်

    November 5, 2011 at 11:08 am

    ဟင့်အင်း..
    နောက်ခါ အမှုရင်ဆိုင်ရင် တရားရုံးဘေးမှာ အိမ်ပါ တစ်ခါတည်း ဝယ်ထားလိုက်
    😆

  • cherrykoko

    November 5, 2011 at 12:37 pm

    တကယ်အမှန်သတင်းပါ
    ရုံးတကာရုံးထဲမှာ တရားရုံး၊ဥပဒေရုံးတွေသွားရတာစိတ်ညစ်စရာအကောင်းဆုံးပဲ အညစ်ဆုံးပဲ
    ရှေ့ဖတ်စာရေးကစကြောက်နေရတာ ဒါတောင်တရားခံအနေနဲ့သွားတာမဟုတ်ဘူး
    နို်င်ငံတော်ကိစ္စ။

  • shwemyintin

    November 10, 2011 at 2:08 pm

    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတိုးတက်ဖို့ရန်အတွက် မဏ္ဍိုင်သုံးခုထဲမှာပါဝင်သော တရားစီရင်ရေး မဏ္ဍိုင်မှာ ပြင်ဆင်စရာများစွာရှိနေပါသေးတယ်။ မြို့နယ်တရားရုံးများနှင့် ခရိုင်တရားရုံးများတွင် အများဆုံး ဖြစ်ပါတယ်။

  • windtalker

    November 10, 2011 at 3:06 pm

    သူရို ့ခဗျာ လည်း “မရှိလို ့လုပ်စားကြရှာတာ ၊ ဖြည်းဖြည်းပေါ့ ” တဲ့

Leave a Reply