သီလပုံစံဖြည့်ကြပါ အမှတ် (၅) (သုရာမေရယ – – -)

၅။ ယစ်မူးစေတဲ့အလုပ်တွေမှာ သတိမေ့လျော့စေတဲ့အထိ သုံးဆောင်မှီဝဲမှုကို မပြုအပ်ခြင်း။   (ပုံစံအားဖြင့် အရက်သေစာ မသောက်ရခြင်း)

လူကိုယစ်မူးစေသည့် အရက်သေစာကို သတိမေ့လျော့စေတဲ့အထိ သောက် သုံးနေကြမယ်ဆိုရင် အလုပ်အကိုင်တွေပျက်၊ အပြုအမူ၊ အပြောအဆို၊ အနေအထိုင် တွေပါ မှားယွင်းလာပြီး နောက်ဆုံး ကျန်းမာရေးတွေကို ထိခိုက်ကာ မငြိမ်းချမ်းသော အခြေအနေကို ရောက်သွားမှာဖြစ်ပါတယ်။ ဒါ့ကြောင့် လူ့ငြိမ်းချမ်းမှုကို ထိခိုက်စေတဲ့ အရက်သေစာသောက်သုံးခြင်းကို ဆင်ခြင်သင့်ပေသည်။

ဥပမာပုံစံအားဖြင့် အရက်သေစာသောက်သုံးတာ တစ်ခုတည်းကို ပြောရ ပေမယ့် လူကိုယစ်မူးစေသည့် မူးယစ်ဆေးဝါးသုံးစွဲမှုတွေကအစ ပုံစံဖြည့် လိုက်နာကျင့် သုံးပေးဖို့ လိုပါတယ်။

ထပ်ပြီးပုံစံဖြည့် နားလည်ကြည့်ကြရမည်ဆိုလျင် ခေတ်မီကွန်ပျူတာ ဖျော်ဖြေ ရေး ကစားစရာတစ်ခုဖြစ်သည့် Gaims ဆော့ကစားမှုဟာလည်း လူကို ယစ်မူးစေပါ တယ်။ ထိုယစ်မူးသာယာစေတဲ့ Gaims ဆော့ကစားမှုကို အလုပ်အကိုင်တွေ သတိမေ့ ပျက်ပြားလောက်အောင် စွဲစွဲလန်းလန်း ပြုနေကြမယ်ဆိုရင် အာရုံကြောများ ထိခိုက် လာခြင်း၊ လုပ်ငန်းများပျက်ကွက်လာခြင်း၊ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာ ရေးများထိခိုက်လာခြင်းတို့ ဖြစ်လာကြကာ မငြိမ်းချမ်းသော အဖြစ်သို့ ရောက်ရှိသွား မှာဖြစ်ပါတယ်။ ဒါ့ကြောင့် လူကိုယစ်မူးစေတဲ့ Gaims ဆော့ကစားမှုကိုလည်း ဆင်ခြင် သင့်ပေသည်။

ဒါ့အပြင် အနားယူအပန်းဖြေတဲ့သဘောနဲ့ ဝတ္ထုစာအုပ်၊ ကာတွန်းစာအုပ်များနှင့် ဗွီဒီယိုဇာတ်ကားများကို ဖတ်ရှု၊ ကြည့်ရှုကြတဲ့အခါ ထိုဝတ္ထု၊ ကာတွန်းစာအုပ်များနှင့် ဗွီဒီယို ဇာတ်ကားများသည် လူကိုယစ်မူးသာယာစေတာမို့  စွဲလန်းစေတတ်ပါတယ်။        ထိုအရာများပေါ်တွင် ယစ်မူးသာယာပြီး ဖတ်ရှု၊ ကြည့်ရှုမှုလွန်ကဲပါက မျက်စိအာရုံများ ထိခိုက်လာခြင်း၊ သတိအာရုံများချို့ယွင်းလာပြီး လုပ်ငန်းများပျက်ကွက်လာခြင်း၊ စသည်တို့ ဖြစ်လာကြရခြင်းကြောင့် မငြိမ်းချမ်းရခြင်းသည် လူကိုယစ်မူးသာယာစေတဲ့ အာရုံခံစားမှုများကို လွန်ကဲစွာ ပြုမူခြင်းကြောင့်ဟု သုံးသပ်လို့ရပေသည်။

ယနေ့ခေတ်တွင် ချဲထီတွက်ချက်ခြင်းဖြင့် အချိန်ကုန်နေကြသူများမှာလည်း ထိုချဲတွက်ခြင်းအလုပ်မှာ ပေါက်နိုးပေါက်နိုးနဲ့ သာယာယစ်မူးပြီး စိတ်ကူးတွေ ယဉ် နေကြကာ ကိုယ်လုပ်ကိုင်ရမည့်လုပ်ငန်းများ ပျက်ကွက်လာခြင်း၊ ချဲထီကိုသာ အာရုံ ရောက်နေကြပြီး ကျန်လူ့အရေးအရာများအတွက် လုပ်သင့်သည်များကို မေ့လျော့လာ ခြင်းစသည်တို့ကြောင့် ထိုသူတို့ရဲ့ဘဝ မငြိမ်းချမ်းရမှုများဖြစ်ပေါ်နေကြရခြင်းသည် လူကို ယစ်မူးသာယာစေသည့် စိတ်ကူးယဉ် ချဲထီတွက်ချက်မှုမှာ လွန်ကဲနေခြင်းကြောင့်ဟု သုံးသပ်လို့ရပေသည်။

စိတ်သောက ဖိစီးစရာ အာရုံတွေနှင့် ကြုံတွေ့ရသည့်အတွက် သက်သာလို သက်သာငြား စိတ်ငြိမ်ဆေးများသောက်သုံးကြခြင်းတို့ကြောင့် ထိုစိတ်ငြိမ်ဆေးတို့သည် သုံးစွဲသူကို ယစ်မူးသာယာစေပါတယ်။ ထိုဆေးများအပေါ်တွင် လိုအပ်သည်ထက် ပိုမို သုံးစွဲမိပါက စိတ်ပိုင်းဆိုင်ရာကျန်မာရေးများထိခိုက်လာကာ ထိုဆေးသောက်ရဖို့ကလွဲရင် ကျန်သည့်လူ့ကိစ္စများကို စိတ်မဝင်စားတော့ခြင်း၊ မလုပ်ကိုင်လိုခြင်းတို့ကြောင့် ထိုသူတို့ ရဲ့ဘဝ မငြိမ်းချမ်းနိုင်တော့ပါ။ ဒါသည် ယစ်မူးသာယာစေသည့် စိတ်ငြိမ်ဆေးများ သောက်သုံးမှာ လွန်ကဲနေခြင်းကြောင့်ဟု သုံးသပ်လို့ရပေသည်။

စိတ်ချမ်းသာအောင် နေထိုင်ကြတဲ့အခါမှာလည်း ယနေ့ခေတ်အခါ ခေတ်စား နေသည့် (meditation) ကမ္မဋ္ဌာန်းထိုင်သည့်အလေ့အထသည်လည်း လူ့စိတ်ကို ချမ်း သာအောင် သာယာစေတာမို့ လူကိုစွဲလန်းစေပါတယ်။ ထိုကမ္မဋ္ဌာန်းထိုင်သည် အလုပ် ပေါ်မှာ သာယာစွဲလန်းပြီး ပမာဏလွန်ကဲစွာထိုင်မိနေပါက ထိုသူတို့သည် စိတ်ငြိမ်ငြိမ် လေးနဲ့ပဲ နေလိုတော့ခြင်း၊ စိတ်ငြိမ်နေမှုကို ထိခိုက်စေတဲ့ လူမှုပတ်ဝန်းကျင်ကို ရှောင်ခွာ လိုခြင်း၊ ကမ္မဋ္ဌာန်းထိုင်တာမှလွဲ၍ ကျန်သည့် လူ့ကိစ္စများ စိတ်မဝင်စားတော့ခြင်း၊ မလုပ် ကိုင်တော့ခြင်းစသည်တို့ကြောင့် လူ့ဝတ္တရားပျက်ကွက်လာကာ ကိုယ်ကတော့ ငြိမ်းချမ်း နေသလို ထင်နေရပေမယ့် လူ့ပတ်ဝန်းမှာ မငြိမ်းချမ်းတော့ပါ။ ဒါသည် ငြိမ်းချမ်းမှုကို ရှာပြီးတော့ တကယ်မငြိမ်းချမ်းနေရတဲ့ အခြေအနေသို့ ရောက်နေရခြင်းဖြစ်ပေသည်။

ဒါ့ကြောင့် ငြိမ်းချမ်းမှုကိုရှာကာမှ လူ့ငြိမ်းချမ်းမှုကို ထိခိုက်သွားစေသည့်၊ လူကို သာယာ စွဲလန်းစေသည့် (meditation) ကမ္မဋ္ဌာန်းထိုင်ခြင်းအလုပ်ကို ပမာဏလွန်ကဲစွာမပြုမိဖို့ ဆင်ခြင်သင့်ပေသည်။

လူအချင်းချင်း စကားပြောဆိုဆက်ဆံကြတဲ့အခါမှာ ရောက်တတ်ရာရာ စကား များပြောဆိုခြင်း၊ ရယ်စရာအပြောင်အပျက်စကားများ ပြောဆိုခြင်းတို့ အပေါ်တွင် သာယာစွဲလန်းပြီး ပြုမူနေကြတဲ့ ယနေ့ မြန်မာနိုင်ငံရဲ့ လဘက်ရည်ဆိုင် ယဉ်ကျေးမှု သည်လည်း လူကို သာယာယစ်မူးစေပြီး အချိန်ကုန်စေကာ၊ လုပ်စရာကိုင်စရာတို့ကို သတိမေ့ပျက်ယွင်းစေတာမို့ လူ့ငြိမ်းအေးမှုကို ထိခိုက်စေခြင်းကြောင့် ထိုကဲ့သို့ လဘက်ရည်ဆိုင် ယဉ်ကျေးမှု လွန်ကဲစွာ ပြုမူ ပြောဆိုနေထိုင်နေမှုများကိုလည်း ဆင်ခြင်သင့်ပေသည်။

ဒါ့ကြောင့် လူတွေ ပြုမူ၊ ပြောဆို၊ နေထိုင်ကြတဲ့အခါမှာ လူ့ကိစ္စများဆောင်ရွက် ဖို့မေ့လောက်အောင် သာယာယစ်မူးစရာ အကြောင်းအရာများပေါ်တွင် လွန်ကဲစွာ ကျင့် သုံးနေကြပါက ထိုကျင့်သုံးနေထိုင်မှုသည် လူ့ငြိမ်းချမ်းမှုကို ထိခိုက်စေခြင်းတို့ကြောင့် “တန်ရင်ဆေး၊ လွန်ရင်ဘေး“ဆိုသကဲ့သို့ ပမာဏလွန်ကဲစွာ မပြုမိကြဖို့ ဆင်ခြင်သင့် ပေသည်။

မိမိတို့ရနေတဲ့အခြေအနေမှာပဲ ရောင့်ရဲတယ်ဆိုကာ သာယာယစ်မူးနေကြပြီး တိုးတက်အောင် လုပ်ကိုင်ဖို့ သတိမေ့လျော့သလိုဖြစ်နေသော မြန်မာ့လူနေမှု စနစ်ကို နံပါတ် (၅) သီလတွင် ပုံစံဖြည့်၍ နားလည်ကျင့်သုံးနိုင်ကြပါလေ။

 

“နိဂုံးချုပ်”

အချုပ်အားဖြင့်ပြောဆိုရလျင် လူ့ငြိမ်းအေးမှုကို ထိခိုက်စေသည့် အပြု၊ အပြော၊ အနေအထိုင်တို့ကို ရှောင်ရှားနိုင်ကြဖို့အတွက် မိမိတို့ထံမှာ သိမ်းပိုက်ထားကြသော သဘောတရားများကို (အစွဲဖြင့်) တရားသေဆုတ်ကိုင်မထားကြဖို့လိုပေသည်။

ကိုယ်သဘောပေါက်နားလည်းထားသော သဘောတရားတို့ကို အခြားသဘော တရားတို့နှင့် နှိုင်းယှဉ်ဝေဖန်မှုမရှိပဲ ကိုယ့်အယူမှအမှန်၊ ကိုယ့်အယူနှင့်မတူ အမှားများဟု ကိုယ့်ပုံစံကို အသေထား၍ သုံးသပ်ရှုမြင်မှုများသည်လည်း လူ့ငြိမ်းချမ်းမှုကို ထိခိုက်စေပါ တယ်။

ကမ္ဘာပေါ်တွင်ဖြစ်ပွားခဲ့ကြသော ဘာသာစစ်ပွဲများသည် အယူဝါဒတစ်ခုကို တရားသေသိမ်းပိုက်ထားကြသူ “ပုံစံသေဝါဒသမားများ”ကြောင့်ဖြစ်ပေသည်။ ဒါ့ကြောင့် အယူဝါဒတစ်ခုပေါ်တွင် ပုံစံအသေဆုတ်ကိုင်ထားကြခြင်းတို့ကိုလည်း ဆင်ခြင်သင့်ပေ သည်။

ကောင်းမှု၊ မကောင်းမှု သတ်မှတ်ချက်တွင်လည်း မိမိတို့အယူဝါဒများ အတိုင်း တရားသေသတ်မှတ်ထားခြင်းကြောင့် လိုက်နာကျင့်သုံးနေမှုများ ကွဲလွဲနေကြခြင်းလည်း လူ့ငြိမ်းချမ်းမှုကိုပျက်ပြားစေပါတယ်။ ဒါ့ကြောင့် လူငြိမ်းအေးစေမှုကို ဦးတည်ကြတဲ့ အခါမှာ မိမိတို့ မှတ်သားသင်ယူထားခဲ့ကြရသော အယူဝါဒ၊ အသိအမြင် အစွဲများအတိုင်း ဆုံးဖြတ်၊ ကျင့်ကြံ၊ ပြုမူ၊ ပြောဆိုကြတာမပြုကြပဲ ယခုလက်ငင်းကြုံတွေ့နေရတဲ့ ဖြစ်စဉ်ရဲ့ ပကတိအခြေအနေအမှန်ပေါ်မှာ မိမိအယူနဲ့ တူခြင်း၊ မတူခြင်းထက်

လူ့ငြိမ်းအေးမှုကို ပိုမိုဖြစ်ထွန်းစေသည်ဆိုရင် လိုက်နာကျင့်သုံးပေးတတ်ကြဖို့ လိုပေ သည်။

ဒါမှသာ လူသားတို့အလိုရှိအပ်သော ငြိမ်းအေးသော အခြေအနေသို့ ရရှိသွား မှာဖြစ်ပေသည်။

(ငြိမ်းချမ်းမှုဓမ္မများကို ဖော်ဆောင်နေကြသော သူတစ်ချို့တို့ရဲ့ ငြိမ်းချမ်းမှုပျက်ပြားစေတဲ့ ပုံစံသေ၊ တရားသေဝါဒ လုပ်ရပ်များကို ပုံစံဖြည့်၍ နားလည်နိုင်ကြပါလေ။)

52 comments

  • blackchaw

    November 7, 2011 at 11:19 am

    “ဒါ့ကြောင့် ငြိမ်းချမ်းမှုကိုရှာကာမှ လူ့ငြိမ်းချမ်းမှုကို ထိခိုက်သွားစေသည့်၊ လူကို သာယာ စွဲလန်းစေသည့် (meditation) ကမ္မဋ္ဌာန်းထိုင်ခြင်းအလုပ်ကို ပမာဏလွန်ကဲစွာမပြုမိဖို့ ဆင်ခြင်သင့်ပေသည်။”
    သူရာမေရိယ ဆိုတော့ အရက်ကြိုက်တဲ့ ဘလက်ငမိုက်က စေစောစီးစီးတက်ကြွစွာ ဖတ်မိပါတယ်
    ကိုငြိမ်းအေးရေ။ ဒီပို့စ်ထဲကလိုဆိုရင်
    မန်းဂဇက်ကို လွန်ကဲစွာ သုံးစွဲနေသော ကျွန်တော်ဘလက်သည်လည်း ဒီကံကို ကျူးလွန်သလို
    ဖြစ်နေပါပြီ ခင်ဗျာ။ အဲဒါ ဟုတ်ပါသလား။ ကိုငြိမ်အေး အချိန်ရရင် ကျေးဇူးပြုပြီး ဆွေးနွေးပေးပါဦး ခင်ဗျာ။

    • mgmaung

      November 7, 2011 at 6:12 pm

      ဆီးချုပ်၊ ဝမ်းချုပ်၊ ဒူလာအစွဲခံတဲ့အထိ ကမ္မဋ္ဌာန်အထိုင်လွန်တာတော့ စဉ်းစားစရာ/
      လွန်တာဆို ဘာပဲဖြစ်ဖြစ် မကောင်းနိုင်/
      မနေနိုင်လို့ဝင်ရေးမိတာ လွန်သွားရင်လည်းမကောင်းဘူးပေါ့/ ဆောရီးပဲ။

    • mggwa

      November 8, 2011 at 7:47 pm

      သိပ်သေချာတာပေါ့ ကိုblackchawရာ၊ မန်းဂဇက်မှ မဟုတ်ဘူး၊ ဘာကိုပဲလုပ်လုပ် လွန်ကျူးရင်
      ကျူးလွန်တာလို့သာ မှတ်ပေတော့လို့ မလွန်မကျူးပြောလိုက်၏။

    • ကိုငြိမ်းအေး

      December 23, 2011 at 4:45 pm

      သုရာမေရိယကို အရက်သေစာတစ်ခုထဲ ယူတာထက် သာယာယစ်မူးစရာအာရုံအားလုံးကို ယူမှ ပြည့်စုံမယ်လို့ ယူဆပေးဖို့ လိုပါတယ်။ လူတွေဟာ ကိုယ်သာယာယစ်မူးတဲ့ အာရုံတရားတွေနဲ ့တွေ့ဆုံတဲ့အခါ သုံးဆောင်ထိတွေမှု ပမာဏလွန်ကဲသွားတတ်ကြပါတယ်။
      ဘယ်အာရုံကိုပဲဖြစ်ဖြစ် လူ့ခံနိုင်ရည်ထက် ပမာဏလွန်ကဲစွာ သုံးဆောင်ထိတွေ့မိမယ်ဆိုရင် လူကို ပုံစံတစ်မျိုးမျိုးနဲ့ ထိခိုက်စေမှာပါပဲ။ လူကိုထိခိုက်စေမယ်ဆိုရင်တော့ မငြိမ်းချမ်းနိုင်တော့ပါဘူး။ ဒါ့ကြောင့် မန်းဂဇက်ကိုမှ မဟုတ်ပါ (meditation) ကမ္မဋ္ဌာန်းထိုင်တဲ့ အာရုံတွေအပြင် ကျန်တဲ့ ဘယ်အရာတွေကိုပဲဖြစ်ဖြစ် လူ့ခံနိုင်ရည်ထက် ပမာဏလွန်ကဲစွာ မသုံးဆောင်မိဖို့ လိုအပ်ပါတယ်။

  • Koyin Sithu

    November 7, 2011 at 2:08 pm

    ကိုငြိမ်းအေးရဲ့ သူရာမေရာရကို အကျယ်ဖွင့်မှပဲ…
    ဂေဇက်မှာ မူးယစ်နေသော ကိုရင်ငမိုက်သားပါလားလို့
    ကံငါးပါးလုံးဝမလုံတာကို အသိတရားရသွားပါတယ်…။
    တစ်ခုမေးချင်ပါတယ်ခင်ည… စာမေးပွဲအောင်ချင်လို့…
    စာကျက်တာ…၊ အောင်တယ်ဆိုတဲ့အကျိုးကို လိုချင်လို့
    ကြိုးစားတာရော ကံလုံ/မလုံ သိချင်ပါတယ်…
    ကိုငြိမ်းအေးစာဖတ်ပြီး ကျနော် ဒီနေ့ကစပြီး အရက်ပြင်းမသောက်တော့ပါဘူး..
    ဘီယလောက်သာ မှီဝဲပါတော့မယ်ခင်ဗျာ..

    • inz@ghi

      November 7, 2011 at 2:15 pm

      ကြုံရင် …ကိုရင့်ကို ”ဘာယီ” ဖျော်ရည်လေး လာကပ်ဦးမှပဲ ….
      တပည့်တော်ကိုလည်း နည်းနည်းပြန်စွန့်ဦးနော် ဖျာ့…

      😀

  • kokomyo

    November 7, 2011 at 3:15 pm

    အရာရာမှာပုံစံအသေနဲ့ လုပ်နေကြမယ်ဆိုလျှင် လှေနံဓားထစ်ဆိုသလို ဖြစ်နေမှာ ဖြစ်ပါသည်။
    ဘာပဲလုပ်လုပ် လွန်ကဲစွာလုပ်ကိုင်မိမယ်ဆိုလျှင်တော့ လက်တွေ့အားဖြင့်အကဲခတ်ကြည့်တော့ မကောင်းမှန်းသိလာပါသည်။ ဥပမာ ထမင်းစားတာတောင် စားကောင်းကောင်းနဲ့စားလို့ စားသင့်တာထက် ပိုစားမိရင် မကောင်းသလို စားသင့်တာထက်လျောစားမိရင်လည်း မကောင်းပါ။
    ဒါ့ကြောင့် ဘယ်ကိစ္စမှာပဲဖြစ်ဖြစ် အပို/အလျော့တွေ မဖြစ်အောင် ဝေဖန်စစ်ပြီး နေထိုင်ကြရင် အကျိုးများမှာလို့ ထင်မိပါတယ်။

  • ကြောင်ကြီး

    November 8, 2011 at 12:06 pm

    ဒီလိုရှိတယ်ဗျ။ ကမ္မဌာန်းထိုင်တာ ဖြစ်မလားလို့ အတင်းအားထုတ်နေသူ၊ အဆင့်တခု အောင်မြင်သွားလို့ အရှိန်နဲ့ဆက်သွားနေသူ နှစ်မျိုးယေဘူယျ ရှိတယ်။ ဖြစ်မလားဆိုပြီး ဇွတ်ကြိတ်မှိတ်လုပ်နေသူကတော့ အတော်ရှားပါမယ်။ လောကီအလုပ်လို အော်ဟစ်ဆဲဆို ဖွင့်ထုတ်ရတဲ့ အလုပ်မျိုး မဟုတ်ဘူးလေ။ ကိုယ့်ကိုယ်ကို ထိန်းချုပ်ရတဲ့အလုပ်မျိုးဆိုတော့ အချိန်တခုပေးပြီး ဖြစ်မလာရင် ရပ်လိုက်ကြမယ် ဒါမှမဟုတ်လဲ ဘေးထိုင်ဘုပြောတော့မယ်ပေါ့နော်။ အဲသလို အစားမျိုး ကျုပ်တို့ရွာထဲ အများကြီးပဲ။ ရှင်းရှင်းပြောရင် စပျစ်သီးချဉ်တယ် ပြေသလိုပေါ့ဗျာ။ ထားပါတော့ သူ့ထိုက်နဲ့သူ့ကံ သူ့လမ်းသူသွားပါလိမ့်မယ်။
    တရားအလုပ် အရှိန်ရနေသူကြတော့ သူရနေတဲ့ ခံစားမှုကို ဘယ်အရာနဲ့မှ မလဲနိုင်ဘူးဗျို့။အဲဒီမှာ သမထနဲ့ ဝိပဿနာ နှစ်မျိုးထပ်ခွဲလို့ရတယ်။ နှစ်မျိုးစလုံး ငြိမ်ငြိမ်သက်သက် ကမ္မဌာန်းထိုင်ကြတာပဲ။ လောကီစည်းစိမ် ကာမဂုဏ်ဆိုတာ အသေးအမွှား ဖြစ်သွားပြီ။ သမထသမားအတွက် ဈာန်သမာဓိတည်ခြင်း ခံစားမှုသည် အရေးအကြီးဆုံးဖြစ်သွားပြီ။ သူ့မှာ တဏှာပါတယ်၊ လောဘရှိတယ်။ ပူလောင်မှုသောကများကနေ ကင်းဝေးချင်တယ်၊ တန်ခိုးအဘိညာဉ်ရနေရင်လည်း သာယာတယ်။ တရားတွေ့နေတဲ့ ဝိပဿနာသမားကြတော့ အားလုံးကို အပြစ် ခံစားစရာမမြင်၊ အလိမ်ခံနေရမှန်းသိလို့ ရုပ်နာမ်တို့မှ လွတ်ရာနေရာလေးတခုကို ညဏ်နဲ့ရှာပြီး တည်နေတာ။ တဏှာ၊ ကိလေသာ ကင်းတယ် (သူ့အဆင့်အလိုက်ပေါ့နော်) ကြံဖန်ပြောရင်တော့ ရတာပေါ့ဗျာ။ ဥပမာ လောကမှာ မရှိခြင်း ရှိခြင်း နှစ်မျိုးရှိတယ်။ ရှိတယ်ဆိုတာ လူတိုင်းနားလည်တယ်။ လူမိုက်တွေကတော့ ရှိခြင်းကို ဖက်တွယ်ထားတယ်။ မရှိခြင်းကြတော့ ဘယ်လိုပြောမလဲ။ ပြောလိုက်ပြန်ရင်ကို ရှိနေပြီ၊ မပြောဘဲ ထားပြန်တော့ရော ရှိခြင်းတခုပဲ တည်နေသလို ဖြစ်နေပြန်ပြီ။ အဲဒါ ပညတ် ပရမတ် သဘောတရား အခြေခံပဲ။ ဒါကို လူမိုက်လူကပ် ဗာလာနံတွေက ညဏ်တထွာတမိုက်နဲ့ မရှိဘူးလို့သုံးရတဲ့ ဝေါဟာရကို အခွင့်ကောင်းယူပြီး မရှိဘူးဆိုတာ ရှိလို့ ရှိ၊ မရှိ နှစ်မျိုးစလုံး ရှိနေတယ် ပြောကြတယ်။ အဲဒီသဘောပဲ စွဲလန်းခြင်း တဏှာကိုလည်း လိုရာဆွဲ အဓိပ္ပါယ်ဖွင့်တယ်။ တည်မနေခြင်းသဘော ကိုမသိရှာဘူး။ ပစ္စုပ္ပန်ဆိုကို ဖက်တွယ်ထားရင် အတိတ်၊ အနာဂတ် နှစ်မျိုးစလုံး ရှိသွားတယ်။ အတိတ်နောင်တ၊ ပစ္စုပ္ပန်မသိမှု၊ အနာဂတ်စိုးရိမ်မှု သုံးခု တခုနဲ့တခု ရေအလျဉ်လို ချိတ်ဆက်သွားတာသိဖို့ ညဏ်ပါမလာကြဘူး။ ဘုရားဟောတဲ့ အတ္တဆိုတာ ဖန်ဆင်းရှင်ဝါဒလို ထာဝရတည်တာမှ မဟုတ်ဘူး (အဲဒါက အဆင့်နိမ့်တယ်၊ သိသာလွယ်တယ်) လက်ရှိကလေးကို ငါလုပ်တယ်၊ ငါရှိတယ်၊ ငါစဉ်းစားတယ်၊ ငါအသက်ရှုတယ် ထင်နေရင်ကို အတ္တဒိဠိမြောက်တယ်။ ဒီထက်ပိုနက်နက်နဲနဲပြောရင် တရားမှတ်နေစဉ် ဖြစ်ပျက်မှတ်နေစဉ်တောင် မသိစိတ်ကနေ ဖြစ်ပျက်ဖြစ်ပျက် လုပ်ခိုင်းနေရင်တောင် အနတ္တရှုနေပေမဲ့ အတ္တဖြစ်နေပြီ။။။။။။ ဒါတွေကို မသိဘဲ စွတ်စပ်ရမ်းအုတ်နေတော့ ရွာနာတယ်ဟေ့။။။။။။။

  • True Answer

    November 8, 2011 at 2:54 pm

    ဆရာတော် ဦးဇောတိကပြောတဲ့စကားတစ်ခွန်းရှိပါတယ်။
    တောထဲမှာ အေးအေးဆေးဆေး ကမ္မဌါန်း တရားအားထုတ်နေတဲ့သူတွေဟာ လူ့လောကအကျိုးကို အပြုဆုံးလူသားတွေပါပဲတဲ့။ သူတို့ကြောင့် ဘယ်သူတစ်ဦးမှ ထိခိုက်နစ်နာ စိတ်ဆင်းရဲနေရခြင်းမရှိပေ။

    လူသားကောင်းစားရေး
    လူသားအကျိုးပြု
    လူ့ ငြိမ်းချမ်းရေး ဟု စကားကို တွင်တွင် သုံးကာ
    ဘာအယူဝါဒကိုမှ တရားသေမမှတ်နဲ့ ဆိုတဲ့ အယူဝါဒကို တွင်တွင် ပြောကြား ဆုပ်ကိုင်လျှက်
    ဘာဝါဒ ညာဝါဒ ကိုတည်ထောက်နေသူတို့က အပြောနှင့် အလုပ်တခြားစီ ဖြစ်နေပါလေသည်။

    ဆရာကြီး ဂိုအင်ကာ ၏စကားတစ်ခွန်းရှိလေသည်။

    မိမိ နှလုံးအိမ်တစ်ခုတည်းကိုပင် အေးချမ်းအောင် ပူလောင်မှုတို့မှ ကင်းဝေအောင် မလုပ်ဆောင်မဆောင်ရွက်နိုင်သူများက
    မိမိမိသားစု၊ မိမိရပ်ကွက်၊ မိမိနိုင်ငံ၊ ကမ္ဘာကြီးငြိမ်းချမ်းရေး အတွက်ဆောင်ရွက်မည် ဆိုသည်မှာ ရီစရာအလွန်ကောင်းလှပေသည်။
    မိမိစိတ်နှလုံးတစ်ခုကိုပင် ငြိမ်းချမ်းအောင် မထားနိုင်ပဲ မည်မျှ ပင် ငြိမ်းချမ်းရေးစကား-ကိုယ်ကျင့်တရားတို့ကို အာပေါက်အောင်ပြောပြော….အဆံမပါသော သင်္ကြန်အမြောက်ကဲ့သို့သာ ဖြစ်ချေမည်။

    လောကကြီးငြိမ်းချမ်းရေးအတွက် အပြောမဟုတ် လက်တွေ့လုပ်ဆောင်ပြနေမှုများ…

    http://www.dhamma.org/en/art.shtml

    http://realenlightenment.multiply.com/video/item/3/3

    • mggwa

      November 8, 2011 at 7:51 pm

      (တောထဲမှာ အေးအေးဆေးဆေး ကမ္မဌါန်း တရားအားထုတ်နေတဲ့သူတွေဟာ လူ့လောကအကျိုးကို အပြုဆုံးလူသားတွေပါပဲတဲ့။ သူတို့ကြောင့် ဘယ်သူတစ်ဦးမှ ထိခိုက်နစ်နာ စိတ်ဆင်းရဲနေရခြင်းမရှိပေ။ ) ဆိုတာ
      ဘယ်သူမှ ထိခိုက်နစ်နာ မရှိတာ- ဝါရိတ္တသီလပါ၊
      လူ့တာဝန်ဝတ္တရားတွေပျက်ကွက်နေတာ – စာရိတ္တသီလ ပျက်နေတာ၊
      သို့ကြောင့် ဒါ တစ်ခြမ်းပဲ့သီလပါလို့ – – ။ မလုံတစ်ဝက်၊ လုံတစ်ဝက်ပဲ၊

  • True Answer

    November 8, 2011 at 3:08 pm

    လူ့ငြိမ်းအေးမှု ဆိုသည်ထက်………..
    မိမိကြောင့် လူအများအပေါ်ထိခိုက်နစ်နာမှုမဖြစ်ဖို့အရေးကြီးပေသည်။

    အေးချမ်းတည်ငြိမ်နေသောစိတ်သည် သူတပါးကို ထိခိုက်နစ်နာအောင် မည်သည့်အခါမှမပြုလုပ်ပေ။
    မကျေနပ်မှု၊ ပူလောင်မှု၊ ထိတ်လန့်မှု၊ မုန်းတီးမှုများနှင့်ယောက်ယက်ခတ်နေသောစိတ်များအတွက်……
    သူတပါးကို ထိခိုက်နစ်နာအောင် လုပ်ရန်တာစူနေလေသည်။
    ထိုကဲ့သို့သော စိတ်များအတွက် လူ့ငြိမ်းအေးမှုဆိုသည်မှာ………
    အပြောသက်သက် သာဖြစ်ပြီး
    တကယ်လက်တွေ့မှာ ဘယ်တော့မှ ဖြစ်လာနိုင်မည်မဟုတ်ဟု………..

    http://realenlightenment.multiply.com/journal/item/37/37

  • True Answer

    November 8, 2011 at 3:27 pm

    ကမ္ဘာကြီးငြိမ်းချမ်းရေးပြောပြော…….လူ့အေးငြိမ်းမှုပြောပြောအတွက် တကယ့် ငြိမ်းချမ်းရေးအစစ် အတွက် အဓိကလိုအပ်ချက်ကို ကုလသမဂ္ဂတွင် ဘာသာရေးခေါင်းဆောင်များအား ဆရာကြီး ဂိုအင်ကာ၏ပြောကြားချက်။

    Speech By S N Goenka in U.N. Peace Summit

    http://soewinhtut.multiply.com/video/item/7

    (မှတ်ချက် ။ လူ့အေးငြိမ်းမှုဆိုတော့ တိရိစ္ဆာန်တွေမပါဘူးထင်ပါ့)

  • mggwa

    November 8, 2011 at 8:02 pm

    ကိုယ့်လူ True Answer က ကိုယ်ကဘာလဲ? ဘာကိုငြိမ်းအေးစေချင်တာလဲ၊ မှန်ပြန်ကြည့်ဦးလေ။

  • mggwa

    November 8, 2011 at 8:11 pm

    ကမ္ဘာရှိလူအများစု အားအားရှိ (meditation) ကမ္မဋ္ဌာန်းထိုင်နေကြရင် ဒီကမ္ဘာကြီးဘာဖြစ်သွားမလဲ၊ ဟူး ။ မတွေးရဲစရာပဲ။
    လွန်တာတော့ ဘာမှမကောင်းပေါ့။ လွန်တာရှိ ပြန်လျှော့ပါ့မယ်ခင်ဗျ။

    • True Answer

      November 9, 2011 at 7:49 am

      ကို magga တို့က ကမ္ဘာရှိ လူတွေ အများစု တရားအားထုတ်ရင် –
      ဟစ်တလာ တို့လို ဆာဒမ်တို့လို ၊ မစ္စတာဘင်လာဒင်၊ တို့လို လူတွေ မပေါ်လာတော့မှာ စိုးရိမ်နေပုံရတယ်။
      နောက်ပြီး အရက်သမားတွေ၊ ကံငါးပါးကျူးလွန်မယ့်သူတွေ မရှိတော့မှာ စိုးရိမ်နေပုံရတယ် ထင်ပါ့။

      ပစ်ဆုပ်ပန်လား အနာကတ်လားတော့မသိ ဗုဒ္ဓဘာသာလို့အမည်ခံလျှက် ဒီလိုအတွေးအခေါ်တွေပေါ်ပေါက်လာအောင် လုပ်နိုင်တဲ့ …..အဆိုပါ….(……ဝါဒ)ကို ကား …ဩချလောက်ပါရဲ့။

      • mgmaung

        November 10, 2011 at 11:55 am

        လူတွေ အများစု ကမ္မဋ္ဌာန်းထိုင်နေရင်
        ဟစ်တလာ၊ ဆာဒမ်၊ ဘင်လာဒင်၊ တို့လို လူတွေ မပေါ်လာနိုင်/
        လယ်ယာစိုက်သူ၊ အဝတ်အထည်လုပ်သူ၊ လောကသားတွေအတွက်ေ ကာင်းကောင်းမွန်မွန် နေနိုင်ဖို့ သောမက်အက်ဒီဆင်လို တီထွင် ပညာရှင်တွေလည်း ဘယ်ပေါ်လာတော့မလဲ လို့ မျှတစွာ စဉ်းစားမိ/
        အလုပ်မလုပ်ပဲ အားအားရှိ (meditation) ကမ္မဋ္ဌာန်းထိုင်နေရင် သုညကနေဘယ်တတ်တော့မလဲ/
        လူတစ်ယောက် တစ်နေ့ ၂-နာရီတရားထိုင်၊ ၈- နာရီ အလုပ်လုပ်/
        နောက်တစ်ယောက် တစ်နေ့ ၈-နာရီတရားထိုင်၊ ၂- နာရီ အလုပ်လုပ်/
        သင်ဘာကို လုပ်မလဲ/ လွန်တာကတော့ ဘာမှမကောင်းနိုင်။

        • ကြောင်ကြီး

          November 10, 2011 at 12:32 pm

          အဲလိုကပ်ပြောကြေးဆို ကျုပ်ကလည်းဂွပြန်ပြောမယ်။ လူတွေ အများစု ကမ္မဋ္ဌာန်း မထိုင်နိုင်ကြလို့ ကိုယ်ကျင့်တရား ချို့ယွင်းလာပြီး စိတ်တွေဖောက်လာတယ်။ လိုချင်စိတ်များလာတယ်။ မနောကံနောက် ဝစီကံ၊ ကာယကံမြောက် ကျူးလွန်ကုန်တယ်။ စုတ်ပြတ်သတ်နေတဲ့ လူရိုင်းခေတ်ကို တခုပဲ တွေးမကြည့်နဲ့။ သူထက်စောတဲ့ လိုချင်တက်မက်ကျူးလွန်စိတ် မရှိသလောက်နည်းပါတဲ့ ခေတ်ရှိတယ်လို့လည်း တွေးကြည့်အုံး။ (ဟုတ်တယ်နော်၊ အဆိုးနဲ့စတယ်လို့ တွေးမှ မှန်တယ်ဆိုရင် ဘယ်တော့မှ ကောင်းမလာနိုင်ဘူး)။ သောမက်အယ်ဒီဆင်တို့ကိုလည်း အဲသလိုပဲ တွေးကြည့်။ ရုပ်ဝတ္ထုတိုးတက်လာတာ လူတွေပိုကိလေသာ များလာလို့။ ပင်လယ်ရေငန်လိုပဲ ဘယ်လောက်သောက်သောက် ရေငတ်မပြေဘူး။ သူခေတ်နဲ့ သူအခါ ဖြစ်လာတာကို တားနေတာ မဟုတ်ဘူးနော်။ ကံအတိုင်းဖြစ်လာရင် ဘယ်သူမှ တားခွင့်မရှိဘူး။ တရားသေ အမြင်တခုထဲနဲ့ မကြည့်စေချင်လို့ပြောသည်မှတ်။။။။

        • True Answer

          November 10, 2011 at 2:04 pm

          ဗုဒ္ဓတရားတွေထဲမှာ အဆင့်မြင့်ဆုံးဖြစ်တဲ့ ကမ္မဋ္ဌာန်းထိုင် ဆိုတဲ့ အလုပ်ကို ဗုဒ္ဓတရားကို စာလုံးတွေနဲ့သာ နားလည်တဲ့ လူတွေက လွန်အောင်မလုပ်နဲ့လေး ဘာလေးနဲ့ ဝေဖန်ပြနေတော့ လည်းအခက်သားလား။
          လွန်-မလွန်ဆိုတာ ဘာနဲ့ တိုင်းတာမှာလဲ။ ဗုဒ္ဓဟာ တောထဲမှာ ၆ နှစ်လောက် အားလုံးကို ထားခဲ့ပြီး ကမ္မဋ္ဌာန်းထိုင်ခြင်း (သို့) သစ္စာတရားကို သိနားလည်အောင်ကြိုးစားခြင်းသည် လွန်ကဲပါသလား။
          (ကိုယ်တော်ချော တို့အမြင်လောက် လာဝေဖန်နေတာဆိုရင်တော့ ဆက်လက်ပြောစရာ စကားမရှိပါ)
          ဗုဒ္ဓတရားတွေထဲမှာ အဆင့်မြင့်ဆုံးဖြစ်တဲ့ ကမ္မဋ္ဌာန်းထိုင် တဲ့အလုပ်ဟာ ((ထိုင်ဆိုတဲ့ စကားလုံးပါပေမယ့် ))အထိုင်ချည်းလုပ်နေရတဲ့ အလုပ်သက်သက်မဟုတ်ပါ။
          …..ဘာဝနာ ပွားများခြင်းအလုပ်ဟူသည် စိတ်နှင့် အဓိကပတ်သက်လေသည်။
          မကျွမ်းကျင်ခင်အစပိုင်းမှာထိုင်ပြီးလုပ်ရသော်လည်း နေ့စဉ် နေရင်းစားရင်း daily life မှာ လည်း နဂိုမူလအလုပ်မပျက်ပဲလုပ်နိုင်ပါတယ်။

          ဒီတရားအလုပ်ဟာ…မဆုံးနိုင်တဲ့လောဘနဲ့ လောကီ စီးပွားရှာတဲ့အလုပ်တွေလို ၊ မဆုံးနိုင်တဲ့ ဒေါသနဲ့ ဟိုဝေဖန် ဒီဝေဖန်အလုပ်တွေလို ………အဆုံးမရှိလုပ်နေရသည်လည်းမဟုတ်ပါ။

          အဆုံးသတ်ရှိသောသေချာသည့်အလုပ်ဖြစ်လေသည်။ ဘုရားရှင်ခေတ်ကလည်း daily life မှာ အလုပ်လုပ်ကိုင်ရင်း တရားလမ်းဆုံးရောက်သွားသော layman လူပုဂ္ဂိုလ်အရိယာများ မရေမတွက်နိုင်ပါ။

          ကမ္မဋ္ဌာန်းတရားကို လမ်းဆုံးအောင်လုပ်ပြီး အများအကျိုးကို အပြောမဟုတ် လက်တွေ့ ဆောင်ရွက်ပြနေသူများ …ယနေ့ခေတ်လောကတွင် အထင်အရှားဖြစ်သည်ကို ကြည့်တတ်လျှင် မြင်နိုင်ပါသည်။

          မိမိတို့ ယခု လက်ခံနေသော ထင်မြင်ယူဆမှုများကို ဝါဒဖြန့်ခဲ့ သူ (ဆရာတင်ထားသူ) နှ င့် ဆရာကြီးဂိုအင်ကာ၊ သီတဂူဆရာတော်၊ သန်လျင်သဘာဝရိပ်သာဆရာတော်စသည့် မဆုံးနိုင်သော လောဘ-ဒေါသ-သောက ပူလောက်မှုတို့ကို အဆုံးသတ်စေမည့် ကမ္မဋ္ဌာန်းတရားကို လမ်းပြပေးသူတို့ …….မည်သူက လောကအကျိုးကို (သို့) လူ့ငြိမ်းချမ်းရေး အပါအဝင် မိမိပတ်ဝန်းကျင် လူအများအကျိုးစီးပွား ကို အပြောမဟုတ် တကယ် ဆောင်ရွက်နို်င်နေပါသလဲဆိုတာ …. အသိဉာဏ်လေး နဲနဲထည့်ကာ နှိုင်းယှဉ် ချိန်ဆ…ကြည့်လျှက် သိနိုင်နေပါပြီ။

        • mgmaung

          November 10, 2011 at 5:50 pm

          ကိုကြောင်နဲ့ True Answer ရာ
          (meditation) ကမ္မဋ္ဌာန်းမထိုင်ဖို့ မဆိုပါ/
          လွန်နေရင်သာ မကောင်းတာ/
          မျှတမှသာကောင်းမွန်မှာ အဲဒါမဇျ္စိမပါဗျာ/
          ကိုယ့်ဆရာတို့က အရမ်းထိုင်ကြတယ်နဲ့ တူတယ်။

        • nature

          November 10, 2011 at 11:06 pm

          လောကီအလုပ်နဲ့ လောကုတ္တရာအလုပ်ကို ကွဲပြားစွာသိနိုင်ပါစေ။

        • ကြောင်ကြီး

          November 11, 2011 at 11:39 am

          ကမ္မဌာန်းထိုင်မထိုင်ထက် မိမိစိတ်ကို တရားတော်နဲ့ အညီထားဖို့ ဆိုရင်းပါ။ ကို true answer ပြောသလိုပဲ တရားထိုင်တယ်ဆိုတာ လေးနက်အောင် ပုံဖော်ပြောတာ။ စိတ်ထဲမှာ ဆင်ခြင်နေလည်း ဖြစ်တယ်။ သို့ပေမဲ့ အဲသလိုစိတ်ထားနိုင်အောင်လည်း စူးစူးစိုက်စိုက် တရားမှတ်တဲ့ အလေ့အကျင့် ရှိမှဖြစ်မှာပေါ့နော်။ ဒီတော့ ပြောချင်တာ တရားတော်နဲ့အညီ စိတ်မွေးပြီး ဘဝကိုဖြတ်သန်းခြင်းသည်သာ သူ့ဖို့ကိုယ့်ဖို့ လောကအဖို့ မျှမျှတတနဲ့ အကျိုးအရှိဆုံးလို့ ပြောချင်တယ်။ နင်တို့လို ရုပ်ဝါဒီတွေ ဘာကိုဦးတည်နေသလည်းဆိုတာ သိလို့ဟေ့….။
          တကွက်ရွှေ့ပေမဲ့ ပွဲဆုံးအထိမြင်တတ်သော ကြောင်ကြီး 😎

    • sai mokkham

      April 20, 2012 at 4:09 pm

      ကောင်လိုက်တဲစာသား

  • မိုက်ကယ်ဂျော်နီအောင်ပု

    November 8, 2011 at 8:58 pm

    ၃ ပေခွဲကျော်ရှိ တောက်တဲ့ကို ကျပ်သိန်းပေါင်း တစ်သောင်းခုနစ်ထောင်ဖြင့် ဝယ်ယူ
    စစ်ကိုင်းတိုင်းဒေသကြီး ကျောက်ဆည်ကျေးရွာတွင် တောက် တဲ့ တစ်ကောင်ကို ကျပ်သိန်းပေါင်း တစ်သောင်းခုနစ်ထောင်ဖြင့် အောက်တိုဘာ ၃ဝ ရက်က အရောင်းအဝယ်ဖြစ်သွားကြောင်း သတင်းရရှိသည်။ “ကျောက်ဆည်ရွာက တောက်တဲ့တော့ မဟုတ်ဘူး။ အဲဒီရွာကိုယူပြီး အရောင်းအဝယ်ဖြစ်တာ တောက်တဲ့အရှည်က ၃ ပေခွဲရှိတယ်။ အလေးချိန်က တစ်ပိဿာလေးဆယ်ကျပ်သားရှိတယ်”ဟု မျက်မြင်သက်သေတစ်ဦးကဆိုသည်။
    အဆိုပါ တောက်တဲ့အား မန္တလေးဒေသခံ ကုန်သည်တစ်ဦးက ကျပ်သိန်းပေါင်းတစ်သောင်းဖြင့် ဝယ်ယူရန် ကနဦးကမ်းလှမ်းခဲ့သည်ဟု မန္တလေးဒေသခံ တောက်တဲ့ကုန်သည်တစ်ဦးက ဆိုသည်။ “ကျပ်သိန်းပေါင်း တစ်သောင်းပေးတာ မရောင်းလို့ သိန်းငါးသောင်းပေးမယ် သွားကမ်းလှမ်းတော့ ရောင်းပြီးကြောင်း သိလိုက်ရတယ်”ဟု အဆိုပါ ဒေသခံ ကုန်သည်ကဆိုသည်။

    အဆိုပါ တောက်တဲ့အား မန္တလေးဒေသခံ တရုတ်ကုန်သည်များက ဝယ်ယူခြင်းဖြစ်ပြီး တောက်တဲ့၏ ၃ ရက်တစ်ကြိမ် အန်ထုတ်သော အန်ဖတ်အား ဆေးဖော်ရာတွင် အသုံးပြုကြောင်း သိရသည်။ ဈေးကွက်တွင် ၂၅ ကျပ်သားအထက် အလေးချိန်ရှိသော တောက်တဲ့များကို မန္တလေးမြို့၌ အခြေစိုက်၍ လိုက်လံဝယ်ယူနေကြောင်း သတင်းရရှိသည်။
    http://www.planet.com.mm/news/read.cfm/id/18160

    • မိုက်ကယ်ဂျော်နီအောင်ပု

      November 8, 2011 at 9:00 pm

      ဘာရယ်ဒေါ့ဟုတ်ပါဘူး
      အဲ့သည်တောက်တဲ့နဲ့
      သုရာမေရယ နဲ့ ဘယ်လိုများပန်သက်မလဲလို့ပါ

  • parlayar46

    November 8, 2011 at 11:37 pm

    ကြောက်လို့ သိပ်တောင်မပြောရဲဘူး။

    ဒါပေသိ- ကို/ဦး mggwa ပြောတဲ့
    “ကမ္ဘာရှိလူအများစု အားအားရှိ (meditation) ကမ္မဋ္ဌာန်းထိုင်နေကြရင် ဒီကမ္ဘာကြီးဘာဖြစ်သွားမလဲ၊” ဆိုတာလေးတော့…

    ဒါတကယ်ကလုံးဝမဖြစ်နိုင်ဘူးဆိုတာတော့ လူတိုင်းသိပါတယ်နော်။
    တကယ်လို့များ ဖြစ်များဖြစ်ခဲ့ရင် အဖြေပေးစရာရှိပါတယ်။
    ကမ္ဘာရှိလူအများစု အားအားရှိ (meditation) ကမ္မဋ္ဌာန်းထိုင်နေကြရင် ဒီကမ္ဘာကြီး အရမ်းအရမ်းနေလို့ကောင်းသွားမှာ။

    ကောင်းသွားမယ့်အချက်တွေ ကုဋေကုဋာထဲက တခုလောက်ပြောကြည့်မယ်။
    အရက်သောက်မယ့်သူ တော်တော်နဲသွားလို့ အရက်တွေဈေးပေါသွားမယ်ထင်တာပဲ။
    အရက်သမားနေရာက တိုက်တွန်းရရင် – အရက်ချက်ရောင်းတဲ့သူမှအပ ကျန်လူအားလုံး တရားအားထုတ်ကြပါဗျိုး…..

    (သဘောတရားလေးပြောကြည့်တာနော- ကျုပ်က အရက်တစက်မှသောက်တဲ့သူမဟုတ်)

  • nature

    November 9, 2011 at 7:09 pm

    …စိတ်ချမ်းသာအောင် နေထိုင်ကြတဲ့အခါမှာလည်း ယနေ့ခေတ်အခါ ခေတ်စား နေသည့် (meditation) ကမ္မဋ္ဌာန်းထိုင်သည့်အလေ့အထသည်လည်း လူ့စိတ်ကို ချမ်း သာအောင် သာယာစေတာမို့ လူကိုစွဲလန်းစေပါတယ်။ ထိုကမ္မဋ္ဌာန်းထိုင်သည် အလုပ် ပေါ်မှာ သာယာစွဲလန်းပြီး ပမာဏလွန်ကဲစွာထိုင်မိနေပါက ထိုသူတို့သည် စိတ်ငြိမ်ငြိမ် လေးနဲ့ပဲ နေလိုတော့ခြင်း၊ စိတ်ငြိမ်နေမှုကို ထိခိုက်စေတဲ့ လူမှုပတ်ဝန်းကျင်ကို ရှောင်ခွာ လိုခြင်း၊ ကမ္မဋ္ဌာန်းထိုင်တာမှလွဲ၍ ကျန်သည့် လူ့ကိစ္စများ စိတ်မဝင်စားတော့ခြင်း၊ မလုပ် ကိုင်တော့ခြင်းစသည်တို့ကြောင့် လူ့ဝတ္တရားပျက်ကွက်လာကာ ကိုယ်ကတော့ ငြိမ်းချမ်း နေသလို ထင်နေရပေမယ့် လူ့ပတ်ဝန်းမှာ မငြိမ်းချမ်းတော့ပါ။ ဒါသည် ငြိမ်းချမ်းမှုကို ရှာပြီးတော့ တကယ်မငြိမ်းချမ်းနေရတဲ့ အခြေအနေသို့ ရောက်နေရခြင်းဖြစ်ပေသည်။…
    မြတ်စွာဘုရားက ဝိပဿနာအလုပ်သည် နိဗ္ဗာန်သို့သွားသော တခုတည်းသော လမ်းဖြစ်သည်လို့ ဟောခဲ့ပါတယ်။ ဘုရားလက်ထက်က ရဟန်းတော်များသည် တရားထူးတရားမြတ်များရဖို့ အတွက် စိတ်ရှည်ဇွဲသန်စွာ ကျင့်ခဲ့ရသူများရှိပါသည်။ ကိုုငြိမ်းအေး၏ အထက်ပါအယူအဆသည် သံသရာ မှ လွတ်မြောက်ဖို့ တခု တည်းသောတံခါးပေါက်ဖြစ်သော တံခါးပေါက်ကြီးကို ပိတ်စေပြီး လူများသံသရာထဲတွင် လည်စေရန် ထောင်ချောက်ဆင်ထားသော လူ့မြုံးအယူအဆကြီးတခုဟု ထင်မြင်မိပါသည်။

  • chityimhtoo

    November 9, 2011 at 8:47 pm

    မောင်ဂွ မောင်ဂွ …ရွာထဲမှာအင်မတန်မှအမှောင်ကျနေပါလား။သုရာမေရယ ကိုငယ်ငယ်ထဲကကြားဖူးတာ
    တော့ မူးရစ်စေတဲ့အရာကြောင့်ကျန်တဲ့ ကံ၄ပါးကိုကြူးလွန်ဖို့ ဝန်မလေးတဲ့ အတွက် သုရာမေရယ ကံကိုမကြူးလွန်ဖို့အရေးအကြီးဆုံးလို့ ကြားဖူးထားတာပါ။ကျွန်တော်တို့ဘဲဉာဏ်မမှီတော့လို့လားတော့မသိဘူး။ခုကိုငြိမ်းအေးရေးထားတဲ့ သုရာမေရယ ကိုဘယ်တရားတော်မှလည်းမနာဖူးဘူး။ဘယ်စာအုပ်မှာမှလည်းမဖတ်ဖူးဘူး။
    ဒီလိုဘဲကိုယ်ထင်ရာကိုယ်ပြောနေကျရင်မစဉ်းစားတတ်သေးတဲ့လူငယ်တွေအတွက် အလွဲလွဲအချော်ချော်
    တွေဖြစ်ကုန်မယ်ထင်မိပါတယ်။မိမိဉာဏ်မှီသလောက်လေး ပြောမိတာပါ။

  • chityimhtoo

    November 9, 2011 at 8:49 pm

    မောင်ဂွ မောင်ဂွ …ရွာထဲမှာအင်မတန်မှအမှောင်ကျနေပါလား။သုရာမေရယ ကိုငယ်ငယ်ထဲကကြားဖူးတာ
    တော့ မူးရစ်စေတဲ့အရာကြောင့်ကျန်တဲ့ ကံ၄ပါးကိုကြူးလွန်ဖို့ ဝန်မလေးတဲ့ အတွက် သုရာမေရယ ကံကိုမကြူးလွန်ဖို့အရေးအကြီးဆုံးလို့ ကြားဖူးထားတာပါ။ကျွန်တော်တို့ဘဲဉာဏ်မမှီတော့လို့လားတော့မသိဘူး။ခုကိုငြိမ်းအေးရေးထားတဲ့ သုရာမေရယ ကိုဘယ်တရားတော်မှလည်းမနာဖူးဘူး။ဘယ်စာအုပ်မှာမှလည်းမဖတ်ဖူးဘူး။
    ဒီလိုဘဲကိုယ်ထင်ရာကိုယ်ပြောနေကျရင်မစဉ်းစားတတ်သေးတဲ့လူငယ်တွေအတွက် အလွဲလွဲအချော်ချော်
    တွေဖြစ်ကုန်မယ်ထင်မိပါတယ်။မိမိဉာဏ်မှီသလောက်လေး ပြောမိတာပါ။မြတ်စွာဘုရားရဲ့တရားတော်တွေ
    ကအင်မတန်မှလေးနက်ပါတယ်။ဆင်ခြင်နိုင်ကျပါစေ။

    • မိုးချမ်းမြေ့

      November 14, 2011 at 2:33 pm

      တမျိုးမထင်နဲ့နော်။ အကြည်တော်က စာပေဟောပြောပွဲတစ်ခုမှာပြောသွားတာလေးကို သတိယ
      လို့ပါ။ အရက်သောက်ထားရင် သူများအသက်သတ်ဖို့မပြောနဲ့ မြောင်းထဲပြုတ်ကျပြီးမသေ
      အောင်တောင်မှ သတိထားနေရတယ်တဲ့။ မူးနေတဲ့အခါများဆို သူများဥစ္စာပစ္စည်းမပြောနဲ့ ကိုယ့်
      အိတ်ကပ်ထဲကပိုက်ဆံတောင် ဘယ်သူနှိုက်လို့နှိုက်သွားမှန်းတောင်မသိတော့ဘူးတဲ့။ အဲ့သလို
      ရစ်ထွေနေတဲ့အချိန်များဆို သူ့အိမ်ယာမပြောနဲ့ ပန်းခြံထဲမူးပြီးအိပ်နေတုန်း ဖင်ထဲမြွေဝင်သွား တာတောင်မသိလိုက်ဖူး(နိုင်ငံခြားကအဖြစ်အပျက်လို့ပြောတာပဲ)တဲ့။ မူးနေတဲ့အခါများဆို သူများကိုလိမ်ပြောဖို့နေနေသာသာ ကိုယ့်လျှာကိုယ်မကိုက်မိအောင်တောင်မနဲသတိထားနေရ
      တယ်ဆိုပဲ။
      ဆိုင်မဆိုင်တော့မသိဘူးခင်ဗျ။ အဲသလို ကိုယ်လိုရာစွဲဖွင့်နေကြတဲ့ အခြေအနေများစွာထဲမှာ
      မိမိပါတ်ဝန်းကျင်နဲ့ ထိစပ်လို့ရမယ့် သီလမျိုးကို ပြောနေတာလို့ပဲ နားလည်မိတယ်။ မောင်ဂွကိုပဲ
      ထောက်ခံသလိုဖြစ်သွားမယ်နဲ့တူတယ်။ တတ်နိုင်ဘူးဗျို့။

  • mgmaung

    November 10, 2011 at 5:58 pm

    အထိုင်လည်း မစွဲကြပါနဲ့/
    အသောက်လည်း မစွဲကြပါနဲ့/
    – – – – – မစွဲကြပါနဲ့/
    – – – – – မစွဲကြပါနဲ့/
    – – – – – မစွဲကြပါနဲ့/
    အစွဲဟူသမျှ ဘာကောင်းလဲ/
    အစွဲပြုတ်အောင်လုပ်မှ – – – – ပြန်စွဲလို့ တော်ပါ့မလား။

    • nature

      November 10, 2011 at 11:03 pm

      တရားမှာတော့ ငါစွဲ မစွဲဘို့ဟောတာတော့ ကြားဖူးပါတယ်။ တရားထိုင်ရင်စွဲမြဲစွာမထိုင်ရဘူးလို့တော့ မကြာဖူးပါ။ အရက်သောက်တာကတော့ လုံးဝကို ရှောင်ကြဉ်ရမှာပါ။

      • ကိုငြိမ်းအေး

        December 23, 2011 at 5:00 pm

        အကြောင်းအရာတစ်ခုခုမှာ စွဲငြိနေမယ်ဆိုရင် ထိုသူဟာ မလွတ်လပ်တော့ပါဘူး။ မလွတ်လပ်တဲ့လူတစ်ယောက်ဟာ စစ်မှန်တဲ့ငြိမ်းအေးမှုကို ရရှိနိုင်မှာ မဟုတ်ပါဘူး။ ကိုယ်သဘောကျတာ၊ ကိုယ်မှန်တယ်ထင်တာတော့ စွဲမယ်။ ကိုယ်သဘောမကျတာကိုတော့ မစွဲဘူးဆိုတာဟာ သံကြိုးနဲ့ ချည်တာ မဟုတ်ပဲ၊ ရွှေကြိုးနဲ့ အချည်ခံထားရသလိုပါပဲ။ ဘာကြိုးနဲ့ပဲချည်ချည် အချည်ခံထားရရင်တော့ မလွတ်လပ်တော့ပါဘူး။ မလွတ်လပ်ရင် မငြိမ်းအေးနိုင်တော့ပါဘူး။

  • Lucky7

    November 10, 2011 at 8:47 pm

    နေရာတကာ ကိုယ်ခံပညာလိုတယ်။ တရားတော်တွေကို မှန်မမှန် ချင့်ချိန်ဝေဖန်နိုင်တဲ့ ကိုယ်ပိုင်အတွင်းအားမကောင်းရင် သေချာစိတ်ချရတဲ့ ဆရာတော်ကြီးတွေရဲ့ ရေးသားပြောကြားချက်တွေကိုသာ ဖတ်ရှု့ကြားနာသင့်တယ်လို့ အကောင်းဆုံးအကြံပေးလိုက်ချင်ပါတယ်။

  • forever

    November 10, 2011 at 9:22 pm

    မွတ်ဆလင်တွေဟာ တနေ.၃ကြိမ် ဗလီသွားရတယ်
    မလိုက်နာနိင်သူတောင်အနဲဆုံး သောကြာတရက်ဗလီတက်ရတယ်
    ဒါသူတို.ဘာသာကို အတ်ဒိတ်လုပ်တဲ.သဘောဘဲ…
    ခရစ်ယန် တွေလဲ တနင်္ဂနွေ ဆို ချပ် တက်ကြတယ်
    ကျွန်တော်တို.ဗုဒ္ဒ ဘာသာ မှာသာ အဲဒီလို တင်းကြပ်မှု
    မရှိလို. နဲနဲလေးသိတာနဲ… မြင်တာနဲ…. ကျင်.လို.ရတာနဲ…
    စိတ်ကူးယဉ်ပြီး ဘုရားရဲ. ပါရမီနဲ.ကျင်.ပြီးသိလာတဲ.ဟောထားတဲ.
    တရားတော်တွေကို ပြင်ချင်တာ .တပည်.မွေးပြီး ဆရာလုပ်ချင်တာတွေ
    က သာသနာတော်ကို ကွယ်စေမယ်.အကြောင်းရာတွေ ဖြစ်လာနေပြီ….

    • PEACEMAKER

      November 11, 2011 at 10:59 am

      ကြားဖူးတာကတော့ မူဆလင်ဘာသာဝင်တွေဟာ ဗလီမှာ တစ်နေ့ ၅ကြိမ်ဝတ်ပြုရတယ်။ ၃ကြိမ်လို့တော့ မကြားဘူးပါ။ တစ်နေ့၅ကြိမ် ဗလီကိုမသွားနိုင်ရင် အိမ်မှာလည်း ဝတ်ပြုလို့ရပါတယ်။ တစ်ချို့လေဆိပ်တွေမှာ အထူးသဖြင့် အာရပ်နိုင်ငံတွေမှာ ဘုရားရှိခိုးခန်းတွေ လုပ်ပေးထားပါတယ်။ ကျယ်ကျယ်ဝန်းဝန်း သပ်သပ်ရပ်ရပ်နဲ့ သေချာလုပ်ထားတာ မြင်ဘူးပါတယ်။ ဘုရားရှိခိုးမယ့်သူတွေ ခြေလက်သုတ်သင်သန့်ရှင်းဖို့ ရေအလုံအလောက်၊ ဘေစင်၊ တစ်ရှုး စတာတွေ စီစဉ်ပေးထားပါတယ်။ ကျမသူငယ်ချင်းတစ်ယောက်ဆို ဘုရားရှိခိုးဖို့အချိန်ရောက်လာရင် အကျအန ကိုယ်လက်သန့်စင်ပြီး သီးသန့်အဝတ်ကို ဝတ်ဆင်ပြီး ဘုရားရှိခိုးတာ မြင်ဘူးပါတယ်။

  • realman

    November 11, 2011 at 4:10 pm

    အလောင်းတော် သိဒ္ဓတ္ထ ၆-နှစ်လုံးလုံး ကမ္မဋ္ဌာန်းထိုင်တာကို အလွန်အကဲလုပ်မိလို့ တရားမရခြင်းလို့ ဝေဖန်တဲ့ပညာရှင်တွေလည်း ရှိပါတယ်။ နောက်မှ အထိုင်လွန်တာတွေကိုပြန်လျော့၊ ပုံမှန်အတိုင်ပြန်ဆင်ခြင်မှ အလယ်လမ်း မဂ္ဂင် (၈)ချက်ကိုတွေ့သွားခြင်းဖြစ်တယ်။ ပထမဆုံး ဓမ္မစကြာမှာ (ပညတ်) ကာမအာရုံတွေ ခံစားမှု လွန်ကဲခြင်းဟာ လူကိုဆင်းရဲစေတဲ့ အစွန်းတစ်ဖက်၊
    (ပရမတ်) ရုပ်၊ နာမ်အာရုံတွေပေါ်မှာ စိတ်ရောက်နေမှု လွန်ကဲနေတာ လူကိုပင်ပန်းစေတဲ့ အစွန်းတစ်ဖက် လို့ ဖွင့်ဆိုသူများလည်းရှိကြပါတယ်။
    ပညတ်အာရုံတွေပေါ်မှာလွန်ကဲနေတာဟာ ဆင်ရဲမှန်း လူတိုင်း၊ တရားလိုက်စားသူတိုင်း သိနိုင်ပါတယ်။
    ဒါပေမယ့် (ပရမတ်) ရုပ်၊ နာမ်အာရုံတွေပေါ်မှာ လွန်ကဲနေတာဟာ ဆင်းရဲမှန်းသိဖို့ကိုတော့ သိပ်သိမ်မွေ့နေခြင်းကြောင့် ပဉ္စဝဂ္ဂီ ၅-ဦးတို့တောင် ချက်ချင်လက်မခံနိုင်ဘူးဖြစ်နေတယ်လို့ ဖွင့်ဆိုပြသူတွေလည်းရှိကြပါတယ်။
    ဗုဒ္ဓက (ပညတ်) ကာမအာရုံတွေပေါ်မှာနဲ့ (ပရမတ်) ရုပ်၊ နာမ်အာရုံတွေပေါ်မှာ ပုံမှန်ထက် မလွန်ကဲစေတဲ့ မဇျ္စမပဋိပဒါ အလယ်လမ်း ၈-ချက်လမ်းစဉ်ကို ဟောကြားခဲ့ခြင်းဖြစ်တယ်လို့ နားလည်မိပါတယ်။ ဒါကြောင့် အဘိသင်္ခါရလို့ဆိုရတဲ့ လွန်ကဲမှုတွေသည် ဘယ်ကိစ္စမှာပဲဖြစ်ဖြစ် မကောင်းနိုင်ဘူးဆိုတာ ပဋိစ္စသမုပ္ပါဒ်ဒေသနာမှာ ဟောထားပါတယ်။ “အဝိဇ္ဇာ” လို့ ဆိုတဲ့ မသိမှု၊ သတိမထားမှု၊ အလေးမမူမှုတွေနဲ့ “သင်္ခါရ” လို့ဆိုတဲ့ “ကံ” တွေလုပ်မိမယ်ဆိုရင် လွန်တော့မှာပဲ။ ဒါဆို ရိုးရိုးသင်္ခါရ မဟုတ်တော့ဘူး၊ “အဘိသင်္ခါရ” ဆိုတဲ့ လွန်တဲ့အမှုဖြစ်သွားပြီ။ လွန်ရင်တော့ ဆင်းရဲပြီပေါ့။ “မလျော့မတင်း၊ စောင်းကြိုးညှင်း” ဆိုတဲ့စကားဟာ ပညာရှိတို့ရဲ့စကားပါ။

  • kai

    November 11, 2011 at 4:15 pm

    ဒီခေတ်မှာ တရားထိုင်(Meditation)တာဟာ..ကျမ်းမာရေးအတွက်ရော..Stress တွေဖြေဖျောက်ဖို့ရော.. ကောင်းတယ်ပြောကြတယ်..။
    တရားထိုင်ရင်..ဦးနှောက်ထဲက.. ကမ်မစ်ကယ်တမျိုးထွက်တယ်ဖြစ်ပြီး..အဲဒါက Stress ကုစားတာပါ..။
    အဲဒါကြောင့်.. အိနိ္ဒယက..ဆရာတွေ.. ဟောလိဝုဒ်အထိ..ဆယ်လီဘရိတ်တီတွေအထိ.. လာကျင့်ပေးနေတာပဲ..
    တချို့ကြော်ငြာတွေမှာ တနာရီ ၂-၃ရာဒေါ်လာလောက်အထိတောင်းတာတွေ့ဖူးပါတယ်..။
    ဆိုတော့…
    တရားထိုင်တာက.. ဂေါတမဗုဒ္ဓမပွင့်ခင်ကတည်ကလူတွေလုပ်နေကြတာဖြစ်ပြီး.. အခုထိလည်း လုပ်နေတုံးပါပဲ..။
    လုပ်ကောင်းပါတယ်..။ အစွန်းရောက်လုပ်ဖို့တော့ မသင့်ပါဘူး..။ တကယ်တော့… အစွန်းရောက်တယ်ဆိုတာ.. ဘယ်ဟာမှ မကောင်းပါဘူး.။

    ဂေါတမဗုဒ္ဓကိုယ်တိုင်လည်း တရားထိုင်ခဲ့တယ်.။ အပြင်အထန်ကို ၆နှစ်လုံးလုံးလုပ်တာပါ..။
    ဒုက္ခရစရိယာကျင့်တယ်ပေါ့..။
    ဗုဒ္ဓဖြစ်နိုင်မဲ့ အကျင့်မဟုတ်.. မှားမှန်းသိလို့.. စွန့်ပါတယ်..။

    ဘုရားဖြစ်ပြီးသည်နောက် ၄၅-ဝါ (၄၅-နှစ်) ပတ် လုံး တရားဓမ္မတို့ကို ဟောပြတော်မူပါတယ်..။
    တရားစခန်းတွေ လိုက်မဖွင့်ပါဘူး..။ လူတွေလည်း အုပ်လိုက်အုပ်လိုက်.. တရားစခန်းဝင်ကြတယ်..သမိုင်းအထောက်အထား မတွေ့မိပါဘူး..။
    ဂေါတမဘုရားက.. သူ့တပည့်သာဝကတွေကိုလည်း.. တရားမထိုင်ခိုင်းပါဘူး.. လူတွေကို..တရားဓမ္မတို့ကို ဟောပြဖို့စေခိုင်းတာပါ..။

    ပိဋကတ်(၃)ပုံဆိုတာ ထေရဝါဒကပဲလက်ခံတာပါ..။ အဲဒီပိဋကတ်(၃)ပုံကို စီဒီနဲ့ ရှိပါတယ်.။ ဒစ်ဂျစ်တယ်ဗားရှင်းပေါ့..။ စကားလုံးတွေရှာရဖွေရလွယ်ပါတယ်..။ ရှေးကလို… စာမျက်နှာတွေလှန်နေ ..ကျက်နေ.. သိနေ..အာဂုံဆောင်နေစရာမလိုတော့ပါဘူး..။
    အဲဒီထဲ.. ဝိပဿနာဆိုတာကို.. Search လုပ်ရှာကြည့်ပါ..။

    ဒီလောက်ပဲ..။ 😆
    =
    Benefits of Meditation for Stress Management
    By Elizabeth Scott, M.S.,

    Overview of Meditation:
    Throughout the day, when we experience stress, our bodies automatically react in ways that prepare us to fight or run. In some cases of extreme danger, this physical response is helpful. However, a prolonged state of such agitation can cause physical damage to every part of the body. Meditation affects the body in exactly the opposite ways that stress does, restoring the body to a calm state, helping the body to repair itself, and preventing new damage due to the physical effects of stress.
    The Benefits of Meditation:
    The benefits of meditation are manifold because it can reverse your stress response, thereby shielding you from the effects of chronic stress. When practicing meditation, your heart rate and breathing slow down, your blood pressure normalizes, you use oxygen more efficiently, and you sweat less. Your adrenal glands produce less cortisol, your mind ages at a slower rate, and your immune function improves. Your mind also clears and your creativity increases. People who meditate regularly find it easier to give up life-damaging habits like smoking, drinking and drugs. Meditation research is still new, but promising.
    How Meditation Works:
    Meditation involves sitting in a relaxed position and clearing your mind. You may focus on a sound, like “ooommm,” or on your own breathing, or on nothing at all. It’s necessary to have at least 5 to 20 distraction-free minutes to spend. (Longer meditation sessions bring greater benefits, but sometimes starting slowly can help you maintain the practice long-term.) It’s helpful to have silence and privacy, but more practiced meditators can practice medtation anywhere. Many practitioners of meditation attach a spiritual component to it, but it can also be a secular exercise.
    Pros Of Meditation:
    Meditation is wonderful in that it’s free, always available, and amazingly effective in short-term stress reduction and long-term health. Benefits can be felt in just one session. An experienced teacher can be helpful, but isn’t absolutely necessary; you can learn many effective meditation techniques from a book or from the meditation resources on this site.
    The Cons of Meditation:
    It does take some practice, however, and some people find it difficult to “get it” in the beginning. It also requires a little patience, and may be difficult for people with little free time (like some stay-at-home mothers who get little privacy from small children). However, the time and effort it takes to learn and practice is well worth it in terms of the benefits it provides.
    How Does It Compare To Other Stress Reduction Methods?:
    Unlike some medications and herbal therapies, meditation has no potential side effects. People with physical limitations may find it easier to practice than strenuous physical exercise for stress relief, plus, no special equipment is required. Unlike enlisting the help of a professional, meditation is free. However, it does take discipline and commitment, so some people may find it more difficult to maintain as a habit than methods that enlist the help of someone or something outside themselves for added motivation. Also, some people may find it more difficult to free their minds of the thoughts of the day, and thus find it more difficult than methods like journaling that involve focusing on these events, or methods that in themselves are distracting, like physical exercise or the use of humor.

    Get Started With Meditation
    There are many forms of meditation that bring these fantastic benefits. Here’s a sampling of meditation techniques to try.

    Sources:

    Astin JA, Shapiro SL, Eisenberg DM, Forys KL. Mind-Body Medicine: State of the Science, Implications for Practice. The Journal of the American Board of Family Practice March / April 2003. Bonadonna, Ramita PhD. Meditation’s Impact on Chronic Illness. Holistic Nursing Practice. November/December 2003.

    Bowen S, Witkiewitz K, Dillworth TM, Chawla N, Simpson TL, Ostafin BD, Larimer ME, Blume AW, Parks GA, Marlatt GA. Mindfulness meditation and substance use in an incarcerated population. Psychology of Addictive Behaviors. September 20, 2006.

    Chan, Cecilia, et al. The effect of a one-hour Eastern stress management session on salivary cortisol. Stress and Health. February 20, 2006.

    Davidson, Richard, et. al. Alterations in Brain and Immune Function Produced by Mindfulness Meditation. Psychosomatic Medicine, 2003.

    Pagnoni G, Cekic M. Age Effects on Gray Matter Volume and Attentional Performance in Zen meditation.. Neurobiology of Aging. July 25, 2007.

    Paul-Labrador M, Polk D, Dwyer JH, Velasquez I, Nidich S, Rainforth M, Schneider R, Merz CN. Effects of a Randomized Controlled Trial of Transcendental Meditation on Components of the Metabolic Syndrome in Subjects with Coronary Heart Disease.. Archives of Internal Medicine. June 12, 2006.
    Gain the Benefits of Meditation

    • ကြောင်ကြီး

      November 12, 2011 at 9:46 am

      ဟုတ်တာပေါ့၊ အရင်ခေတ်က လူတွေနဲ့ အခုခေတ်လူတွေ တသွေမတိမ်း တူတာကိုး။ အရင်က မရှိခဲ့ မဖြစ်ခဲ့လို မလုပ်ရဆိုရင် သဂျီးလည်း ရုံးသွားရင် လမ်းလျောက်သွား၊ တီဗွီ၊ ဖုံး၊ အင်တာနက် မသုံးနဲ့၊ အိပ်ရင်လည်း ကြမ်းပြင်မှာအိပ်။ စားရင်လည်း ဟိုဟာဒီဟာလျောက်မထည့်နဲ့။ ဟုတ်တယ်နော်။
      ဝမရှိဘဲ ဝိမလုပ်နဲ့။ စိတ်ကူးပေါက်တိုင်းလည်း လျောက်မစဉ်းစားနဲ့။ ကိုယ်လိုရာလည်း ဆွဲမတွေးနဲ့။ မဖြစ်တိုင်းလည်း မဟုတ်ဘူး မထင်နဲ့။ မတွေ့တိုင်းလည်း မရှိဘူး မထင်နဲ့။ မသိတိုင်းလည်း မမှန်ဘူး မထင်နဲ့။ ဖြစ်၊ တွေ့၊ သိ တိုင်းလည်း ဟုတ်၊ ရှိ၊ မှန်တယ် မထင်နဲ့။။။။
      နောက်ဆုံးအနေနဲ့ ဓမ္မလက်ဆောင်တခုပေးလိုက်မယ်။ ငါဆိုတာကို တွေ့အောင်ရှာ၊ တွေ့ရင် သဘောသဘာဝကို သိအောင်လုပ်။ ပြီးရင် ဓမ္မသဘောနဲ့ အကျိုးအပြစ်ကို ဆင်ခြင်ကြည့်။ ငါ…နော်…ငါ ငါမသိသ၍ ဗုဒ္ဓတရားတော် အစစ်နဲ့ တွေ့ပြီမမှတ်လေနဲ့။ သနားဒယ်…………..

      ငါးမရှာ၊ ငါရှာနေတဲ့ ကြောင်ကြီး

  • True Answer

    November 11, 2011 at 5:36 pm

    To kai and real man,

    In Ajahn Bhram book about mindfulness, he tried to prove that the term vipassana was discovered by Buddha. He put so many article from Pali text to support his claim.

    http://www.dhammawheel.com/viewtopic.php?f=16&t=9878&start=20

    http://www.amazon.com/Mindfulness-Bliss-Beyond-Meditators-Handbook/dp/0861712757

    Welcome to any idea of Buddhism for world-wide international knowing;

    http://www.dhammawheel.com
    http://www.dharmawheel.com

    http://www.dhammawheel.com

  • maungpeace

    November 11, 2011 at 5:51 pm

    (ငြိမ်းချမ်းမှုဓမ္မများကို ဖော်ဆောင်နေကြသော သူတစ်ချို့တို့ရဲ့ ငြိမ်းချမ်းမှုပျက်ပြားစေတဲ့ ပုံစံသေ၊ တရားသေဝါဒ လုပ်ရပ်များကို ပုံစံဖြည့်ကြည့်ရရင်)
    အညစ်အကြေးစင်အောင် ရေနဲ့ဆေးတော့ ရေက မသန့်တဲ့ရေဖြစ်နေတယ်။ ဒါကြောင့်ရေကြောင့်ပဲပြန်ညစ်ပေးသွားရသလို

    ငြိမ်းချမ်းမှုဓမ္မများကို ဖော်ဆောင်ကြတဲ့အခါ အတင်းအကြပ်နှိပ်ကွက်နေခြင်းသည် ညစ်ပတ်တဲ့ရေလိုပဲ။
    အတင်းအကြပ်နှိပ်ကွက်နေလို့ မငြိမ်းချမ်းနိုင်ပါဘူး။
    “သဘောထားကွဲတာ မဆန်းပါ။ သဘောထားကြီးဖို့ လိုတာပါ။
    သဘောထားကြီးမှ ငြိမ်းချမ်းမှာ”

  • shwemyintin

    November 12, 2011 at 2:01 pm

    Kai ပြောတာမှန်ပါတယ်၊ ကျမ္မဌာန်းတရားထိုင်တာဟာ ဗုဒ္ဓဘုရားမပွင့်မီက ကျင့်သုံးနေကြတာပါ။ သိဒ္ဓတ္ထမင်းသား တောထွက်ပြီး လူ့လောကကြီး စိတ်အို၊ စိတ်နာ၊ စိတ်သေမှုမှ လွတ်ဖို့ရာ နည်းလမ်းရှာ တောထွက်တဲ့အခါ သူ့ယခင်ကလည်း တောမှာ ငြိမ်းအေးရာနည်းလမ်းများရှာသူတွေဖြစ်တဲ့ အာဠာရ၊ ဥဒက တို့ထံ နည်းလမ်းယူပြီး ကျင့်တာပါဘဲ၊ ခြောက်နည်းလုံးလုံး ကျင့်တာ မအောင်မြင်ပါဘူး။ ဒီမှာ အချို့က ဒီလို အစာငတ်ခံ ကျင့်လို့ ဘုရားဖြစ်တယ်လို့ ပြောပါတယ်။ မဟုတ်ပါဘူး။ မဟုတ်ဘူးလို့ ပြောရတာက သိဒ္ဓတ္ထ တရားရှာနေစဉ်ကာလမှာ ဝတ်ကြီးဝတ်ငယ်ပြုတဲ့ ပဉ္စဝဂ္ဂီငါးဦးဟာ ဘုရားလောင်းက သူ့ဒီလို ပြင်းထန်ပြီး မိမိကိုယ်ကို ပင်ပန်းဆင်းရဲစေတဲ့အတွက်ကြောင့် စွန့်လွတ်တာကို အမြင်လွှဲပြီး အဝေးကို ထွက်သွားတာပါ။
    ဓမ္မစကြာ တရားတော်မှာ အစွန်းတရား(၂)ပါးကို မမှီဝဲကြဖို့ မိန့်မှာချက်ရှိပါတယ်။ ပထမအစွန်းက ကာမ သုခလ္လိကာ နုယောဂ ၊ (ကာမ)လို့ ဆိုတာကို ဖို၊ မ ဆက်ဆံတာလောက်ပဲ မျမှတ်ကြစေလိုပါဘူး။
    ကာမဆိုတဲ့နေရာမှာ (အဆင်း၊ အသံ၊ အနံ့ ၊ အရသာ၊ အတွေ့) ကာမဂုဏ်တရား ငါးပါးစလုံးပါကို ပြောတာပါ။ မမှီဝဲနဲ့ ဆိုတဲ့နေရာမှာ ဘယ်လိုမမှီဝဲရမှာတုန်း၊ ကာမချမ်းသာမှုနောက်ကို (နုယောဂ) အကျင့်လို့ ပြောပါတယ်။ အကျင့်ဆိုတဲ့ စကားလုံးကိုက ထပ်တလဲလဲလုပ်ခြင်း၊ ကြိမ်ဖန်များစွာ လုပ်ခြင်းလို့ အဓိပ္ပါယ် ရပါတယ်။ လိုအပ်တဲ့အချိန်မှာ လိုအပ်သော ပမာဏမှန်ကန်မျှတာစွာ မှီဝဲရမှာပါ။
    ဒုတိယအစွန်းက အတ္တကိလာမထာနုယောဂ ပါ။ အတ္တ (မိမိကို)ပြောတာပါ။ မိမိမှာ ရှိတာ (ရုပ်၊ နာမ်) ဆိုပြီး နှစ်ပိုင်းရှိပါတယ်။ ဒီ (ရုပ်၊ နာမ်)နှစ်ခုစလုံးကို ကိလာမထ နုယောကဆိုတာကတော့ ပင်ပန်းဆင်းရဲစေသော အကျင့်တွင် စွဲလန်းစေတာကို ပြောတာပါ။ အစွန်းနှစ်ပါးစလုံးတွင် ပါဝင်သော စကားစုမှာ နုယောဂ(စွဲလန်းသောအကျင့်)ပါ။
    ကာမချမ်းသာနောက်လိုက်သောအကျင့်၊ နှင့် မိမိကိုယ်ကို ပင်ပန်းဆင်းရဲစေသော အကျင့်တို့ကို မကျင့်သုံးသည့်အခါမှသာလျှင် အလယ်အလတ်လမ်းဖြစ်သော မဂ်လမ်းကို လျှောက်လှမ်းနိုင်မည်ဖြစ်ကြောင်း ဟောကြားဆုံးမထားပါသည်။ ကျနော် နားလည်လိုက်ပါသည် ယုတ်လျော့စေသော်အလုပ်သည်မည်းမကောင်း၊ လွန်ကဲပြင်းထန်းလျှင်လည်း မကောင်း ပါ။

  • thantmonzaw

    November 12, 2011 at 3:00 pm

    မရေးတော.ဘူးလို.ဆုံးဖြတ်ထားသော်လည်းရေးစရာကပေါ်လာပြန်တယ်။
    ၊(ကမ္ဘာပေါ်တွင်ဖြစ်ပွားခဲ့ကြသော ဘာသာစစ်ပွဲများသည် အယူဝါဒတစ်ခုကို တရားသေသိမ်းပိုက်ထားကြသူ “ပုံစံသေဝါဒသမားများ”ကြောင့်ဖြစ်ပေသည်။ ဒါ့ကြောင့် အယူဝါဒတစ်ခုပေါ်တွင် ပုံစံအသေဆုတ်ကိုင်ထားကြခြင်းတို့ကိုလည်း ဆင်ခြင်သင့်ပေ သည်။)လို.ဆိုလာပြန်တော.ဆရာတော်ဥူးသုမင်္ဂလဟောကြားခဲ.တာလေးပြန်လည်မျှေဝေပေးလိုက်ပါတယ်။
    ဘာသာဆိုတာအယူဝါဒပါ၊သာသနာဆိုတာအဆုံးအမပါတဲ.။ဗုဒ္ဒသာသနာဆိုတာဗုဒ္ဒရဲ.အဆုံ့းအမပါ။
    ဗုဒ္ဓဘာသာဝင်ဆိုတာဗုဒ္ဓရဲ.အဆုံးအမအောက်မှာနေထိုင်ကျင်.သုံးကြသူတွေကိုခေါ်ပါတယ်။ထို.ကြောင်.
    ဝါဒနှင်.အဆုံးအမသည်မတူညီပါ။ကိုငြိမ်းအေးအနေနဲ.ဗုဒ္ဓရဲ.အဆုံးအမကိုဈေးဆစ်ပြီးလိုက်နာချင်တယ်ဆို
    လဲသဘောပါပဲဗျာ။သီလကိုဈေးဆစ်ရင်သမာဓိနဲ.ပညာကိုရဘို.ဝေးနေဦးမှာပါ။
    နဲနဲသောက်လို.ရတယ်ထင်ရင်သောက်ပါ၊
    နဲနဲသတ်လို.ရတယ်ထင်ရင်သတ်ပါ၊
    အလိုတူလို.အဆင်ပြေရင်တယ်ထင်ရင်လုပ်ပါ
    နည်းနည်းခိုးလို.ရတယ်ထင်ရင်ခိုးပါ
    မနစ်နာလောက်ဘူးထင်ရင်လိမ်ပါ
    လိုသလောက်တော.မရနှိုင်ပါ၊လုပ်သလောက်တော.ရလိမ်.မယ်ဗျာ။အားလုံးဟာသူသဘောသူဆောင်နေတဲ. အနတ္တမို.သူများကိုကယ်တင်ဘို.ထက်ကိုယ်.ကိုယ်ကို ကယ်တင်ဘို.အရေးကြီးလှသဗျာ။

    • ကိုငြိမ်းအေး

      December 23, 2011 at 6:23 pm

      လူဟာ သင်ယူရမယ့်အမျိုးဖြစ်တာမို့ အဆုံးအမသွန်သင်မှုအောက်မှာ နေရမှာပါ။ ဒီအဆုံးအမ သင်ပေးမှုကိုပဲ သာသာနာလို့ ခေါ်ပါတယ်။ ဘယ်သူပဲပဲ ဆုံးမသွန်သင်ပေါ့။ ဥပမာ ဦးဖြူရဲ့ဆုံးမသွန်သင်မှုနဲ့နေထိုင်မယ်ဆိုရင် ဦးဖြူသာသနာအောက်မှာနေတာလို့ ဆိုရမှာပေါ့။ ဒီသာသနာဆိုတာကိုပဲ ဒီနေ့ခေတ်စကားအရ ဘာသာလို့ ပြောကြတာပါ။ ဒီဘာသာ သာသနာ အဆုံးအမ သွန်သင်မှုတွေကို လိုက်နာကျင့်သုံးကြတဲ့အခါမှာ ကိုယ်အယူ (အဆုံးအမ)မှ အမှန်ပဲဆိုတဲ့ အစွဲသဘောမျိုးတွေနဲ့ ကျင့်သုံးနေကြရင် အဆုံးအမ (အယူ) မတူတဲ့သူတွေနဲ့ မငြိမ်းချမ်းနိုင်တော့ပါဘူး။ ဘာသာရေးစစ်ပွဲတွေဟာ ကိုယ့်အယူ (အဆုံးအမ)အစွဲတွေနဲ့ လွန်ကဲစွာကျင့်သုံးမှုတွေကြောင့်ဖြစ်နေရတာပါပဲ။

  • မိုးချမ်းမြေ့

    November 13, 2011 at 10:55 am

    အင်း…ဘာသာတိုင်းရဲ့ဦးစီးဦးဆောင်ပုဂ္ဂိုလ်တိုင်းရဲ့ရည်ရွယ်ချက်ဟာ…ငါ့ဘာသာကိုကိုးကွယ်လိုက်နာသူအတွက်ပဲ သက်ရောက်စေတယ်ဆိုရင်တော့ ဒါဟာ မဖြစ်သင့်တဲ့ ဦးတည်ချက်လို့ဆိုရမှာဗျ..နော့။ လူသားအားလုံးနဲ့လိုက်နာနိုင်တဲ့ သီလ၊ လူသားအားလုံးသတိထားနိုင်တဲ့ သမမာဓိ၊ လူသားအားလုံး သိမြင်နားလည်းနိုင်မယ့် ပညာကို ညွန်ပြနိုင်မှ လူသားအားလုံးငြိမ်းချမ်းမှာဆိုတော့…အင်း…ခက်တယ်ဗျို့…။

  • blackchaw

    December 23, 2011 at 5:04 pm

    သေချာ ရှင်းပြပေးတာ ကျေးဇူးပါ ကိုငြိမ်းအေးရေ။

  • realman

    February 15, 2012 at 5:27 pm

    (မြတ်စွာဘုရားက ဝိပဿနာအလုပ်သည် နိဗ္ဗာန်သို့သွားသော တခုတည်းသော လမ်းဖြစ်သည်လို့ ဟောခဲ့ပါတယ်။)ဟုဆိုရာတွင် နိဗ္ဗာန်တို့ ဝိပဿနာလုပ်ငန်းတို့ အပေါ်တွင် ပညာရှင်များ အသီးသီး ဖွင့်ဆိုမှု မတူညီမှုတွေ ရှိနေပါသည်။

    မဟာယာနပညာရှင်တို့က နိဗ္ဗာန်ကို သေပြီင်္းနောက်မှာ ဘယ်တော့မှ မသေတော့တဲ့ အခြေအနေကို ဖွင့်ဆိုကြပါသည်။ထိုအခြေအနေသို့ ရောက်စေရန် ၎င်းတို့ လုပ်သော (ဝိပဿနာ= အထူးပွားများသောလုပ်ငန်း) အလုပ်မှာ ပါရမီရင့်ကျက်စေသော (သမုတိသစ္စာအမြင်) ကာမကုသိုလ် ပရဟိတလုပ်ငန်းများဖြစ်ပါသည်။

    ထေရဝါဒပညာရှင်တို့က နိဗ္ဗာန်ကို သေပြီင်္းနောက်မှာ ရုပ်၊ နာမ် (ဘဝ)တွေ မဖြစ်တော့ဟု ယူဆကြပါသည်။
    ထိုကဲ့သို့ သေပြီးနောက် ဘဝတွေမဖြစ်စေရန် ၎င်းတို့ လုပ်သော (ဝိပဿနာ= အထူးပွားများသောလုပ်ငန်း) အလုပ်မှာ ရုပ်၊ နာမ်တွေ ချုပ်ငြိမ်းစေသော (ပရမတ္တသစ္စာအမြင်) ရူပ၊ အရူပလုပ်ငန်းများဖြစ်ပါသည်။

    အရိယသစ္စာပညာရှင်တို့က နိဗ္ဗာန်ကို သေပြီင်္းနောက်မှာ ဘဝတွေ ဖြစ်တာတွေ/မဖြစ်တော့တာတွေနဲ့ မပြောကြပဲ ယခုချက်ချင်းကို လွန်ကျူးတဲ့ကံတွေ မပြုတော့ခြင်းကြောင့် ကံ (သင်္ခါရ)ကြောင့် ဖြစ်ရတဲ့ အဖြစ် (ဘဝ)တွေ မပေါ်တော့ပဲ ချုုပ်ငြိမ်းခြင်းလို့ ယူဆကြပါသည်။
    ထိုလွန်ကျူးတဲ့ ကံတွေ မကျူးလွန်မိအောင် ၎င်းတို့ လုပ်သော (ဝိပဿနာ= အထူးပွားများသောလုပ်ငန်း) အလုပ်မှာ ပစ္စုပ္ပန်အပြု၊ ပြော၊ အနေ စတဲ့ ကံအမှုတွေကို သတိ၊ ပညာနှင့် ဆင်ခြင်ရသော (အရိယသစ္စာအမြင်) ဖြစ်ပါသည်။

    ဒါ့ကြောင့် ထေရဝါဒ နိဗ္ဗာန်၊ မဟာယာနနိဗ္ဗာန်၊ အရိယသစ္စာနိဗ္ဗာန် တို့ မတူညီကြသလို
    ဝိပဿနာဆိုသော အထူးပွားများကြသည့် အလုပ်နှင့် အာရုံတရားများလည်း မတူကြပါ။

    မြတ်စွာဘုရားသည် သမုတိသစ္စာကို အဓိက ဟောဖို့ ပွင့်လာတာလား ?
    ပရမတ္တသစ္စာကို အဓိက ဟောဖို့ ပွင့်လာတာလား ?
    အရိယသစ္စာကို အဓိက ဟောဖို့ ပွင့်လာတာလား ဆိုတာ စိစစ်ကြပါလေ။

  • Ye Shwethway

    January 1, 2014 at 6:11 am

    တင်တဲ့ post ကိုရော အောက်က comment တွေပါ ဖတ်လိုက်ရတာ မျက်စိကို ညောင်းရော။ တော်တော်တော့ ပြုံးမိပါရဲ့။ ခေါင်းစဉ်က သုရာမေရယ အကြောင်းလို့ တပ်ထားပြီး စာရေးသူက ဖြန့်ထွက်တွေးထားတာ အရမ်းကျယ်သွားပါတယ်။ ဒီလိုဖြန့်တွေး ဆင်ခြင်တာကောင်းပေမဲ့ ခေါင်းစဉ်နဲ့လွဲပြီး ကိုယ်လိုရာဆွဲရေးလိုက်ဖို့တော့ မသင့်တော်လှပါဘူး။ ၅ ပါးသီလ သိက္ခာပုဒ်တွေမှာ ကံထိုက်၏ မထိုက်၏ကို ခွဲခြားသုံးသပ်ဖို့ရာ အင်္ဂါရပ်တွေရှိထားပြီးသားပါ။ သုရာမေရယအင်္ဂါက လေးပါးရှိပါတယ်။ (၁) မဇ္ဇဘာဝေါ- သေအရက် ကဇော်ဖြစ်ခြင်း (ယစ်မူးစေတတ်သောအရာဖြစ်ခြင်း) (၂) ပါတုကမျစိတ္တံ- သောက်လိုစိတ် ရှိခြင်း (၃) ဝါယမော- သောက်ဖြစ်အောင် လုံ့လ ပြုခြင်း၊(၄) အဇ္ဈောဟရဏံ- သောက်မျိုချခြင်း လို့ ဆိုထားတဲ့အတွက် Post ထဲမှာပါတဲ့ တခြားကိစ္စခြင်းရာတွေဟာ (ဥပမာ- ချဲထီတွက်ခြင်း၊ meditation စသည်) သုရာမေရယကံနဲ့ အကျုံးမဝင်ပါဘူး။ ဒီလိုအင်္ဂါရပ်တွေနဲ့ မကြည့်ဘူးပဲထား။ ‘သုရာမေရယမဇ္ဇပမာဒဌာန’ ဆိုတဲ့ပုဒ်ကို ပါဠိသဒ္ဒါနည်းနဲ့ အနက်ပြန်ခွဲရင်လည်း အထက်ပါကိစ္စတွေအထိ အနက်အဓိပ္ပါယ် မထွက်ပါဘူးလို့။ ဒီလိုပြန်ရှင်းဖို့ စာရေးသူက မေ့သွားခဲ့တယ်လို့ပဲ ယူဆပါတယ်။ ဒီတော့ သေချာနားမလည်တဲ့တချို့ စာဖတ်သူတွေက ဒီကိစ္စတွေဟာလည်း သုရာမေရယကံထိုက်စေတယ်လို့ မှားယွင်းယူဆကုန်ပါရော။ အောက်က တချို့ comment တွေမှာ ဒီလိုအယူမှားတာတွေ ဖတ်ရပါတယ်။ နောက်တစ်ခုက meditation ကို ကမ္မဌာန်းထိုင်တယ် လို့ ယူဆသုံးနှုန်းတာကလည်း အတိအကျအားဖြင့်တော့မမှန်ပါ။ meditation ဆိုတဲ့စကားလုံးဟာ Latin စကားလုံး meditari က လာတာဖြစ်ပြီး အနက်အားဖြင့် ဗုဒ္ဓဘာသာရဲ့ ကမ္မဌာန်းထိုင်တဲ့သဘောနဲ့ အများကြီးကွဲပြားနေပါသေးတယ်။ အနောက်နိုင်ငံတွေမှာ ကျင့်နေကြတဲ့ meditation အမျိုးမျိုးဟာ ဗုဒ္ဓဘာသာရဲ့ ကမ္မဌာန်းတွေနဲ့ မတူပါဘူးလို့။ ကမ္မဌာန်းတွေကလည်း ၄ဝ တောင်ရှိတာ စာရေးသူဆိုလိုတာက ဘယ်ဟာပါလိမ့်။ ထိုင်တယ်ဆိုတဲ့စကားလုံးကလည်း လုံးကောက်အဓိပ္ပါယ်လား အနက်သဘောမျှ ယူရမှာလား။ ပြီးတော့ ကမ္မဌာန်းထိုင်ခြင်းနဲ့ ဝိပ္ပဿနာရှုခြင်းဟာလည်း ထပ်တူမညီပါ။ comment တွေထဲမှာ ဒီနှစ်ခုကိုရောထွေးပြီး ဆွေးနွေးနေကြပါတယ်။ Post ထဲကရေးထားသလို ကမ္မဌာန်းထိုင်ခြင်းကြောင့် စိတ်ငြိမ်းအေးမှုရပြီး အဲ့သည်စိတ်ငြိမ်းအေးမှုကို သာယာတယ်ဆိုရင် (၁) ဒီကမ္မဌာန်းထိုင်တာဟာ သမထလမ်းစဉ်ဖြစ်လို့ သမာဓိကြောင့်ဖြစ်လာတဲ့ ပီတိ၊ သုခ၊ ဧကဂ္ဂတာ စတဲ့ ဈာဉ်စိတ်တွေအပေါ်မှာ နူးညံ့တဲ့ လောဘတဏှာဝင်တာ ဖြစ်နိုင်တယ်။ ဒါမှမဟုတ် (၂) ဝိပ္ပဿနာလမ်းစဉ်ပင် ဖြစ်သော်ငြားလည်း တရားအားထုတ်သူတိုင်း ကြုံရတတ်တဲ့ သိမ်မွေ့သော မဂ်ဖိုလ်တား ကိလေသာတွေရဲ့ လှည့်ဖြားမှုလည်း ဖြစ်နိုင်ပါတယ်။ တကယ်တမ်း ဗုဒ္ဓအလိုကျ ဝိပ္ပဿနာတရားကတော့ Post နဲ့ comment တွေထဲကလို လူမှုကိစ္စတွေတာဝန်တွေပျက်ကွက်သလား၊ ဘာကိုမှ စိ်တ်မဝင်စားတော့ဘူးလား၊ ဘေးပတ်ဝန်းကျင်ကို ထိခိုက်စေသလား၊ ကမ္မဌာန်းထိုင်ခြင်းအပေါ် စွဲလန်းမှုဖြစ်စေသလား၊ ငြိမ်းချမ်းမှုရှာရင်း မငြိမ်းချမ်းတော့သလားဆိုတာကတော့ ‘ကြံတွေးအသိ’ နဲ့မသိနိုင်ပါ။ ‘ကိုယ်တွေ့အသိ’ နဲ့မှပဲ သိနိုင်ပါတယ်။ ဒါကြောင့် စာရေးသူအပါအဝင် အားလုံး ကိုယ်တိုင် ကျင့်ကြံကြည့်ကြပါလို့ပဲ တိုက်တွန်းပါရစေ။ အော်.. စာရေးသူပြောသလို ဘာကိုမှမစွဲလန်းဘူး ဘာသဘောတရားကိုမှ မသိမ်းပိုက်ထားဘူးလို့ ကိုယ့်ကိုယ်ကိုယ်ထင်နေတယ်ဆိုရင်လည်း တဏှာရဲ့ လှည့်ဖြားမှုကို ခံရခြင်းတစ်မျိုးပါပဲ။ တကယ်တရားသိမြင်သူက ‘ငါလို့မထင်တော့ပါဘူး’ ‘ငါကိုမြင်သွားတာပါ’။ တကယ်မျက်စိနဲ့မြင်သလိုမျိုးကို ညာဏ်နဲ့မြင်ပါတယ်နော်။ comment တွေထဲက အကြောင်းအရာတွေကလည်း များလွန်းလို့ အကုန်စေ့အောင်တော့ ပြန်မပြောနိုင်တော့ဘူးခင်ဗျ။ မဟာယန၊ ထေရဝါဒ၊ အရိယသစ္စ စတဲ့အယူကွဲတွေ အမျိုးမျိုးနဲ့ ပတ်သက်ပြီးcomment ရေးသူ အနေနဲ့လည်း ပိုပြီးလေ့လာကြည့်ပါဦး ကိုယ်တိုင်လည်းကျင့်ကြည့်ပါဦးလို့ ပြောပါရစေ။ ဗုဒ္ဓတရားတော်တွေက အရမ်းလေးနက်လှပါတယ်။ တရားတော်တွေကို လေ့လာသုံးသပ်တိုင်း ‘အကာလိကော ဧဟိပသိကော’ ဆိုတဲ့ တရားဂုဏ်တော်ကိုလည်း သတိရစေချင်ပါတယ်။ ဗုဒ္ဓရှင်တော်ကိုယ်တိုင်က ‘အချိန်အခါမရွေး လာကျင့်ကြည့်ပါ’ လို့ ဆိုခဲ့ပါတယ်နော်။ တကယ်အစမ်းသပ်ခံနိုင်မှ တရားတော်အစစ်ပါလို့။ အောက်က link ကိုလည်း သွားရောက်ဖတ်ရှုကြည့်ကြပါဦး။
    http://www.dhammaweb.net/notes/view.php?id=596

  • surmi

    January 1, 2014 at 9:18 am

    ပတ္တမြားရွှေဂူ

    ပြစ်မရှိ ပြစ်ရှာ။
    လမင်းကို ခွေးဟောင်လို့
    ရွှေလရောင် ပြောင်မပျက်တယ်
    ထွန်းလျက်ပင်သာ။
    မြရွှေဂူ ပတ္တမြားကိုလ
    ဝက်များက ငြူစူစွာ
    ညွှန်လူးကာ တိုက်နဲ။
    ပွတ်လေလေ
    ဂူရွှေမှာ အရောင်ထွက်တယ်
    ရှေးကထက်ကဲ
    🙂

    ဟဲဟဲ…ဟိုဦးမာဃဆိုတဲ့အဖိုးကြီးရဲ့ပို့စ်​ထဲကကူးလာတာ…

  • San Hla Gyi

    January 1, 2014 at 6:03 pm

    ဒီပို့စ်က ကြာလှပြီပဲ။ အခုမှ ကွန်မန့် တတ်လာလို့ ဝင်အားပေးလိုက်ဦးမယ်။ ဒီဆောင်းပါးရှင် ပြောတဲ့ လွန်ကျူးတဲ့ ကိစ္စတွေကို ယစ်မူးနေကြသူတွေဆိုတာ တခြားသူတွေ မဟုတ်ဘူးဗျ။ ပစ်စုတ်ပန်ဂိုဏ်းလို့ ကိုယ့်ကိုကိုယ် ခေါ်တဲ့ မိုးပြာဂိုဏ်းသားတွေပေါ့ဗျာ။
    ရွာသူရွာသားတို့ရေ သူတို့က ဘာတွေကို ယစ်မူးနေတာလည်း သိလား။ မယုံမရှိနဲ့။ သူတို့ ဆရာတော်လို့ တွင်တွင်ခေါ်နေတဲ့ ဦးညာနဆိုသူရဲ့ တရားတွေကို ယစ်မူးနေတာ။ အဲဒီ ဦးညာနက အခု ထောင်ကျနေတယ်။
    သူတို့ ဘယ်လောက် အဲဒီတရားတွေကို လွန်ကျူးပြီး ယစ်မူးနေသလည်း ဆိုတာတော့ ထင်းထင်းကြီးပဲ။ အဲဒီ မိုးပြာဂိုဏ်းသားဆို တခြားစာကို မရေးတတ်တော့ဘူးဗျ။ သူတို့ဆရာရဲ့ တရားကိုပဲ ပို့စ်တင်ပြီး ရေးတတ်တော့တယ်။ ထေရဝါဒက လူကျတော့ ကျနော်သိသလောက် ဘယ်သူမှ တရားအကြောင်းကို ပို့စ်တွေ တောက်လျှောက် မရေးဘူး။ ကြုံလို့ တခါတလေ ရေးတာရှိမယ်။ ကွန်မန့်ထဲမှာ တိုက်ဆိုင်လာရင် နည်းနည်းပါးပါး ရေးတာရှိမယ်။ တယောက်တည်းက ဘယ်သူမှ မူပိုင်ယူပြီး မရေးဘူး။ အခါအားလျှော်စွာ ကဗျာ ဝတ္ထု ခရီးသွားဆောင်းပါး စသည်ဖြင့် ပြောင်းရေးတယ်။ ဒီတော့ ထေရဝါဒက လူတွေက ဘယ်သူမှ အလွန်အကျွံ မစွဲလန်းဘူးလို့ ပြောရမယ်။ မိုးပြားဆရာကျတော့ သူက ဘယ်အချိန်ရေးရေး ဒီအကြောင်းပဲ။ ဘယ်လောက်တောင် သူတို့ခမျာ ယစ်မူးပြီး စွဲလန်းနေတယ်ဆိုတာ သိသာတယ်။
    သနားစရာ ယစ်မူးပြီး စွဲလန်းစိတ် ဖြစ်နေတဲ့ မိုးပြားဂိုဏ်းသားတွေရယ်။ အဲဒီစိတ်တွေကို ဖျောက်ကြပါ။

  • alinsett

    January 1, 2014 at 8:53 pm

    ပြန်လည် အသက်ဝင်လာမှပဲ…
    (အခုမှ) ဝင်ဖတ်ဖြစ်တော့တယ်.. ။

    ကွန်မန့်တွေ ကို ပိုသဘောကျတယ်.. ။
    :kwi:

Leave a Reply