ဝင်ဗျာ တင်ဗျာ … အမေစုရာ

ေမွာ္ဆရာNovember 17, 20111min1277

ဝင်ဗျာ တင်ဗျာ … အမေစုရာ
ဘာမှလုပ်ပိုင်ခွင့်မရှိလို့ ကိုယ့်ပါတီဆိုင်းဘုတ် ဖြုတ်အချခံရတာ၊ ကိုယ့်ပါတီဝင်တွေ အဆွဲခံရတာတောင် ဒီတိုင်းထိုင်ကြည့်နေခဲ့ရတာမလား ..
လူဗိန်းတစ်ယောက်လိုပြောမယ် လုပ်ပိုင်ခွင့်မရလဲ ပြန်ထွက် …
အမျိုးသားညီလာခံတုန်းကလိုပေါ့ …
သမ္မတ ရာထူးလောက် မပေးပါနဲ့ဦး ဖြစ်သေးတယ် …
ပြည်ထဲရေးဝန်ကြီးလောက်ဖြစ်ကြည့် အောက်ခြေအဖွဲ့အစည်းတွေ တော်တော်ကို စည်းကမ်းတကျ ဖြစ်လာမှာ
ဒေါ်စုလဲ ဟိုသွားဒီသွားဆို နိုင်ငံတော်အဆင့် ပွိုင့်ကားနဲ့ သက်တော်စောင့်နဲ့ နောက်က ကင်မရာအဖွဲ့နဲ့ ဖြစ်လာမှာ ကြည့်ချင်တယ် .. ဝမ်းသာချင်တယ် ..
ကျွန်တော်တို့လဲ လွပ်လွပ်လပ်လပ် ထွက်ပြီး လက်ပြလို့ရပြီ …။ အမေစုကို ချစ်တယ် အော်လို့ ရပြီ ..
ဗိုလ်ကြီး ဗိုလ်လေးတွေလဲ ဒေါ်စုက ဝန်ကြီးဆိုတော့ တွေ့ရင် ဒေါ်စုကို အလေးပြုကြ ..
ကဲ ဝမ်းသာစရာ မဟုတ်ဘူးလား …
အရင်နှစ်တွေ ပြန်တွက် … ဟိုးအရင် တုန်းက ဒီလိုအခြေအနေမျိုးဆိုတာ အိမ်မက်မက်ခဲ့ရတာ မလား.။
အခုမှ ဒေါ်စု အာဏာယူလို့ဆိုပြီး ဒေါ်စုကို မုန်းကြတော့မလို့လား .။ သူသစ္စာဖောက်မဟုတ်ပါဘူးဗျ ..။ သူလုပ်ခဲ့တာ ခင်ဗျားတို့ ကျွန်တော်တို့ အတွက်ပါ. ။ လုပ်တာမှားသွားရင်လဲ စေတနာ အမှားပဲ ဖြစ်မှာပေါ့ ..။ သူအတွက်ပဲ သူကြည့်ရင် ပြည်သူများ ဆန္ဒပြကြပါ။ တွန်းလှန်ကြပါနဲ့ သူအော်ပြီး အထိဂရုန်းဖြစ်အောင်လုပ် ၊ သေကြ ၊ ကြေကြတော့မှ သူ နိုင်ငံတကာကိုအော်ပြီး ကြားဖြတ်အစိုးရ ဖွဲ့လို့ရတယ် ..။နိုင်ငံတကာကလဲ သူ့ဆိုရင် ထောက်ခံမှာ အများကြီး ။ နိုင်ငံရေးသမား စားဖားကြီးတွေ ဒီလိုပဲ လုပ်လာခဲ့တာ ။ သူတို့ အာဏာရရေး ပြည်သူကို အသေခံခိုင်းခဲ့တာ ရှေ့မှာ သာဓကတွေ ရိုက်သတ်လို့ မကုန်ဘူး …။
ဒေါ်စုက လွှတ်တော်ထဲရောက်လို့ ဘာမှ လုပ်မရပါဘူးဆို ငုတ်တုတ်ထိုင် နေမယ်ထင်သလား ။ဒေါ်စုက ဘာမှ မသိနားမလည်တဲ့ နာလပိန်းတုန်းမှ မဟုတ်တာ။နိုင်ငံရေးသိပ္ပံ ကျွမ်းကျင်ပြီးသား လူတစ်ယောက် ။ သူလဲ မာစတာ ဗရိန်းပါဗျ ။ ဒီလောက်ကျပ်မတ်ထားတာတောင် ဒီနေရာရောက်အောင် လုပ်လာသေးတာ ။သူ ပြည်သူတွေ နာမယ့်လမ်းမရွေးဘူး ။ သူကိုယ်တိုင်ပြောတယ်..။သူ အသုံးချခံရမယ်ဆိုရင်တောင် ပြည်သူတွေအတွက်ပဲ ဖြစ်ရမယ်လို့လေ …။ သူ့အတွက် သူလုပ်မှာမဟုတ်ဘူး ၊ ပြည်သူအတွက်လုပ်မယ့်သူ …။
ဒါက ကျွန်တော်ရဲ့ ဝင်ပါ ၊ တင်ပါ ဆိုတဲ့ သဘောထား ၊ ရွာသူရွာသားတွေကို မဲဆွယ်နေတာ မဟုတ်ဘူး ၊ထပ်ပြောဦးမယ် အစိုးရ သဘောကျ အော်နေတာလဲ မဟုတ်ဘူး ။ သာမန်ပြည်သူတစ်ယောက်ရဲ့ သဘောထားကို ကျွန်တော် လွပ်လွပ်လပ်လပ် တင်ပြတာ။ မှားရင်လဲ မှားမယ် ။အကိုတို့ အမတို့ သဘောထားနဲ့က ကိုက်ချင်လဲ ကိုက်မယ် မကိုက်ချင်လဲ မကိုက်ဘူး ။အကိုတို့ အမတို့လဲ သဘောထားတွေ လွပ်လွပ်လပ်လပ် ကွန်မန်းပေးခဲ့ပါ ။ ရန်တော့ မဖြစ်ကြပါနဲ့ …။ ကျွန်တော်တို့ အချင်းချင်း ရန်ဖြစ်ရမယ့် အချိန် မဟုတ်ဘူး။
နောက်တစ်ခု ကျွန်တော့သဘောထားနဲ့ မကိုက်ပဲ မတင်-မဝင်လမ်းကို အမေစု ရွေးမယ်ဆိုရင်ကော .. ။ လုပ်သာလုပ် ။ ကျွန်တော့ညဏ်ထက် အမေစုညဏ်က ပိုကြီးတယ်.။ပိုထက်တယ် ။ သူကောင်းမယ်ထင်လို့ လုပ်တာ ။ ကျွန်တော်ထောက်ခံဦးမှာပဲ ။ ဘယ်လမ်းသွားသွား သူ့နောက်ကပဲ လိုက်မယ်။ သူ့ရှေ့က ကျော်မပြေးဘူး။ ဒီမိုကရေစီမို့လို့ မလုပ်သေးခင်တော့ ကျွန်တော် ကိုယ့်သဘောထားကို တင်ပြမှာပဲ ။ ဆုံးဖြတ်ချက် ထွက်သွားပြီဆိုရင်တော့ ငါနဲ့ သဘောထားမတူဘူးဆိုပြီး ဘေးထွက်ထိုင်မနေဘူး ။ သဘောထား တူသည်ဖြစ်စေ ။ မတူသည်ဖြစ်စေ နောက်ကလိုက်မှာပဲ ။
ကျွန်တော်တို့ ခင်ဗျားတို့ အလိုချင်ဆုံးက အမှန်တကယ် ခေတ်မှီဖွံ့ဖြိုးတိုးတက်သော ၊ လူ့အခွင့်အရေး အပြည့်အဝရှိသော နိုင်ငံတော်သစ်သို့ မဟုတ်ဘူးလား။ အချင်းချင်းသွေးကွဲခြင်းဖြင့် ဒီမိုကရေစီမရနှိုင် ၊ စည်းလုံးညီညွတ်မှုဖြင့်သာ ဒီမိုကရေစီ ရနှိုင်ပါတယ်။ ဘယ်သူခွဲခွဲ တို့မကွဲ အမြဲစည်းလုံးကြပါစို့ ……။

7 comments

  • Patriot

    November 17, 2011 at 10:21 am

    မှော်ဆရာ, I totally agree with your opinion! thousand of Thumb-up !!

  • blackchaw

    November 17, 2011 at 10:28 am

    အသာလုပ်ပါ မှော်ဆရာရယ်။
    ဝင်သင့် မဝင်သင့်
    တင်သင့် မတင်သင့် ဆိုတဲ့ အဆင့်လေးတော့
    ကျော်ဖြတ်ပါစေဦးဗျာ။ အဲဒါလည်း
    အမေစု အကောင်းဆုံးဆုံးဖြတ်နိုင်မယ်လို့
    ကျွန်တော်ယုံပါတယ်။

  • ပေါက်ဖော်

    November 17, 2011 at 10:43 am

    စဉ်းစားဘာ..စဉ်းစားဘာ..
    ဝင်ပြီး အခြေအနေမကောင်းလို ့ ပြန်ထွက်ရအောင် ရုပ်ရှင်ရုံများ မှတ်နေလား ကမှော်ချာရဲ့
    လူကြီးတစ်ယောက်အနေနဲ ့..ဒီလိုလုပ်ရင် ကလေးကလားဆန်သွားမယ်…ကမှော်ချာ
    ခုတစ်မျိုး.တော်ကြာတစ်မျိုး..ထိပ်ပြောင်အဖွဲ ့….ကျုပ်ဖြင့် မယုံပေါင်

    အန်တီစု..တော့..ခေါင်းစားနေမှာမြင်ယောင်သေးတယ်..

    ဒါပေမဲ့…တင်သင့် မတင့်သင့် ကာယကံရှင် အန်တီစုသာ အသိဆုံး ဖြစ်ပါလိမ့်မယ်

    ဘာဖြစ်ဖြစ်..ကျနော်တို ့..လက်ခံရမှာပါပဲ

    • မှော်ဆရာ

      November 17, 2011 at 11:18 am

      ဒါကြောင့် ပြောတာပေါ့ ဆရာပေါက်ဖော်ရယ် ..
      ိလူပိန်းစကားပါလို့ …. အန်တီစုက ပိုနားလည်မှာပါဗျာ …..
      အခုဟာက ဝင်ရင်ပဲ ဒေါ်စုက သစ္စာဖောက်လိုလို ပြောနေကြလို့ပါ …
      ရွာထဲကလူတွေကို မပြောပါဘူးနော် … (ဟီးဟီး ကြောက်တာလဲပါတယ် …၊ အဓိက ဆရာကြောင်နဲ့ ဆရာပု )
      နိုင်ငံခြားက ဂွင်ပျောက်မယ့်ကောင်တွေ … နေရာမရဖြစ်နေတဲ့ ကောင်တွေပါ

  • MaMa

    November 18, 2011 at 9:59 pm

    ဒီနေ့ ဒေါ်စုရဲ့ ဆုံးဖြတ်ချက်ကို ကြားရပြီးလို့ မှော်ဆရာကို လက်ခုပ်လာတီးပေးတာပါ။
    Bravo!

    • မှော်ဆရာ

      November 18, 2011 at 10:31 pm

      ကျွန်တော့ကို လက်ခုတ်မတီးပါနဲ့ မမရယ် …. ဝင်/မဝင် တင်/တင် သဘောထားတွေ ကွဲလွဲကြပေမယ့် အခုလို ဆုံးဖြတ်ချက်ချပြီးတဲ့အချိန်မှာ ဘေးထွက်ထိုင်မနေပဲ နောက်ကနေ ညီညီညွတ်ညွတ် လိုက်မယ့်လူတွေကို လက်ခုတ်တီးကြိုဆိုပေးပါခင်ဗျာ….

  • ဒါဆိုရင်တော့ တရားဝင်ပြောဆိုလို့ရတဲ့အဆင့်ရောက်ဘို့ တစ်ဆင့်တော့ကျော်သွားပြီပေါ့။

Leave a Reply