ဟင်း…. လို့ဘဲ သက်ပြင်းချရတော့ မယ် ။ မလေး ဝမ်း ဇီး တဲ့ း(

ရှစ်ပေ စလောင်းကမရှိ ။ ရှိတဲ့စလောင်းက မပြ ။  Soccer myanmar မှာညီအစ်ကို တစ်ယောက်ရေးတဲ့ comment လေးကျေးဇူးနဲ့ VTV2 ကနေ live stream လေးကြည့်ခွင့်ရတော့တော်တော် ပျော်သွား တာ။ ပွဲ စစချင်း ကစားပုံ ၊ အရှိန် ၊ အထိန်းအသိမ်း လေးတွေကြည့် ရင်း နဲ့မမြင်ရတာ အခိုက်အတံ့ တစ်ခုထိကြာပြီဖြစ်တဲ့ မြန်မာ့ခြေ ကို အတိုင်းအတာတစ်ခုအထိ ကျေနပ်၊ မျှော်လင့်မိပါတယ် ။ အဲ ။ပွဲစဉ်တစ်လျှောက် လုံးပြင်နိုး ၊ပြင်နိုး နဲ့ ပွဲသာပြီးသွားတယ် ၊မပြင်ခဲ့တဲ့ အားနဲချက်ကလေးတွေ ကို ကျွန်တော် စဉ်းစားမိသလောက်၊ အပြုသဘောနဲ့ ဒီစာကိုရေးပါတယ် ။

၁ ။ နောက်တန်း သမားတွေ ဘောလုံး ရတဲ့ အကြိမ်ရေတော်တော် များများလူမကြည့် ဘဲစွတ် ကန်တင်တော့တာဘဲ ။ Sweeper ဟာလိုအပ်ရင် ရှင်းထုတ်ရမယ် ဆိုတာအားလုံးအသိပါ ။ ဒါပေမဲ့ ဘောလုံးရတိုင်းစွတ် ကန်တင်တော့ မလေးနောက်ချန်လူ တစ်ယောက်မဟုတ် တစ်ယောက်စီ ရောက်တော့ တာဘဲ။

၂ ။ နိုင်ငံ ကိုယ်စားပြု ကစားတာ ဟာဘယ်လောက် တာဝန်ကြီးတယ် ။ စိတ်ဖိစီးမှူ့ ရှိတယ်ဆို တာလဲ နားလည်ပါတယ်။ ခုထက်ပိုပြီးအားလုံး စိတ်နဲနဲ အေးအေး ထားစေချင်ပါတယ် ။ စိတ်ဖိစီးမှူ့ခုထက်နဲနဲ လျှော့ နိုင်ရင် ခုထက်ပို ကောင်းအောင် ကစားနိုင်မယ် လို့ အကြွင်းမဲ့ယုံ ကြည်ပါတယ် ။

၃ ။အုပ်စုလိုက် ကစားပုံဟာ မလေးနဲ့ ယှဉ်နိုင် ပေမဲ့၊ တစ်ယောက်ချင်းယှဉ် လိုက်ရင် ကျွန်တော်တို့ကစားသမားတွေ တော်တော်များများဟာ၊ ခြေတစ် လှမ်း အမြဲနှေး နေပါ တယ် ။ ( Stress ကြောင့် အများကြီးပါမယ်လို့ထင်မိပါတယ် ။)

၄ ။ ဒိုင်လူ ကြီးရဲ့ ဆုံးဖြတ်ချက်တိုင်းဟာ မမှန်ပါဘူး ။ အသင်းခေါင်းဆောင်ဟာ လိုအပ်ရင် ပါးနပ်စွာ စောဒက တက်ခွင့် ရှိပါတယ် ။ အဲလို လုပ်နိုင်အောင်လဲ English စကားပြော လေးလဲ အားလပ်ရင် လေ့လာနိုင် အောင် အသင်းကြီးကြပ် သူတွေ စီစဉ်ပေးသင့်ပါတယ် ။ မှားမှား၊ မှန်မှန် ဒိုင်ဝီစီ မှုတ်တိုင်း လက်အုပ်ချီ တောင်းပန်တာ မျိုးမလိုအပ် တဲ့ အချိန် တွေမှာရှောင် သင့်တယ်လို့ ထင်ပါတယ် ။

ကျွန်တော် တော့ ရွာသူ၊ရွာသားများ ရဲ့ ကိုယ်ပိုင်အမြင်လေးတွေလဲ ပြောပြကြ ပါဦး ။

About MAUNG

has written 19 post in this Website..

ကောင်းသော နေ့ပါ ။ melody.mg.melody@gmail.com