မနေ့က ဒီအကြောင်းအရာကိုကျွန်တော်ပို့စ်တစ်ခုရေးတင်လိုက်တဲ့အခါမှာ စာဖတ်သူတွေဆီက ဝေဖန်စာတွေရောက်လာပါတယ်…


(ကျွန်တော်ပို့စ်မှာရေးသွားတဲ့စာတွေကတော့ဝေဖန်ချက် ၁ – ဒီသတင်းကတော့ အရမ်းကို Hot ဖြစ်နေပါလား… ဝေဖန်ချက် ၂ – နေရာတကာ ဒါတွေပဲ ကြားနေရတယ်…
ဒါပဲ ကြားနေရပါလားဗျာ…………..သရုပ်ဆောင်မို့ဒီလောက်နာမည်ကြီးနေတာလား..။

ဝေဖန်ချက် ၃ – အမှန်အတိုင်းပြော၇၇င် ထက်ထက်နာမည်ကျနေချိန်ရယ် ယခုတနှစ်အတွင်းကြုံတွေ့ရတဲ့ အခက်အခဲ တွေရယ် အဲလိုအခြေအနေကြောင့် အနည်းနဲ့အများ စိတ်ဒုက္ခ ခံစားနေရချိန်မှာ မေးတဲ့သူအမှားလို့ပဲ မြင်မိပါတယ်.

ဝေဖန်ချက် ၄  – လူနှစ်ယောက်ရန်ဖြစ်၊တစ်ယောက်ကတရားစွဲ၊ဒီသတင်းတင်မိရုံနဲ့ ထုတ်ဝေခွင့်အပိတ်ခံရမယ်ဆိုရင်တော့…သနားဖို့တောင်ကောင်းနေပါပြီ…The Voice… ရယ်

အဲဒါတွေပဲဖြစ်ပါတယ်။)

ဟုတ်ပါတယ်…အဲလိုပါပဲ ခုသတင်းနဲ့ပတ်သက်ပြီး ပါရှိလာတဲ့နေရာတွေမှာလည်း ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး မတူကွဲပြားတဲ့အမြင်တွေ၊ သုံးသပ်ချက်တွေ၊ ဝေဖန်မှုတွေရှိနေပါတယ်…

အနုပညာရှင်ကိုချစ်တဲ့သူတွေကတစ်ဖက်၊ စာနယ်ဇင်းသမားနဲ့ စာနယ်ဇင်းကျင့်ဝတ်အကြောင်းကို ကောင်းကောင်းသိသူတွေက တစ်ဖက်၊ နောက် အဲနှစ်ခုကြားက ရှိနေသူတွေလည်းပါပါတယ်….

ယခုအဖြစ်အပျက်မှာ ဘယ်သူမှားတယ်၊ ဘယ်သူမှန်တယ်ဆိုတာကိုတော့ ကျွန်တော်လည်း စာနယ်ဇင်းလောကသားတစ်ယောက်ဖြစ်တဲ့အတွက် မပြောချင်ပါ…

စာနယ်ဇင်းကျင့်ဝတ်အနေနဲ့ကြည့်မယ်ဆိုရင်တော့….

စာနယ်ဇင်းသမား၊ သတင်းစာဆရာတစ်ဦးသည် အများပြည်သူသိရှိစေရန်အတွက် သတင်းရင်းမြစ်များထံမှ သတင်းအချက်အလက်ကို သေချာခိုင်လုံတိကျစွာရယူရပါတယ်။ ထို့အတွက် သတင်းသမားတစ်ယောက်က သတင်းရင်းမြစ်ထံကနေ မေးခွန်းများကို သေချာတိကျစွာမေးယူရတဲ့အခါမျိုးကြုံတွေ့ရနိုင်ပါတယ်။ အဲဒီအခါမှာ သတင်းရင်းမြစ်အတွက် အနှောက်အယှက်ဖြစ်မယ့်၊ ထိခိုက်စေမယ့် မေးခွန်းမျိုးပါလာမယ်ဆိုရင် သတင်းရင်းမြစ်ရဲ့ လုပ်ပိုင်ခွင့်က အဲဒီ့လိုမေးခွန်းမျိုးကို ဖြေကြားခြင်းမပြုပဲနေနိုင်ပါတယ်။ နောက်ဆုံး သတင်းရင်းမြစ်အနေနဲ့ ဆက်လက်ဖြေကြားခြင်းမပြုလိုပါကလည်း ပြတ်သားစွာပြောဆို၍ တွေ့ဆုံမေးမြန်းခြင်းကို အဆုံးသတ်နိုင်ပါတယ်။ ဒါက သတင်းရင်းမြစ်ဘက်ကလုပ်ပိုင်ခွင့်ပါ။ ခုလိုကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့တယ်ဆိုတာကတော့ သတင်းရင်းမြစ်ဘက်က လွန်သွားတယ်လိုဆိုချင်ပါတယ်။ (အခြားနောက်ကွယ်က နှစ်ဦးချင်းပြဿနာများရှိခဲ့မယ်ဆိုရင်လည်း ခုလိုအချိန်အခါမျိုးမှာ မကျူးလွန်သင့်ဘူးလို့ထင်ပါတယ်။)

About သတင်းလူသား

သတင်း လူသား has written 12 post in this Website..