ကျိုက်ထီးရိုး ကိုရောက်ခဲ့ တယ်။

bigchefNovember 21, 20113min1159

ပြီး ခဲ့ တဲ့ ၂၀၁၁ အောက်တိုဘာ တုန်း က ကျိုက်ထီးရိုး ကို နေ ့ချင်း ပြန် ရောက်ခဲ ့တယ်။
အ ရင်တုန်း က တော့ နေ ့ ချင်းပြန် တစ် ခေါက် မှ မသွား ဖူး ဘူး။
နယ် က မိ ဘတွေ ကို လိုက် ပို ့ ရင်း နဲ. သွားတာ။
နေ ့ ချင်းပြန် ဆိုတော့ ရောက် ပြန် ပေါ့။ တော်တော်လေး တော့ပင်ပန်း တယ်။
လမ်း တွေ က တော် တော်ကောင်း ပါ တယ် ။
ရန် ကုန် က နေ မနက် ၅ နာ ရီ ခွဲ လောက် ထွက် လမ်း မှာ မနက်စာ
စားနား ပြီးသွား တာ မနက် ၉ ခွဲ လောက် ကင်မွန်း စခန်း ကို ရောက် ပါ တယ်။
ကင် မွန်းစခန်း က နေ ရင် ပြင် ပေါ် ထိ အောင် ကား ရောက် ပါ တယ်။
ကား ခ က ၃၀၀ဝ ပါ။
ရင်ပြင်ပေါ် ရောက် ဘုရား ဖူး . ပြီး ခဏ နား တောင် အောက် ပြန်း ဆင်း
တော်တော်လေး တော ့ ကသီ တာပေါ့။
အေးအေး ဆေးဆေး လေး ဆိုရင်တော့ ပျော်စရာပေါ့။
ဘုရားပေါ် မှာရိုက် ခဲ. တဲ. ပုံ လေး ကို ရွာထဲ က ရွာသူရွာသား အား လုံး အလွမ်း
ပြေအောင် တင် ပေး လိုက် ပါတယ်။အ ပြန် ပဲခူး က ဘုရား တွေ တောင် ဝင် ဖူး လိုက် သေး။

9 comments

  • ပေါက်ဖော်

    November 21, 2011 at 9:38 am

    ဘေါ်လဒါတွေနဲ ့..စုပြီး…သွားဖူးချင်လိုက်ဒါ

  • htoosan

    November 21, 2011 at 10:04 am

    အခု ရင်ပြင်တော်နားအထိ ကားတောက်လျှေက်ရောက်ပြီဆိုတော့ အရင်တုန်းကလို လမ်းလျှောက်တက်ပြီး ထိပ်ရောက်ရင် ပြေတဲ့ အမောရယ်၊ လမ်းမှာ ကောင်မလေးတွေကို ဖေးမ ကူရတဲ့ အပျော်လေးတွေရယ်ကတော့ သမိုင်းဖြစ်ရပြီပေါ့။
    လူကြီးသူမတွေ အတွက် ကောင်းသလို တစ်ဘက်မှာလည်း အထမ်းသမားတွေ၊ ဝါး သေနတ်တွေ ၊ တောင်ဝှေးရောင်းသူတွေက တော့ အလုပ်သစ်ရှာရတော့မှာပေါ့။

  • blackchaw

    November 21, 2011 at 10:19 am

    ကျေးဇူးပဲဗျို့။ ရှေ့လာမယ့် စနေ၊ တနင်္ဂနွေ သွားမလားလို့ ကြံထားတာ။
    တည်းဘို့ခိုဘို့ရော အပေါ်မှာ လွယ်လားဗျ။ သိသူများရှိရင် ပြောကြပါဦး။

    • lone

      November 21, 2011 at 10:46 am

      လူမကြပ်ခင်မြန်မြန်သွား ကိုဘလောချက် ရေ…နောက်မို့ဆို လူတွေ က ကြပ် အခန်းကမရနဲ့… သွားလို့မကောင်းဘူး… အေးအေးဆေးဆေး ကိုယ့်မိသားစုလေးနဲ့ကိုယ် လူရှင်းတုန်း ဘုရား ကို တိတ်တိတ်ဆိတ်ဆိတ် အေးအေးချမ်းချမ်းဖူးလို့ရတယ်။ အခန်းခ တွေကတော့ အစားစား ရှိတယ်။ ရင်ပြင်တော်ပေါ်က ၄ထပ်ဆောင်တို့ ၃ ထပ်ဆောင်တို့ က နိုဝင်ဘာလောက်ဆိုရင်တော့ တစ်ယောက်ကို ၄၀၀၀၊ ၅၀၀ဝ လောက်ရှိမယ် ရိုးရိုးလေး မှာ တော့ ၄ ယောက်ခန်းကို ၂၅၀၀ဝလောက်တော့ရှိမယ် များချင်လည်း များမယ် နဲချင်လည်း နဲမယ် တစ်နှစ်တစ်နှစ်ဈေးကမတူဘူး။ lone ကဒီနှစ်တော့ မရောက်ရသေးဘူး…နှစ်တိုင်းတော့ တက်နေကျ။ ရိုးရိုးလေးမှာက ကိုယ့်ရေချိုးခန်းနဲ့ကိုယ် လည်းရှိတယ်။ ရေချိုးခန်းမပါတာလည်း ရှိတယ်။ ၄ထပ်ဆောင်တို့ ၃ ထပ်ဆောင်တို့ ကတော့ မိန်းကလေးသပ်သပ် ၊ယောက်ျားလေးသပ်သပ် စုချိုးဖို့ ရေကန်ကြီး တွေ လုပ်ထားပေးတယ်။ တောင်ပေါ်ရောက်ရင် မိသားစု ကို အေးအေးဆေးဆေး နားခိုင်းပြီး …တူလေးနဲ့ တည်းခိုဖို့ လိုက်စုံစမ်းပေါ့ … အကောင်းဆုံးကတော့ လူမကြပ်တဲ့အချိန်သွားဖို့ပဲ…လူကြပ် ရင် မကောင်းဘူး…အခန်းလည်း မရဘဲ နေလိမ့်မယ်။…ရောက်ရင် ရေတံခွန် ဘက်လည်း ဆင်းပြီး ဓါတ်ပုံလေးဘာလေး ရိုက်ခဲ့ဦးနော်။ရေတံခွန်ဆင်းတဲ့လမ်းမှာ ဘုန်းကြီးကျောင်းတစ်ကျောင်းရှိတယ် အဲဒီ့ကကျွေးတဲ့ ထမင်းကိုလည်း စားဖြစ်အောင်စားခဲ့ဦးနော်…ကိုဘလောချက်ကတော်နဲ့ အမှတ်တရ လေးတွေ ပါ တင်ဦးနော်။ လူကြီး တွေကို တော့ ရေတံခွန်ခေါ်မသွားနဲ့ဦး ပင်ပန်းတယ်။ ……..ကိုဘလောချက်ရဲ့ ကျိုက်ထီးရိုးခရီးစဉ်အဆင်ပြေချောမွေ့ပါစေ….ရောက်ရင် lone ပြောတာလေးတွေ မမေ့နဲ့နော်။ …. 🙂

      • ပေါက်ဖော်

        November 21, 2011 at 11:00 am

        လုံးလေးရေ…မှတ်ထားမယ်နော့..
        လုံးပြောတဲ့..ချာဝန်မလေးချောအိကိုလဲ မှတ်ထားတယ်တိလား..
        ကဖော်ရီးက သတိရပါတယ်လို ့ပြောလိုက်ဦးနော်
        😆

  • ကိုရင်စည်သူ

    November 21, 2011 at 11:34 am

    သွားချင်တယ်ဗျာ. သွားချင်တယ်..
    အရမ်းသွားချင်တယ်… ဒါပေမဲ့… ဒါပေမဲ့..
    တစ်ယောက်တည်းသော မသွားချင်ဘူး… 😐 😐 😥

    • windtalker

      November 21, 2011 at 1:06 pm

      အိမ်နားက ဆွေမရှိ ၊ မျိုးမရှိ ၊ အသက် ၄ရ နှစ် ၊ တောက ဘွားဒေါ်ကြီးက လဲ သွားချင်လို ့တဲ့ ၊ အဲဒါ ကရင်စူသီ နဲ ့ချိတ်ပေးရမလား ဟင်
      ဘစ်ချိ ရေ
      သာဓု သာဓု သာဓု ပါ နော်

    • Diamond Key

      November 21, 2011 at 1:33 pm

      ကိုအင်ကြီး စတိုင်နဲ့ပြောလိုက်မယ်………..”လိုက်ချင် ထှာ”

  • victor soemoe

    November 22, 2011 at 8:14 pm

    ကျေူးဇူး ဗျို့ – – – – တကယ်ပါ ဗျာ —–

Leave a Reply