ဒီကနေ့ချက်ပြထားတဲ့ အစားအစာက မနက်စာအဖြစ်စားသုံးဖို့ အဆင်ပြေပါတယ် … ညဘက်ကထဲက ဂျုံနဲ့နွားနို့ရောပြီး ဂျုံအပြားကို လုပ်ထားရပါတယ် … ကြက်သားခါးပတ်လဲ တစ်ခါထဲချက်ထားပြီး မနက်အိပ်ယာထတော့မှ လိပ်စားလိုက်ရုံပါပဲ … UZebak သူငယ်ချင်းကောင်မလေး လုပ်ကျွေးလေ့ရှိတဲ့ အစားအစာတစ်ခုကို အမှတ်တရပြန်လုပ်ပြီး လုပ်နည်းလေး မျှဝေပေးလိုက်ပါတယ် … လုပ်နေကျမဟုတ်လို့ မလှမပဖြစ်နေတာလေးတော့ နားလည်ခွင့်လွှတ်ပေးပါလို့ ….

ပါဝင်သောပစ္စည်းများ
ဂျုံမှုန့် …… အနည်းငယ်
နွားနို့ …… ၂၅၀ မီလီလီတာတစ်ဗူး
သကြား၊ ဆား … သင့်တော်သလောက်
ကြက်သားခါးပါတ်အတွက်
ကြက်သွန်ဖြူနီ
ကြက်သားအသားသီးသန့်
ဆီ
မဆလာ

ပြုလုပ်ပုံအဆင့်ဆင့်
ဂျုံအပြားပြုလုပ်ရန်အတွက် ဇလုံတစ်ခုထဲတွင် ဂျုံမှုန့်၊ နွားနို့၊ သကြား၊ ဆားနဲ့ ရေအနည်းငယ်ထပ်ထည့်ပြီး မပြစ်မကျဲအနေအထားရအောင် ဖျော်ထားရပါတယ်။ ထို့နောက် မကပ်တဲ့ အိုးကို မပူပေးပြီး ထောပတ် (သို့မဟုတ်) ဆီ သုတ်တယ်ဆိုရုံလေး သုတ်လိမ်းရပါမယ် … အိုးပူချိန်မှာ မုန့်နှစ်ရည်ထည့်ပြီး ခပ်ပါးပါးလေးဖြစ်အောင် လုပ်ရပါမယ်။ ပူလာချိန်မှာ မုန့်ကနဲနဲကြွလာမယ်။ အဲဒီအချိန်မှာ အနားကနေခွာပြီး ရှေ့နောက်လှန်ပေးပြီးရင် ရပါပြီ။
လုပ်ပြီးသားမုန့်အချပ်တွေကို ကြွပ်ကြွပ်အိပ်ထဲထည့်ထားပြီး သိမ်းထားရုံပါပဲ ..

ကြက်သားခါးပါတ်အတွက် ကြက်သားကိုစဉ်းကောလုပ်ထားပြီးဆားနဲ့နယ်ထားမယ် … ကြက်သွန်ဖြူနီ ဆီသတ်ပြီး ကြက်သားထည့်၊ ကျက်ခါနီးရင် မဆလာထည့်ပြီးရင် ရပါပြီ … တစ်ခါတစ်လေ လူများများနဲ့စားချင်တဲ့အခါမှာတော့ အာလူးကိုပါ သေးသေးလေးတွေတုံးပြီးထည့်ချက်လို့ရပါတယ်…

လိပ်တာကတော့ ကော်ပြန့်လိပ်သလိုပဲ အသားကိုအလယ်မှာထည့်ပြီး လိပ်လိုက်ရုံပဲ …

အာဟာရပြည့်ဝတဲ့ပစ္စည်းများကိုသာအသုံးပြုထားတဲ့အတွက် အရသာလည်းရှိ စားလို့လဲကောင်းပြီး လုပ်ရတာလဲ လွယ်ပါကြောင်း သတင်းကောင်းပါးရင်း …

ဂျုံနှင့်နွားနို့ဖျော်ထားပုံ

ဂျုံအပြားပြုလုပ်နေပုံ

လုပ်ထားပြီး ဂျုံပြားများ

ကြက်သားမဆလာခါးပတ်

သုံးဆောင်နိုင်ပါပြီ

weiwei

About weiwei

weiwei has written 367 post in this Website..

မင်္ဂလာပါ ....

   Send article as PDF