ဆိုက်ကားစီးတဲ့ လူ ပွဲချင်းပြီးသေတဲ့ ယဉ်တိုက်မှု
လွန်ခဲ့တဲ့ နာရီဝက်ခန့်က ဖြစ်ခဲ့တဲ့ ယဉ်တိုက်မှု တစ်ခုအကြောင်းသတင်းလေးပါဗျို့။
ဖြစ်တာက ရွာမကြောင်းလမ်းနဲ့ ဗဟိုလမ်းဆုံလေးတည့်တည့်မှာပါ။ မနက် ၉း၃ဝ သာသာလောက်မှာပါ။
ရန်ကုန်တိုင်း စာရင်းစစ်ရုံးက ကားကြီးက ဆိုက်ကားတစ်စီးနဲ့ ညိပြီး
ဆိုက်ကားပေါ်ထိုင်လိုက်လာတဲ့ အမျိုးသား(လူကြီး) ရဲ့ ခေါင်းဟာ
ကားနောက်ဘီးရဲ့ တက်ကြိတ်ခြင်းကို ခံရပြီး တစ်ခါတည်းပွဲချင်းပြီးပါတယ်ဗျာ။
ယဉ်တိုက်မှုဖြစ်တဲ့အချိန်မှာ ဘလက်က ဗဟိုလမ်းဘက်ကနေ ရွာမကျောင်းလမ်းဘက်ကို ချိုးပြီး
အင်းစိန်လမ်းမဘက်ထွက်မလို့ လုပ်နေတဲ့ အချိန်ပါ။
ဓါတ်ပုံတွေကတော့ သတ္တိမွေးပြီး ရိုက်ခဲ့တာပါ။
ကားမောင်းသူတွေလည်း ဆင်ခြင်ကြပါ။
ဆိုက်ကားနင်းသူတွေလည်း ဆင်ခြင်ကြပါ။
ဆိုက်ကားစီးတဲ့ လူတွေ ရှိခဲ့ရင်လည်း သတိလေးနဲ့ စီးကြဘို့ အကြံပေးချင်တယ်ဗျာ။
ကျွန်တော် တော်တော် စိတ်မကောင်းဖြစ်မိပါတယ် အရပ်ကတို့။
ယဉ်ထိန်းရဲတွေရော ရဲတွေပါ ရောက်နေပါပြီ။ အံ့ဩစရာကောင်းတာက ဆိုက်ကားနင်းသူ ဘာမှမဖြစ်ဘူးလို့ပြောပါတယ်။
တံခါးစောင့်ကြီး ဒီတစ်ခါတော့ သတင်းသမားဖြစ်သွားပြီ
ဒီ MG မှာ တင်တဲ့ သတင်းက မြန်မာပြည်မှာ အစောဆုံးဖြစ်မယ်
Was this answer helpful?
LikeDislikeကိုဘလက်ရေမြန်လိုက်တဲ့သတင်းပါလား…
ကျေးဇူးဘဲဗျို့……….
Was this answer helpful?
LikeDislikeလူကတော့ မြန်လွန်းလို့ ခက်တယ် ကိုရင်မောင်ရေ။
ကော်နက်ရှင်က နှိတ်စက်လို့ တော်တော် တောင် နောက်ကျသွားတယ်။
Was this answer helpful?
LikeDislikeကျနော်တို့ဆီမှ12း30
ရန်ကုန်မှာ11း00
ကားတိုက်မှု့ဖြစ်တာက9း30
ဆိုတော့ ကိုဘလက်ရေ…
အစောဆုံးသတင်းတပုဒ်ပါဘဲ
ကော်နက်ရှင်ကောင်းယင်ပိုတောင်မြန်အုံးမှာနော်
ဒါကြောင့်လဲဂဇက်ကြီးကိုမခွဲနိုင်ဖြစ်နေရတာပေါ့..
သေသွားတဲ့သူအတွက်ကတော့စိတ်မကောင်းစရာပါ
သတ္တိမွေးပြီး ရိုက်ခဲ့တဲ့ဓါတ်ပုံအတွက်ရော
ရွာသားများသတင်းဦးဖတ်စေချင်လို့
အချိန်ပေးခဲ့တာရော
ကိုဘလက်ချေားကြီးရဲ့စေတနာကိုကျေးဇူးတွေအထူးတင်ပါတယ်ဗျာ…
Was this answer helpful?
LikeDislikeအနှေးယာဉ် ဆိုုက္ကားနင်းသူတချို့ လမ်းစည်းကမ်းဥပဒေ ကိုနားမလည်တဲ့ပုံစံမျိုးလား
မသိပါ ၊ လမ်းကျဉ်းမျိုးတွေမှ ကားက အကြာကြီး သည်းခံပြီး စောင့်မောင်းပေးရတာ၊
သူတို့က ဖယ်မပေးဘူးလေ ၊ ပုံစံကြည့်ရာတာ တိုက်ရဲရင်တိုက် အနေအထားမျိုး ၊
ဆိုက္ကားသမားတိုင်းတော့ မဟုတ်ပါဘူး ၊ ခုဖြစ်တဲ့ဖြစ်ရပ်က ဘယ်ဖက်ကမှားတယ်ဆိုတာ
ဆိုတာမျိုးလေး ပြောပြပေးပါလား ကိုဘလက်ရေ ၊ သင်ခန်းစာယူကြရအောင်ပါ ။
Was this answer helpful?
LikeDislikeZippo ရေ ။ လူသေသေ မသေသေ ကားနဲ့ ဆိုက်ကား ညိကြရင်
ကားအမှားပဲဆိုတာ မြန်မာပြည်ရဲ့ ဥပဒေပါဗျာ။
လူပါသေသွားတယ်ဆိုတော့ ဥပဒေအရ ကားသမားတော့
ဂိုးတူသည်ဂျေး ပေါ့ဗျာ။
ပုံ ၁ ပါအတိုင်း ကားကြီးက ဘယ်ဘက်ကိုကွေ့တာပါ။
ဆိုက်ကားက လမ်းလယ်က နင်းလာတာပါ။
ဆိုက်ကားရော ဆိုက်ကားဆရာရော ဘာမှမဖြစ်ဘူးနော်။
ဓါတ်ပုံထဲမှာ ထင်ထင်ရှားရှားကြီးပါပါတယ်။
ကားကြီးမောင်းသူရဲ့ နိမ့်ကျနေတဲ့ ကံကြမ္မာရယ်၊
ဆိုက်ကားစီးလာသူရဲ့ နိမ့်ကျနေတဲ့ ကံကြမ္မာရယ်၊
အကြောင်းကြောင်းသော အကြောင်းကြောင်းတွေကြောင့်လို့ ဆိုရမယ်ဗျာ။
အဲဒါကျတော့ ကိုရင်စည်သူ ကပိုပြောနိုင်မယ်ထင်တယ်ဗျို့။
Was this answer helpful?
LikeDislikeမြင်ရတဲ့မြင်ကွင်းကစိတ်မကောင်းစရာဘဲ
သေသွားတဲ့လူရဲ့မိသားစုတော့ဘယ်လောက်တောင်ခံစားရမလဲမသိဘူးနော်
မနေ့ကလဲညနေရုံးဆင်းတော့ ကားမှတ်တိုင်ကိုရုံးကအုပ်စုလိုက်လျှောက်လာကြတာ
ကံအရမ်းကောင်းနေကြလို့သာ ကားမတိုက်မိတာ
ဗန္ဓုလတံတားပေါ်ကဆင်းလာတဲ့ ဂျစ်ကားတစ်စီးက အိုးရှန်းမှတ်တိုင်နားလဲရောက်ရော
ဘယ်လိုဖြစ်တယ်မသိဘူး တုံးလုံးလဲပြီးအရှိန်နဲ့ရှေ့ရောက်လာတာ
ကျမတို့အုပ်စုနဲ့ဆို ခြေလှမ်း၃လှမ်းလောက်ဘဲကွာမယ်
တွေးရင်းတောင်ကြက်သီးထတယ်
ကားထဲကလူတွေတော့ဘာတွေဖြစ်ကုန်ကြတယ်မသိဘူး
ကျမတို့လဲ လှည့်မကြည့်ရဲကြတာနဲ့တွေ့တဲ့ကားပေါ်ပြေးတက်ကြရတယ်
ဒါ့ကြောင့်ပြောတာ အန္တရာယ်ဆိုတာအချိန်မရွေးကြရောက်နိုင်တယ်ဆိုတာ
Was this answer helpful?
LikeDislikeသူက ဘယ်လိုချော်တော် ငေါ့ပြီးအဲဒီကြားထဲ ဝင်သွားရပါလိမ့်နော်။
သေချင်တော့လဲ ကြံဖန်ပြီးသေတယ်ထင်ပါရဲ့။
ကျနော်မှာ မြန်မာပြည်က သွားနေတဲ့ရထားအောက်ထဲရောက်သွားဘူးတဲ့
သူငယ်ချင်း တယောက်ရှိတယ်။ ပွန်းပဲ့တာကလွဲလို့ ဘာမှ မဖြစ်ခဲ့ဘူး။
ခုဟာဆို ဆိုက္ကားက ခါအထွက်မှာ အောက်ကိုရောက်အသွား ကားဘီးနဲ့ ကွက်တိထင်ပါရဲ့။
စိတ်မကောင်းစရာပါဘဲ။
Was this answer helpful?
LikeDislikeအချိန်တန်လို.နေမှာပါ.. ဒါပေမယ့် ကားသမားတော့ ဒုက္ခရောက်ပြီပေါ့…
ကားတွေ၊ဆိုက္ကားတွေ၊လူတွေ စည်းကမ်းမရှိကြတော့ ဘူးဗျာ.. သေသူရော ကားသမားအတွက်ပါစိတ်မကောင်းလိုက်တာ
Was this answer helpful?
LikeDislikeသနားပါတယ်။ တော်ပါသေးရဲ့ အဝတ်နဲ့ အုပ်ထားလို့ မမြင်ဝင့်စရာပဲနော်။ ဒါကြောင့် ကိုနိုဇိုမီပြောတာ ပြန်ပြောတော့မယ် ဟိုသတင်း သိပြီးပြီလား လာမပြောနဲ့ ရွာထဲမှာ ဖတ်ပြီးသား ဆိုတာလိုပဲ သတင်းကတော့ အဦးဆုံးပဲ။
Was this answer helpful?
LikeDislikeဘုရား..ဘုရား..

ဇာတာပဲဗျာ..
ဝင်ဝင်ချင်း ဒါကြီး အရင်မြင်မိတယ်..စိတ်မကောင်းစရာ..
သတင်းအတွက်ကျေးဇူးတင်ပါတယ်….
ဒုက္ခရောက်သူတွေအတွက် စိတ်မကောင်းလှပါဘူးဗျာ..
Was this answer helpful?
LikeDislikeပေါက်ဖော်
နင်မသေသေးဘူးနော်
ဘုရားဘုရားဘုရား
တော်ပါသေးရဲ ့
ငါ့ သယ်ချင်းဘော်ဒါကြီး
ပျောက်နေလို ့
အဲ့ဆိုက်ကားစီးသွားတာ
နင်မှတ်နေတာ
Was this answer helpful?
LikeDislikeဇာတာလေးဘာလေးစစ်ကြည့်လိုက်ဦး
ဘုရား တရားလည်း မမေ့နဲ့ပေါ့
Was this answer helpful?
LikeDislikeကျွန်တော်ကြားဖူးတာက နောက်ဘီးနဲ့ဆိုရင် ကားသမား အမှုပေါ့တယ်လို့ ဆိုကြတယ်
ကားသမား အမှား မဟုတ်ဘူးပေါ့
ဟုတ်၏ မဟုတ်၏ သိတဲ့သူပြောကြပါဦး …
Was this answer helpful?
LikeDislikeအဝတ်နဲ့ အုပ်မထားဘူးဗျ။ မမှီရေ။
ဖြစ်ကာစဆိုတော့ ဘာမှ မလုပ်ရသေးဘူးလေ။
ဒီအတိုင်းကြီး ထိကိုမထိရသေးတာ။
Was this answer helpful?
LikeDislikeအဲဒါပဲလေ….. ။ဆန့်သောလက် မကွေးမီ ကွေးသောလက် မဆန့်မီဆိုတာ …..။ ကံကြမ္မာဆိုတာ ကြိုမြင်နိုင်တာမှတ်လို့…..။ ဒါကြောင့် ကိုညီထွဋ် သီချင်းတွေ ပြန်နားထောင်ချင်နေတယ်…။ “ရာဇဝင်” တို့ “အသစ်က ပြန်စ”တို့ ပေါ့….။ ‘လူတွေကိုကောင်းကျိုးတစ်ခုခုပေးပြီးပလား လူတွေကို ဆိုးကျိုးတစ်ခုခုချန်ထားမလား ရာဇဝင်အားရေးသားနေတယ်……… ‘ဆိုတဲ့ စာသားလေး ကျုပ်တော့ကြိုက်တယ်…။ နောက် ထွက်လာတဲ့ သီးချင်းတွေမှာ အဲဒိလို အဓိပါ္ပ ယ်ရှိတဲ့ စာသားမျိုး မတွေ့ရသလောက်ပဲ….။
Was this answer helpful?
LikeDislikeမသိဘဲ ရမ်းတုတ်ရရင်တော့ ရမ်းသူ ကားသမား ၊ မထီမဲ့ မြင်ပြုသူ ဆိုက်ကားသမား ၊ ကြားထဲက အချောင်သေရတာက အရပ်သမား ။
ဆိုုက်ကားလည်း ဘာမှ မဖြစ်ဘဲနဲ့ဆို မူးမိုက်ပြီးများ ပြုတ်ကျသွားလို့ ကားနောက်ဘီးအောက်ရောက်သွားရှာတာလား ။
Was this answer helpful?
LikeDislikeကံကြမ္မာဆိုတာ မမြင်နိုင်ဘူးနော်.. ဒီလူကြီးလဲ အိမ်က မထွက်ခင် လမ်းပေါ်မှာ ဆိုက်ကား မစီးခင် အထိ ဒီလို ဖြစ်မယ် ဆိုတာ သိမှာ မဟုတ်ဘူး။
ကားသမားလည်း ကားကို အဲဒီ နေရာ အထိ ဒီလို ဖြစ်မယ် ဆိုတာ သိမှာ မဟုတ်ဘူး။
ကြိုသိနေရင် ဘယ်သူမှ ဒီလမ်းက ဖြတ်မှာ မဟုတ်ဘူး။
မရဏမင်းမှာ တံခါး မရှိ ဓါးမရှိဘူး သူခေါ်ချင်တဲ့ အချိန်ခေါ်မယ်ဆိုတာ အမှန်ပဲ။
Was this answer helpful?
LikeDislike၂ခါတောင် မန်းမိသွားတယ်။ ကွန်နက်ရှင် အဲရာ ဆိုတာကြီး ပြတာနဲ့ မတက်သေးဘူး မှတ်ပြီး နိပ်လိုက်တာ များသွားတယ် အားနာပါတယ်နော်.. ဟိဟိ ၃ခါ မြောက် တောင်းပန် မန်း လိုက်တယ်။
Was this answer helpful?
LikeDislikeကိုဘလက်ရေ ညက ဖြစ်တဲ့ကိစ္စကိုတော့ သတိ္တမွေးပြီး မရိုက်ရဲခဲ့ဘူး။ ချောင်းဝ မှတ်တိုင်နဲ့ ဘူတာရုံလမ်း မှတ်တိုင်ကြား ကွေ့မှာဖြစ်ပွားခဲ့တာပါ။ ကွန်တင်နာကားနဲ့ စက်ဘီးစီးလာတဲ့သူနဲ့ ညှိပြီး တိုက်တာ စက်ဘီးကော လူကော ကြွေမွပြီး ခြေထောက်နဲ့ လက်တစ်ဖက်ပဲ အကောင်းမြင်ခဲ့ရတယ်။ ကြည့်ပြီး ရင်တစ်လှပ်လှပ်ဖြစ်နေလို့ ဓာတ်ပုံရိုက်ဖို့တောင် မေ့နေခဲ့တယ်။ မနေ့ညက ဖြစ်ခဲ့တာ ခုထိ မြင်ယောင်နေတုန်းပဲ။ လူတိုင်းဆင်ခြင်သင့်တယ်နော်။ ခုကားလမ်းတောင်ဖြတ်မကူးရဲတော့ဘူးဖြစ်နေတယ်။
Was this answer helpful?
LikeDislikeကိုကိုချော မန်းလေးဂေဇက်က သတင်းထောက် အိုင်ဒင်တတီကဒ်ထုတ်လို့ရပြီဗျို့
ကိုခိုင်ဆီလှမ်းပြီးတောင်းပေတော့ …..။
ပြီးရင် နိုင်ငံရပ်ခြားသတင်းထောက်များအသင်းမှာမှတ်ပုံတင်လိုက်ရင် နိုင်ငံတော်သတင်းစာရှင်းလင်းပွဲ
တွေဝင်လို့ရပါပြီ ။
Was this answer helpful?
LikeDislikeကိုချောရေ
သူများပြောတိုင်းမယုံနဲ့။
ကိုယ်မျက့်စေ့နဲ့မြင်မှယုံ။
မြောက်ပေးတိုင်းလဲအဟုတ်မမှတ်နဲ့။
လက်တွေ့ကြုံမှယုံ။
သူများအထင်သေးမှာလဲမစိုးနဲ့.။
ကိုယ့်ယုံကြည်ချက်ကို ကိုအသိဆုံးဘဲ။
ဟုတ်တယ်ဟုတ်။
ကျနော်ကတော့ ဘာလာပြောပြောဗျာ တကယ့်လက်တွေ့နဲ့ဘဲချိန်ပြီးစဉ်းစားတယ်။
Was this answer helpful?
LikeDislikeကားတခါးမှာ ဝင်ပေါက်လို့.. ဂျပန်လိုရေးထားတယ်..။
ဂျပန်ဘတ်စ်ကားပေါ့…။
ယဉ်မောင်းသူရဲ့.. ခုံက.. ကားရဲ့ညာဖက်မှာရှိမယ်ပေါ့…။
ဆိုထားသမို့.. ကားညာဖက်ခုံမှာထိုင်ရင်း ကားမောင်းနေတဲ့.. ဒရိုင်ဘာက.. ဘယ်ဖက်ကွေ့တဲ့အခါ… လမ်းလယ်နေရာယူထားတဲ့.. ဆိုက်ကားသေးသေးကို မြင်ရခက်ပါတယ်..။
ပြောရရင်…
ဒီလို.. မြန်မာပြည်လမ်းတွေနဲ့ မအပ်စပ်တဲ့.. ဂျပန်ဘတ်စ်ကားတွေ လမ်းတွေပေါ်မှာရှိနေအောင် လုပ်ထားတဲ့.. စံနစ်လုပ်ထုံးတွေကြောင့်.. အပြစ်မဲ့အသက်တွေ ဘယ်လောက် ဆုံးရသလည်း တွက်ကြည့်ဖို့ပဲ..။ ခန့်မှန်းရရင်…. တနှစ်ရာချီတဲ့..အသက်တွေဆုံးရှုံးနေလိမ့်မယ်..။
ကံကြမ္မာဆိုတာကြောင့်ဆိုပြီး ပြောတာထက်.. (ပိုလက်တွေ့ကျတဲ့… )အရင်းအမြစ်… အဖြစ်ကို မြင်အောင်ကြည့်စေချင်တာပါပဲ…။
ဒါဆို.. နောက် ဘာလုပ်ရမယ်.. ဘာလုပ်သင့်တယ်.. ဘာပြင်ရမယ်.. ဆက်စပ်စဉ်းစားလို့ ရလာမှာပေါ့နော..
အခုအဖြစ်ကြောင့်.. လူလုပ်အားတခု(သေသူ)ဆုံးရှုံးသွားသလို.. ကားမောင်းသူ လုပ်အားလည်း.. (ထောင်တန်းကျမှာမို့) ဆုံးရှုံးပါတယ်..။
အာဏာပိုင်တစုရဲ့.. မှားယွင်းတဲ့ ဆုံးဖြတ်ချက်(ပါမစ်ချပေး) မှုကြောင့်.. ဒီလိုဖြစ်တာ.. များလာရင်.. အဲဒီလုပ်ထုံးဥပဒေ(ကားသွင်းခွင့်) ပြင်ရမှာပါ..။
ဘာပဲဖြစ်ဖြစ်.. သတင်းအတွက်ကျေးဇူးနော..။
ကျေးဇူးဆပ်တဲ့အနေနဲ့.. နောင်အဲဒီလိုအဖြစ်တွေ.. လျှော့နည်းသွားအောင်.. .. ဦးနှောက်တွင်းမုန်တိုင်းဆင်နိုင်ကြဖို့.. အဖြေတခုပါထုတ်ပေးလိုက်တယ်..။
Was this answer helpful?
LikeDislikeလက်ယာကပ်မောင်း ကျင့်သုံးတဲ့နို်င်ငံမှာ
လမ်းမဘက်ကနေလူဆင်းရတဲ့ကားကိုသွင်းခွင့်ပြုလိုက်တာကိုက ပြင်မရတဲ့အမှားပါ။
ကိုခိုင်ရေ အဲဒီပုံတွေတင်ပေးအုံးမယ်။
အားခဲ့ရင်ပေါ့။
Was this answer helpful?
LikeDislikeကားတိုက်ခံရတဲ့သူက ကျွန်မတို့အလုပ်မှာ လုပ်ခဲ့ဖူးသူဖြစ်နေပြီး နဲနဲမျက်မှန်းတန်းမိသူဆိုတော့ ကြားရတာ စိတ်မကောင်းဖြစ်မိတယ် …
ကား ၂ စီးဆင့်တိုက်လိုက်တာ အလောင်းကိုတောင် ဂေါ်ပြားနဲ့ကြုံးလိုက်ရတယ်လို့ ကြားတာပဲ …
အဲဒီလမ်း အဲဒီပတ်ဝန်းကျင်တွေမှာ ခဏခဏဖြစ်တတ်တာ သတိထားမိတယ်
Was this answer helpful?
LikeDislike“ကိုကိုချော မန်းလေးဂေဇက်က သတင်းထောက် အိုင်ဒင်တတီကဒ်ထုတ်လို့ရပြီဗျို့
ကိုခိုင်ဆီလှမ်းပြီးတောင်းပေတော့ …..။
ပြီးရင် နိုင်ငံရပ်ခြားသတင်းထောက်များအသင်းမှာမှတ်ပုံတင်လိုက်ရင် နိုင်ငံတော်သတင်းစာရှင်းလင်းပွဲ
တွေဝင်လို့ရပါပြီ ။”
ကိုဖက်တီးရေ။
ရှေ့က စီနီယာကြီးတစ်ယောက် ဖြစ်တဲ့ ကိုဖက်တီးက ကားတိုက်တဲ့သတင်းကို တင်ခဲ့ဘူးလို့
ကျွန်တော့်လို ဂျူနီယာ တစ်ယောက်က ကားတိုက်တဲ့ သတင်းကို တင်ဘို့ ကြိုးစားကြည့်တာပါ။
သူကြီး နဲ့ ကျွန်တော် မသိပါ။ ကိုဖက်တီးပြောတဲ့ အလုပ်ကို ဘယ်တော့မှ လုပ်မှာ မဟုတ်တဲ့ အတွက် ကဒ်လည်းလှမ်းတောင်းမည် မဟုတ်ပါ။
ကျွန်တော် သည် အပျော်တမ်း စာရေးဘို့ ကြိုးစားနေသူတစ်ယောက်သာဖြစ်ပါတယ်။
သေချာတာက ကျွန်တော့် ပို့စ် တွေမှာ စေတနာပေါင်းထည့်ပြီးရေးထားတယ်ဆိုတာ
ဖတ်တတ်ရင် မြင်ပါလိမ့်မယ်။
ကျွန်တော်တင်လိုက်တာ သတင်း အင်္ဂါရပ်နဲ့ မညီဘူးဆိုရင်တော့ ကျွန်တော့်မှာ ဆင်ခြေပေးစရာ အဆင်သင့်ရှိပါတယ်။
ကျွန်တော်သည် သတင်းထောက်တစ်ယောက် မဟုတ်လို့ပါ ခင်ဗျာ။
Was this answer helpful?
LikeDislikeအဲ ့နားက ဆိုက်ကားသမားတွေ က အရမ်း ရဲ တယ် ဗျ ။ကြားထဲ ကနေ စီးတဲ ့သူ ကသေရတယ်။စိတ်မကောင်းဘူး ။ နှစ်ဘက် စလုံး ကို။
Was this answer helpful?
LikeDislikeကျနော်တို့နား တာမွေပလာဇာရှေ့မှာတိုက်တုံးကလဲ ဆိုက်ကားစီးတဲ့ ကုလားမကြီးပွဲဂျင်းပီးဘဲ
နင်းတဲ့သူဘာမှဖစ်ဘူး ကြောက်စရာ … ကြောက်စရာ …
Was this answer helpful?
LikeDislikeကျွန်တော်ဘူတာရုံလမ်းမှာနေတာပါ
ကျွန်တော်တို့တောင်မသိရသေးဘူး
MG ကိုရောက်နေပြီ ငါတို့ရွာအတော်မိုက်ပါလား။
Was this answer helpful?
LikeDislike