မနေ့ညက အိပ်တာ စောတယ်ဗျ … ကျနော့ စံချိန်နဲ့ဆို ၁၀နာရီကျော်ကျော်ဆိုတာ

အတော်စောတာရယ်… ပြီး ….

အသက်ကရ လာပြီိဆိုတော့ ငယ်တုန်းကလို မနက် ထိ အိပ်လို့ မရတော့ဝူးလေ….

သည်တော့ စောကြီး နိုးနေတာပေါ့ …… လူက နိုးပြီး မျက်စိကြောင်နေ ….

စကားပြောစရာ … ရန်ဖြစ်စရာ ….ငန်းစရာ ….ထေ့စရာ ရိစရာ ဘာမှမ ရှိ…

သည်တော့ ဒါ့ပုံဘက် လှည့်ရတာပေါ့ဗျာ … စာရေးရင် ကျနော် အိပ်ငိုက်တော့မှာကိုး..

အိပ်ငိုက်လို့ မဖြစ်ဘူးလေ ခနနေ ရုံး ထသွားရဦးမှာ …..အင်း …

သည်တော့ …Autumn 2.0 တင်လိုက်ပါတယ်ဗျာ….

 

 

သည်တပုံကလွဲရင် ဆစ် ဂနေချာ မထိုးထားပါဘူး..

ဟီး … ပျင်းတာလည်းပါတယ် …ကိုယ့်နာမည်ကြီးနဲ့ အားနာလာတာလည်းပါတယ်…

နောက်တခု ..ကျနော် လိုဂိုအပ်ထားတဲ့ ..ကျနော့် သူငယ်ဂျင်း ဒီဇိုင်နာ ကျနော့်ကို

ဂျင်း ထည့်သွားပီး ခုထိ လိုဂို လာမပေးတာလည်းပါတယ်. …..

 

ကိုယ်တိုင်လည်း ဘမ်ဘူးပက် မ၀ယ်နိုင်သေးတော့ ကိုယ့်ဟာကိုယ် ဆွဲမရတာလည်းပါဒယ်….

လှူပါလား သဂျီး …ဘန်ဘူးပက် မီဒီယမ်လေးတခုလောက် …ခစ်ခစ်…

 

 

ဒါ အိမ်ရှေ့ မြင်ကွင်း … လ,ဒယ်နော …… သိပ်ဝမ်းနည်းစရာကောင်းတာတခုက လကုန် ကျနော် အိမ်ပြောင်းရတော့မယ်….ဟင့် …..

 

 

ဒါ ၀ရံတာကနေ ညနေစောင်းကြည့်ရင် မြင်ရတဲ့ မြင်ကွင်း …..ပါ …

သိပ်မနီးပါဘူး၂၅၀မမ နဲ့ ဆွဲထားလို့ပါ ..၀ယ်သာဖိုင်း မှ မြင်ရတာကပါ ….. ဟုတ်ပါတယ် …ဖူဂျီဆန် ပါ….

 

 

 

ဒါကတော့ အိမ်နားက မဟုတ်ဝူး ..အပြင်သွားရင်း ကြုံလို့ရိုက်လာတာ …သိပ်တော့မကောင်းဘူး …မပစ်ရက်လို့ တင်လိုက်တာ…

 

 

အိမ်နားမှာပဲ …ဖစ်လတာ ထုတ်စမ်းနေတုန်း …ဖြတ်လျောက်သွားတာ …….ရိုက်သည်ပေါ့ ..ခစ်ခစ်….

 

 

 

 

ဒါလည်း အိမ်ကနေ မနီးမဝေး လမ်းလျောက်ရင် ရောက်တဲ့  တမ်ပယ်လ် ပါပဲ … မိုးထဲရေထဲ ..ကြမ်းပြင်ချပြီး

ဆွဲထားတာ ……..ဆြာ မှော်ရေ့ ကျုပ်က low angle သိပ်ကြိုက်တာကလား ….

 

 

 

အုမဲ လို့ခေါ်တဲ့ သစ်ပင်တွေ အပြည့်ရှိတဲ့ တောဗျ ….တရုတ် ဇီးချိုသီးလား ….မက်မွန်သီးလား ..မဆိုနိုင်ဘူး…

ပန်းပွင့်တဲ့အခါ ဆာကုရ နဲ့ ဆင်တယ်…….. (ကိုရင်အီးတီရေ့ ခင်ဗျားသိပါတယ် ကျုပ်က ဆာကုရ ကျွမ်းကျင်သူဆိုတာ ….အာဟိ)

 

 

သိပ်မမှတ်မိတဲ့ ရွက်ကြွေတော တခုက ရိုက်လာတာဗျ…မက်ခရို ဆိုပါတော့ ……

 

 

 

ဒီဇင်ဘာ တရက်နေ့ ….အဲ့သည့်နေ့က မိုးရွာတယ် …  မိုးရွာတော့ မိုးစက်တွေ ကို ရိုက်လို့ရတာပေါ့ ..

(လူမမှားစေချင်ပါ ……စာလုံးပေါင်း သတိပြု …..)

 

 

နည်းနည်း ဘမ်းချင်နေတဲ့ပုံ …လျော့လို့လည်း မရ၀ူးဗျ….အန်ဒါ ဖြစ်သွားမှာ ကျနော် ကြောက်တယ်…

 

 

ဒါက ဘုရားရင်ပြင်ပေါ်မှာ အဲ့သည့် ဘုရားပုံ သီးသန့်တင်ပါ့မယ် ….. တကယ်က ဘုရားပုံတွေကို Autumn တွေထက် အရင်တင်ဖို့….

အက်ဒစ်ပြီး ကာမှ သိပ် စိတ်တိုင်းမကျလို့ …. ဂီ့လက်ပကျွတ်က ပျက်တော့မှာလေ ….. ခုတောင် ဘက်ထွီ နဲ့ drive က ဂန့်နေပြီ

မော်နီတာ လည်း မကြာမီ လာမည် မျှော်ဘဲ …..

 

လီနေုာ်ဗို ပြန်ကိုင်မှ အရောင် စစ်တော့မယ်ဗျာ .. ကာလာချိန်ထားတဲ့ ဒဲလ်က အနီချန်နယ် နည်းနည်း ဂေါက်နေတယ်…

ကျုပ်နှိပ်စက်တာလည်း ပါတာပေါ့ ….အနီချည်း စွတ်ရိုက် စွတ်ပြင် စွတ် ချိန်ထားတာကိုး ..

သည်တော့ကာ oxygenated red ဖြစ်နေရင်သော်လည်းကောင်း …. pink ဘက် သိပ်သွားနေရင်သော်လည်းကောင်း ခွင့်လွှတ်ဗျ

 

 

 

နောက်တခါ ရိုက်ရင် သည့်ထက်ကောင်းအောင် ရိုက်နိုင်မှာ အသေအချာဘဲ …ကျနော် မီတာရင်းမုဒ် တွက်တာ စိတ်တိုင်းမကျခဲ့တဲ့ပုံ…

လန်းစ် ရွေးချယ်မှုလည်း အားမရဘူး ….အားမရဆုံးကတော့ ဘယ်လိုပြန် edit မယ်ဆိုတာ စိတ်ကူးထဲမပေါ်ဘဲ ရိုက်ခဲ့မိလို့ဘဲ…

 

 

ဒိုင်းနမစ် ရိန့်ခ်ျ ပြသနာ ရှိတဲ့ပုံဗျ…. ဖစ်လတာ မထိုးချင်ဘဲ ထိုးလိုက်ရတယ်… HDR ပြန်လုပ်ဖြစ်မယ်ထင်တယ်….

အဲ့သည့်အခါ ထပ်တင်မယ်နော ….

 

သည်ကစလို့ အောက်ဆုံး ထိ ပုံတွေက ချီယာရိုစကူလို အင်စပိုင်းယား ထားတာဗျာ ….ကျနော် ပေါ့ထလိပ် ရိုက်ချင်သေးတယ်…

ဟိုင်းကီးတွေ ဆော်ဖို့ စိတ်တိုင်းကျ စိုင် မရှိလို့ …(နောက်လ တော့ ရိုက်လို့ရမယ် ထင်တာဘဲ ….ခစ်ခစ်…)

 

 

 

မန်နျူရယ် ဖိုးကပ်စ်ဗျ …ကြာကြာရိုက်ရင် မျက်ရည်ပူတွေကျတယ် ….မြန်မြန်ကန်းဖို့ နီးတဲ့ နည်းတွေပေါ့ ….

စမ်းမလားဗျ …..မင်းမြတ်စကြာကြီး ….ကျုပ်ဖတ်တဲ့ အစွန်းရောက် စာအုပ်တွေ ပို့ပေးမယ် အာဟိ. …

(စေဒနာဒွေ စေဒနာဒွေ)

 

 

သည်တပုံလေးက autumn နဲ့ မဆိုင်ဘူး ပြောချင်ပြောပါ ..ကျနော် မချန်ခဲ့ရက်လို့ တင်လိုက်တာပါဗျာ….

 

Good Morning ပါ ရွာသူား အပေါင်းတို့ …

ဂီ အလုပ်သွားတော့မယ်…. comment လေးတွေ ချီးမြှင့်ပါဦး …အားပေးပါဦးလို့ ….

 

 

ခင်တဲ့ ဂီဂီ ….

အရှေ့ကျွန်း စံတော်ချိန် နံနက် ၆နာရီ ၂၃မိနစ်…

 

 

 

 

 

 

 

 

 

 

 

 

About ムラカミ

has written 498 post in this Website..

今でしょ? CJ # 9092011