တံခါးခေါက်ခြင်း
ဟင်းနံ့ ကြမ်းပိုးနံ့တွေနဲ့
ပျံ့လွင့်နေတဲ့ အိပ်ယာပေါ်မှာ
ကဗျာတစ်ပုဒ်လမ်းလျှောက်သွားဖူးတယ်….။
မနေ့က
လီနင် -ကားလ်မတ်- အိမ်ဂျယ်နဲ့
ဆိုးဖစ်- ဒဂုန်တာရာ တို့ရဲ့ အတွေးစများ
နှလုံးသားတံခါးဝကို ခေါက်နေကြပေါ့…….။
ဒီလိုပါပဲ
ဆနွင်း(နနွင်း)ခဲရောင် အသားစများ
မူးရစ်စွာလမ်းလျှောက်
ပြည့်စုံလုံလောက်မှုမရှိပေမဲ့
ချစ်သူရဲ့လက်တစ်ဖက်ကို ဆုတ်ကိုင်ခြင်းဟာ
အင်အားများဖြစ်စေနိုင်သတဲ့….။
တစ်ကယ်လို့များ
အမှောင်ကျသွားတဲ့အခါ
စိတ်အားငယ်မိတဲ့ အချိန်မျိုးမှာ
ဘားရော့ ဗလက် ကို သတိယမိတဲ့ အခါရပေါ့….။
ကနေ့ဆိုရင်
ရာပူကာ လည်း
ဓနသဟာရထဲမှာ ပျောက်ဆုံးရတော့မယ်…။
ပန်းနုရောင် ခမ်းစီးရဲ့ နောက်က
ပျောက်ကွယ်သွားတဲ့သူမ
နောက်တစ်ခေါက်လောက်ဖြစ်လျှောက်ပါဦး…။
အားလုံးအတွက် အားလုံး
တစ်ယောက်အတွက် တစ်ယောက်
မှိန်ပျောက်မသွားခင်ကလေးမှာပေါ့……….။
နေဝန်းနီ
ဂေါ်ကီနဲ ့ ဗင်းဆင့် တွေ ့ဆုံမှုမျိုး
မောင်ပေ နဲ ့ဘိုနီ မတွေ ့ဆုံချင်ဘူး
အဲဒီကို ရောက်မှာသေချာပေမယ့်
ဘိုနီ ့ကို နားရွက်နှစ်ဘက် အမြဲ ရှိစေချင်တယ်
Was this answer helpful?
LikeDislikeဆရာနေရေ.. (ကဗျာဖျက်တယ်လို့ ဒေါမသနဲ့နော်)
ဒေါက် ဒေါက် ဘယ်သူလဲ..
လီနင် -ကားလ်မတ်- အိမ်ဂျယ်နဲ့
ဆိုးဖစ်- ဒဂုန်တာရာ …ဘယ်သူလဲ
ဒေါက် ဒေါက် ဒေါက်…နေဝန်းနီလား..မောင်ပေလား… ကစ်သိုလား…
Room Cleaner ပါတဲ့။
Was this answer helpful?
LikeDislikeတီချယ်နုလည်း ကဗျာကို အမှီလိုက်တာပဲနော်
Was this answer helpful?
LikeDislikeဒေါက်ဒေါက်ဒေါက် မလုပ်နဲ ့..
ဆိုင်ပိတ်ပြီ
ပါဆယ်ပဲ ရတော့မယ်.
မသောက်ချင်ပြန်..
ပုံ၊
အမိန် ့ရ..ခွက်ပုန်း
ISO 199
Was this answer helpful?
LikeDislikeရတာဘဲ ကျေးဇူးတင်လိုက်ဦး
အကောင်းနဲ ့လဲ ရောင်းပေးရသေးတယ်
( ပုံ ဆိုင်ရှင် )
Was this answer helpful?
LikeDislikeရွာထဲ ခွက်ပုန်းဆိုင်ရောက်နေသလားဟ….။ ဟိုသီချင်းလေးဖျက်ထားတာရှိတယ်..။ သတိရလို့……….ဘာတဲ့ …..။
ခွက်ပုန်းချင်သောနှမ ငယ်ရယ်… xxxxx အရက်ပုန်းတွေနဲ့ မိရင်ကွယ်……မြို့မရဲ တစ်ခါထဲ ဖမ်းကွယ်……….. ကုန်တော့မယ်ကွယ်…. အမောက်လေးတသသ နဲ့ ြ ? က်လို့ပြောတာဟုတ်ဘူးကွယ်…။ အိုး………ဘာတဲ့တုန်း ….။
Was this answer helpful?
LikeDislikeကိုနေ မူပိုင်ခွင့်နဲ့ညိနေပြီနော်။
ြ ? က် ဒီစာလုံးက ကိုပေါက်ထွင်ထားတဲ့စကားလုံး။
ခရက်ဒစ်ပေးပါ။
မပေးရင်တရားစွဲမယ်။
Was this answer helpful?
LikeDislike“ကိုနေနဲ့ တံခါးခေါက်သံ သမိုင်း”
ငါမူးယစ်စွာ အိပ်ပျော်နေဆဲ
ပျော်တစ်ဝက်နိုးတစ်ဝက်
ဇရက်မင်းစည်းစိမ်လေးမှခံစားလို့မဝသေးခင်
အပြင်ဘက်က မဟဝှာ
မခံသာအောင် တစ်ဒေါက်ဒေါက်နဲ့ တံခါးလာခေါက်။
စတီရိယိုခေတ်ဦးက
မန်းလေးသား ဟန်တင်အသံနဲ့မေးမိတယ်။
“ဒေါက်ဒေါက်ဘယ်သူလဲ”ပေါ့။
အပြင်က မာထန်ထန်ပြန်ဖြေသံလေးက
knock knock who there တွေလာလုပ်မနေနဲ့
စိတ်ရှုပ်ရထဲအထဲ
မနေ့ညကရှင်သောက်တဲ့အရက်
မူးမူနဲ့ဇွတ်အခေါ်ခိုင်းတဲ့ ြ ? က်
ဘာအတွက်မှ မရှင်းရသေးဘူး
မိုးမလင်းခင်မြန်မြန်ပေး
ကျမကလေးတွေကျောင်းသွားပို့ရအုံးမတဲ့
ကောင်းကြသေးရဲ့လားအရပ်ကတို့ရေ
(ကိုနေရေ ပိုစ်မတင်ဘဲလက်ဆောင်အဖြစ်ပေးလိုက်ပါတယ်။)
Was this answer helpful?
LikeDislikeနှူးညံ့တဲ့အတွေးစ..
ဝင်ရောက်လာတံခါးခေါက်..
စိတ်ကူးပေါက်ကာကမ်းလက်များ..
နွေးထွေးစွာလာဖွင့်သွား..
ကဗျာဆိုတာနှလုံးသားရဲ ့သံစဉ်များ..။
Was this answer helpful?
LikeDislike“သံစဉ်”အစား“ခုန်သံ”လို့ပြင်ဖတ်ပေးပါနော်..။
Was this answer helpful?
LikeDislike