နိုင်ငံတစ်ဝန်းရှိပုဂ္ဂလိက စက်သုံးဆီဆိုင်အားလုံးလာမည့်ဇွန်လ ၁၀ရက်တွင်တစ်ပြိုင်နက်ဖွင့်လှစ်ကြမည်ဖြစ်ပြီး၊ အဆိုပါ ဆိုင်များတွင် ဓာတ်ဆီတစ်ဂါလံလျှင် ၂,၅၀၀ကျပ်ထက်မပိုသောနှုန်းဖြင့် ရောင်းချသွားကြမည်ဖြစ်ကြောင်းကိုယ်တိုင်စက်သုံးဆီဆိုင်ဖွင့်လှစ်မည့် လုပ်ငန်းရှင်များကပြောသည်။ မေလ၂၄ရက်တွင် နေပြည်တော်၌ ပြုလုပ်ခဲ့သော သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများနှင့် ပုဂ္ဂလိက စက်သုံးဆီဆိုင်ဖွင့်လှစ်မည့်လုပ်ငန်းရှင်များ အစည်းအဝေးတွင် ယခင်အစိုးရစက်သုံးဆီဆိုင်များအား ပုဂ္ဂလိကစက်သုံးဆီိဆိုင်အဖြစ်လွှဲပြောင်းလုပ်ကိုင်မည့်ဆိုင်များ၏ စတင်ဖွင့်လှစ်မည့်ရက်ကို ဇွန်၁၀ရက်ကို သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း အစည်းအဝေးသို့တက်ရောက်ခဲ့သော စီးပွားရေးလုပ်ငန်းရှင်များကပြောသည်။ ထိုဆိုင်များတွင် ဒီဇယ်ကို မိမိအစီအစဉ်ဖြင့်ဝယ်ယူတင်သွင်းရောင်းချနိုင်သကဲ့သို့ ဓာတ်ဆီကိုလည်း စွမ်းအင်ဝန်ကြီးဌာနမှ ဝယ်ယူ၍ ရောင်းချခွင့်ရရှိကြောင်း သိရသည်။ ထိုသို့ ဓာတ်ဆီကို ပြန်လည်ရောင်းချရာတွင် ဈေးနှုန်းမှာတစ်ဂါလံလျှင် ၂၅၀၀ကျပ်ထက်မပိုသော နှုန်းဖြင့်ရောင်းချကြရန် ညှိနှိုင်းထားကြောင်းလည်း သတင်းရရှိသည်။ ထို့ကြောင့် ပုဂ္ဂလိက စက်သုံးဆီဆိုင်များတွင်ရောင်းချမည့် ဓာတ်ဆီဈေးနှုန်းမှာ ယခင်အစိုးရစက်သုံးဆီဆိုင်များတွင် ခွဲတမ်းဖြင့်ရောင်းချခဲ့သော နှုန်းနှင့် အတူတူပင်ဖြစ်နိုင်ကြောင်း လုပ်ငန်းရှင်များက ပြောသည်။ အစိုးရစက်သုံးဆီဆိုင် ၂၄၆ဆိုင်ကို ပုဂ္ဂလိကလုပ်ငန်းရှင်များအား ယခုနှစ် နှစ်ဆန်းပိုင်းတွင်လွှဲပြောင်းလုပ်ကိုင်ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း ၂၀၁၀ခုနှစ်မေလ ၂၇ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင်ဖော်ပြထားပါသည်။

About kln

k ln has written 409 post in this Website..