အမေရယ်..
ဒီအချိန်မှာလေ….
အမေ ကို လမ်းဘေးမှာ…..
ဈေးမရောင်းစေချင်တော့ တာ..
သားရဲ့ ဆနပါ…………..
အမေ..ဒီလို ဈေးရောင်းပြီး…
ကျောင်းထားပေးခဲ့ လို့ ……….
သားလေ…အခု ချိန်မှာ…….
ပညာတတ်ကြီးတစ်ယောက်ဖြစ်နေပါပြီ..
ဒါပေမယ့်..အမေရယ်…
သားမှာလေ..အမေတို့ ကို….
ပြည့် စုံတဲ့ ထောက်ပံမှုမျိုး….မလုပ်နိုင်သေးပါဘူး….အမေရယ်……….
သားစိတ်မကောင်းပါဘူးအမေ………..

ဒါပေမယ့် လေ.သားကြိုးစားနေပါတယ်……
သားရဲ့ ရည်မှန်းချက်တွေ.မပြည့် ခင်မှာ…
အမေ…ပင်ပန်းနေဦးမှာပဲနော်………
ဖြစ်နိုင်ရင်လေ……အမေကို အိမ်မှာနေပြီး..
ပြည့် ပြည့် စုံစုံ ထားချင်တာပါ…………..
အမေ ရယ်……..

အမေ…လောကဓံတရားတွေကိုရင်ဆိုင်ခဲ့ ရတာ….
သားအသိဆုံးပါ မေမေရယ်…….
စားစရာမရှိလို့ …
အဖေက အပေါင်ဆိုင်..သားကို သွားခိုင်းတဲ့ အခါ..
သားလေးရှက်မှာဆိုးလို့ ..
သွားပေးခဲ့တာ ..အမေ…
ကျောင်းစာ အုပ်ဖိုး မရှိလို့ …
ထမီတွေပေါင်ပေးခဲ့ တာ ..အမေ….
အမေရယ်…
သားငိုနေပါတယ်……..

အမေဖြစ်စေချင်တဲ့ ဆနတွေကို သားလေ
ဖြစ်အောင်လုပ်ပါမယ် အမေရယ်….
သားလေ
အမေ့ ကို အရမ်းချစ်ပါတယ် အမေရယ်…..
အမေ့ အပေါ်မှာလေ..
သားပြောမှားဆိုမှားရှိခဲ့ တာတွေကို..
သားရှိခိုးတောင်းပန်ပါတယ်..အမေရယ်………..

မင်းညို

About chitnyo

ချစ် ညို has written 3 post in this Website..

ိ ငွေရှိမှ လူရာဝင်ရောလား..?