မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကို ၁၉၆၄ ခုနှစ်တွင် စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပြီး အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်က မီးသတ်လုပ်ငန်းဟာ အများအကျိုးဆောင်တဲ့ စွန့်လွှတ် စွန့်စားရတဲ့ သူရဲကောင်းများရဲ့ မွန်မြတ်တဲ့ အလုပ်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ် ၊ အမှန်တကယ်လည်းပဲ မီးသတ်တပ်ဖွဲ့ ပြည်သူလူထု ရဲ့အသက်အိုးအိမ်စည်းစိမ် နဲ့ ဥစ္စာပစ္စည်းတွေကို မီးဘေး အန္တရာယ်ကနေ ကာကွယ်စောင့်ရှောက်ပေးနိုင်ခဲ့ပါတယ်။          ဒါပေမယ့် ခေတ်တွေ စနစ်တွေ ပြောင်းလဲလာမှုနဲ့ အတူ မီသတ်တပ်ဖွဲ့ရဲ့ လုပ်ငန်းစဉ်တွေလဲ ပြောင်းလဲ လာခဲ့ပါတယ်။   မီးသတ်တပ်ဖွဲ့ဝင်တွေကို ကျွမ်းကျင်မှုရှိစေဖို့အတွက် မီးသတ်သင်တန်းတွေ လေ့ကျင့် သင်ကြားပေးနေရာကနေ နိုင်ငံတော်အေးချမ်းသာယာရေး အရန်အင်အား ဆိုပြီး မီးသတ်တပ်ဖွဲ့ဝင်တွေကို အခြေခံစစ်ပညာတွေ ၊ လက်နက်ငယ်ကိုင်တွ ပစ်ခတ်နည်းတွေကို သင်ကြားပို့ချလာပါတယ်။  မီးသတ်ပိုက် ကိုင်တဲ့ လက်တွေဟာ သေနတ်တွေကို ကိုင်လာရပါတယ်။  လက်ထိပ်တွေ ကိုင်လာရပါတယ် နံပါတ်ဒုတ်တွေ ကိုင်လာရပါတယ် ဧည့်စာရင်းတွေစစ် လုံခြုံရေးတွေစစ် ယာဉ်ထိန်းအလုပ်တွေ လုပ်ရဲအလုပ်တွေလုပ် ကိုယ်နဲ့ မဆိုင်တဲ့အလုပ်တွေ ပေါ်လစီအရ ဝင်ပါပြီး လုပ်နေတော့ ပြည်သူတွေ အမြင်မှာ ညိုညင်စရာတွေ ဖြစ်လာရတယ် ဗဟိုမီးသတ်သင်တန်းကျောင်းကြီးတွေဖွင့်ပြီးတော့ တနိုင်ငံလုံးမှာ ရှိတဲ့ သန္ဓေ/အရန် မီးသတ်တပ်ဖွဲ့ဝင်တွေကို သင်တန်းတွေ တစ်ခုပြီး တစ်ခု အတင်းအကျပ်ခေါ်ဆိုတော့တာပဲ ၊ မီးသတ်သင်တန်းလို့ အမည်တပ်ထားပေမယ့် တကယ်သင်တာကတော့ စစ်ပညာတွေ ဖြစ်နေတယ် မီးသတ်ပညာ မသင်ရဘူး ခေတ်တွေ စနစ်တွေပြောင်းလဲ သွားလဲ မီးသတ်က ခုချိန်ထိ မပြောင်းလဲပဲ ထူးမခြားနားနေတုန်းပါ။  အဲဒီ ထူးမခြားနားဖြစ်စဉ်တွေထဲမှာ အလူးလဲခံနေရတာကတော့ ပြည်နယ်/တိုင်း ၊ ခရိုင်၊ မြို့နယ် မီးသတ်ဌာနတွေပါပဲ အထက်က မီးသတ်သင်တန်း တစ်ခုဖွင့်တော့မယ်ဆိုတာနဲ့ သင်တန်းသားရရှီရေးကိစ္စ၊ ငွေကြေးထောက်ပံ့ဖို့ကိစ္စတွေနဲ့ အခက်ခဲဖြစ်ပြီးစိတ်ညစ်နေရတော့တာပါပဲ၊ အာဏာပိုင်တွေကလဲ အကူအညီမပေးဘူး ရပ်ရွာ လူထုဆီမှာလဲ ငွေကောက်ခံခွင့်မရှိဘူး၊ ဒီတော့ မိန်းမနားကပ်ပေါင် ဆွဲကြိုးပေါင် အတိုးနဲ့ငွေချေးပြီး သင်တန်းသားကို မဖြစ် ဖြစ်အောင်ပို့ရတော့တာပါပဲ ၊ အဲဒီလို အကြိမ်ပေါင်းများလာတော့ တင်းမခံနိုင်တော့ပဲ အလုပ်က ထွက်ပြီပေါ့။

အခုလဲ အဲဒီလို သင်တန်းသားကိစ္စတွေနဲ့ စိတ်ညစ်နေရာကနေ နောက်ထပ် အခက်အခဲဖြစ်စရာ တစ်ခု ထပ်ပေါ်လာပြန်ပါတယ် ၊ အဲဒါကတော့”၆ရ နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခန်းအနား” အတွက်တစ်မြို့နယ်ကို မီးသတ်တပ်ဖွဲ့ဝင် သုံးဦး မပျက်မကွက် စေလွှတ်ပေးရမယ် ၊ ပျက်ကွက်လျင်ထိရောက်စွာ အရေးယူခံရမယ် ၊ တစ်ယောက်ကို ခရီးအကွာ အဝေးမြို့နယ်အလိုက် ထောက်ပံ့ပေးရမယ့် ငွေကတော့ တစ်ဦးကို အနည်းဆုံး (ကျပ် တစ်သိန်းခွဲ) ခန့်တော့ ပေးရပါတယ်။      ဒီငွေတွေကို ဘယ်ကသွားရှာပြီး ထောက်ပံ့ပေးရမှာလဲ ။ ဒီမိုကရေစီအစိုးရလက်ထက်မှာ ပြည်သူလူထုကို ဝန်ထုတ်ဝန်ပိုးဖြစ်စေမယ့်ငွေးကြေးကောက်ခံမှု ကိစ္စမျိုးလုံးဝ မလုပ်ရဘူးလို့လဲ ဆိုတယ် ဒါပေမယ့် အခု သင်တန်းသားခေါ်ယူတဲ့ ကိစ္စတွေ ၊ စစ်ရေးပြ ခေါ်ယူမယ့် ကိစ္စတွေ ပေါ်လာပြန်တော့ ပြည်နယ်/တိုင်း ခရိုင် မြို့နယ် မီးသတ်ဦးစီး အရာရှိတွေ စိတ်ညစ်ရပြန်ပြီ ဘယ်ဘဘဏ္ဍာတော်တိုက်ကငွေနဲ့ ဒီသင်တန်းသားတွေကိုထောက်ပံ့ ပေးရမှာလဲ ၊ ပေါင်စရာ နှံစရာ ချေးစရာ လဲ မရှိတော့ဘူး။            ပြည်နယ် ၊ တိုင်း ၊ ခရိုင် ၊ မြို့နယ် တွေနဲ့ ဖွဲ့စည်းထားတဲ့ မြန်မာ တနိုင်ငံလုံးက မီးသတ်ဌာနတွေမှာ ဒီလို အခက်ခဲ အကျပ်တည်းတွေကို ကြုံတွေ့ ရင်ဆိုင်နေရတယ်။   ဒေသဆိုင်ရာ အာဏာပိုင်တွေကလည်း ကူညီဖြေရှင်းမပေးနိုင်ကြဘူး။  ပြောင်းလဲလာတဲ့ ခေတ်စနစ်နဲ့ အညီ လိုက်လျောညီတွေ ပြောင်းလဲ သွားဖို့လိုအပ်လွန်းနေတဲ့ အချိန် ရောက်နေပါပြီ ၊ အောက်ခြေမှာ ဒီလို အခက်ခဲ အကြပ်အတည်းတွေနဲ့ ကြုံတွေ့နေရတယ်ဆိုတာ အထက် အကြီးအကဲတွေ သိပါရဲ့လား..    အခက်အခဲ မရှိဘူး ကောင်းပါတယ် ..အဆင်ပြေပါတယ် ဆိုပြီး ဒီမိုကရေစီခေတ်မှာ လိမ်ညာနေတုန်းပဲလား.. ဒီလို ပြည်နယ် ၊ တိုင်း ၊ ခရိုင် ၊ မြို့နယ် တွေကို ဝန်ပိစေတဲ့   ငွေကြေး ထောက်ပံ့ မှုတွေ ပေးနေရတဲ့ ပေးနေရတဲ့ သင်တန်းမျိုးတွေ မခေါ်သင့်တော့ပါဘူး။ သင်တန်းခေါ်မယ့် သင်တန်းသားတွေရဲ့ အသွားအပြန် ခရီးစရိတ် နေ့စဉ်သုံးစရိတ် မိသားစုစားဝတ်နေရေး ထောက်ပံ့စရိတ် တွေကို သင်တန်းအပတ်စဉ် တစ်ခုချင်းအလိုက် ၊ သင်တန်းသားအရေအတွက် အလိုက် တပြည်လုံးကစေလွှတ် ပေးပို့နေရတဲ့ အတိုင်းအတာ နဲ့ တွက်ကြည့်ရင် မနည်းပါဘူး အဲဒီ ငွေကြေးတွေကို တိုင်းပြည်အတွက် ဌါနအတွက် မြို့နယ်အတွက် အကျိုးရှိစေမယ့်လုပ်ငန်းတွေမှာ အသုံးပြုရင် အကောင်းဆုံးပါပဲ။

အခု ပြည်နယ် တိုင်း မြို့နယ် မီးသတ်ဦးဌာနတွေမှာ ကြုံတွေ့နေရတဲ့ အခက်အခဲ အကြပ်အတည်းတွေကို ဖြေရှင်းပေးနိုင်စွမ်းရှိသော အကြီးအကဲများ အချိန်မီ သိရှိ   ဖြေရှင်း ကုစားပေးနိုင်ပါရန် လေးစားအားကိုးစွာ ဒီပို့စ်လေးကို တင်လိုက်ရခြင်းဖြစ်ပါတယ်။

About Anonymous

AN onymous has written 1 post in this Website..

Nothing