လွန်ခဲ့တဲ့ တပါတ်ကျော်လောက်က စပြီးတော့ ကုသိုလ် ပညာ ဥစ္စာ တစ်ခုမှ မရတဲ့ ပိုစ်များ တက်လာတာကို သတိထားမိကြပါသလား ..။အဲဒီ့ပိုစ်တွေကို ဖတ်လိုက်ရလို့ ဘာတစ်ခုမှ အကျိုးအပြစ် မဖြစ်တဲ့အပြင် ဒေါသတွေ တလိပ်လိပ် တက်ရတာကိုရော သတိထားမိပါသလား ..။ဒေါသတွေ တလိပ်လိပ်တက်လာတာနဲ့ အတူ ရွာသူားတွေ လက်လွန်ခြေလွန် ကွန်မန်းတွေမှာ ပြစ်ပြစ်နှစ်နှစ် ရွတ်ဖတ်ကြပေမယ့် ပိုစ်ပိုင်ရှင်ကတော့ အေးအေးဆေးဆေး လေအေးကလေးနဲ့ တုန့်ပြန်တတ်တဲ့ ပိုစ်ဆိုရင်ကော သိပါသလား…။
ဟုတ်ပါတယ် ကိုဘုန်းကျော်ရေးသားတဲ့ ပိုစ်များကို ပြောတာပါ ..။ဒါလေးတွေနဲ့ ပါတ်သက်ပြီး နဲနဲလောက်ပြောချင်ပါတယ် ..။
မန်းဂေဇက်ဟာ လွပ်လပ်စွာရေးသားနှိုင်တဲ့ ဆိုက်တစ်ခု အဖြစ် ထင်ရှားပါတယ်..။ လူမျိုးပေါင်းစုံ ၊ ဘာသာပေါင်းစုံ မတစ်ထောင် သားသမီးများ ကိုယ်ပိုင်အမြင်တွေနဲ့ လွပ်လပ်စွာ ရေးသားကြပြီဆိုတော့ သူတို့ ရေးသား၊ပြောဆိုတဲ့ စကားလုံးတွေပေါ် တွေးတောတာထက်စာရင် သူဘာကြောင့် ရေးသားသလဲဆိုတဲ့ ရေးသားသူရဲ့ အတွင်းစိတ် (သို့) ရည်ရွယ်ချက်ကို မြင်အောင် ကြည့်တတ်ဖို့ လိုလာပါပြီ ။
ကိုဘုန်းကျော် ရေးသားချက်များအပေါ် ဘာမှ ကျွန်တော် မဝေဖန်လိုပါဘူး ..။ ဒါပေမယ့် ကန့်လန့်ကာနောက်က သူ့ရဲ့စိတ်ထားကို ကျွန်တော် ဖောက်မြင်ကြည့်ရမယ်ဆိုရင်ဖြင့် ရည်ရွယ်ချက် မကောင်းဘူးလို့ ကျွန်တော် မြင်ပါတယ် ..။ ကိုဘုန်းကျော် ဘာကြောင့် အလကားနေရင်း ရည်ရွယ်ချက်မရှိတဲ့ ပိုစ်တွေတင်ပြီးတော့ ဒေါသကို ဆွဆွနေသလဲ ..။ ဘာကြောင့် ဒီလောက် ဝိုင်းပြောကြတာတောင် အပြုံးမပျက် ဆက်လက်ပြီးတော့ ပိုစ်တွေ တင်နေသလဲ ..။ အဖြေတစ်ခုပဲ ကျွန်တော်တွေ့ပါတယ် ..။ အဲဒါကတော့ ကျွန်တော်တို့ကို ရည်ရွယ်ချက်ရှိရှိ အရူးလုပ်နေတာပါ ..။ သူများလက်ခုတ်တီးပေးတိုင်း ကွေးနေအောင် ကတတ်တာ လူညံ့တွေရဲ့အလုပ်ပါ .။ လွပ်လပ်စွာ ပြောဆိုပိုင်ခွင့်၊ လွပ်လပ်စွာ ယုံကြည်ပိုင်ခွင့် ကိုအလွဲသုံးစား ပြုပြီးတော့ ညဏ်ကြီးရှင် ကိုဘုန်းကျော် တီးပေးတဲ့ ဘီလူးဆိုင်းအတိုင်း ကျွန်တော်တို့ ရွာသူားတွေ ဘီလူးက လိုက်မက ဖြစ်ဖို့ အရေးကြီးပါတယ်..။
သူက ဒေါသထွက်စရာ ပိုစ်လေးတင်လိုက် … ဒေါသအမျက် ချောင်းချောင်းထွက်ပြီးတော့ ရွာထဲက လူကြီးလူငယ်အစုံ ဘီလူးယိမ်း ညီညီညာညာ ကပြလိုက် ..။ကျွန်တော်တို့ မောသလောက်ရှိရင် နောက်တစ်ခု ထပ်တင်လိုက် ၊ ကျွန်တော်တို့က အမောတောင် မပြေသေးဘူး ခါးတောင်းပြန်ကြိုက်ပြီး ဘီလူးက ကွေးနေအောင် ကပြလိုက် ..။သူက ဘာလုပ်နေမယ် ထင်ပါသလဲ ..။ ကျွန်တော်တို့ရဲ့ ဘီလူးကကို ကျေကျေနပ်နပ်ကြီး ရှုစားတော် မူနေတာပါခင်ဗျာ..။
သူကြီးကရော ကိုဘုန်းကျော်ကို ဝင်တားလို့ရမယ် ထင်သလား ..။ သူက ကိုယ်ပိုင် ယုံကြည်ချက်နဲ့ ရေးတာပါလို့ ပြောမှာပေါ့ ..။ သူကွန်မန်းတွေမှာ ပြန်ဆဲထားတာ တစ်ခုမှ မရှိဘူးလေ..။ ကျွန်တော်ကိုဝိုင်းဆဲတဲ့ ခင်ဗျားရွာသူားတွေကို ဘာမှ မပြောပဲ ကျွန်တော်ကို ဘာလို့လာပြောသလဲ ဆိုပြီး သူကြီးကို ခဲနဲ့ ပစ်မှာပေါ့ ..။ ဒါကြောင့် ကိုဘုန်းကျော် ပိုစ်တွေမှာ သူကြီး လက်ရှောင်နေတာပါ ..။ သူ့ကို အရေးယူရင် ဘီလူးက ကမိတဲ့ ကျွန်တော်တိုက ရွာသူ ရွာသားတွေ တလှေကြီးပါ အမှုတွဲထဲ ရောပါ ပါတော့မယ် ..။ရွာထဲက သက်ကြီး ဝါကြီးများလဲ ကိုဘုန်းကျော် ပိုစ်တွေမှာ လက်ရှောင်နေတာ သတိထားမိမှာပါ.။
ဦးဘဇင်း အောင်ပုနဲ့ ဥကြောင်ကတော့ ရွာသက်ကြာပြီဆိုတော့ ဒီလိုအထာတွေကို နပ်နေပြီခင်ဗျ ..။ သူပြောတဲ့အတိုင်းက လိုက်မကပဲ အရူးကွက်လိုက်နင်းပြီး သူ့ကိုတောင် ဗေထိ ဗေထိ လုပ်ပေးနေတာကိုလဲ သေချာကြည့်ရင် မြင်နှိုင်ပါတယ် ..။
ဆိုတော့ကာ …။ ကိုဘုန်းကျော် ကခိုင်းတဲ့ ဘီလူးကအတိုင်း လိုက်မက ကြပါနဲ့တော့ ..။ သူကစားနေတဲ့ Mind Game ထဲမှာ ဇတ်ကောင်လေးတွေ အဖြစ်မခံကြပါနဲ့..။ အလွယ်ကူဆုံးနည်းကတော့ သူရေးသားတဲ့ ရေးသားချက်တွေအပေါ် စိတ်ဆိုးနေမယ့်အစား လုံးဝ ကွန်မန်း မပေးတာ အကောင်းဆုံးပါ ..။ဒါဆိုရင်တော့ ဆွေ့ဆွေ့ခုန်အောင် ဒေါသထွက်ပြီး ဘီလူးက ပြန်ကရမှာ ကိုဘုန်းကျော် ဖြစ်သွားပါပြီ ..။ ကိုဘုန်းကျော်ရဲ့ ဘီလူးအကကို ပျော်ပျော်ကြီး ရှူစားကြပါစို့ …။

About မှော်ဆရာ

has written 57 post in this Website..

အပြုသဘောဆောင်တဲ့ ရေးသားချက်များကိုသာ ရေးသားနှိုင်အောင် ကြိုးစားနေပါတယ်. နိုင်ငံတကာ ဆက်ဆံရေးပညာနဲ့ ကျောင်းပြီးပါတယ်။ ပွင့်လင်းမှုနဲ့ ယဉ်ကျေးမှုကို မြတ်နိုးပါတယ်။ သဘောကောင်းပါတယ်။ လက်သီးထိုး ပြင်းပါတယ်။ ဓါးထိုးပက်စက်ပါတယ်။ CJ # 9222010