ခွစ်စမတ်ညကပေါ့ …

ကျုပ် အကွဲတွေသည်းသွားဒါ…

ဒီနေ့ထိ ..အမှိုက်တွေ ရှင်းရတုန်း…

အစကတော့ အကောင်းရေးမလို့

တော်ဘီဗျာ… ရေးတော့ဝူး….

ရင်ထဲမကောင်းလို့ …..

ပြောရတာ အရသာ မရှိဘူး…ရေးရတာ…. စိတ်အချဉ်ပေါက်လာဘီနော …ဂါး ….

 

 

ကဲပါ…. ဖြစ်ပုံက ဂလို…။

 

အဲ့နေ့က …..အပြင်သွားတယ်…

ဟုတ်…

ရည်းစားဟောင်းလေးနဲ့ သွား တွေ့တာ…

အဲ့မှာ ….သူလေးနဲ့ ရန်ဖြစ်တယ်…..အဲ့လာ နဲ့  စိတ်ဆိုးပီး …..အိမ်ပြန်လာတာ ..

(သူ့တော့ မီးဒုတ် မရှို့ရက် …)

 

 

 

သိတယ်မလား ..ဂီဂီလေ… တခြားလူမှတ်လို့….

၃ဘူတာ တခါလောက်ဆင်းပြီး …တွေ့တဲ့ဆိုင်ကနေ ပုလင်း တွေချည်း ဆင်းဆင်းဝယ်တာ ….

အိမ်လည်းရောက်ကော တပွေ့တပိုက်ဖြစ်ကုန်ဘီ …..

အဲ့တော့မှ ငိုကြီးချက်မ နဲ့ ဘော်ဒါတွေ ..ဖုန်းဆက်ခေါ်ပီး အရေးပေါ် အသည်းကွဲပါတီပေးပစ်တာ …

ငိုဆို …ရုံးဖုန်းက သပ်သပ်ဆိုတော့ ပါဆင်နယ်လ်..ဖုန်းထဲက တွေ့တဲ့နံဘတ် ကောက်ဆက်ပစ်တာလေ. ..အဲ့လို ပွဲကြမ်းတာ …

ဂျာပွန်လို …ဗမာလို ..တီယုတ်လို ….အင်းဂလိလို …အောင်မယ်ငီး ငိုချင်းချလိုက်ရတာများပြောဘာဒယ် …………….

အဲ့လိုနဲ့ အိမ်မှာ လူ၁ဝလောက် စုမိရော ဆိုပါတော့…

 

ဘော်ဒါ အကောင်းဇားတွေက …..

အားမနာလျှာမကျိုး …သောက်ကြတာ ဗူး ၈ဝကျော်တယ်..

အခုလိုက်သိမ်းနေတာ ….

ဘယ်တုန်းကတည်းက ငတ်လာတာတွေလည်းမသိ…မကောင်းကြတာပြောဘာဒယ်….

 

ကံဆိုးဂျင်တော့ ……အဝတ်လျော်စက်ကိုမှ ဖွင့်ပီး အုတ်အောဆွဲတွားဒယ်

မိုက်ယိုင်းဒါ ..အဟုတ် ……. .

အထဲမှာ ကျုပ် ၁ပါတ်စာအဝတ်တွေ ….

ဟွန့်……….. ထူးဘာဘူး မမလှလှဒွေလည်း မူးလာရင် အတူတူဘဲ ….

 

အေးလေ… သူတို့ လည်း ……ဒါမျိုပီး ဒါဘဲသောက်တာကိုး….

ဒါပဲဝေါ့မှာပေါ့ နော….
မျှတအောင် …အထီးတွေ ယုတ်ကန်းတာလည်းပြောဦးမှ…..

လူမှန်းသူမှန်းမသိတော့တဲ့ ဟာဒွေကလွရင် ….ကောင်းတာလေးဒွေ အကုန်သယ်သွားဒယ်လေ….

အေဘေးဒွေ …မီးဒုတ်တွေ…..

မူးနေတဲ့စကီလေးဒွေနဲ့ ဂီ နဲ့ …ဟီဟိ

လို့များ မတွက်လိုက်ပါနဲ့ဂျာ …….တယောက်က ရစ်တာ မနက် ၆နာရီထိုးတဲ့အထိပါ ……

ကိုယ့်ဒုက္ခ ကိုယ်ရှာမိတဲ့ ဘွပါ …

ကံကဆိုးချင်တော့ ….နိုးလာတဲ့နောက် …၁ယောက်က

ကျုပ် လာ ဝေ့ါသွားသေးတယ်. ….မကောင်းတာများပြောဘာဒယ်…

ထွီ …

မိုးမှ မလင်းသေးဘူး ….

အဲ့ …. ကျန်တဲ့တယောက်က …အိပ်ယာထဲ သေးပါသွားဒယ် ……

ယုတ်ကြဘာ ယုတ်ကြဘာ ..အသဲကွဲ ဂီဂီ့ ကို နှိပ်စက်ကြဘာ..

 

ပြမယ် …ပြမယ်…ဒင်းတို့ကို မုန်းဒယ်…ဒင်းတို့ပုံပြမယ်…

 

 

အဲ့လာ အိမ်ဘေးက ဘား ……

အဲ့လာ …ည၉နာရီဘဲ ရှိသေးဒါ …

အဲ့လိုလူဒွေ အိမ်ပေါ်ခေါ် …အရက်ဆက်ခဲ့မိတဲ့ ….

အသည်းကွဲ ငမိုက်သားဂျီးဘာ ….

 

သည်နှစ် ခွစ်စမတ်ကို မုန်းတယ်…

သိလား …

နောက် ဘယ်တော့မှ ပါမတီဒေါ့ဝူး….

 

ပုံ

မုန်းတဲ့

ဂီ

 

About ムラカミ

has written 498 post in this Website..

今でしょ? CJ # 9092011