သက်ဆင်ဆိုတာမရှိခဲ့ရင် ယခုထိုင်းဝန်ကြီးချုပ်ယင်လပ်ဆိုတာမရှိနိုင်ပေ။

ယင်လပ်ဝန်ကြီးချုပ်ဖြစ်ခါစက အိမ်နီးခြင်းနိုင်ငံတွေ အလည်အပတ်ခရီးအထွက် မြန်မာပြည်လာမယ် ဆိုတော့ နိုင်ငံတကာမှဧည့်သည်များလာလျှင် နိုဘယ်ငြိမ်းချမ်းဆုရှင် ဒေါ်အောင်ဆန်းစုကြည်အား ဦးတိုက်တွေ့ဆုံလေ့ရှိတာမို့ သူမလဲ ဒေါ်စုနှင့်တွေ့လိမ့်မည် ဟု ပထမ မီဒီယာများက ထင်ကြေးပေးကြ သည်။ သို့သော် ဦးသိန်းစိန်အစိုးရနှင့်သာတွေ့ဆုံမည် ဖြစ်ကြောင်း ထိုင်းအာဏာပိုင်များမှ ထုတ်ပြန် ကြေငြာတော့မှာ မိမိတို့မှာ ထိုင်းအစိုးရအဆက်ဆက်၏ပေါ်လစီကို မေ့သွားခြင်းဖြစ်ကြောင်းသတိထား မိသည်။ ထိုင်းနိုင်ငံပေါ်လစီက ခေတ်အဆက်ဆက် လေယူယာတိမ်း ပေါ်လစီဖြစ်သည်။

ယခုအမေရိကန်သမ္မတဘားရက်အိုဘားမားနှင့် ဒေါ်စုတို့ဖုန်းပြောကြားအပြီး သမ္မတစာချွန်လွှာနှင့် အတူ ဒေါ်ဟီလာရီ မြန်မာပြည်လာရောက်ပြီး ဒေါ်စု၏ နိုင်ငံရေးသြဇာမြင့်တက်လာမှ ယင်လပ်က မဲခေါင်ဒေသ ထိပ်သီးအစည်းအဝေးလာရင်း ဒေါ်စုနှင့်လာရောက်တွေ့ဆုံသည်။

သို့ပေမဲ့ ထိုတွေ့ဆုံမှုရဲ့နောက်ကွယ်ကသူများကတော့……

http://www.naytthit.net/?p=22898 မှကူးယူဖေါ်ပြပါသည်။

သန်းရွှေနဲ့ သက်စင်တွေ့ဆုံ

သူ့ညီမဖြစ်တဲ့ ၀န်ကြီးချုပ် ယင်လပ်ရှီနာဝပ်ထ် ဗမာပြည်သွားရောက်လည်ပတ်ရေးမှာ ချောချောမွေ့မွေ့ဖြစ်အောင် အကူ အညီပေးဖို့အတွက် ပြီးခဲ့တဲ့အပတ်က သူ ဗမာပြည်သွားခဲ့တယ် ဆိုတာကို မောင်းထုတ်ခံရတဲ့ဝန်ကြီးချုပ်ဟောင်း သက်စင်က မနေ့က အတည်ပြု ပြောကြားခဲ့ပြီး ဒီလုပ်ဆောင်မှုက ထိုင်းနိုင်ငံကို အကျိုးဖြစ်ထွန်းစေမှာ ဖြစ်တယ်။ လို့ ပြော ဆိုခဲ့ပါတယ်။ မစ္စယင်လပ်နဲ့ဗမာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့အကြား ဒီကနေ့တွေ့ဆုံမှုဟာ ဒီမို ကရေစီရဲ့သင်္ကေတ ဖြစ်ပြီး ထိုင်းနိုင်ငံနဲ့ဗမာနိုင်ငံအကြားဖော်ရွှေလှိုက်လှဲတဲ့ဆက်ဆံရေး ရရှိလိုက်တာ ဖြစ်ကြောင်း သူ က ပြောဆိုပါတယ်။

ဒူဘိုင်းကနေ ဖုန်းနဲ့ပြောတဲ့ သီးသန့်အင်တာဗျူးတခုမှာ ပြီးခဲ့တဲ့ ကြာသပတေးနေ့က သူ ဗမာပြည်ကို သွားခဲ့ကြောင်း ၊ သမတ ဦးသိန်းစိန်နဲ့အရင်သမတဟောင်း သန်းရွှေဆီ သွားရောက်လည်ပတ်ခဲ့ကြောင်း ဘန်ကောက်ပို့စ် သတင်းဌာန ကို သက်စင်က ပြောဆိုခဲ့ပါတယ်။ မစ္စယင်လပ် ဗမာပြည်သွားရောက်လည်ပတ်ဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ ဆုံ ရေး ချောမွေ့စေဖို့ သူ ကူညီခဲ့တာ ဖြစ်ကြောင်း သက်စင်က ၀န်ခံပြေဆိုပါတယ်။ ဒီနိုင်ငံရေးခေါင်းဆောင် ၂ယောက် တွေ့ ဆုံမှုမှာ အရေးပါတဲ့ ဂယက်ရိုက်ခတ်မှုရှိပြီး ကိစ္စ ၂ခုကို ဖော်ပြနေပါတယ်။

ပထမတခုက မစ္စယင်လပ်ကို ဒေါ်စုနဲ့တွေ့ခွင့်ပေးတယ်ဆိုတာဟာ ဗမာပြည်နဲ့ထိုင်းနိုင်ငံရဲ့ ဆက်စပ်ပတ်သက်မှုဟာ အရမ်းအရေးကြီးတယ်။ ဆိုတဲ့ အဓိပ္ပာယ်ရပါတယ်။ ထိုင်းခေါင်းဆောင်တယောက်က ဗမာ့ ဒီမိုကရေစီသူရဲကောင်း တဦးကို တွေ့ဆုံတာ ဒါဟာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ အရင်တုန်းကဆို ဗမာအစိုးရက တခြားတိုင်းပြည်က ခေါင်း ဆောင်တွေကို အခုလိုတွေ့ခွင့်မပေးပါဘူး။ လို့ သက်စင်က ပြောပါတယ်။ ဒုတိယ အနေနဲ့ ထိုင်းနိုင်ငံဟာ ဒီမိုကရေစီကို အားစိုက်ခွန်စိုက် ထောက်ခံအားပေး မြှင့်တင် ပေးခဲ့တယ်။ ဗမာနိုင်ငံက ထိုင်းနိုင်ငံကို သူ့ရဲ့အရေးအကြီးဆုံး အိမ်နီး ခြင်းနိုင်ငံတနိုင်ငံအနေနဲ့ ယူဆတယ် ဆိုတာကို ကမ္ဘာ့အသိုင်းအ၀ိုင်းကလည်း သိနေမှာဖြစ်ပါတယ်။

“ကျနော်အာဏာရှိချိန်ကတည်းက ထိုင်းနဲ့ဗမာပြည်ဆက်ဆံရေးက ဘယ်တော့မှ မမှေးမှိန်မပျောက်ပျက်ခဲ့ပါဘူး၊ ကျ နော်ဟာ အင်အားကြီးနိုင်ငံတွေလုပ်သလို ဗမာပြည်နဲ့ဆက်ဆံရာမှာ ဘယ်တော့မှ ဖိအားပေးတာမျိုးတွေ မလုပ်ခဲ့ပါ ဘူး။ ဗမာပြည်နဲ့ဆက်ဆံရာမှာ မိတ်ဆွေလိုပဲ ဆက်ဆံခဲ့တာ ဖြစ်ပါ တယ်” လို့ သက်စင်က ပြောပါတယ်။ သူဝန်ကြီးချုပ် ဖြစ်တုန်းက အခြေခံဥပဒေ ရေးဆွဲဖို့နေရာအတွက် ဘန်ကောက်ကို အသုံးပြုဖို့ ဗမာပြည်ကို သူ ကမ်းလှမ်းဖူးတယ်။ နောက်ပြီး တိုင်းပြည်အပေါ်ဒဏ်ခတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေ ပြန်ရုတ်သိမ်းဖို့အတွက် သူတို့ဦးတည် ချက်ပန်း တိုင်ကို အနောက်နိုင်ငံတွေကို ရှင်းပြဖို့ ဗမာပြည်ကို အခွင့်အလမ်းတခု ပေးခဲ့တယ်။ လို့လည်း သူက ပြောဆိုပါတယ်။

မစ္စယင်လပ်ဟာ မနေ့က စတုတ္ထအကြိမ်မြောက် မဲခေါင်ဒေသ ထိပ်သီးအစည်းအဝေးကို တက်ရောက်ပြီး ကုန်းလမ်း သယ်ယူပို့ဆောင်ရေး ဖွံ့ဖြိုးမှုကိစ္စဆွေးနွေးဖို့ ဘန်ကောက်နေ ဗမာပြည်ရဲ့ မြို့တော်သစ် နေပြည်တော်ကို ထွက်ခွာ သွားပါပြီ။ ရန်ကုန်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။ မဲခေါင်ဒေသမှာ ထိုင်းနိုင်ငံ၊ ကမ္ဗောဒီးယား၊ ဗမာပြည်၊ လာအို၊ ဗီယက်နမ်နဲ့တရုတ်ပြည်တို့ ပါဝင်ပါတယ်။ အစည်းအဝေးမှာ နားလည်မှုစာချွန်လွှာ ၃ခု လက်မှတ် ရေးထိုးမှာ ဖြစ်ပါတယ်။ ဒီအထဲမှာ သတင်းအဝေးပြေးလမ်းမကြီးတည်ဆောက်မှုနဲ့ မဲခေါင်ဒေသတွင်း အသုံးပြုမှု အရှိန် တိုးမြှင့်ရာမှာ ပူးတွဲပူးပေါင်းဆောင်ရွက်ရေး၊ ခုခံမှုကျဆင်းတဲ့ ရောဂါလျှော့ချရေးကို လူထုလှုပ်ရှားမှုအသွင် ပူးတွဲလုပ် ဆောင်ရေးနဲ့ မဲခေါင်ဒေသတွင်း ကုန်စည်ပို့ဆောင်ရေးအဖွဲ့ တည်ထောင်ရေးတို့ ပါဝင်ပါတယ်။

အရင်ကတော့ ဗမာအစိုးရက မစ္စယင်လပ် ၂ရက်ကြာ လာရောက်လည်ပတ်တဲ့ အချိန်မှာ သယ်ယူပို့ဆောင်ရေးနဲ့ စွမ်း အင်ဖွံ့ဖြိုရေးစီမံကိန်းတွေ ဆွေးနွေးဖို့ ဗမာအရာရှိတွေ၊ ရင်းနှီးမြှုပ်နှံသူတွေနဲ့ သီးခြားတွေ့ဆုံမှုလုပ်ဖို့ စီစဉ်ထားတယ်။ လို့ အစိုးရသတင်းရပ်ကွက်က ဆိုပါတယ်။ ထိုင်းနိုင်ငံက ဗမာပြည်က သဘာဝဓါတ်ငွေ့ကို ၀ယ်ယူဖို့နဲ့ ထိုင်းနိုင်ငံ အနောက်ပိုင်းနဲ့ ထားဝယ်စက်မှုဇုံကို ဆက်သွယ်တဲ့ သယ်ယူပို့ဆောင်ရေးစနစ် တည်ဆောက်ရေးမှာ ရင်းနှီးမြှုပ်နှံဖို့ စီ စဉ် ထားပါတယ်။

ဒီဇင်ဘာ ၂၀၊ ၂၀၁၁ (ဘန်ကောက်ပို့စ်)

……………………………………….

ယင်လပ်ရဲ့နောက်ကွယ်မှာ သက်ဆင်ဟာ မြေကြီးလက်ခတ်မလွဲရှိနေမှာဖြစ်သလို ဦးသိန်းစိန်ရဲ့ နောက်ကွယ်မှာကော ဦးသန်းရွေဟာ ဘယ်အတိုင်းအတာအထိပါဝင် ပတ်သက်နေသလဲ……

နိုင်ငံကိုလွတ်တော်နဲ့သမ္မတက အုပ်ချုပ်နေတာလား… ဒါမှမဟုတ်……

ဒေါ်စုကကော စစ်တုရင်ခုံပေါ်ကနယ်ရုပ်ကလေး ဖြစ်သွားခဲ့သည်ရှိသော်….

မြန်မာ….ဘယ်လဲ….ဘာလဲ…. လို့သာ…

About Wow

has written 62 post in this Website..