တရုတ်နိုင်ငံမှာ ပစ္စည်းသစ်တစ်ခုဟာ ဈေးကွက်ထဲကိုဝင်ရောက်တိုးပေါက်နိုင်ဖို့မလွယ်လှပါဘူး။
အားပြိုင်ကောင်းတဲ့ကုမ္ပဏီနဲ့ပစ္စည်းတွေကများလွန်းတဲ့အတွက် မိမိပစ္စည်းကို သုံးစွဲသူတွေသိရှိမှတ်မိလွယ်စေဖို့ရန် ကြော်ငြာကောင်းကောင်းလိုတာတော့အမှန်ပါပဲ။
ကုမ္ပဏီတစ်ခုကတော့ အိုင်ဒီယာကောင်းတယ်ဆိုမလား၊ဘယ်လိုဆိုရမလဲတောင်မသိတော့ပါဘူး။
ထိုကုမ္ပဏီက ရေချိုးရာမှာသုံးစွဲတဲ့ဆပ်ပြာရေတံဆိပ်သစ်တစ်ခုကိုကြော်ငြာဖို့အတွက် လူစည်ကားရာကုန်တိုက်တစ်ခုမှာ မိန်းမပျိုလေး ၃ယောက်ကိုရေချိုးပြသရန်ငှားရမ်းခဲ့ကြပါတယ်။
သူတို့လေးတွေဟာ ဦးခေါင်းမှာပုဝါတစ်ထည်ကိုသာ ပတ်ထားပြီး တကိုယ်လုံးဘာမှဝတ်ဆင်
ထားခြင်းမရှိပါဘူး။
မျက်တောင်မခတ်ကြည့်နေကြတဲ့ လူတွေရဲ့အရှေ့မှာ အဆိုပါဆပ်ပြာရေကို ပျော်ရွှင်
ကြည်နူးစွာပွတ်သပ်ပြသကြရပါတယ်။ သူတို့လေးတွေရဲ့ခြေလှမ်းတိုင်းကို ဓါတ်ပုံမပြတ်ရိုက်နေ
သူတွေရှိသလို၊ တစ်ချို့ကတော့ဆပ်ပြာရေကို သူတို့ရဲ့ကိုယ်ပေါ်မှာ ကူညီသုတ်လိမ်းပေးကြပါ
တယ်။
မိန်းမသားတွေရဲ့ ခန္တာကိုယ်ကိုအသုံးပြုပြီးကြော်ငြာခဲ့တဲ့အတွက် သဘောမကျသူတွေရှိခဲ့သလို၊ အဆိုပါကုမ္ပဏီကလဲ မသင့်တော်ကြောင်းဝန်ခံခဲ့ပါတယ်။
ဒါပေမယ့် သူတို့ရဲ့ ကုန်ပစ္စည်းကတော့ ခဏတာအတောတွင်းမှာပဲ လူသိများထင်ရှားလာ
ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလက တရုတ်ပြည်က သတင်းတစ်ခုပါခင်ဗျာ။
အကယ်၍များ ဆပ်ပြာရေမဟုတ်ပဲကွန်ဒုံးဖြစ်ခဲ့ရင် ထိုကုမ္ပဏီက ဘယ်လိုကြော်ငြာ
မလဲဆိုတာ ရွာသားများထင်မြင်ချက်ပေးကြစေချင်ပါတယ်။(နောက်တာနော်-စိတ်ဆိုးကြေး)

About bigbird

has written 137 post in this Website..

bigbirdMG@gmail.com (မမေ့မလျှော့ မပေါ့မဆ ပဲ သတိအမြဲထားဖို့ မေ့နေသူပါ)