ရုပ်မြင်သံကြားတွင် လူသားစားပြခြင်း
နယ်သာလန်နိုင်ငံ ရုပ်မြင်သံကြားဌာနတစ်ခု၏ ထူးဆန်းအစားအစာများအစီအစဉ်မှာ အစီအစဉ်တင်ဆက်သူ Dennis Storm နဲ့ Valerio Zeno တို့နှစ်ဦးဟာ လူသား
စားပြခဲ့ကြပါတယ်။
သူတို့နှစ်ဦးဟာ မိမိတို့ရဲ့အသားအနည်းငယ်ဆီကို ဖြတ်ထုတ်ယူပြီး
မည်သည့်အရသာပစ္စည်းမှ ရောစပ်ခြင်းမရှိပဲ ဆီပူပူဖြင့်ကြော်ကာ တစ်ဦးရဲ့အသားကိုတစ်ဦးက
စားပြကြခဲ့ပါတယ်။
Valerio Zeno ရဲ့အသားကိုစားကြည့်ခဲ့တဲ့ Dennis Storm
က လူသားဟာ တစ်ခြားအသားတွေထက် အရသာပိုရှိတာ မဟုတ်မမှန်ကြောင်းနဲ့ နောက်တစ်
ကြိမ်ထပ်မံစားသုံးချင်စိတ်မရှိတော့ကြောင်း ပြောသွားပါတယ်။
Was this answer helpful?
LikeDislikeအီးးးးးးးးးးးးးးးး
စားရဲဘူးးးးးးးးးးးးးးးးးးးးးးးးး
ဇာတ်တူသားစားရင် ………………
တော်ပါပီဂျာ …
သတင်းအတွက်တော့ ကျေးကျေး ..
Was this answer helpful?
LikeDislikeပုံမြင်ရတာနဲ့ တင်
ကြောချမ်းလိုက်တာနော
အိုက်ဒီလို လုပ်ဖို့ 
လုံးဝ စိတ်ကူးမရှိကြောင်း ရယ်ပါ
Was this answer helpful?
LikeDislikeဟင်္သာ ကိုးသောင်း ပျက်မယ့် ကိန်းပါလား…..
Was this answer helpful?
LikeDislikeအောင်မငှီး ….

ကြောက်စရာကြီးပါလားနော် …
စိတ်ကူးထဲ စားကြည့်တာတောင် ပျို့ချင်သလိုလိုနဲ့ ……. အေ့ …
Was this answer helpful?
LikeDislikeဘယ်နားကလှီးဖြတ်တဲ့အသားလဲ ဆိုတာကလဲရှိသေးတယ်လေ။
သိပ်မနာအောင် အရေပြားလောက်ဖြတ်ပြီးကြော်စားလို့တော့ ဘယ်စားကောင်းပါ့မလဲ။
အဲဒီစတန့်ကောင်တွေ
ပေါင်ရင်းနားက ငါးထပ်သားကို ကန့်လန့်လှီးပြီး
ကိုရီးယားကို ကင်ကြော်လေး လုပ်စားကြည့်တာမဟုတ်ဘူး။
Was this answer helpful?
LikeDislikeကိုရီးယားလို ကင်ကြော်လေး လုပ်စားကြည့်တာမဟုတ်ဘူး။
Was this answer helpful?
LikeDislikeရှေးပုံပြင်တခုမှာ.. အငတ်ဘေးဆိုက်နေတဲ့ရွာကိုဆွမ်းခံကြွလာတဲ့..ရဟန္တာကို.. အမျိုးသမီးတဦးက. သူ့ပေါင်သားလှီးပြီး.. ဆွမ်းကပ်တာဖတ်ဖူးတယ်..။
ဝိနည်းမှာ ရဟန်းက.. လူသားမစားရဘူးပါတာမို့.. ၀ိနည်းနဲ့မဆိုင်သေးတဲ့. ဗာရာဏသီခေတ်ကလား.. ၀ိနည်းမပညက်ခင်ကလား.. မသိ.. ဦးဦးပါလေရာပြောပြပါလား…..။
ပြောပြရရင်..
နှင်းတောင်ပေါ်လေယဉ်ပျက်ကျတော့.. အဲဒီလေယဉ်ပေါ်ကလူတွေ.. ကယ်ဆယ်ရေးစောင့်ရင်း.. သေသွားတဲ့လူအသားတွေစားပြီး အသက်ဆက်တဲ့ တကယ့်အဖြစ်အပျက်တခုလည်း ရှိခဲ့ဖူးတယ် မှတ်မိတယ်..။
ရုပ်ရှင်တောင် ပြန်ရိုက်ထားပါတယ်….
ကဲ..
ဒို့ရွာသူားတွေ.. အစာငတ်ပြီးသေရမလိုဖြစ်ချိန်မှာ.. သေနေတဲ့လူအသား.. စားမလား မစားပဲအသေခံမလား.. ဖြေကြည့်ပါ…။
Was this answer helpful?
LikeDislikeသူကြီးနော် သူကြီး
ပွဲဆူအောင်လုပ်လိုက် နှလုံးပြူးကြီး မိုးပေါ်ထောင်ပစ်လိုက် မလုပ်နဲ့
သိသိကြီးနဲ့ ပြောဦးမယ်
ဘုရားက ဘုန်းတော်ကြီးတွေကိုသာ အသားကြီး ၁၀ မျိုး ပညတ်ခဲ့တာ
လူတွေမပါဘူး
ဒါကြောင့် …
တကယ်လိုအပ်ရင် သေရေးရှင်ရေးဆိုရင်တော့
ဟီး ဟီး ဟီး
ဘာတဲ့ ကိုပေါက်ပြောတဲ့ ငါးထပ်သား ကင်ကြော်ဆိုလား …
Was this answer helpful?
LikeDislike@ မှော်ဆရာ
ဟဲ့ … ကိုပေါက်(မန္တလေး)က အဲလိုပေါက်ကရကွန်မင့်မျိုးမရေးဘူး။ သွားစွပ်စွဲလို့ ငရဲကြီးနေမယ်။ အဲဒါမျိုး မကြီးမငယ်နဲ့ရေးတာ ကျုပ်.. ကျုပ်..။
@ သူကြီး
ဟင်း..ဟင်း.. လူမိုက်မငှားနဲ့လေ သူကြီးရဲ့။
အဲဒီဖြစ်ရပ်ကြောင့် ၀ိနည်းပညတ်ခဲ့တယ်လို့တော့ စာထဲပါတာ ဟုတ်ပါတယ်။
အသင့်ယုတ္တိလေးနဲနေတာတော့ မတတ်နိုင်ပေဘူး။ နှစ်ပေါင်းက ၂၅၀၀ ကျော် လေ။
စကားမစပ်-
လူသားကို လူပြန်စားတာတော့ ပရိုင်းမိတ်ခေတ်ကတည်းက အခုထိ သိပ်အဆက်ပြတ်လှမယ် မထင်ပါဘူး။
ကျွန်တော် ကြားဘူးတာတခုဆိုရင် အာဖရိက က မျိုးနွယ်စုတခုမှာ ဘိုးဘွားတွေသေလို့ မီးရှို့တဲ့အခါ အသားနည်းနည်းစီဖဲ့ပြီး သားမြေးတွေ စားရတယ်ဆိုလားပဲ။
ဝီကီဆရာကြီးဖြစ်တဲ့ သူကြီးကို အားကိုးပါရစေ။
Was this answer helpful?
LikeDislikeသိပ်တော့မတူဘူး…။ အောက်မှာလူသားစားသူများအကြောင်း.. ၀ိကီဆရာပြောတာ..။
http://www.liberiapastandpresent.org/RitualKillings1900_1950b.htm
http://en.wikipedia.org/wiki/Cannibalism
In West Africa, the Leopard Society was a secret society active into the mid-1900s and one that practiced cannibalism. Centred in Sierra Leone, Liberia and Côte d’Ivoire, the Leopard men would dress in leopard skins, waylaying travelers with sharp claw-like weapons in the form of leopards’ claws and teeth.[114] The victims’ flesh would be cut from their bodies and distributed to members of the society.[115]
အိန္ဒိယမြောက်ပိုင်းမှာလည်း ရှိတယ်ဆိုပဲ..။
The Aghoris of northern India are a splinter sect of Hinduism who practice cannibalism in which they consume the flesh of the dead floated in the Ganges in pursuit of immortality and supernatural powers. Members of the Aghori drink from human skulls and practice cannibalism in the belief that eating human flesh confers spiritual and physical benefits, such as prevention of aging
Was this answer helpful?
LikeDislikeဟိုကိုပေါက်ကို ပြောတာမဟုတ်ဘူး ဦးရဲ့
လှုတ်တုတ်လှုတ်တုတ် ကိုပေါက်ကို ပြောတာ …
အဲဒီ့ကိုပေါက်နဲ့ ဦးပါလေရာနဲ့ မှားလို့ပါ ….
ဆော်တီးနော် …
Was this answer helpful?
LikeDislikeအင်း..ဇာတ်တူသားတွေ စားကုန်ကြပြီ…..။
…………………….. ……………………….
…………………….. …………………………
Was this answer helpful?
LikeDislikeဒွတ်ခ..ဒွတ်ခ

ကြောက်ချာဂျီး..စားရဲဘူး…အော့…
Was this answer helpful?
LikeDislikeှဗြမ္မာဒတ် သားစား ဇာတ်ထုပ်တကယ်ရှိတယ်နော်..။ ကိုယ့်သားကို အရက်နဲ့မည်းတယ်ဆိုပဲ..။ မြန်မာပြည်က အရင်ပါဗျာ..။ သူတို့က ယခုမှ စားပြနေတာပါ။
Was this answer helpful?
LikeDislikeအမလေး တွေးကြည့်တာနဲ့တင် ကြက်သီးထတယ်
မစားရဲ့ဘူး ……….
Was this answer helpful?
LikeDislikeသန်လျင်မှာ လူသားစားတယ် ဆိုတဲ့သတင်း အရင်နှစ် က ဖတ်လိုက်ရတယ် သူကတော့ ပိုက်ဆံမရှိလို့ တဲ့ အသားကလည်းစားချင်တာနဲ့  စားလိုက်မိတယ်ဆိုပဲ
Was this answer helpful?
LikeDislikeလူသားမှန်းသိသိကြီးနဲ့တော့ မစားချင်ပါဘူး … ရွံလွန်းလို့ …. ။
ကမ္ဘာပေါ်မှာ အသားတုန်းသွားလျှင်တောင် လုံးဝမစားဘူးလို့ ခံယူထားတဲ့ အသားကတော့ လူသားနဲ့ … ဂျပန်က အသားတုပဲ … ။ အသားတုကလည်း .. မစင်ကနေ ထုတ်ထားတယ်ဆိုလား ပဲ … ပြောရင်းနဲ့ အံချင်တယ် .. ဝေါ့ ..
Was this answer helpful?
LikeDislikeလူသားစားတဲ့ ဦးလာဘ ဇတ်လမ်းလေးတွေ ရှိခဲ့ဖူးတယ်။
သန်လျင်က အဖွားကြီး ဘာညာပူးလို့ စားတယ် ဆိုလား.. နောက်တော့ ဗိုက်ဆာလို့တဲ့..
တိဘက်တွေကတော့ သေရင် လူသား လဒ ကျွေးတယ် တဲ့..
Was this answer helpful?
LikeDislikeဒုက္ခ .. ဒါပေမယ့် လူသားစားပြီး ထူးခြားမှုတော့ ရှိမယ်မထင်ဘူး .. ဥာဏ်ပိုထက်လာမှာလည်းဟုတ်မယ် မထင်ဘူး .. ဥာဏ်ပိုထက်လာရင် အာဖရိကက လူရိုင်းတွေ ခုချိန် ကျွန်တော်တို့ထက်သာနေလောက်ပြီ .
Was this answer helpful?
LikeDislike