နှစ် ၅၀ ကျော်အတွင်း မြန်မာနိုင်ငံကို ပထမဆုံး လာရောက်တဲ့ ဗြိတိန် နိုင်ငံခြားရေး ၀န်ကြီး William Hague ရဲ့ နှစ်ရက်ကြာ ခရီးစဉ်အတွင်း သမ္မတ ဦးသိန်းစိန်နဲ့ ၂၀၁၁
ခုနှစ် ဇန်န၀ါရီလ ၅ ရက်နေ့က နေပြည်တော်မှာ တွေ့ ဆုံကြပါတယ်။
ပြီးခဲ့ တဲ့ လ တုန်းကလည်း အမေရီကန် နိုင်ငံခြားရေးဝန်ကြီး လာရောက်ခဲ့ပါတယ်. ဒါဟာလည်း နှစ် ၅၀ကျော်အတွင်း မြန်မာနိုင်ငံကို လာရောက်ကြတဲ့ အနောက်နိုင်ငံ ရဲ့ 
အရေးပါတဲ့ နိုင်ငံခေါင်းဆောင် တွေ တွေ့ ဆုံမှု့ ပါဘဲ..
ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး William Hague က ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့သော်လည်း ဆက်လက်လုပ်ဆောင်ရန် အများကြီး ကျန်ရှိနေပါသေးကြောင်း၊ ကျန်ရှိနေသည့် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေးသည် အရေးကြီးသည်ဟု မိမိတို့မြင်ပါကြောင်း၊ ယုံကြည်ချက်ကြောင့် အ ကျဉ်းကျခံနေရသူများ ထောင်များတွင် ရှိနေသေးသည့် နိုင်ငံတစ်နိုင်ငံကို လွတ်လပ်ပြီး ဒီမိုကရက်တစ်ဖြစ်သည့် နိုင်ငံတစ်နိုင်ငံဟု ဆိုရန် မဖြစ်နိုင်ကြောင်းတို့ကို ပြောကြားခဲ့သည်။
ထို့ပြင် ဒေါ်အောင်ဆန်း စုကြည်က ”နိုင်ငံရေးအကျဉ်းသား အားလုံးကို လွှတ်ပေးသင့်ပါတယ်။ နိုင်ငံတွင်း ဖြစ်နေတဲ့ လူမျိုးစု ပဋိ ပက္ခအားလုံးအဆုံးသတ်ရေးအတွက် အားလုံးကြိုးပမ်းသင့်ပါတယ်။ နောက်ပြီး လွတ်လပ်ပြီး တရားမျှတတဲ့ ကြားဖြတ်ရွေးကောက်ပွဲကို မြင်ချင်ပါတယ်”ဟု မီဒီယာများသို့ ပြောကြားခဲ့သည်။
ဒ်ါအောင်ဆန်းစုကြည်ကို..နိုင်ငံရေးလုပ်ခွင့်ပေးလိုက်တာ နဲ့ အနောက်နိုင်ငံက..အရေးပါတဲ့ လူတွေ တစ်ယောက်ပြိးတစ်ယောက်မြန်မာနိုင်ငံ ထဲကို လာရောက်တွေ့ ဆုံ
ဆွေးနွေးခြင်းတွေ အကူအညီပေးနိင်မယ့် ကိစ္စတွေ ကမ်းလှမ်းလာတာတွေ့ ရပါတယ်။ ကောင်းမွန်တဲ့ အနေအထားပါဘဲ..တကယ်လို့ ဒေါ်အောင်ဆန်းစုကြည်သာ
နိုင်ငံတော်သမ္မတ ရာထူး ကိုရရှိထားမယ်ဆိုရင်..ဒီထက်ပိုပြီး ကောင်းမွန်တဲ့ အောင်မြင်တဲ့ အနေအထားမျိုးကို ပိုင်ဆိုင်နိုင်မယ်လို့ 

About ဂေါ်လီလုံးလေး

has written 3 post in this Website..

''This will too pass''