Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ကပေ့ရဲ့ အာဂလူစွမ်း ..စူပါမန်း …၁၁ယောက် (၁၅)

ムラカミJanuary 6, 20122min54615
ပြီးခဲ့သော ဇာတ်လမ်း အကျဉ်း .....

အမ်ဂျီအမ်-မာရာ့ချ်-ဘလားဂျီးယို့ ကာစီနိုများရှင် ကိုကြောင် ကိုလက်စားချေရန် အတွက် တချိန်က သဂျီးတဖြစ်လဲ ..
မန့်သ်လေး ဘေး ပိုင်ရှင် သဌေးဂျီး မိုက်ခယ်လ် သဂျိုင်ခီး သည် ကပေ နှင့်တကွသော အခြား လူစွမ်းကောင်း ၉ယောက်
(မိမိ နှင့် ဆို စုစုပေါင်း ၁၁ယောက်) ကို စုစည်းပြီး ဘလားဂျီးယိုစ့် ကာစီနိုကို ဖောက်ရန် ကြံသည် .... ။
ကပေ့ လူစွမ်းကောင်း ၁၁ယောက် စာရင်းမှာ ဤသို့ ဖြစ်၏။
၁။ မန့်သ်လေး ဘေး ပိုင်ရှင် သူဌေး မိုက်ကယ်လ် သဂျိုင်ခီး.. (project sponsor, investor)
၂။ တခ်နစ်ကယ်လ် ခေါင်းဆောင် တောင်ကျွန်းဝိဇ္ဖာ အဘဖော (master planner)
၃။ ဇာတ်လိုက်ကျော် အတုဝိဇ္ဇာ ကပေ
၄။ ကျောက်ဆင်းတု ခေါင်းငြိမ့် အင်ဇာဂီ
၅။ ပါရမီရှင် စာတတ်ပေတတ် အလစ်သမား ကပေါက်ဖော်
၆။ မျက်တောင်မခတ် ဒါ့ပုံသမား သတိ္ထရှင် ဖဲဝိဇ္ဇာ မှော်ဆြာ
၇။ တခ်ခနစ်ရှင် သင်္ဘောသီးကြီး အီးတီ
၈။ တခ်ခနစ်ရှင် သင်္ဘောသီးငယ် ကိုရင်စည်သူ
၉။ ၂၁ရာစု ငထွေရူး ကစိန်သော့
၁၀။ ဖောက်ခွဲ ဝိဇ္ဇာ ကိုမှောင်ချော
၁၁။ ချက်မာစတာ မာယာရှင် ပလိုဂလမ်မာ ပန်ပန်

အဆင့်ဆင့် အထွေထွေသော ထိုးဖောက် စုံစမ်းရေးများ ...စကျူရတီ ဟိုက်ဂျက် များလုပ်ပြီး သကာလ ....

ကိုကိုကြောင်ကတော့ အပြင်ပြန်ထွက်လာလိုက်သည်။ လောင်းကုတ် နီညိုရောင် ဝတ်ထားသော
လူတယောက် သူ့ကိုစောင့်ကြိုနေသည်။ တခါမှ မမြင်ဖူး။ ဘယ်သူပါလိမ့်။

ကြောင်။ ဘာကိစ္စ ရှိပါသလဲခင်ဗျား။
တကယ်က ထိုလူသည် ရုပ်ဖျက်ထားသော ကိုပေါက်ဖော် ဖြစ်သည်။

ဖော်။ ကျနော် Nevada Gaming Commission က အထူးစုံစမ်းစစ်ဆေးရေး အရာရှိဖြစ်ပါတယ်
 လူကြီးမင်းရဲ့ဟော်တယ်မှာ ပြစ်ချက်ဟောင်းရှိတဲ့ မသမာသူ လူတယောက် အလုပ်ဝင်လုပ်နေတယ်
 လို့ကြား သိရလို့ပါ။
ပြသနာပွေပြီဆိုတာ ကို ကိုကိုကြောင် သိလိုက်သသည် ဟယ် .. ဘယ်ယ့်နှယ့် သွားစရာ ရှိတယ် ဆိုပါမှ။

ကြောင်။ သည်တော့ ကျုပ် ကဘာလုပ်ပေးရမတုန်း.
ဖော်။ ဟုတ်ကဲ့ ကျနော်တို့ စုံစမ်း အရေးယူမှု မှာ ပူးပေါင်းကူညီလုပ်ဆောင်ပေးဖို့ပါပဲခင်ဗျ။
ကြောင်။ ကောင်းပြီလေ ...ကဲ ဘယ်မလဲ အဲ့သည့်ကောင်။

ဇာတ်ရှည်မှာစိုးသဖြင့် အကျဉ်းချုပ်ကိုသာ ဖော်ပြအံ့။
ဘလက်ဂျက် ဝိုင်းက >မှော်ဆြာ ကို ကပေါက်ဖော် ဖမ်းလိုက်သည်။
လောင်းကစားပြစ်မှု မှတ်တမ်းဟောင်းတွေ ရှိသည့်အချက်ဖြင့်။
မှော်ဆြာ က အသာတကြည် အဖမ်းခံခြင်း မဟုတ်။ ကိုကိုကြောင်ကို
လှည့်ပတ် အသနားခံပြီး မူလဂျီ မာလဂျီ လုပ်နေသေးသည်။
ဇက်ပိုး ကို ၂ချက်လောက် အုပ်ထည့်လိုက်တော့မှ
ဖြုံသွားသည်။ (မှတ်ဟ ...) ဒါတောင် ထွက်ပြေးဖို့ကြံသေး
သို့ရာတွင် နောက်ဆုံး ကပေါက်ဖော်၏ သန်မာပြီး လျင်မြန်သော လက်များကြား
ဝယ် ကြွက်ကို စွန်သုတ် သကဲ့သို့ ဇိကနဲ မိတော့လေသည်။(အော် ..သည် ဇိနှယ့်
သုံးမိပြန်ပြီ) 
တကယ်က သည်လို လုပ်နေတာ အကြောင်းနှင့်ခဗျ။
ပါရမီရှင် ကပေါက်ဖော် သည် ပိတ်သတ်ကြီး ရိပ်မိတော်မူသည့်အတိုင်း
ကိုကိုကြောင် ဆီက တစုံတခု ကို နှိုက်လိုက်သေး သည်ကိုး....
ထို တစုံတခုကို နှိုက်ယုံသာမက အခြား တစုံတခုကိုပဲ ထည့်ပေးလိုက်လေသည်။
ဟုတ်သည် နှိုက်တာက >မြေအောက်ခန်း Security Card
ပြန်ထည့်ပေးတာက နို့ဆီခွက်။

ကိုကိုကြောင်ကတော့ ဘာမှ မသိ...
မှော်ဆြာ ယက်ကန်ယက်ကန် ပါသွားတာကိုကြည့်ပြီး
ကြောင်။ မင်းကို ငါ့ဟော်တယ်မှာ နောက်တခေါက် မတွေ့ချင်ဝူး ဟရောင်
ဟုပင်ကြိမ်းမောင်းလိုက်သေးသည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

တချိန်ထဲတွင် ဖြစ်သည် ။ စကျူရတီခန်းရှိ  အဘဖော တယောက် ရင်ဘတ်ကို ဖိကာ မျက်ဖြူလန်ပြီး
လဲကျသွားလေသည်။ ရုတ်တရက် အသက်ရှူ ရပ်သွား၏ ။ >ကြောင်လတ်  နှင့်တကွသော ကြောင်အပေါင်းအပါများ..
ထူပူသွားကြသည် ... ဤမျှလောက်သော အရေးကြီး ပုဂ္ဂိုလ် တခုခုဖြစ်သွားလျှင် သူတို့တာဝန်မကင်း မဟုတ်လား..

လတ်။ ဟဲ့ ကြေးမလောင် ဆြာဝန်ဆီ ဖုန်းဆက်စမ်း ....
လောင်။ ဟုတ် ..ဟုတ် ..ကိုလတ်.....
တီတွီ ဒီ ....။
လောင်။ နီဗားနား ..ဟော်စပစ်တယ်လ် ကပါလား ရှင်... ..
တဖက်လူ။ ဟုတ်ကဲ့ပြောပါခင်ဗျား..။
သဂျိုင်ခီး  ကိုယ်တိုင် ဝင်၍ အသံ သရုပ်ဆောင်ခြင်းဖြစ်သည် ...
(ပန်ပန့်   အစွမ်းဖြင့် ... ဖုန်းလိုင်းများလည်း ဟိုက်ဂျက် လုပ်ပြီးသားပေကိုး ....)
လောင်။ အခု သည်..(ဘလားဂျီးယိုစ့်) မှာလေ ...အရေးပေါ်လူနာ လာကြည့်ပေးနိုင်မလား ရှင့် ...။
ခီး။ ဟုတ်ကဲ့ပါ .. ကျုပ်တို့ဆီက အတော်ဆုံး အရေးပေါ် လူနာကုတဲ့ သမားတော် စေလွှတ်လိုက်ပါ့မယ်ခင်ဗျား ...။


အမှန်ပင် ..သဂျီးသည် သူ့လိုပင် နှုတ်ခမ်းမွေး ကားကား တပ်ထားသည့် ဆြာဝန် တစ်ယောက် လွှတ်လိုက်ပါသည် ...။
ထိုသူကား နှတ်ခမ်းမွေးနှင့် မျက်မှန်နှင့် ဂျူလတီကုတ်နှင့် အင်ဇာဂီ ..... တပည့်တပန်းတွေနှင့် ....တကွ...
အဘဖော ကို ပုံစံတကျ ရှေးဦး သူနာ ပြုနည်းတွေနှင့် ပြုစုပြီး သကာလ ...

ဂီ။ ကျနော်တို့ ဆေးရုံကို အမြန်ခေါ်သွားမှ ဖြစ်မယ်ဗျ..
လတ်။ ဆြာတို့ သဘောပါ ဆြာတို့ရယ် ...ပြန်ကောင်းမှာပါနော်....

ချွေးစက်များနှင့် တုန်ရီနေသည့် လက်ချောင်းများ နှင့် အဘဖောဘက် လက်ညှိုးညွှန်ရင်းမေးသည်..
အင်ဇာဂီ မထီတရီ ပြုံး လိုက်ရင်း ...ဘုရားသခင်ရဲ့ အလိုတော် အတိုင်းပေါ့ဗျာ ...
လည်ပင်းမှ ဆွဲပြား ထုတ်ကာ name of the god, the son, and the holy spirit ပြွတ် ..ပြွတ်.စ် ...
လုပ်နေသေးသည်....။
သူ လျှို့ဝှက်တပ်ဆင်ထားသော နားကျပ်မှ သဂျိုင်ခီး ရဲ့ အော်သံကြီး ကြားရသည်....။
ခီး။ ဟဲ့ သောက်ပေါ ...နင့်ဟာနင် မင်းသားရူးနောက်မှ ရူး ..မြန်မြန်လုပ်ဟဲ ့....ခွီး တဲ့မှပဲ .....။
အင်ဇာဂီ မျက်နှာပျက်သွားသည် ...အတုတပ်ထားသော နှုတ်ခမ်းမွေးပင် တွန့်ဝင်သွားသယောင် ...
ဟုတ်တယ်လေ ...ကိုယ်က အတုတပ်တာ ..သူက အစစ်ကြီးနဲ့ မိုက်ခလိုဖုန်းနား တေ့အော်လိုက်တာကိုး ..တွန့်ပေမပေါ့...
ဂီ။ ကဲကဲ ကောင်လေးတွေ သယ် သယ် ....

ဘောလုံးပွဲများတွင် ..အင်ဂျူရီ ..ထိသော ကစားသမားများကို ...ဆေးအဖွဲ့ က ကတ်နှင့်ထမ်း ထုတ်တာ မြင်ဖူး မည်မဟုတ်
ပါလား မိတ်ဆွေ .... ခုလည်း ထို အတိုင်းပေါ့ ..မြန် သည် သွက်သည် ။.သေသပ်သည် ....
(သေသပ်မှာပေါ့ ...အဲ့ဒီ ကပ်ထမ်းတဲ့ ကောင်လေး၂ယောက် အမ်လုလင် နဲ့ ရွှေမင်းသား ကို ဘောကွင်း သူနာပြု အဖွဲ့ကနေ
ငှားလာတာကိုး ...ဟီး )
ဟုတ်သည် လူစွမ်းကောင်းတွေ Retrieve Strategy သုံးနေခြင်းဖြစ်သည် .... အကြောင်းအမျိုးမျိုးနှင့် အာရုံပြောင်း...
လှည့်စား ...ဖန်တီး ..ပြင်ဆင် ..ကလိ ..သည့်နေရာတွင် အသုံးတော်ခံနေ ကြသည့် လူစွမ်းကောင်း တွေကို
ကျန်လူစွမ်းကောင်းများ က နည်းအဖုံဖုံဖြင့် ...ပြန်လည် ဆွဲထုတ်နေခြင်း ဖြစ်၏ ...။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဆင့်ကဲဖြစ်ရပ်တွေ တပြိုင်နက် ဖြစ်နေသည် ... ဖြစ်ပေမပေါ့ ...အကြိမ်ကြိမ် ဇာတ်တိုက်ပြင်ဆင်ထားသည်ကိုး ....
ထိုသို့ ကြောင်တသိုက် အလုပ်ရှုပ်နေစဉ်..စကျူလတီ ကင်မလာများ ဖျက်ကနဲ ပြောင်းသွားသည်ကို မည်သူမျှ သတိမထား
မိတော့ချေ... ။ ဟုတ်ပေသည် .... ဘလားဂျီးယို့စ် ၏ မြေအောက် ရတနာခန်း နှင့် ကွက်တိအန်ကိုက် ဇလုပ်တိုက်
တူညီသော မြေအောက်ခန်း ၁ခန်းပုံ ဖြစ်ပေသည်။
ထိုအရာကား .... ပျောက်ချက်သား ကောင်းနေသော ကျနော်တို့၏ ဇာတ်လိုက်ကျော် အတုဝိဇ္ဇာ ကပေ့ လက်ရာတည်း ..
သူ တကုတ်ကုတ်နှင့် မည်သူ့ မျှ အဝင်မခံဘဲ ...မွမ်းမံပြင်ဆင်ထားသော သဂျိုင်ခီး၏ ကားဂိုထောင် တွင်း Voult နှင့်တူအောင်
အခန်းဖွဲ့ ထားခြင်းသာ ဖြစ်ပေတော့သည်...။ ဂိုထောင်ထောင့် တနေရာမှ တီဗီများရှေ့တွင် ကပေ ပြုံးနေ၏ ...။ ကိုမှောင်ချော
ကတော့ ...ကပေ့ ကို ပုခုံး ပုတ် နှုတ်ဆက်ပြီး ထွက်ခွာသွားလေသည် ......။ သူသွားသည်မှာ မန့်သ်လေးဘေးဟော်လတယ် မှ
ထရန်စဖော်မာ တစ်လုံး ဆီဖြစ်၏။ ...ထူးဆန်းစွာ ထို ထလန်စဖော်မာ ကို ပီပါ တစ်လုံး နှင့် ချိတ်ဆက်ထားလေသည်.....။
ထိုပီပါထဲတွင် ဘာရှိသည် မှတ်ပါသလဲ မိတ်ဆွေ... ပီပါလုံးပြည့် ကြက်ဆူဆီ အဆီ အနှစ်များရှိပါသတည်း ။
ဆက်ရန်~

15 comments

  • ငပေါက်ဖော်

    January 6, 2012 at 5:25 pm

    အခန်းဆက်လေး အေးသွားတာ..ရှေ ့နောက်..ဆက်မရတော့ဘူးခင်ည
    😆
    နောက်ခါ ကမှော်ချာကို နာနာလေး တီးပါရစေခင်ည

  • ဦးဦးပါလေရာ

    January 6, 2012 at 5:50 pm

    ဒီဇတ်လမ်း ကန့်လန့်ကြီးရပ်သွား မှတ်တာ ပြန်လာသေးသကိုး။

    ဆံပင်ညှပ်ဆရာက ဘာတွေပါလှီးထုတ်လိုက်တာလဲ ဂီဂီ။ အဘတ်တာပုံမှာ နဖူးက ပလတ်စတာတခုပဲကျန်တော့တယ်။

  • မှော်ဆရာ

    January 6, 2012 at 5:51 pm

    မှတ်ဟ ဇာတ်လမ်းထဲပါချင်ဦး …
    ကိုယ့်ဟာကိုယ် ဓါတ်ပုံဆရာလုပ်နေအကောင်းသား ..
    အခုတော့ နားရင်း အအုပ်ခံရပြီ ..
    အမယ် အမယ် … ကိုပေါက်ဖော်က ဆုတွေ ဘာတွေတောင် တောင်းနေသေး ….

  • padonmar

    January 6, 2012 at 6:50 pm

    ဟေ့ဂီဂီ
    ဒို့တိုင်းပြည်ရဲ့ ရတနာ ကြက်ဆူဆီကို လာမထိနဲ့နော်။
    မီးပွင့်သွားမယ်။ 😀

    • small cat

      January 6, 2012 at 9:08 pm

      ဟုတ်တယ် ကျုပ်တို့ ဝန်ထမ်းတွေရဲ့မျက်ရည်တွေနဲ့လောင်းပြီးစိုက်ထားရတဲ့ အဆီအနှစ်တွေကို ပေါက်ကရမလုပ်နဲ့နော် ၊သဂျီးနဲ့အပေါင်းပါများကို ပြင်းထန်စွာ သတိပေးလိုက်ပါရဲ့။

  • windtalker

    January 6, 2012 at 7:58 pm

    မိုးဇက် အတု နဲ ့အင်ဇာဂု အတု ကို ဖန်တီးပြီး
    ဖန်စီ တစ်ကား ကို ကိုကိုကြောင် နဲ ့
    ရိုက်ပြချင်ထှာ

    • Moe Z

      January 8, 2012 at 10:39 am

      မိုးစက်လည်း အချိန်ရရင်ကိုပေကို ဇာတ်လိုက်နေရာကနေထားပြီး ဇာတ်လမ်းတစ်ပုဒ်ရေးချင်ပါသေးတယ် အရင်ကဇာတ်လမ်းကတော့
      အားရပါးရသမပြီးမှ အားနာလို့မတင်တော့တာ 😛
      ဒါလောက်ဆို သဘောပေါက် 😀

      • ငပေါက်ဖော်

        January 8, 2012 at 11:16 am

        သဘောပေါက် ဆိုပြီး
        ဟောဒီက ငပေါက်ကိုကော..ဘယ်ချောင် သွားထိုးထားသလဲ အမိ..
        😆

        • Moe Z

          January 8, 2012 at 11:27 am

          ဪ အရင်ကဇာတ်လမ်းမှာ ငပေါက်ပါပါတယ်ကွယ်
          စိတ်ရှိလက်ရှိဖဲ့ထားပြီးမှ သနားစိတ်ဝင်သွားလို့မတင်တာပါ
          အသစ်ပြန်ရေးပေးမယ် 😀

        • ငပေါက်ဖော်

          January 8, 2012 at 3:41 pm

          ဟွင်း..
          ဂျောင်မထိုးထားရင် ပီးဒါဘဲ
          ဗျက်.ဗျက်..ဗျက်
          ရဂါးနောက်ဒါ
          😆

      • windtalker

        January 8, 2012 at 7:10 pm

        အော်
        မိုးဇက် လေး ရဲ ့
        စိတ်ကူးတွေ ၊အတွေးထဲမှာ
        ကိုယ် ရှိနေပါကလား
        ဟဲဟဲ

  • MaMa

    January 6, 2012 at 8:01 pm

    ဒါက ရွာသူားတွေကို ဂီဂီက ကြိုးစားပမ်းစား မွေးနေ့လက်ဆောင်ပြန်ပေးတာထင်တယ်။ 😆

  • water-melon

    January 6, 2012 at 8:47 pm

    ကြက်ဆူဆီလည်း ဘာမှမဖြစ်ပါဘူး ရွာကဒေါ်လှကြည်ထဲ အဲဟုတ်ပါဘူး ထော်လာဂျီထဲထည့်မောင်းတာပေါ့
    😆

  • blackchaw

    January 9, 2012 at 1:24 pm

    မေ့တောင်နေပြီ။ တော်တော် ဆိုးတဲ့လူ။
    နောက်တစ်ပိုင်းရဲ့ အစ မှာ ကမှောင်ချောနဲ့ စမှာဆိုတော့
    စောင့်နေပြီဗျာ။ မြန်မြန်ရေးပါ။ ဒါဗျဲ။

  • E.T

    January 12, 2012 at 12:13 am

    ကိုအင်ကြီး စိုင်လေးတွေနဲ ့ အလုပ်ရှုပ်ပြီး လူစွမ်းကောင်း ၁၁ ယောက်အကြောင်းရေးတော့ဘူး ထင်နေတာ၊ ခုမှပဲ ပြန်ဖတ်ရတော့တယ် 🙂

Leave a Reply