ဒု … သ … န … သော
ဒုသနသော ဟူသော စကားကို ဗုဒ္ဓဘာသာတိုင်း ကြားဖူးကြပါလိမ့်မယ်။ အတိတ်ဘဝက ကာမေသုမိစ္ဆာစာရ ကံကို လွန်ကြူးခဲ့တဲ့ သူဌေးသား လေးယောက်ဟာ ငရဲကို ကျခဲ့ရတယ်။ သူတို့ ကျခံနေရတဲ့ ငရဲက လောဟကုမ္ဘီ ကြေးနီအိုး ငရဲဖြစ်ပြီး အဲဒီ ငရဲမှာ ကျခံနေရတဲ့ ငရဲသားတွေဟာ အနှစ်သုံးသောင်းနေမှ ကြေးနီအိုး နှုတ်ခမ်းဝမှာ တစ်ခါပေါ်ပြီး အနှစ်သုံးသောင်းတိုင်အောင် အောက်သို့ နစ်ကြရပါတယ်။ အပေါ်ကို ရောက်လိုက်၊ အောက်ကို ဆင်းလိုက်နဲ့ ငရဲသက် မပြည့်မချင်း ပွက်ပွက်ဆူနေတဲ့ သံရေတွေထဲမှာ ငရဲခံနေရပါတယ်။
ကျွန်တော်တို့ ဂေါတမ ဘုရားရှင် လက်ထက်တော်မှာတော့ ကဿပ ဘုရားရှင်လက်ထက်က ကာမေသုမိစ္ဆာစာရကံကို အလွန်အကြူး ပြုကျင့်ခဲ့လို့ ကြေးနီအိုးငရဲမှာ ကျခံနေရတဲ့ သူဌေးသား လေးယောက်ဟာ ကြေးနီအိုး နှုတ်ခမ်းဝကို ပေါ်ခဲ့ပါတယ်။ အဲဒီလို ပေါ်တဲ့အခိုက်မှာပဲ သူဌေးသား လေးယောက်ဟာ ဂါထာတစ်ပုဒ်စီကို ရွတ်ဆိုခဲ့ကြပါတယ်။ ဒါပေမယ့်လည်း သူတို့ရွတ်ဆိုတဲ့ ဂါထာတွေဟာ အဆုံးတိုင် မရောက်ခဲ့ဘဲ ဂါထာရဲ့ အစ စာလုံးတွေကိုသာ ရွတ်ဆိုနိုင်ခဲ့ကြပါတယ်။
သူတို့ ဂါထာတစ်ပုဒ်ချင်းစီရဲ့ အစ စာလုံးတွေကတော့ ဒု၊ သ၊ န၊ သော ဖြစ်ပါတယ်။ သူတို့တွေရဲ့ အသံကို ကောသလဘုရင်ကြီး ကြားခဲ့ရပြီး ဘုရားရှင်ထံ လျောက်တင်တဲ့အခါ ဘုရားရှင်က သူဌေးသား လေးယောက်တို့ရဲ့ ဂါထာ အပြည့်အစုံကို ဟောကြားတော် မူခဲ့ပါတယ်။ ဒု၊ သ၊ န၊ သော ရဲ့ ပါဠိနဲ့ အနက်ကို မသိသေးသောသူများ ဗဟုသုတ ရစေရန်အလို့ငှာ ဒီနေရာမှာ ဖော်ပြပေးလိုက်ရခြင်းပင် ဖြစ်ပါတယ်။
ဒု သ န သော ပါဠိ
ဒုဇီဝိတမဇိဝိမှာ၊ ယေသံနော နစဒါမာသေ။
ဝိဇ္ဇမာနေသု ဘောဂေသု၊ ဒီပံနကမှမတ္တနော။
သဋ္ဌိဝဿ သဟဿာနိ၊ ပရိပုဏ္ဏာနိသဗ္ဗသော။
နိရယေ ပစ္စမာနာနံ၊ ကုဒါ အန္တော ဘဝိဿတိ။
နတ္ထိအန္တော ကုတောအန္တော၊ နအန္တော ပတိဒိဿတိ။
တဒါဟံ ပကတံ ပါပံ၊ မမ တုယှဉ္စ မာရိသ။
သောဟံ နနုဣတော ဂန႖ာ၊ ယောနိလဒ္ဓါနမာနုသံ။
ဝဒညူ သီလသမ္ပန္နော၊ ကာဟာမိ ကုသလံ ဗဟုံ။
ဒု သ န သော အနက်
အချင်းတို့ အကြင်ငါတို့၏ ကုဋေလေးဆယ်စီကြွယ်သော ဥစ္စာစည်းစိမ် ချမ်းသာတို့သည် ထင်ရှားရှိပါကုန်စဉ် မပေးမလှူမိချေကုန်။ မိမိ၏ ကျွန်းကြီးသဖွယ် ကိုးကွယ်ရာဖြစ်သော ကောင်းမှုကို မပြုကုန်။ ထိုငါတို့သည် မှားသော အသက်မွေးခြင်းကို မွေးမိကုန်၏။
အချင်းတို့ လောဟကုမ္ဘီငရဲ၌ အခါခပ်သိမ်း ကျက်ရကုန်သော ငါတို့အား ကာလတွက်စစ် အနှစ်ခြောက်သောင်းတို့သည် ပြည့်ကုန်ပြီ။ အဘယ်အခါမှ အဆုံးသည် ဖြစ်ပါအံ့နည်း။
အချင်းတို့ ငါသည် ထိုသူဌေးသားစစ် ဖြစ်သောအခါ၌ စိတ်တူကိုယ်မျှပြုခဲ့သော မကောင်းမှုကံသည် ငါ့အားလည်းကောင်း၊ သင့်အားလည်းကောင်း အဆုံးသည် မရှိ။ အဆုံးသည် မထင်။ အဆုံးသည် မည်သည့်အခါမှ ထင်နိုင်ပါအံ့နည်း။
ထိုငါသည် ဤသံရည်ပွက်ပွက် ပူချက်မစဲ ဤငရဲမှသွားရ၍ လူတို့၏ ပဋိသန္ဓေကို အကယ်၍ ရသည်ရှိသော် အလှူခံပုဂ္ဂိုလ်တို့ကျေးဇူးကို သိသည်ဖြစ်၍ သီလနှင့် ပြည့်စုံသည်ဖြစ်၍ ကုသိုလ်ကို များစွာ ပြုတော့အံ့။
( မှတ်ချက် ။ ။ ဒုတိယ ဂါထာတွင် စဉ်းစားစရာ ဖြစ်နေသည်ကား ငရဲခံရသည်မှာ အနှစ်ခြောက်သောင်း ပြည့်ခဲ့ပြီဟု ဆိုထားခြင်း ဖြစ်သည်။ ယင်း အနှစ်ခြောက်သောင်းမှာ လူတို့၏ အရေအတွက်မဟုတ်ဘဲ ငရဲသက်တမ်း အရေအတွက်သာ ဖြစ်လိမ့်မည်။ အဘယ်ကြောင့်နည်း ဟူမူကား ဘုရားတစ်ဆူနှင့် တစ်ဆူအကြား ကာလသည် လူတို့၏ သက်တမ်းအားဖြင့် အနှစ်ခြောက်သောင်းမက များနေခြင်းကြောင့်ပင် ဖြစ်လေသည်။
သက်တမ်းများကို နှိုင်းယှဉ်ကြည့်ပါက လူတို့၏ သက်တမ်းထက် နတ်တို့၏ သက်တမ်းက ပိုရှည်သည်။ နတ်တို့၏ သက်တမ်းထက် ငရဲသက်တမ်းက ပို၍ ရှည်သည်ဟု မှတ်သားခဲ့ဖူးပါသည်။ )
အထက်ပါဂါထာအား ကျွဲခြံရွာဆရာတော် ရေးသားအပ်သော လောကဓမ္မရေးရာ စကားပုံကျမ်းမှ ကောက်နုတ်တင်ပြခြင်း ဖြစ်ပါသည်။
အံစာတုံး
8 comments
kai
January 6, 2012 at 4:27 pm
ဗုဒ္ဓဘာသာဝင်တိုင်း လို့ပြောချင်တယ်ယူဆမိပါတယ်..။
အင်း..
ထေရဝါဒဗုဒ္ဓဘာသာဝင်တချို့ဆိုမှ ပိုမှန်မယ်ထင်တာပဲ..။
မဟာယာန ဗုဒ္ဓဘာသာဝင်တချို့မေးကြည့်လိုက်တာ.. မသိကြဘူး..။ အင်တာနက်ထဲလည်း.. ရှာမတွေ့ဘူး…။ (မဟာယာနမှာတွေ့ရင်ညွှန်းပြပါ)
ပြောရရင်..မဟာယာန ဗုဒ္ဓဘာသာဝင်က..ထေရဝါဒ ဗုဒ္ဓဘာသာဝင်ထက်… ကိုးကွယ်သူလူဦးရေ ၅ဆမကများတာမို့.. မဂျော်ရတီ(လူများစု)ပါ..။
ကိုးကွယ်တဲ့နိုင်ငံတွေကလည်း.. ချမ်းသာတဲ့နိုင်ငံတွေချည်းပဲလို့တောင် ဆိုရမယ်..။
တရုတ်၊ ဂျပန်၊ ထိုင်ဝမ်၊ တောင်ကိုရီးယား…
ဆိုတော့…
ဒုသနသောကို.. လော့ဂျစ်အရတွေးတွေး.. ဓမ္မနဲ့ညှိတွေးတွး..လုပ်ကြည့်ရင်.. ဂေါတမဗုဒ္ဓလက်ထက်ဖြစ်ပျက်ခဲ့တာလို့..မယူဆမိပါဘူး…။
ငရဲနဲ့ခြောက် ဘုံနဲ့မြောက်နေတာလို့ပဲ.. ထင်မိတယ်..။ 🙂
Anzartone
January 6, 2012 at 5:08 pm
ဟုတ်ပါတယ် သူကြီး …
ဗုဒ္ဓဘာသာဝင်တိုင်းကို ဆိုလိုချင်တာပါ။
စာရိုက်တုန်းက ‘ဝင်’ ကျန်သွားခဲ့လို့ ဖြစ်ပါတယ် ခင်ဗျ။
ပြီးတော့ သူကြီး ပြောသလိုပဲ ထေရဝါဒ ဗုဒ္ဓဘာသာဝင်အချို့လို့ ကျွန်တော် ရေးခဲ့သင့်တာပါ။
အခုလို ထောက်ပြပေးတဲ့အတွက် သူကြီးကို ကျေးဇူးတင်ပါတယ်ခင်ဗျ။
“ဒုသနသောကို.. လော့ဂျစ်အရတွေးတွေး.. ဓမ္မနဲ့ညှိတွေးတွး..လုပ်ကြည့်ရင်.. ဂေါတမဗုဒ္ဓလက်ထက်ဖြစ်ပျက်ခဲ့တာလို့..မယူဆမိပါဘူး…။
ငရဲနဲ့ခြောက် ဘုံနဲ့မြောက်နေတာလို့ပဲ.. ထင်မိတယ်..။”
ဒါကို တွေးဖို့ကတော့ ကျွန်တော် ဉာဏ်မမီပါဘူး ခင်ဗျာ။
nature
January 6, 2012 at 5:41 pm
မသိသူကျော်သွားသိသူဖော်စားပဲ။ သူကြီးကမသိလို့ကျော်သွားတယ်လို့ပဲယူဆပါတယ်။ 🙂
လောကမှာမိုက်တဲ့သူနဲ့ လိမ္မာတဲ့သူနဲ့ဘယ်သူပိုများလဲ။ 🙂
apulay
January 7, 2012 at 4:02 pm
ထောက်ခံတယ်ဗျို့
pazflor
January 6, 2012 at 5:33 pm
လူတိုင်း သာ နှမချင်း စာနှာ တတ်ကြမယ် ဆိုအကောင်းဆုံးပါဘဲ။ ငရဲကြောက်တာ၊ရှိတာ မရှိတာ ထက် လူဟာ လူလိုဘဲ ကျင် ့ကြံသင့်ပါတယ်။ သိုမဟုတ်ကား တိရစာ္ဆန် နဲ ့မခြား ဖြစ်သွားမှာပါ။
windtalker
January 6, 2012 at 8:00 pm
မှန်လိုက်တာ ဗျာ
အန်ဇာတုံး ရေးတာလဲ ကောင်းသလို
ဒီကွန်မင့် က လဲ ကောင်းတယ် ဗျို ့
ကိုရင်စည်သူ
January 7, 2012 at 3:10 pm
နှမချင်းမစာနာတဲ့ ကြာကူလီ ကောင်တွေကိုတော့ ဒု သ နသော တွေလုပ်မနေနဲ့
အဝီစီကို သွားပေတော့… 👿 👿
zaw min
January 6, 2012 at 8:18 pm
ဒုတိယ လင် သည် သေ သောအခါ နတ် ပြည် ၌ သောတပန် တည်၏။
သူးကြီးဘက်မှ လောဂျစ်တွေး၍ ရေးရပါသည်….။မှန် မမှန် မိမိဘာသာဝေဖန်ပါ…။
နတ်ပြည်မှာ တော့နိုင်ငံကြီးက ပုဂ္ဂိုလ်ကြီးတွေများနေတာပဲလို့ထင်တာပဲ…
ဝီကီထဲမှာတော့ နတ်ပြည်ရောက်တဲ့စရင်းရှာမတွေ့သေးဘူး..တွေ့ရင်တော့တင်ပေးပါ့မယ်…