1 ဆုုတောင်းပေးဘို့ရေးတဲ့စာ(ထက်ဝေး။အီးတီ။နိုဇိုမီ။ရွှေတို်က်စိုး၊အိတုန်)

2( ပေါက်ဖော် DR AKKO/ ဆူူး၊အန်တီပဒုမ္မာ၊ အန်တီမမ)

 

3နွယ်ပင် NOVY လောက်လောက်ပေး (ခ)ကောက်ပို အဘ FR ဦးဦးပါလေရာ

D4(ဦးဦးဖက်၊ချာတူးလန်၊ နဲ့ အမည်မဖော်လိုသူတစ်ဦး(ဘဘဘလက်-နောက်ရက်မှအချိန်မီရေးပေးတာလေ)

 

 

                         “အနီးအဝေး တွေကို ခါချလိုက်တဲ့………………………

(ရန်ကုန်ရောက်ကိုပေါက်(မန်း)နဲ့ အဝေးကမွေးနေ့ရှင် ဂီဂီ)

ဆောင်းဆိုပေမယ့် ဆောင်းမပီသ

ဖောက်လွှဲဖောက်ပြန်လုပ်နေပြန်တဲ့

ရန်ကုန်ဆောင်းရဲ့နွေနဲ့တူသောနေ့တစ်ရက်

အတိအကျတွက်ရင်…………

(7-1-2012)။

ဟိုမနီးမဝေး မန်းလေးကလူတစ်ယောက်

ရန်ကုန်ကိုရောက်အလာ။

ရွာထဲကမိတ်ဆွေတွေ

တွေ့ချင်ပြန်တော့

ဆုံနိုင်ဘို့စီစဉ်

ခင်မင်သူတွေကို အကူအညီတောင်း

တတ်နိုင်သလောက်မောင်းခတ်

(7-1-2012) ဆိုတဲ့နေ့လည်(2)နာရီ

ကြည့်မြင့်တိုင်နားက ကော်ဖီဘားမှာ

ဆုံတွေဘို့နေရာလေးသတ်မှတ်

တွေ့ကြမယ်လို့ အကြောင်းကြား။

ကြားကြားသမျှအားလပ်ရင်လာခဲ့ပါပေါ့။

တကယ်ဆုံတွေ့တဲ့နေ့

ပျော်စရာလဲကောင်းခဲ့ပါတယ်။

မမြင်ဘူးသူနဲ့မြင်ဘူးသူ

သိသူနဲ့မသိသူ

ကိုယ့်ကိုယ်မိတ်ဆက်

ဆက်သွယ်စရာတွေအပြန်အလှန်ပေး

အော်တိုအော်ရှည်တွေရေးလိုရေး

နွေးထွေးစွာနုတ်ခွန်းဆက်

                                                                                                                                          အပျော်တွေစွက်လို့ရယ်ပွဲ့ဖွဲ့

တကယ့်ကို လှပတဲ့ပွဲလေးပါ။

ရွာသူလေး အိတုန်

စခုန်လိုက်တဲ့ခြေလှမ်း

ကောင်းမှု့တစ်ခုပြုနိုင်ဘို့အတွက်

 အလှူငွေတွေစုပြီး လှူမယ်ဆို ဆော်ဩ

အားလုံးကလဲသဘောတူကြပါတယ်။

ဒီပွဲလေးကို လာသူတွေ အလှူငွေစထည့်

စုပေါင်းညီညာ

ကောင်းခြင်းဖြာဘို့အတွက်

ပထမဆုံးခြေလှမ်း

မျက်နှာပန်းဲလှခဲ့တာပေါ့။

တိုက်တိုက်ကယ်မှဆိုင်ဆိုင်

မနီးမဝေးကလူ လာလို့လူစုတဲ့ရက်

မိုင်တွေအများကြီး ဝေးတဲ့

အဝေးကတစ်ယောက်ရဲ့မွေးနေ့ဖြစ်နေပြန်တော့

တစ်လက်စထဲဆုတောင်း

ကောင်းခြင်းမင်္ဂလာဆုတောင်းစာတွေရေးလို့

နွေးထွေးစွာချစ်ခင်ကြောင်း

စာလုံးလေးတွေက သက်သေခံ

မြင်ရတာ ကြည်နူးစရာအစစ်ပါဘဲ။

ဒီရွာနဲ့ဒီရွာသူ ဒီလူနဲ့ ဒီရွာသား များအကြောင်း

                                                                                                                             ပြန်ပြောင်းကာ အတွေးနယ်ချဲ့မိတော့

ရွာသူရွာသားတွေဆိုတာ

အဝေးနေနေ

အနီးနေနေ

ကော်မင်းတွေပေးချင်ပေး

မပေးလဲ နေချင်နေ

တွေ့ဘူးချင်တွေ့ ဘူး

မတွေ့ဘူးလဲ နေချင်နေ

မြင်ဘူးချင်မြင်ဘူး

မမြင်ဘူး လဲ နေချင်နေ

ချက်တင်မှာသိချင်သိ

မသိလဲနေချင်နေ

ဖုန်းနံပါတ်တွေသိချင်သိ

မသိ်လဲနေချင်နေ

အနီးနေနေ အဝေးနေနေ

တိုင်းတာချက်ကွာဝေးခြင်းတွေကို ခါချ

                                                                                                                                          ရင်တွင်းက တစ်ကယ်အစစ်

ရွာကိုချစ်တယ်ဆိုတာပြတဲ့ပွဲလေးတစ်ခု။

ချစ်ခင်မူ့ရဲ့သင်္ကေတ

ဒီလုံပွဲလေးပေါင်းများစွာ မကြာခဏ

                                                                                                                                   အမြဲဆုံချင်ပါကြောင်း………………………

ကိုပေါက်လက်ဆောင်အတွေးစဉ်

(9-1-2012)

About ကိုပေါက်(မန္တလေး)

ko pauk mandalay has written 1612 post in this Website..

အတွေးပါးပါးလေးကနေ ထူသွားပြီထင်တော့ အရင်လောက်တော့ စာမရေးဖြစ်တော့ဘူး။