ပြီးခဲ့တဲ့ လွှတ်ငြိမ်းချမ်းသာခွင့်နဲ့ပက်သက်ပြီး အဆိုင်အခဲကြီးဖြစ်နေတာ..ထင်ထားတဲ့အတိုင်းပါပဲ…ဒုံရင်းကဒုံရင်းပါပ၊ဲလူကြားကောင်းအောင် အသံကောင်းဟစ်ပြ၊ဘယ်သူလာလာ နိုင်ငံရေးအကျဉ်းသာဆိုတာ မြန်မာပြည်မှာမရှိပါဘူးလို့ ဗြောင်ငြင်း လိမ်ညာနေတာကိုသိသိကြီးနဲ့ အထင်ကြီးနေကြတာကိုကကျွန်တော်တို့အတွက် မဟာအမှားပါပဲ၊ပြည်တွင်းမီဒီယာတွေကနေ လိမ်လို့အားမရသေးဘူး၊နိုင်ငံတကာမှာထွက်ပြီး လူလုံးပြ၊ဟန်ရေးပြပြီး လွတ်ငြိမ်းချမ်းသာခွင့်တွေပေးပါမယ် နိုင်ငံရေးအကျဉ်းသားတွေလည်းအမြန်ဆုံးလွတ်လာကြတော့မှာဆိုပြီး၊အရှက်မရှိ ပြောသွားလိုက်ကြတာ၊ “ယိုသူမရှက် မြင်သူရှက်၊ ပြောသူမရှက် ကြားသူရှက် ” ပါ၏။

“ဒီကြေညာချက်ကြောင့် နှစ်ပေါင်း(၅၀)လုံးလုံး ဗြောင်လိမ်ခဲ့တဲ့ အစိုးရရဲ့လုပ်ရက်တွေဟာ တစ်ကျော့ပြန်လာပြီလားလို့ စိတ်ထဲမှာတွေးမိပါတယ်။အခုချိန်မှာ ဟိုဝန်ကြီးကပြောလိုက်၊ဒီဝန်ကြီးကပြောလိုက်၊လူ့အခွင့်အရေးကော်မရှင်ကပြောလိုက်နဲ့ နိုင်ငံရေးအကျဉ်းသားတွေကိုလွှတ်ပေးတော့မလိုလိုနဲ့ပြောခဲ့ပြီးမှ မလွှတ်ချင်တဲ့အတွက်တိုင်းပြည်ကို ဗြောင်လိမ်သလိုဖြစ်နေပြီး ဘာကိုမှ မယုံကြည်ရဲတော့ သလိုလိုဖြစ်သွားပါတယ်။နိုင်ငံရေးအကျဉ်းသားတွေရဲ့ ကိစ္စဟာ အင်မတန်အရေးကြီးပါတယ်။ဒါကြောင့်အခု အခုကြေညာချက်ဟာ အစိုးရကို သိက္ခာကျစေခဲ့သလို ယုံကြည်မူကိုလည်း ကင်းမဲ့စေပါတယ်။ဒီကြေညာချက်ကြောင့်အစိုးရသစ်ရဲ့ လုပ်ဆောင်မူတွေပေါ်ယုံချင်သလိုဖြစ်နေတဲ့စိတ်တွေတောင်ပျောက်ဆုံးသွားပါတယ်။ဒါကိုမှ မယုံရရင် ဒေါ်စုကိုဒီမိုကရေစီဖြစ်ထွန်းရေးမှာ ပါဝင်ခွင့်ပေးတာတွေ၊တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ငြိမ်းချမ်းရေးကြိုးပမ်းမူလုပ်တာတွေကို ဘယ်လိုလုပ်ပြီး ယုံကြည်ရတော့မလဲ။အစိုးရအတွက်တော့ အင်မတန်အရှက်ကွဲပြီး သိက္ခာကျစေတဲ့ ကြေညာချက်ဖြစ်ခဲ့ပါတယ်။နောက်တစ်ချက်ကတော့ ဒါဟာ လွှတ်ငြိမ်းချမ်းသာခွင့်မဟုတ်ပါဘူး၊ဒါဟာလုပ်ရိုးလုပ်စဉ် လျှော့ရက်ပေးတာမျိုးပါ။ဒီလိုမျိုးဆိုတာ ထောင်ထဲမှာရှိပြီးသားပါး။နောက်ပြီး နိုင်ငံရေးအကျဉ်းသားတွေကို ရာဇ၀တ်သားတွေနဲ့ တန်းတူသဘောထားပြီး လုပ်နေတာတွေဟာ နိုင်ငံရေးအကျဉ်းသားတွေကို သိက္ခာချနေတဲ့လုပ်ရပ်လို့မြင်မိပါတယ်။နိုင်ငံရေးအကျဉ်းသားတွေကို မလွှတ်ပေးဘဲနဲ့တော့ ဒီမိုကရေစီဖြစ်ထွန်းရေးကို မလုပ်နိုင်ပါဘူး..”

လူထုစိန်ဝင်း(၀ါရင့်သတင်းစာဆရာကြီး)

“အခုလို နားလှည့် ပါးရိုက်တဲ့ပုံစံမျိုးတွေ လုပ်တဲ့ဟာက ရှင်းရှင်းပြောရရင်တော့ ဘာနဲ့တူသလဲဆိုတော့ သူတို့ကိုယ်သူတို့အရှက်ခွဲသလိုဖြစ်နေတယ်။ကမ္ဘအလယ်မှာရော ပြည်သူလူထုအလယ်မှာရော သူတို့ သိက္ခာမရှိသလိုဖြစ်နေတယ်။ဒီလူတွေဟာ ဘယ်လောက်အထိ အငြှိုးအာဃာတ ကြီးနေသလဲ၊အရပ်စကားနဲ့ပြောရရင် ကလိမ်ကကျစ်တွေများနေတယ် သလဲဆိုတာ လူတွေက အဲလိုပဲဖြစ်ကုန်တာပေါ့။ဒါဟာသိပ်မကောင်းဘူးလို့ထင်တယ်။ဘာလို့လဲဆိုတော့ ဒီပြဿနာဟာ တိုင်းပြည်မှာ အရေးကြီးဆုံးပြဿနာလည်းဖြစ်တယ်။လူတိုင်းရဲ့ခေါင်းထဲမှာ၊ရင်ထဲမှာ ရောက်နေတဲ့ပြဿနာလည်းဖြစ်တယ်။ဒီပြဿနာမျိုးကို ကျွန်တော်ထင်တယ်၊တစ်ခါထဲကိုခ၀ါဖွတ်သလို လျှော်ချလိုက်ပြီးတော့ ရှင်းလိုက်ရင်တော့ သူတို့အဖို့လည်း အကောင်းဆုံးဖြစ်မယ်လို့ ကျွန်တော်တို့ထင်တယ်။လူတွေက အခု ဦးသိန်းစိန်တို့ ဘာတို့ကို လူတွေက လေးစားနေတဲ့ အထင်ကြီးနေတဲ့ ၀မ်းသာအားရဖြစ်နေတဲ့ဟာတွေ အကုန်လုံး အဲဒါတွေဆုံးရူံးသွားအောင် လုပ်နေတာပဲဗျ။အဲဒီတော့ ကျွန်တော့်အထင်ကတော့ ဒီပြဿနာကို နှစ်ပေါင်း ၆၀ ကနေ ၃၀ ရောက်၊(၆၀)နဲ့(၆၀)ခံနေရတာ (၃၀)ခံရခံရ၊ခွန်ထွန်းဦး လိုလူမျိုး နှစ်ပေါင်း(၉၀) ကနေပြီးတော့ ၃၀ ပဲခံရခံရ အတူတူပဲဗျ။နှစ်ပေါင်း(၃၀) ဆိုတာကလည်းနည်းနည်းနောနောနှစ်မဟုတ်ဘူး။အဲဒီတော့ ကျွန်တော်က ဒီဟာတွေလုပ်မနေပဲနဲ့ နိုင်ငံရေးအကျဉ်းသားတွေကိစ္စကို လွှတ်ဖို့ကို စဉ်းစားပြီးဖို့လိုတယ်။နောက်တစ်ခါ အခြေအနေကြုံခဲ့သော် ကြုံမှကြုံဦးမလားတောင် မသိပါဘူး။ပေါ်ခဲ့သော် တစ်ခါတည်းလွှတ်ပေးဖို့ တစ်ခါတည်း ဒီပြဿနာတွေကို ရှင်းဖို့စဉ်းစားဖို့ကောင်းတယ်လို့ ကျွန်တော်က ထင်ပါတယ်”

ဦးဝင်းတင် (NLD ဗဟိုအလုပ်အမူဆောင်ကော်မတီဝင်)

“အခုကြေညာသွားတဲ့ လွတ်ငြိမ်းချမ်းသာခွင့်ထဲမှာ ခိုးဆိုးဓားပြမူတွေနဲ့ ရာဇ၀တ်မှူကျူးလွန်နေသူတွေကို နိုင်ငံတော်အတွက် စွန်လွှတ်အနှစ်နာခံထားတဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူတွေနဲ့ တစ်တန်းတည်းထားပြီး သတ်မှတ်မယ်ဆိုရင်လုံးဝမတရားပါဘူး။ဒီလို ရာဇ၀တ်မှုကျူးလွန်သူတွေကို ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့သူတွေနဲ့ တစ်တန်းတည်းထားလိုက်တာ ဟာ နိုင်ငံတော်သစ်အတွက် အန္တရယ်အရမ်းကြီးလွန်းပါတယ်။ဖြစ်စေချင်တာက ယု့ကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူတွေကို တရားရှင်လွှတ်ပေးသင့်တာပါပဲ။ဒီလိုမှမဟုတ်ရင် ဒီလွတ်ငြိမ်းချမ်းသာခွင့်ဟာ ထင်သာမြင်သာမရှိပဲ ပွင့်ပွင့်လင်းလင်းလည်း မရှိဘူး။ဒီမိုကရေစီနိုင်ငံတော်သစ်ကို သွားနေတယ်ဆိုတာကိုလည်း ကျွန်တော်တို့ ဘယ်လိုဆက်ပြီး ယုံကြည်ရမလဲ”

ဒါရိုက်တာ ၀ိုင်း

သင်တို့ကိုယ်တိုင်ရော ဘယ်လိုယူဆမိပါသလဲ၊မှတ်ချက် ထင်မြင်ချက်များနဲ့ မည်သို့မည်ပုံပူးပေါင်းဆောင်ရွက်ကြလျှင် ကောင်းမွန်သောအဖြေတစ်ခုကိုရှာဖွေကြပါစို့…

 

About sitminnaing

has written 3 post in this Website..