ကျိုက်ထီးရိုးဘုရားဖူး .ရတဲ့အကုသိုလ် အားလုံးအမျှရကြပါစေ.
၆ရက်နေ့က ကျိုက်ထီးရိုးဘုရားဖူးသွားကြတဲ့ သူငယ်ချင်းတွေ ဘုရားဖူးခရီးစဉ် ကားရဲ့ ဒုက္ခပေးလို့ ပေါက်ကွဲသံစဉ်တွေနဲ့ ကုသိုလ်ကောင်းမှုကို အမျှမဝေနိုင်ဘဲ..အကုသိုလ် အမျှဝေသွား ခဲ့ကြောင်း…….
“ရွှေထူးလွင်” အထူးကားနဲ့ တယောက်ကို ၁၂၀၀၀/ကျပ် ပေးပြီး အသွားအပြန်အတွက် စိတ်အေးလက်အေး ဘုရားဖူးသွားခဲ့ပေမဲ့…. အသွားကထည်းက အဆင်မပြေခဲ့ပါဘူး။ ကြုံရာကားနဲ့ အဆင်ပြေအောင်လုပ်စားတဲ့ ဘုရားဖူး ခရီးစဉ်မို့ သူငယ်ချင်းတွေသာမက သွားဘူးတဲ့လူတိုင်း ခံစား ခဲ့ကြရပါတယ်တဲ့။
သူများတွေခဏခဏ ပြောတာကြားဖူးပေမဲ့ နာမယ်ကြီးအောင်ကြော်ငြာ တခါစားလုပ်စားနေ တာတွေ မရှိလောက်ဘူးထင်လို့ “ရွှေထူးလွင်”လို အဖွဲ့ကို သေချာအောင် မေးစမ်းပြီးမှ လက်မှတ်ဝယ် ပြီးသွားတာပါတဲ့။ နာမယ်ကြီးသလောက် လုပ်စားချက်ကလဲ ကြီးပါတယ်။
စတည်းကယဉ်သကို ဆိုသလို အဲကွန်းကား လေအိပ်ကားဆိုပြီးတော့ ၈နာရီထွက်ရမှာကို မ.ထ.သ.ကားနဲ့ လဲပြီး ၁၀နာရီ ကျော်မှ ထွက်တယ်။ဘယ်သူကမှ ကားအကြောင်း မပြော နိုင်ဘူး ခရီးနောက်ကျ မှာစိုးတာ ကစိတ်ထဲမှာ ရောက်နေတယ်။ဒါတွေကို ခရီးသည်တွေက သည်းခံနေတယ်ထင်ပြီး ထပ်ထပ် မိုက်ရိုင်းလာတာတွေ အများကြီး…။ဘုရားဖူး ကုသိုလ်ယူဘို့ သွား တာမို့လို့ အကုသိုလ် မဖြစ် ချင်ဘူးပေါ့လေ.။ဒီလိုလူတွေ အပေါ်လုပ်စားနေတဲ့ အောက်တန်းကျတဲ့ လူတွေ အများကြီးရှိနေပါတယ်။
ကိုယ်တိုင် ဘုရားဖူးသွားပြီး ဒီလိုကိစ္စ မျိုးကြုံခဲ့တဲ့သူတွေ ရှိမျာပါ.။
အပြန်ကျမှသူတို့ကားရောက်မလာလို့..ပျက်နေလို့ပါဆိုပြီး ကြုံတဲ့ ကားနဲ့ ကားကြုံတင်ပေးတာ ခံရတယ်တဲ့.။ ကားကြုံဆိုတာလဲ ထိုင်ခုံမရ မတ်တပ်စီးပြီး ပြန်ရောက် ရတယ်တဲ့။မကျေနပ်လို့ ရန်ကုန်ပြန်ရောက်တော့ ကားဂိတ်ကို အကြိမ်ကြိမ်ဖုံးဆက် တော့လဲ စိတ်တိုစွာနဲ”့ ကြိုက်တဲ့နေရာ တိုင်” ဆိုပြီး မိုက်မိုက်ရိုင်းရိုင်း အပြောခံရပါတယ်တဲ့။
ဒီလိုလူမျိုးတွေ အတွက် ဘယ်နေရာကိုတိုင်ပြီး ဘယ်လို ဥပဒေနဲ့ အရေးယူရမှာလဲ…?
ကုသိုလ်လိုချင်တဲ့သူတွေ ဘုရားဖူးသွားမယ်ဆိုရင်..ကိုယ်ပိုင်ကားလေးနဲ့မှ အဆင်ပြေမယ်ထင်ပါရဲ့။
ဖတ်တာမျက်စိလျှမ်းပြီး “ကုသိုလ်” လို့ပဲမြင်တော့ သာဓုခေါ်မယ်ဆိုပြီးဖတ်လိုက်တာမှ
အကုသိုလ်ဖြစ်နေပါလားနော် :D
Was this answer helpful?
LikeDislikeသမ္မတကြီး တိုင်။ တိုင်ရင်တော့တိုးတိုးတိတ်တိတ်တိုင်။ ကိုဘုန်းကျော်သိသွားလို့ပိုစ့်တပုဒ်တိုးနေအုံးမယ်။
Was this answer helpful?
LikeDislikeကျိုက်ထီးရိုးဆံတော်ရှင်မြတ်ပုံတော်လေးတွေကော ဓာတ်ပုံရိုက်မလာဘူးလား ပူဇော်လို့ရအောင် တင်ပေးစေချင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်ပါလေ ဘုရားဖူးခဲ့ရတဲ့ကုသိုလ်ကတော့ မနည်းဘူးပဲ အဲလိုပဲ ဖြေသိမ့်လိုက်ပေါ့နော်။ ပြောပုံအရဆိုရင်တော့ ကိုယ်ပိုင်ကားမရှိရင် သွားလို့မရတဲ့အခြေအနေဖြစ်နေပြီနော်။
Was this answer helpful?
LikeDislikeကိုယ်ပိုင်ကားနဲ့သွားလဲစစ်တောင်းတံတားမှာစစ်လိုက်တာဖွတ်ဖွတ်ညက်ညက်ကြေကရောပဲ။ ကားအပေါ်အောက်၊ ကားပေါ်ပါလူ။ ဘာမှမချန်ပါ။ အခန့်မသင့်လို့သံသယရှိတဲ့ကားဆိုကားပါသိမ်းကြောင်းပါ။
Was this answer helpful?
LikeDislikeတံတားနာမယ်က ‘စစ်တောင်းတံတား’လေ…
စစ်ဆိုတာဘာကို ကိုယ်စားပြုတဲ့ စကားလုံးလဲ..?။
စစ်ဆေးတာကို ပြောတာနေမှာပါ..။
အဲဒီတော့..စစ်ဆေးတဲ့နေရာမှာ အဆင်ပြေအောင် တောင်းတာနေမှာပေါ့။
တောင်းတာအဆင်မပြေရင်တော့….
“စစ်လိုက်တာဖွတ်ဖွတ်ညက်ညက်ကြေကရောပဲ။ ”
ဒါမျိုးတွေနဲ့ ကြုံရမှာ..
Was this answer helpful?
LikeDislikeအဲလို ရိုက်စားကားတွေ.ဝေါင်ဝေါင်ရှေးကြဟေ့..
မှတ်ထားလိုက်ပြီ ရွှေထူးလွင်..
ဒါနဲ့ ..
သွားဖူးသူများ ဘယ်ကား အကောင်းဆုံးလဲ ခင်ည.. :?
Was this answer helpful?
LikeDislikeသာဓု သာဓု သာဓု ပါဗျာ
ရွှေထူးလွင် လဲ သူ့ အပြုအမူ အတွက် သူ အကျိုး ခံစားရမှာပါနော
Was this answer helpful?
LikeDislikeကျိုက်ထီးရိုးဆိုရင်တော့ ၀င်း က အကောင်းဆုံးလို့ထင်ပါတယ် …
ဦးဖက်တီးတစ်ခါသွားသလို နေ့ချင်းပြန်ကားနဲ့သွားတာလဲ ကောင်းတာပဲ …
Was this answer helpful?
LikeDislikeရွှေကြေးစည်သည်လဲထိုနည်းလည်းကောင်းပါ။ သာလှနဲနဲပေါ့။
Was this answer helpful?
LikeDislikeငွေကုန် လူပန်းပြီး စိတ်အညစ်မခံကြပါနဲ့ ။ အပုလေးက ကင်မွန်းစခန်းကို တစ်လ တစ်ကြိမ်သွားနေကျမို့ အဝေးပြေးဂိတ်က ကားတွေသာ စီးကြဖို့ အကြံပေးချင်ပါတယ် ။ ၀င်း ၊ ရိုးရိုးလေး ၊ သိန်းသန်းကျော် ဘယ်ကားစီးစီးရောက်ပါတယ် ။ အပုလေး အများဆုံးစီးဖြစ်တာကတော့ ရိုးရိုးလေးပါ ။ ကားခက ကင်မွန်းစခန်းအထိ ၃၅၀၀ ပါ ။ ၃နာရီခွဲ ၄နာရီလောက် ပဲစီးရတာပါ ။ ၁၂ နာရီ မတိုင်ခင် ထွက်တဲ့ကားတွေက စီးရတာ ပိုအဆင်ပြေပါတယ် ။
Was this answer helpful?
LikeDislikeဟုတ်ပါတယ် အပုလေးရယ်…
ကင်မွန်းစခန်းထိရောက်ရင်ဘဲ အတော်အဆင်ပြေပါပြီ
တောင်ပေါ်တက်တဲ့ကားကတော့ သိပ်မဆိုးဘူးထင်ပါတယ်
“ကျိုက်ထီးရိုးမှာ— ဘကြီးဆိုခဲ့တာ လွန်သလား ဗျာ။”ဆိုတဲ့
ပိုစ့် လေး ဖတ်မိတော့လဲ ဘုရားဖူးသွားတွေကို
ကိုယ်ချင်းစာမိတယ်ဗျာ…..
Was this answer helpful?
LikeDislikeတောင်တက်ကားတွေက ပုံမှန်ဆိုရင် မနက် ၆ နာရီ က ညနေ ၆ နာရီ အထိ ဆွဲပေးတယ် ။
ဘုရားဖူးများတဲ့ ဒီဇင်ဘာ နဲ့ ဇန်န၀ါရီဆိုရင် မနက် ၅ နာရီ က ည ၇ နာရီ အထိဆွဲတယ် ။
လူအရမ်းကျတဲ့ရက်တွေ – ခရစ်စမတ် ၊ နယူးရီးယား တို့လိုနေ့တွေဆိုရင် ကားစီးရတာ အရမ်းခက်တယ် ။ ဘုရားဖူးတွေက ည ၁၂ နာရီကျော်လောက်ဆို ကင်မွန်းစခန်းကိုရောက်ကြပြီ ။
မနက်တောင်တက်ကား ဆွဲပြီဆိုတာနဲ့ အလုအယက် ကားပေါ်တက်ကြတာ ။ တောင်ပေါ်မှာ တည်းခိုစရာ မရတော့မှာစိုးတာကိုး ။ တကယ်တမ်းက ၁၂ နာရီ ၁ ချက်လောက်ဆို လူရှင်းသွားတာလေ ။ ဘုရားဖူး အရမ်းကျတဲ့ အချိန်ဆိုတော့ တောင်တက်ကားအသင်းက တာဝန်ရှိတဲ့သူတွေလဲ ဘယ်ထိန်းနိုင်တော့မလဲ ။ ဘုရားအေးအေးဆေးဆေး ဖူးချင်ရင် ဒီဇင်ဘာ နဲ့ ဇန်န၀ါရီကို ရှောင်ပြီးမှ လာစေချင်ပါတယ် ။
Was this answer helpful?
LikeDislikeဒီဇင်ဘာ..ဇန္နာဝါရီ လတွေ ကခရီးသွားလို့ကောင်းတဲ့
အချိန်.. ပိတ်ရက်တွေလဲရှိတော့…ဒီရက်တွေ မှာ လူစည်ကားတာပေါ့
အကြံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
Was this answer helpful?
LikeDislikeကျွန်မလည်း ကြုံခဲ့ဖူးပါတယ် …အဲ့ဒီအချိန်တုန်းက ဂေဇက်မှာ စာမရေးသေးတဲ့ အချိန်မို့ ဒင်းတို့ကံကောင်းသွားတယ်မှတ် … ။
ကျွန်မက ကြုံခဲ့ဖူးတယ်ဆိုတာထက် .. မြင်ခဲ့ဖူးတယ်လို့ပြောလျှင်ပိုမှန်မယ် …. အဲ့ဒီလို အလုပ်ခံရတဲ့ ဘက်ကတော့မဟုတ်တော့ ဒုက္ခရောက်တဲ့လူတွေအတွက်ခံပြင်းမိတယ် … ။ ဘယ်လောက်ဆိုးသလဲဆိုလျှင် ကားကိုရန်ကုန်ပြန်လွှတ်ပြီး လာမယ့်လူတွေကို သွားထပ်ခေါ်တယ် … ပြန်မယ့်လူတွေကျတော့ … တခြားကားတစီး(ကျွန်မတို့စီးလာတဲ့ကား) နဲ့ ကပ်တင်ပေးတယ် … ထိုင်စရာဆိုလို့ ပလပ်စတစ်ထိုင်ခုံကို ကြားခုံထိုးပေးတယ် … ။ နှစ်ယောက်ခုံစီးလာပြီး ကလေးပါပါတဲ့ လူတွေဆို ဒုက္ခရောက်ရရှာတယ် … ဒါပေမ့ယ်လည်း … ဘယ်သူမှ ကလန်ကဆန်မလုပ်ဘူးတော့ …. ။ ပွစိပွစိနည်းနည်းပဲပြော(အမှောင်ထဲလက်သီးပြ) ရုံလောက်သာ လုပ်ပြီး .. ရန်ကုန်အထိ ဒုက္ခခံစီးလာကြတယ် … ကိုယ်လိုလူမျိုးသာ များများပါလျှင် မပြန်ဘူး ဆိုပြီး အုပ်စုလိုက်ပေရပ်.. ပြသနာရှာပစ်လိုက်မှာပါပဲ …. ။
တကယ်ဆို ဘုရားဖူးကားတွေ ၊ ပေးရတဲ့ ပိုက်ဆံနဲ့ တန်တဲ့ ၀န်ဆောင်မှုတော့ပေးသင့်တာပါပဲ .. အပြောတမျိုး အလုပ်တမျိုးမဖြစ်လျှင်တော့ အကောင်းဆုံးပါပဲ .. ။
Was this answer helpful?
LikeDislikeကျွန်တော့်မိတ်ဆွေတွေလဲ ပေကပ်ပြီး
မပြန်ဘူးဆို လုပ်ကြဖို့ ပါဘဲ..
ဒါပေမဲ့ တချို့က အဲသည်ည ခရီးဆက်ဖို့က လက်မှတ်ဝယ်ပြီးသားဆိုတော့
ရန်ကုန်ရောက်မှ လုပ်မဟေ့ လို့ မောင်းတင်ပြီးပြန်ခဲ့ ကြတယ်
ဒီရောက်တော့ တိုင်ချင်တဲ့နေရာတိုင် ဆိုတာနဲ့တွေ့တော့တာဘဲ..
အခုတော့ လူစုပြီး …….မှတ်လောက်အောင် လုပ်ကြမယ်ဆိုဘဲ..
လက်မလွန်စေနဲ့ လို့ တားရုံမှလွဲ၍ ……………….။
Was this answer helpful?
LikeDislike၀န်ဆောင်မှုတွေ တော်တော် တိုးတက်နေတာပဲ..
အမြဲရည်ရှည်လုပ်မဲ့ အလုပ်မျိုးဆိုရင် တာဝန်မဲ့တဲ့ လုပ်ရပ်မျိုး လုပ်ကို မလုပ်သင့်ဘူး။
အားပေးတဲ့ လူတိုင်းက ကိုယ့်ကျေးဇူးရှင်လို သဘောထားပြီး တတ်နိုင်သလောက် အကောင်းဆုံး ဖြစ်အောင်တော့ လုပ်သင့်တယ်။
စေတနာ မှန်မှ ကံမှန်မယ်လို့ ယုံကြည်တယ်။
ကိုယ်ပြုတဲ့ ကံ ကိုယ့်ထံ ပဲ့တင် ပြန်လာမည် ဆိုတဲ့ အတိုင်း.. စေတနာ ကောင်းမှ ကံကောင်းမှာပေါ့.. ဒီလို အလုပ်တွေ တာဝန်မဲ့တာတွေ များနေလို့ မြန်မာပြည်မှာ တော်ယုံ ၀န်ဆောင်မှု ကောင်းကောင်း ပေးခံရရင်တောင် သဘောတွေကျပြီး ကျေနပ်နေကြတာ အဲဒါကြောင့် ဖြစ်မယ်။
Was this answer helpful?
LikeDislikeဟုတ်ပါတယ်…..
ဝန်ဆောင်မှုကို လူတိုင်းက လိုချင်နေတဲ့အချိန်ပါ။
နဲနဲလေး ရတာကိုဘဲကျေနပ်နေပါတယ်။
ဥပမာ လ္ဘက်ရည်ဆိုင်ဆို ၄၉လမ်းက Lucky 7 ကဝန်ဆောင်မှုနဲနဲလေးကိုတောင်
ကျေနပ် ပြီး အဲသည်ဆိုင်ဘဲ ထိုင်ဖြစ်နေတယ်။
Was this answer helpful?
LikeDislike